ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ အတည္ျပဳ လူနာသစ္ေတြ႕ရွိမႈ နည္းလာတာဘာေၾကာင့္လဲ

သံသယလူနာမ်ားကို ရွာေဖြေဖာ္ထုတ္ တဲ့ ဖ်ားနာလူနာမ်ားကုသမႈ႕ေဆးခန္း တစ္ခု
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ အတည္ျပဳလူနာ လူနာသစ္ေတြ႕ရွိရမႈ အခုရက္ပိုင္း ေလ်ာ့နည္းလာတဲ့ အေၾကာင္းအရင္းေတြနဲ႔ပတ္သက္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး က သူ႔ရဲ႕ ေတြ႕ရွိခ်က္ေတြကို ေမလ ၃ရက္ေန႔က ထုတ္ျပန္လိုက္ပါတယ္ ။

အဲဒီအထဲမွာ ျမန္မာႏိုင္ငံမွာ ဓာတ္ခြဲအတည္ျပဳလူနာေတြနဲ႔ အနီးကပ္ထိေတြ႕သူ ေတြကို ေစာစီးစြာရွာေဖြ ေဖာ္ထုတ္ အသြားအလာကန႔္သတ္ထားကာ ဓာတ္ခြဲနမူနာေတြ ရယူစစ္ေဆး ႏိုင္ခဲ့တာေတြနဲ႔ သံသယေရာဂါလကၡဏာရွိသူေတြကို ေစာင့္ၾကည့္လူနာေတြအျဖစ္ သတ္မွတ္ ဓာတ္ခြဲ နမူနာ ရယူစစ္ေဆးႏိုင္ခဲ့တာေတြ ဟာ လူနာသစ္ေတြ႕ရွိရမႈ အခုရက္ပိုင္း ေလ်ာ့နည္းလာတဲ့ အေၾကာင္းရင္းမွာပါဝင္တယ္လို႔လည္း သူကေျပာပါတယ္။

ဒါ့အျပင္ ျပည္ပႏိုင္ငံေတြက ခရီးသည္ဝင္ထြက္ကို ေလွ်ာ့ခ်ကန႔္သတ္ႏိုင္တာ ၊လူစုလူေဝးေတြလုပ္တာကို တားျမစ္ထားတာ ၊ ျပည္သူ ေတြ မိမိအိမ္အတြင္ (stay at home)ေနထိုင္တာ ၊ တစ္ဦး နဲ႔ တစ္ဦး(social distancing)နဲ႔ ထိေတြ႕မႈနည္းပါးေအာင္ ေနထိုင္တာ ၊ လက္ကို မၾကာခဏစနစ္တက်ေဆး တာ ၊ျပင္ပကိုသြားလာရာမွာ ပါးစပ္ႏွင့္ႏွာေခါင္းစည္း တပ္ဆင္မႈ မ်ားျပားလာတာေတြေၾကာင့္ျဖစ္တယ္လို႔လည္း သူကေျပာပါတယ္။

ျမန္မာႏိုင္ငံ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရးဦးစီးဌာန က ေမလ ၂ရက္ေန႔အထိတရားဝင္ ထုတ္ျပန္တဲ့ စာရင္းေတြအရ ျမန္မာတစ္ႏိုင္ငံလုံး လူေပါင္း၈၂၄၀ ကို ကိုဗစ္ ၁၉ ေရာဂါ ရွိမရွိ စစ္ေဆးခဲ့ၿပီးေတာ့ ၁၅၁ ဦးမွာ ေရာဂါပိုးေတြ႕ရွိထားတယ္လို႔ထုတ္ျပန္ထားၿပီး ေမလ ၃ ရက္ေန႔ ညမွာေတာ့ ၄ ဦးထပ္ေတြ႕လို႔ ပိုးေတြ႕သူစုစုေပါင္း ၁၅၅ ဦးရွိလာၿပီျဖစ္ပါတယ္။
လဘက္ရည္ဆိုင္ေတြပုံမွန္ျပန္ဖြင့္ေနၾက
က်န္းမာေရးဝန္ႀကီးဌာန ျပည္သူ႔က်န္းမာေရးဦးစီးဌာန ကေတာ့ ၊အသြားအလာ ကန႔္သတ့္တဲ့ ေနရာေပါင္း ၈၄၀၀ေက်ာ္မွာ လူေပါင္း ေလးေသာင္းႏွစ္ေထာင္ေက်ာ္ကို အသြားအလာ ကန႔္သတ္ထားတယ္ လို႔လည္း ထုတ္ျပန္ထားပါတယ္ ။

