စက္႐ုံအလုပ္သမားေတြ ဘယ္ေလာက္ခက္ခဲေနၿပီလဲ

ဧၿပီ ၃၀ ရက္ေန႔ က ရန္ကုန္ရွိအထည္ခ်ဳပ္လုပ္ငန္းခြင္ တခု ျမင္ကြင္း
(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကမာၻ႔ကပ္အေရးမွာ အလုပ္ေတြရပ္နားရ၊ အလုပ္သမားေတြ အလုပ္ျပဳတ္က်ရနဲ႔ ျပႆနာက ႀကီးပါတယ္။ ျမန္မာျပည္မွာ စက္႐ုံ၊ အလုပ္႐ုံေတြမွာ ဗိုင္းရပ္စ္မျပန႔္ပြားေရး လမ္းၫႊန္ခ်က္ေတြနဲ႔ ညီ၊ မညီ အစိုးရက ၫႊန္ၾကားထားတဲ့အဖြဲ႕ေတြက လိုက္လံ စစ္ေဆးၿပီး ျပန္ဖြင့္ခြင့္ရတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြ ရွိလာသလို၊ မစစ္ေဆးရေသးဘူးလား၊ စစ္ေဆး ထားၿပီလား ရွင္းရွင္းလင္းလင္း မရွိေသးတဲ့ စက္႐ုံတခ်ိဳ႕ ျပန္ဖြင့္ေနတာေတြလည္း ရွိတယ္လို႔ သိရပါတယ္။ အခုဆိုရင္ စက္႐ုံေတြ အမ်ားစုရွိရာ ရန္ကုန္တိုင္းအတြင္းမွာ ျပန္ဖြင့္တဲ့ စက္႐ုံက ၅၀၀ ေက်ာ္ရွိေနတယ္လို႔ အလုပ္သမားေရး လႈပ္ရွားသူေတြက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အလုပ္ေတြရပ္နားရတဲ့ အေရးက စက္႐ုံအလုပ္သမားေတြရဲ႕ ဘဝလုံၿခဳံေရးအတြက္ ထိခိုက္လာသလို၊ သူတို႔ရဲ႕ လုပ္ငန္းခြင္မွာ ႀကဳံရမယ့္ က်န္းမာေရးဆိုင္ရာ ေဘးကင္းလုံၿခဳံေရးကေကာ သူတို႔အတြက္ဘယ္လိုရွိေနပါလဲ။

ဘီဘီစီက အလုပ္သမား သမဂၢမ်ား ပူးေပါင္းေဆာင္႐ြက္ေရး ေကာ္မီတီ ရဲ႕ အေထြေထြ အတြင္းေရးမႉး ဦးရဲႏိုင္ဝင္းနဲ႔ ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

ဘီဘီစီ - စက္႐ုံေတြျပန္ဖြင့္ႏိုင္တဲ့ အေျခအေနေတြ စေျပာပါဦးဗ်။

ဦးရဲႏိုင္ဝင္း - သၾကၤန္မတိုင္ခင္ကေန စက္႐ုံေတြ ပိတ္ထားတယ္၊ ဧၿပီ ၂၀ အထိ။ ဧၿပီလ ၁၉ ရက္မွာ စက္႐ုံေတြကို (ကိုဗစ္ - ၁၉ ျပန႔္ပြားမႈထိန္းခ်ဳပ္ေရးဆိုင္ရာ) စစ္ေဆးဖို႔ ၫႊန္ၾကားခ်က္ထြက္တယ္၊ ဒါေပမဲ့ ဧၿပီ ၂၀ မွာ ဖြင့္တဲ့စက္႐ုံေတြ ဖြင့္လာတယ္။ အဲ့ၫႊန္ၾကားခ်က္ေၾကာင့္ ထင္တယ္၊ ေနာက္ေန႔ ျပန္ပိတ္တဲ့ စက္႐ုံေတြလည္းရွိတယ္၊ ျပန္မပိတ္တဲ့ စက္႐ုံလည္းရွိတယ္၊ ဟိုးအရင္ကတည္းက ကုန္ၾကမ္းျပတ္ လို႔ ပိတ္ထားတဲ့စက္႐ုံေတြလည္းရွိတယ္။

အခု အလုပ္သမားဝန္ႀကီးဌာနနဲ႔ က်န္းမာေရးဝန္ႀကီးဌာနက အထူးအဖြဲ႕ေတြ ဖြဲ႕ၿပီး စက္႐ုံေတြ ျပန္ဖြင့္မယ္ဆိုရင္ ၫႊန္ၾကားခ်က္နဲ႔ ညီမညီ ဆိုၿပီး စစ္ေဆးတယ္။ စစ္ေဆးတာ ၁၀ ရက္ေက်ာ္ ကာလအတြင္းမွာ တစ္ႏိုင္ငံလုံး စက္႐ုံေပါင္း ၃၀၀၀ ေက်ာ္ စစ္ေဆးၿပီးလို႔ ၈၄၀ ေက်ာ္ဖြင့္ခြင့္ျပဳထားၿပီလို႔ သိရတယ္။
က်န္းမာေရးပညာေပး စာတမ္းမ်ားရွိတဲ့ ရန္ကုန္အထည္ခ်ဳပ္ စက္႐ုံ တခု

