ေတာင္-ေျမာက္ ကုိရီးယားနယ္စပ္မွာ အျပန္အလွန္ပစ္ခတ္မႈျဖစ္

ေတာင္ကိုရီးယားႏိုင္ငံ ဆိုးလ္ၿမိဳ႕ ဘူတာ႐ုံတခုရွိ ႐ုပ္ျမင္သံၾကားတြင္ ျပသေနသည့္ ေျမာက္ကိုရီးယားေခါင္းေဆာင္ Kim Jong Un ၏သတင္း။ (ေမ ၂၊ ၂၀၂၀)
(Zawgyi / Unicode)

ေတာင္နဲ႔ ေျမာက္ကိုရီးယား ၂ ႏုိင္ငံၾကားက လုံၿခဳံေရးေတြ အျပည့္ခ်ထားတဲ့ နယ္စပ္ဂိတ္မွာရွိတဲ့ ေတာင္ကိုရီးယားရဲ႕ လုံၿခဳံေရးဂိတ္ကို ေျမာက္ကိုရီးယားဘက္က ေသနတ္နဲ႔ အခ်က္ေပါင္းမ်ားစြာ ပစ္ခတ္ခဲ့တယ္လို႔ ေတာင္ကိုရီးယားစစ္တပ္က ဒီေန႔ ေျပာပါတယ္။

ေတာင္္ကိုရီးယားဘက္မွာ ထိခုိက္ေသဆုံးသူ တေယာက္မွမရွိေပမယ့္ ေတာင္ကိုရီးယားက ျပန္ပစ္ခဲ့ၿပီးေတာ့ ေျမာက္ကိုရီးယားကိုလည္း သတိေပးခဲ့တယ္လို႔ ေတာင္ကိုရီးယား ပူးတဲြစစ္ဦးစီးခ်ဳပ္မ်ားအဖဲြ႔က ေျပာပါတယ္။

ပစ္ခတ္မႈက ဒီမနက္ ေဒသစံေတာ္ခ်ိန္ ၇ နာရီ ၄၁ မိနစ္မွာ ျဖစ္ပြားခဲ့တာျဖစ္ၿပီး ဘာေၾကာင့္ အခုလို ပစ္ခတ္ခဲ့သလဲဆုိတာ မသိရေသးဘူးလို႔ ေတာင္ကိုရီးယား အစိုးရက ေျပာပါတယ္။ ေျမာက္ကိုရီးယားဘက္ကေတာ့ ဒီကိစၥနဲ႔ပတ္သက္ၿပီး အခုခ်ိန္ထိ တစုံတရာ ေျပာဆုိျခင္းေတာ့ မရွိေသးပါဘူး။

ပစ္ခတ္မႈျဖစ္ၿပီး နာရီပိုင္းအၾကာမွာေတာ့ ေတာင္ကိုရီးယား စစ္ဘက္တာ၀န္ရွိသူေတြက ဒီပစ္ခတ္မႈကို ေျမာက္ကိုိရီးယားဘက္က တမင္သက္သက္ ရည္ရြယ္ၿပီး ပစ္ခဲ့တာမဟုတ္ဘူးလို႔ သူတုိ႔အေနနဲ႔ ယုံၾကည္တယ္လို႔ ေျပာပါတယ္။ ဘာေၾကာင့္ အခုလိုေျပာသလဲ ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးပါဘူး။

၂ ႏုိင္ငံၾကားက စစ္မဲ့ဇုန္ကို ႀကီးၾကပ္ကြပ္ကဲတဲ့ အေမရိကန္ဦးေဆာင္တဲ့ ကုလသမဂၢတပ္ေတြရဲ႕ ကြပ္ကဲေရးစခန္းကေတာ့ စစ္မဲ့ဇုန္မွာ ဒီမနက္ ပစ္ခတ္မႈ ျဖစ္ပြားခဲ့တာကုိ သိရွိထားေၾကာင္း ေျပာပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
--------------------------------

(Unicode)

တောင်-မြောက် ကိုရီးယားနယ်စပ်မှာ အပြန်အလှန်ပစ်ခတ်မှုဖြစ်

(Zawgyi / Unicode)

တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံကြားက လုံခြုံရေးတွေ အပြည့်ချထားတဲ့ နယ်စပ်ဂိတ်မှာရှိတဲ့ တောင်ကိုရီးယားရဲ့ လုံခြုံရေးဂိတ်ကို မြောက်ကိုရီးယားဘက်က သေနတ်နဲ့ အချက်ပေါင်းများစွာ ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားစစ်တပ်က ဒီနေ့ ပြောပါတယ်။

တောင်ကိုရီးယားဘက်မှာ ထိခိုက်သေဆုံးသူ တယောက်မှမရှိပေမယ့် တောင်ကိုရီးယားက ပြန်ပစ်ခဲ့ပြီးတော့ မြောက်ကိုရီးယားကိုလည်း သတိပေးခဲ့တယ်လို့ တောင်ကိုရီးယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့က ပြောပါတယ်။

ပစ်ခတ်မှုက ဒီမနက် ဒေသစံတော်ချိန် ၇ နာရီ ၄၁ မိနစ်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး ဘာကြောင့် အခုလို ပစ်ခတ်ခဲ့သလဲဆိုတာ မသိရသေးဘူးလို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ မြောက်ကိုရီးယားဘက်ကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုချိန်ထိ တစုံတရာ ပြောဆိုခြင်းတော့ မရှိသေးပါဘူး။

ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာတော့ တောင်ကိုရီးယား စစ်ဘက်တာဝန်ရှိသူတွေက ဒီပစ်ခတ်မှုကို မြောက်ကိုရီးယားဘက်က တမင်သက်သက် ရည်ရွယ်ပြီး ပစ်ခဲ့တာမဟုတ်ဘူးလို့ သူတို့အနေနဲ့ ယုံကြည်တယ်လို့ ပြောပါတယ်။ ဘာကြောင့် အခုလိုပြောသလဲ ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

၂ နိုင်ငံကြားက စစ်မဲ့ဇုန်ကို ကြီးကြပ်ကွပ်ကဲတဲ့ အမေရိကန်ဦးဆောင်တဲ့ ကုလသမဂ္ဂတပ်တွေရဲ့ ကွပ်ကဲရေးစခန်းကတော့ စစ်မဲ့ဇုန်မှာ ဒီမနက် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာကို သိရှိထားကြောင်း ပြောပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/north-south-korea-exchange-fire/5403063.html
ေတာင္-ေျမာက္ ကုိရီးယားနယ္စပ္မွာ အျပန္အလွန္ပစ္ခတ္မႈျဖစ္ ေတာင္-ေျမာက္ ကုိရီးယားနယ္စပ္မွာ အျပန္အလွန္ပစ္ခတ္မႈျဖစ္ Reviewed by THITHTOOLWIN on 22:05 Rating: 5
Powered by Blogger.