ဘီဘီစီ - လူေတြခပ္ခြာခြာေနရ၊ လုပ္ရမယ္ ဆိုတဲ့ စည္းမ်ဥ္းေတြခ်ထားတာ ေတြ႕ရတယ္၊ ၆ ေပခြာ ၿပီး အလုပ္လုပ္ရမယ္ ဆိုတာ အဲ့စည္းမ်ဥ္းက တကယ္အလုပ္ျဖစ္ရဲ႕လား၊ စက္႐ုံ ေတြက တကယ္ လုပ္ေပးႏိုင္လို႔လား၊ အလုပ္သမားေတြ အတြက္ ဖယ္ရီကား ကိစၥေတြ က အစေပါ့၊ ဘယ္လိုေတြ႕ရလဲ။

ဦးရဲႏိုင္ဝင္း - ဖယ္ရီကားက စေျပာရရင္၊ အရင္ လူ ၅၀ ေလာက္ ဆန႔္တဲ့ကားမွာ အရင္ကလို ၇၀၊ ၈၀ အဲလို ခုံမပါပဲ ရပ္တဲ့သူေတြပါထည့္ၿပီး က်ပ္ညပ္ေနေအာင္ စီးခိုင္းတာမ်ိဳးေတာ့ မေတြ႕ရဘူး၊ ခုံ ၅၀ ပဲ ရွိရင္ လူ ၅၀ ပဲ တင္တဲ့ သေဘာေပါ့။ ကားထဲမွာ ခပ္ခြာခြာေနႏိုင္တဲ့ အေနအထားမ်ိဳးေတာ့မရွိပါဘူး။ မတ္တပ္ရပ္လိုက္ရတဲ့သူ မပါတဲ့ သေဘာေလာက္ပါပဲ။ တခ်ိဳ႕ ဖယ္ရီေတြမွာ လက္ေဆးတဲ့ Hand Gel ေတြေပးတာမ်ိဳးေတြ႕တယ္၊ စက္႐ုံ ေပါက္ဝ ေရာက္ရင္ အပူခ်ိန္ တိုင္းတဲ့ စက္႐ုံကလည္း တိုင္းတယ္၊ မတိုင္းတဲ့ စက္႐ုံကလည္း မတိုင္းႏိုင္ပါဘူး။

စက္႐ုံထဲမွာ ကေတာ့ လူက်ပ္ေနလား ဆိုတာ ေျပာရတာ အေတာ္ခက္တယ္၊ အထည္ခ်ဳပ္စက္႐ုံ ေတြမွာဆိုပါစို႔၊ ဆင္ထားတဲ့ စက္ေတြက လူသိပ္ခ်ဲ လို႔ မရဘူးေလ။ ဒီေနရာမွာ ကုန္ၾကမ္းေလွ်ာ့ရလို႔ လူ နည္းနည္း ေလ်ာ့သြားတဲ့စက္႐ုံေတြေတာ့ရွိတယ္။ အဲဒီ စည္းမ်ဥ္းေတြအတိုင္းေတာ့ စက္႐ုံေတြ ထဲမွာ တကယ္ျဖစ္ဖို႔က မလြယ္ပါဘူး။ လာစစ္တာ ဆိုတာကလည္း အျဖစ္လို ျဖစ္ေနတယ္။

ဘီဘီစီ - ၿပီးခဲ့တဲ့ရက္ပိုင္း ဧၿပီ ၂၇ ရက္က ကိုဗစ္ - ၁၉ စီးပြားေရးကုစားမႈ အစီအစဥ္ဆိုတာ အစိုးရ က ထုတ္ျပန္တယ္၊ အဲဒီထဲမွာ အလုပ္လက္မဲ့ျဖစ္သြားတဲ့အလုပ္သမားေတြ အတြက္ လူမႈဖူလုံေရး အစီအစဥ္အရ က်န္းမာေရးေစာင့္ေရွာက္မႈ ၊ ေဆးကုသခြင့္ စတာေတြ ၆ လ ကေန ၁ ႏွစ္အထိ တိုးျမႇင့္သတ္မွတ္ေပးတယ္လို႔ ဆိုတယ္၊ ဆိုေတာ့ လူမႈဖူလုံေရး ရန္ပုံေငြ ထည့္ဝင္ထားတဲ့ အလုပ္သမားေတြ အလုပ္လက္မဲ့ျဖစ္ရင္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေဆးကုသခြင့္ ၁ ႏွစ္ ဆက္ေပးထားမယ္၊ အဲလိုပဲ နားလည္တယ္၊ သူတို႔အတြက္ ဝင္ေငြေတာ့ မရေတာ့ဘူးေပါ့၊ အဲဒီလိုလား။

ဦးရဲႏိုင္ဝင္း - တိုင္းျပည္မွာက်င့္သုံးေနတဲ့ လူမႈဖူလုံေရးခံစားခြင့္ဆိုတာက က်န္းမာေရးနဲ႔လူမႈေရး အာမခံစနစ္၊ ဒါက အလုပ္သမားေတြအတြက္ က်န္းမာေရးအတြက္ ေဆးကုသခြင့္ကို အာမခံထားေပးတာ၊ ေနာက္တခုက လုပ္ငန္းခြင္အတြင္း ထိခိုက္ဒဏ္ရရရင္ ခံစားခြင့္ရမယ္ အဲဒီ သေဘာ။ အခုက အလုပ္လက္မဲ့ျဖစ္သြားတဲ့ေနာက္ နာတာရွည္ေရာဂါျဖစ္ရင္ က်န္းမာေရး ေစာင့္ေရွာက္မႈ နဲ႔ ေဆးကုသခြင့္ ၆ လ က ေန အခု ၁ ႏွစ္အထိ တိုးရမယ္ ဆိုတဲ့ သေဘာ။

အခု ကိုဗစ္ျဖစ္ခ်ိန္မွာ အလုပ္သမား အလုပ္ျပဳတ္သြားရင္ လူမႈဖူလုံေရး ေထာက္ပံ့ေၾကးေပးဖို႔ ဆိုတာက ေလာေလာဆယ္လူမႈဖူလုံေရးက သတ္မွတ္ထားတဲ့ စည္းမ်ဥ္းေတြ ထဲမွာ မပါဘူး။
 ေရာဂါကူးစက္ခံရမွာကို လူတိုင္းလိုပဲ သူတို႔စိုးရိမ္ၾက
ဘီဘီစီ - ဒီေတာ့ အလုပ္ျပဳတ္ရင္ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ေဆးကုသခြင့္ စတာေတြ ၁ ႏွစ္အာမခံ တယ္ဆိုတဲ့ အခြင့္အေရးကလြဲလို႔ ေငြေၾကးအေထာက္အပံ့ မရွိဘူးဆိုတဲ့ သေဘာလား။

ဦးရဲႏိုင္ဝင္း - အလုပ္ျပဳတ္သြားရင္ အလုပ္လက္မဲ့ ေထာက္ပံ့ေၾကးေပး မယ္ဆိုတာ လူမႈဖူလုံေရးအစီအစဥ္ေတြထဲမွာ မရွိဘူး၊ တကယ္က အလုပ္လက္မဲ့ ေထာက္ပံ့ေၾကးဆိုတာ အခုအခ်ိန္မွာ ရွိရမွာ၊ ဆိုေတာ့ အခု အဲဒီ အလုပ္ျပဳတ္သြားတဲ့သူ ကို က်န္းမာေရး မေကာင္းဘူးဆိုတဲ့ ေခါင္းစဥ္ေအာက္မွာထည့္ ၊ အဲဒီေတာ့ က်န္းမာေရး ေစာင့္ေရွာက္မႈ ကို အရင္က ၆ လ ေပးရာကေန ၁ ႏွစ္အထိ ရမယ္၊ အဲလို စီစဥ္ေနၾကတာ၊ အဲဒီ ေထာက္ပံ့မႈက မူရင္း လစာ ရဲ႕ ၆၀% လား ၄၀% ဆိုတာလဲ အခုထိ ရွင္းရွင္းလင္းလင္း မရွိေသးဘူး။ ဒါက စက္႐ုံေတြထဲမွာ လူမႈဖူလုံေရး ထည့္ထားတဲ့ သူေတြ အတြက္သာပါ။

ဘီဘီစီ - လူမႈဖူလုံေရးထည့္ထားတဲ့၊ ထည့္ခြင့္ရထားတဲ့ စက္႐ုံအလုပ္သမားေတြက ဘယ္ေလာက္ေလာက္ရွိလဲ။ ျပဳတ္သြားတာကေကာ ဘယ္ေလာက္ရွိပလဲ။ သူတို႔ အက်ိဳးခံစားခြင့္ ရေနၿပီလား။

ဦးရဲႏိုင္ဝင္း - အစိုးရ ကေျပာတာေတာ့ လူမႈဖူလုံေရး ရန္ပုံေငြ ထည့္ဝင္ထားသူေပါင္း ၁.၄၆ သန္းရွိတယ္ေျပာတယ္၊ ဒါက စက္႐ုံအလုပ္သမားေတြခ်ည္းပဲ မဟုတ္ဘူး၊ အစိုးရ ဝန္ထမ္းေတြေကာ အားလုံးေပါင္းအေရအတြက္ကို ေျပာတာ။ အခုအခ်ိန္ထိ အလုပ္ျပဳတ္သြားတဲ့ စက္႐ုံအလုပ္သမားေပါင္း အစိုးရ ေျပာခ်က္အရ ၆ ေသာင္းေက်ာ္ရွိတယ္၊ ကြၽန္ေတာ္တို႔ ျမင္တာ ကေတာ့ ဒီထက္မက အမ်ားႀကီးရွိတယ္၊ အဲဒီထဲက ဘယ္သူေတြ လူမႈဖူလုံေရးက ေထာက္ပံ့ေငြရၿပီလဲ ဆိုေတာ့၊ ဒီအခ်ိန္ထိ (အင္တာဗ်ဴးေမးခ်ိန္ - ေမလ ၃ ရက္ ညေနအေစာပိုင္း) ဘယ္သူမွ မရေသးဘူး။

ေနာက္ၿပီး လူမႈဖူလုံေရး ထည့္မထားရသူေတြက အလုပ္သမားေတြထဲမွာ အမ်ားႀကီး၊ ဥပမာ - စက္႐ုံေတြထဲမွာ ယာယီလုပ္သား၊ အစမ္းခန႔္၊ အလုပ္သင္၊ ေန႔စား စတဲ့ အလုပ္သမားေတြက လူမႈဖူလုံေရး ထည့္လို႔ရတာမဟုတ္ဘူး။ သူတို႔က ဘာမွ ရမွာမဟုတ္ဘူး။

ဘီဘီစီ - အစိုးရရဲ႕ စီးပြားေရးကုစားမႈအစီအစဥ္ထဲမွာ အလုပ္သမားေတြ အလုပ္ေတြရေအာင္ လုပ္သားအေျချပဳ အေျခခံအေဆာက္အအုံစီမံကိန္းေတြ လုပ္သြားမယ္၊ ဒီဇင္ဘာ ၂၀၂၀ ေလာက္ကို ရည္မွန္းထားတယ္ေျပာတယ္၊ အဲဒီအစီအစဥ္က စက္႐ုံေတြက ျပဳတ္သြားတဲ့ အလုပ္သမားေတြအတြက္ ေမွ်ာ္လင့္စရာ မေကာင္းဘူးလား။

ဦးရဲႏိုင္ဝင္း - အဲဒီအေျခခံအေဆာက္အအုံလုပ္ငန္းေတြ၊ ဆိုပါေတာ့ဗ်ာ - ေဆာက္လုပ္ေရး တို႔၊ လမ္းတံတား ေဖာက္လုပ္တည္ေဆာက္ေရးတို႔ ၊ အဲဒီဖက္ေတြမွာ လုပ္ၾကတဲ့ ကုမၸဏီေတြ၊ လုပ္ငန္းေတြမွာ (အလုပ္သမားေတြအတြက္) အစိုးရက တိတိက်က် သတ္မွတ္ျပ႒ာန္းထားတာေတြ ဘာမွမရွိဘူး၊ လူမႈဖူလုံေရးခံစားခြင့္တို႔၊ လစာေပးတဲ့ ခြင့္ရက္တို႔ ဘာမွ မရွိဘူး၊ က်ပန္းအလုပ္သမားေတြက ဆိုက္ေတြမွာ သြားလုပ္ရတာ၊ အလုပ္သမားေတြ ထိခိုက္ဒဏ္ရာရတာ၊ ေသဆုံးတာ စတာေတြနဲ႔ ႀကဳံရတဲ့အခ်ိန္မွာ ေလ်ာ္ေၾကးရဖို႔ မနည္းကိုေတာင္းရတာ၊ ဘာအခြင့္အေရးမွ ေပးမထားဘူး။ အဲဒါေတြကိုလည္း ျပင္မွျဖစ္မွာ။ ႏို႔မို႔ရင္ေတာ့ အလုပ္သမားေတြ အတြက္ ဘာမွ အကာအကြယ္မရွိဘူး။

ဘီဘီစီ - ကို႐ိုနာဗိုင္းရပ္စ္အေရးမွာ အလုပ္သမားေတြ အခုအခ်ိန္မွာ အစိုးရိမ္ဆုံးျဖစ္ေနတာက ဘာေတြလဲ။

ဦးရဲႏိုင္ဝင္း - ေရာဂါကူးစက္ခံရမွာကို လူတိုင္းလိုပဲ သူတို႔စိုးရိမ္ၾကတယ္၊ အထူးသျဖင့္ သူတို႔မွာ စိုးရိမ္ေနၾကတာက -

စက္႐ုံက ယာယီ ပိတ္လို႔ သူတို႔ မူရင္းနယ္ေတြကို ျပန္ၾကရတယ္၊ အဲဒီမွာ ကြာရန္တင္းမိေနတယ္၊ အဲဒီမွာ စက္႐ုံဖြင့္ၿပီဆိုၿပီး ျဖစ္တယ္၊ ဟိုမွာက ကြာရန္တင္း သီးသန႔္ေနေပးေနရတာက မၿပီးေသးဘူး။ အဲဒီမွာ ျပန္လာလို႔မရဘူး၊ အဲဒီသူေတြကို စက္႐ုံက အလုပ္ျဖဳတ္ပစ္လိုက္မွာ စိုးရိမ္ၾကတယ္။ ဒီလို အလုပ္သမားေတြ အမ်ားႀကီးရွိတယ္။

ေနာက္တခုက ေရာဂါကူးစက္မွာစိုးလို႔ အခုအခ်ိန္မွာ စက္႐ုံမဆင္းပဲ သူတို႔နားခ်င္တယ္၊ ႐ြာျပန္ခ်င္တယ္၊ ေရာဂါ အေျခအေနေအးမွ သူတို႔ ျပန္လာၿပီး လုပ္ခ်င္တယ္၊ ဒါေပမဲ့ ဒီက သူတို႔ လုပ္သက္ အေတာ္ရထားၿပီျဖစ္တဲ့ စက္႐ုံကေန သူတို႔ကို အလုပ္ျဖဳတ္လိုက္မွာ သူတို႔ေၾကာက္တယ္။ ဒီလို စက္႐ုံအလုပ္သမားေတြလည္း အမ်ားႀကီး။

ေနာက္တမ်ိဳးကေတာ့ ဘယ္လိုပဲ ေရာဂါကူးစက္မွာကို စိုးရိမ္ရပါေစ၊ စက္႐ုံေတြ ေရရွည္ပိတ္သြားမွာကို သူတို႔စိုးရိမ္တယ္၊ သူတို႔ ဝင္ေငြမရွိမွာစိုးရိမ္တယ္၊ သူတို႔ ႐ြာျပန္သြားရင္ ဟိုမွာလည္းအလုပ္မရွိ၊ အဲဒါေၾကာင့္ စက္႐ုံေတြ ေရရွည္ပိတ္မွာလည္း စိုးရိမ္ေနသူေတြ ရွိတယ္။

BBC Burmese
-----------------------------------
(Unicode)⤵⤵⤵
စက်ရုံအလုပ်သမားတွေ ဘယ်လောက်ခက်ခဲနေပြီလဲ

ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်အရေးမှာ အလုပ်တွေရပ်နားရ၊ အလုပ်သမားတွေ အလုပ်ပြုတ်ကျရနဲ့ ပြဿနာက ကြီးပါတယ်။ မြန်မာပြည်မှာ စက်ရုံ၊ အလုပ်ရုံတွေမှာ ဗိုင်းရပ်စ်မပြန့်ပွားရေး လမ်းညွှန်ချက်တွေနဲ့ ညီ၊ မညီ အစိုးရက ညွှန်ကြားထားတဲ့အဖွဲ့တွေက လိုက်လံ စစ်ဆေးပြီး ပြန်ဖွင့်ခွင့်ရတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ရှိလာသလို၊ မစစ်ဆေးရသေးဘူးလား၊ စစ်ဆေး ထားပြီလား ရှင်းရှင်းလင်းလင်း မရှိသေးတဲ့ စက်ရုံတချို့ ပြန်ဖွင့်နေတာတွေလည်း ရှိတယ်လို့ သိရပါတယ်။ အခုဆိုရင် စက်ရုံတွေ အများစုရှိရာ ရန်ကုန်တိုင်းအတွင်းမှာ ပြန်ဖွင့်တဲ့ စက်ရုံက ၅၀၀ ကျော်ရှိနေတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အလုပ်တွေရပ်နားရတဲ့ အရေးက စက်ရုံအလုပ်သမားတွေရဲ့ ဘဝလုံခြုံရေးအတွက် ထိခိုက်လာသလို၊ သူတို့ရဲ့ လုပ်ငန်းခွင်မှာ ကြုံရမယ့် ကျန်းမာရေးဆိုင်ရာ ဘေးကင်းလုံခြုံရေးကကော သူတို့အတွက်ဘယ်လိုရှိနေပါလဲ။

ဘီဘီစီက အလုပ်သမား သမဂ္ဂများ ပူးပေါင်းဆောင်ရွက်ရေး ကော်မီတီ ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးရဲနိုင်ဝင်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ဘီဘီစီ - စက်ရုံတွေပြန်ဖွင့်နိုင်တဲ့ အခြေအနေတွေ စပြောပါဦးဗျ။

ဦးရဲနိုင်ဝင်း - သင်္ကြန်မတိုင်ခင်ကနေ စက်ရုံတွေ ပိတ်ထားတယ်၊ ဧပြီ ၂၀ အထိ။ ဧပြီလ ၁၉ ရက်မှာ စက်ရုံတွေကို (ကိုဗစ် - ၁၉ ပြန့်ပွားမှုထိန်းချုပ်ရေးဆိုင်ရာ) စစ်ဆေးဖို့ ညွှန်ကြားချက်ထွက်တယ်၊ ဒါပေမဲ့ ဧပြီ ၂၀ မှာ ဖွင့်တဲ့စက်ရုံတွေ ဖွင့်လာတယ်။ အဲ့ညွှန်ကြားချက်ကြောင့် ထင်တယ်၊ နောက်နေ့ ပြန်ပိတ်တဲ့ စက်ရုံတွေလည်းရှိတယ်၊ ပြန်မပိတ်တဲ့ စက်ရုံလည်းရှိတယ်၊ ဟိုးအရင်ကတည်းက ကုန်ကြမ်းပြတ် လို့ ပိတ်ထားတဲ့စက်ရုံတွေလည်းရှိတယ်။

အခု အလုပ်သမားဝန်ကြီးဌာနနဲ့ ကျန်းမာရေးဝန်ကြီးဌာနက အထူးအဖွဲ့တွေ ဖွဲ့ပြီး စက်ရုံတွေ ပြန်ဖွင့်မယ်ဆိုရင် ညွှန်ကြားချက်နဲ့ ညီမညီ ဆိုပြီး စစ်ဆေးတယ်။ စစ်ဆေးတာ ၁၀ ရက်ကျော် ကာလအတွင်းမှာ တစ်နိုင်ငံလုံး စက်ရုံပေါင်း ၃၀၀၀ ကျော် စစ်ဆေးပြီးလို့ ၈၄၀ ကျော်ဖွင့်ခွင့်ပြုထားပြီလို့ သိရတယ်။

ဘီဘီစီ - လူတွေခပ်ခွာခွာနေရ၊ လုပ်ရမယ် ဆိုတဲ့ စည်းမျဉ်းတွေချထားတာ တွေ့ရတယ်၊ ၆ ပေခွာ ပြီး အလုပ်လုပ်ရမယ် ဆိုတာ အဲ့စည်းမျဉ်းက တကယ်အလုပ်ဖြစ်ရဲ့လား၊ စက်ရုံ တွေက တကယ် လုပ်ပေးနိုင်လို့လား၊ အလုပ်သမားတွေ အတွက် ဖယ်ရီကား ကိစ္စတွေ က အစပေါ့၊ ဘယ်လိုတွေ့ရလဲ။

ဦးရဲနိုင်ဝင်း - ဖယ်ရီကားက စပြောရရင်၊ အရင် လူ ၅၀ လောက် ဆန့်တဲ့ကားမှာ အရင်ကလို ၇၀၊ ၈၀ အဲလို ခုံမပါပဲ ရပ်တဲ့သူတွေပါထည့်ပြီး ကျပ်ညပ်နေအောင် စီးခိုင်းတာမျိုးတော့ မတွေ့ရဘူး၊ ခုံ ၅၀ ပဲ ရှိရင် လူ ၅၀ ပဲ တင်တဲ့ သဘောပေါ့။ ကားထဲမှာ ခပ်ခွာခွာနေနိုင်တဲ့ အနေအထားမျိုးတော့မရှိပါဘူး။ မတ်တပ်ရပ်လိုက်ရတဲ့သူ မပါတဲ့ သဘောလောက်ပါပဲ။ တချို့ ဖယ်ရီတွေမှာ လက်ဆေးတဲ့ Hand Gel တွေပေးတာမျိုးတွေ့တယ်၊ စက်ရုံ ပေါက်ဝ ရောက်ရင် အပူချိန် တိုင်းတဲ့ စက်ရုံကလည်း တိုင်းတယ်၊ မတိုင်းတဲ့ စက်ရုံကလည်း မတိုင်းနိုင်ပါဘူး။

စက်ရုံထဲမှာ ကတော့ လူကျပ်နေလား ဆိုတာ ပြောရတာ အတော်ခက်တယ်၊ အထည်ချုပ်စက်ရုံ တွေမှာဆိုပါစို့၊ ဆင်ထားတဲ့ စက်တွေက လူသိပ်ချဲ လို့ မရဘူးလေ။ ဒီနေရာမှာ ကုန်ကြမ်းလျှော့ရလို့ လူ နည်းနည်း လျော့သွားတဲ့စက်ရုံတွေတော့ရှိတယ်။ အဲဒီ စည်းမျဉ်းတွေအတိုင်းတော့ စက်ရုံတွေ ထဲမှာ တကယ်ဖြစ်ဖို့က မလွယ်ပါဘူး။ လာစစ်တာ ဆိုတာကလည်း အဖြစ်လို ဖြစ်နေတယ်။

ဘီဘီစီ - ပြီးခဲ့တဲ့ရက်ပိုင်း ဧပြီ ၂၇ ရက်က ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု အစီအစဉ်ဆိုတာ အစိုးရ က ထုတ်ပြန်တယ်၊ အဲဒီထဲမှာ အလုပ်လက်မဲ့ဖြစ်သွားတဲ့အလုပ်သမားတွေ အတွက် လူမှုဖူလုံရေး အစီအစဉ်အရ ကျန်းမာရေးစောင့်ရှောက်မှု ၊ ဆေးကုသခွင့် စတာတွေ ၆ လ ကနေ ၁ နှစ်အထိ တိုးမြှင့်သတ်မှတ်ပေးတယ်လို့ ဆိုတယ်၊ ဆိုတော့ လူမှုဖူလုံရေး ရန်ပုံငွေ ထည့်ဝင်ထားတဲ့ အလုပ်သမားတွေ အလုပ်လက်မဲ့ဖြစ်ရင် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသခွင့် ၁ နှစ် ဆက်ပေးထားမယ်၊ အဲလိုပဲ နားလည်တယ်၊ သူတို့အတွက် ဝင်ငွေတော့ မရတော့ဘူးပေါ့၊ အဲဒီလိုလား။

ဦးရဲနိုင်ဝင်း - တိုင်းပြည်မှာကျင့်သုံးနေတဲ့ လူမှုဖူလုံရေးခံစားခွင့်ဆိုတာက ကျန်းမာရေးနဲ့လူမှုရေး အာမခံစနစ်၊ ဒါက အလုပ်သမားတွေအတွက် ကျန်းမာရေးအတွက် ဆေးကုသခွင့်ကို အာမခံထားပေးတာ၊ နောက်တခုက လုပ်ငန်းခွင်အတွင်း ထိခိုက်ဒဏ်ရရရင် ခံစားခွင့်ရမယ် အဲဒီ သဘော။ အခုက အလုပ်လက်မဲ့ဖြစ်သွားတဲ့နောက် နာတာရှည်ရောဂါဖြစ်ရင် ကျန်းမာရေး စောင့်ရှောက်မှု နဲ့ ဆေးကုသခွင့် ၆ လ က နေ အခု ၁ နှစ်အထိ တိုးရမယ် ဆိုတဲ့ သဘော။

အခု ကိုဗစ်ဖြစ်ချိန်မှာ အလုပ်သမား အလုပ်ပြုတ်သွားရင် လူမှုဖူလုံရေး ထောက်ပံ့ကြေးပေးဖို့ ဆိုတာက လောလောဆယ်လူမှုဖူလုံရေးက သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေ ထဲမှာ မပါဘူး။

ဘီဘီစီ - ဒီတော့ အလုပ်ပြုတ်ရင် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးကုသခွင့် စတာတွေ ၁ နှစ်အာမခံ တယ်ဆိုတဲ့ အခွင့်အရေးကလွဲလို့ ငွေကြေးအထောက်အပံ့ မရှိဘူးဆိုတဲ့ သဘောလား။

ဦးရဲနိုင်ဝင်း - အလုပ်ပြုတ်သွားရင် အလုပ်လက်မဲ့ ထောက်ပံ့ကြေးပေး မယ်ဆိုတာ လူမှုဖူလုံရေးအစီအစဉ်တွေထဲမှာ မရှိဘူး၊ တကယ်က အလုပ်လက်မဲ့ ထောက်ပံ့ကြေးဆိုတာ အခုအချိန်မှာ ရှိရမှာ၊ ဆိုတော့ အခု အဲဒီ အလုပ်ပြုတ်သွားတဲ့သူ ကို ကျန်းမာရေး မကောင်းဘူးဆိုတဲ့ ခေါင်းစဉ်အောက်မှာထည့် ၊ အဲဒီတော့ ကျန်းမာရေး စောင့်ရှောက်မှု ကို အရင်က ၆ လ ပေးရာကနေ ၁ နှစ်အထိ ရမယ်၊ အဲလို စီစဉ်နေကြတာ၊ အဲဒီ ထောက်ပံ့မှုက မူရင်း လစာ ရဲ့ ၆၀% လား ၄၀% ဆိုတာလဲ အခုထိ ရှင်းရှင်းလင်းလင်း မရှိသေးဘူး။ ဒါက စက်ရုံတွေထဲမှာ လူမှုဖူလုံရေး ထည့်ထားတဲ့ သူတွေ အတွက်သာပါ။

ဘီဘီစီ - လူမှုဖူလုံရေးထည့်ထားတဲ့၊ ထည့်ခွင့်ရထားတဲ့ စက်ရုံအလုပ်သမားတွေက ဘယ်လောက်လောက်ရှိလဲ။ ပြုတ်သွားတာကကော ဘယ်လောက်ရှိပလဲ။ သူတို့ အကျိုးခံစားခွင့် ရနေပြီလား။

ဦးရဲနိုင်ဝင်း - အစိုးရ ကပြောတာတော့ လူမှုဖူလုံရေး ရန်ပုံငွေ ထည့်ဝင်ထားသူပေါင်း ၁.၄၆ သန်းရှိတယ်ပြောတယ်၊ ဒါက စက်ရုံအလုပ်သမားတွေချည်းပဲ မဟုတ်ဘူး၊ အစိုးရ ဝန်ထမ်းတွေကော အားလုံးပေါင်းအရေအတွက်ကို ပြောတာ။ အခုအချိန်ထိ အလုပ်ပြုတ်သွားတဲ့ စက်ရုံအလုပ်သမားပေါင်း အစိုးရ ပြောချက်အရ ၆ သောင်းကျော်ရှိတယ်၊ ကျွန်တော်တို့ မြင်တာ ကတော့ ဒီထက်မက အများကြီးရှိတယ်၊ အဲဒီထဲက ဘယ်သူတွေ လူမှုဖူလုံရေးက ထောက်ပံ့ငွေရပြီလဲ ဆိုတော့၊ ဒီအချိန်ထိ (အင်တာဗျူးမေးချိန် - မေလ ၃ ရက် ညနေအစောပိုင်း) ဘယ်သူမှ မရသေးဘူး။

နောက်ပြီး လူမှုဖူလုံရေး ထည့်မထားရသူတွေက အလုပ်သမားတွေထဲမှာ အများကြီး၊ ဥပမာ - စက်ရုံတွေထဲမှာ ယာယီလုပ်သား၊ အစမ်းခန့်၊ အလုပ်သင်၊ နေ့စား စတဲ့ အလုပ်သမားတွေက လူမှုဖူလုံရေး ထည့်လို့ရတာမဟုတ်ဘူး။ သူတို့က ဘာမှ ရမှာမဟုတ်ဘူး။

ဘီဘီစီ - အစိုးရရဲ့ စီးပွားရေးကုစားမှုအစီအစဉ်ထဲမှာ အလုပ်သမားတွေ အလုပ်တွေရအောင် လုပ်သားအခြေပြု အခြေခံအဆောက်အအုံစီမံကိန်းတွေ လုပ်သွားမယ်၊ ဒီဇင်ဘာ ၂၀၂၀ လောက်ကို ရည်မှန်းထားတယ်ပြောတယ်၊ အဲဒီအစီအစဉ်က စက်ရုံတွေက ပြုတ်သွားတဲ့ အလုပ်သမားတွေအတွက် မျှော်လင့်စရာ မကောင်းဘူးလား။

ဦးရဲနိုင်ဝင်း - အဲဒီအခြေခံအဆောက်အအုံလုပ်ငန်းတွေ၊ ဆိုပါတော့ဗျာ - ဆောက်လုပ်ရေး တို့၊ လမ်းတံတား ဖောက်လုပ်တည်ဆောက်ရေးတို့ ၊ အဲဒီဖက်တွေမှာ လုပ်ကြတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းတွေမှာ (အလုပ်သမားတွေအတွက်) အစိုးရက တိတိကျကျ သတ်မှတ်ပြဋ္ဌာန်းထားတာတွေ ဘာမှမရှိဘူး၊ လူမှုဖူလုံရေးခံစားခွင့်တို့၊ လစာပေးတဲ့ ခွင့်ရက်တို့ ဘာမှ မရှိဘူး၊ ကျပန်းအလုပ်သမားတွေက ဆိုက်တွေမှာ သွားလုပ်ရတာ၊ အလုပ်သမားတွေ ထိခိုက်ဒဏ်ရာရတာ၊ သေဆုံးတာ စတာတွေနဲ့ ကြုံရတဲ့အချိန်မှာ လျော်ကြေးရဖို့ မနည်းကိုတောင်းရတာ၊ ဘာအခွင့်အရေးမှ ပေးမထားဘူး။ အဲဒါတွေကိုလည်း ပြင်မှဖြစ်မှာ။ နို့မို့ရင်တော့ အလုပ်သမားတွေ အတွက် ဘာမှ အကာအကွယ်မရှိဘူး။

ဘီဘီစီ - ကိုရိုနာဗိုင်းရပ်စ်အရေးမှာ အလုပ်သမားတွေ အခုအချိန်မှာ အစိုးရိမ်ဆုံးဖြစ်နေတာက ဘာတွေလဲ။

ဦးရဲနိုင်ဝင်း - ရောဂါကူးစက်ခံရမှာကို လူတိုင်းလိုပဲ သူတို့စိုးရိမ်ကြတယ်၊ အထူးသဖြင့် သူတို့မှာ စိုးရိမ်နေကြတာက -

စက်ရုံက ယာယီ ပိတ်လို့ သူတို့ မူရင်းနယ်တွေကို ပြန်ကြရတယ်၊ အဲဒီမှာ ကွာရန်တင်းမိနေတယ်၊ အဲဒီမှာ စက်ရုံဖွင့်ပြီဆိုပြီး ဖြစ်တယ်၊ ဟိုမှာက ကွာရန်တင်း သီးသန့်နေပေးနေရတာက မပြီးသေးဘူး။ အဲဒီမှာ ပြန်လာလို့မရဘူး၊ အဲဒီသူတွေကို စက်ရုံက အလုပ်ဖြုတ်ပစ်လိုက်မှာ စိုးရိမ်ကြတယ်။ ဒီလို အလုပ်သမားတွေ အများကြီးရှိတယ်။

နောက်တခုက ရောဂါကူးစက်မှာစိုးလို့ အခုအချိန်မှာ စက်ရုံမဆင်းပဲ သူတို့နားချင်တယ်၊ ရွာပြန်ချင်တယ်၊ ရောဂါ အခြေအနေအေးမှ သူတို့ ပြန်လာပြီး လုပ်ချင်တယ်၊ ဒါပေမဲ့ ဒီက သူတို့ လုပ်သက် အတော်ရထားပြီဖြစ်တဲ့ စက်ရုံကနေ သူတို့ကို အလုပ်ဖြုတ်လိုက်မှာ သူတို့ကြောက်တယ်။ ဒီလို စက်ရုံအလုပ်သမားတွေလည်း အများကြီး။

နောက်တမျိုးကတော့ ဘယ်လိုပဲ ရောဂါကူးစက်မှာကို စိုးရိမ်ရပါစေ၊ စက်ရုံတွေ ရေရှည်ပိတ်သွားမှာကို သူတို့စိုးရိမ်တယ်၊ သူတို့ ဝင်ငွေမရှိမှာစိုးရိမ်တယ်၊ သူတို့ ရွာပြန်သွားရင် ဟိုမှာလည်းအလုပ်မရှိ၊ အဲဒါကြောင့် စက်ရုံတွေ ရေရှည်ပိတ်မှာလည်း စိုးရိမ်နေသူတွေ ရှိတယ်။

BBC Burmese
https://www.bbc.com/burmese/52523222
စက္႐ုံအလုပ္သမားေတြ ဘယ္ေလာက္ခက္ခဲေနၿပီလဲ စက္႐ုံအလုပ္သမားေတြ ဘယ္ေလာက္ခက္ခဲေနၿပီလဲ Reviewed by THITHTOOLWIN on 12:00 Rating: 5
Powered by Blogger.