ဒါေပမယ့္ ေရာဂါပိုးမရွိသူေတြ ရက္ဆက္ျဖစ္လာတဲ့ ေနာက္ပိုင္းမွာ ေတာ့ ရန္ကုန္အပါအဝင္ နယ္ၿမိဳ႕ေတြမွာ လူေတြ အျပင္ထြက္ သြားလာမႈေတြပိုမ်ားလာတာကိုေတြ႕ရတယ္လို႔ ေဒသခံေတြဆီက ေန သတင္းရပါတယ္။

"ေဈးေတြမွာ လူေတြက ႏွာေခါင္းစည္းေတြ ကို ေမးေစ့နဲ႔ေခါင္း ေပၚမွာ တပ္ၾကတယ္" ႏွာေခါင္းနဲ႔ ပါးစပ္ကို မကာၾကဘူးလို႔လည္း ေ႐ႊျပည္သာၿမိဳ႕နယ္ ကေဒသခံတစ္ဦးကေျပာပါတယ္။

ေရာဂါပိုးေတြ႕သူေတြရွိတဲ့ ေ႐ႊျပည္သာၿမိဳ႕နယ္မွာလည္း ဧၿပီလ ကုန္ကစလို႔ လဘက္ရည္ဆိုင္ေတြ ဖြင့္တဲ့အျပင္ညပိုင္းမွာ ဘီယာဆိုင္ေတြ လည္း ဖြင့္ၾကတဲ့ အေၾကာင္း ေဒသခံတစ္ဦး ကေျပာပါတယ္။

ေတာင္ငူမွာ လည္း ေန႔စဥ္ဖြင့္တဲ့ပ်ံက်ေဈးေတြမွာ လူေတြဟာ ခပ္ခြာခြာမေနၾက ဘဲ စုၿပဳံတိုးေဈးဝယ္ေနၾကတယ္လို႔လည္းေဒသခံတစ္ဦး ကေျပာပါတယ္။
ရန္ကုန္ မွာ ႏွာေခါင္းစည္းကို ႏွာေခါင္းမကာဘဲ တပ္ထားတာေတြ႕ရ
ကို႐ိုနာဗိုင္းရပ္စ္ နဲပတ္သက္ၿပီး ႏိုင္ငံေတြအလိုက္ေဆးစစ္ထားတဲ့သူေတြအေရအတြက္ကိုထုတ္ျပန္တဲ့ worldmeter မွာေတာ့ ျမန္မာႏိုင္ငံ လူဦးေရနဲ႔ ႏိုင္းယွာဥ္ရင္ ေဆးစစ္ထားတဲ့ လူအေရအတြက္ ေမလ ၃ရက္ေန႔အထိ ဟာ လူတစ္သန္းမွာ ၁၅၅ ဦးပဲရွိတာကိုေတြ႕ရပါတယ္။

ဘ႐ူႏိုင္း က လူတစ္သန္းမွာ ၃၁,၈၂၈ ေယာက္၊ကေမာၻဒီးယားက လူတစ္သန္းမွာ ၇၃၆ ေယာက္

လာအိုက လူတစ္သန္းမွာ ၃၀၀ ၊ဖိလစ္ပိုင္က လူတစ္သန္းမွာ ၁,၀၅၂ ၊စကၤာပူက လူတစ္သန္းမွာ ၂၄,၆၀၀ ေယာက္ ထိုင္းက လူတစ္သန္းမွာ ၂,၅၅၁ ေယာက္ ၊ဗီယက္နမ္က လူတစ္သန္းမွာ ၂,၆၈၁ ေယာက္မေလးရွား က လူတစ္သန္းမွာ ၆,၀၅၁ ေယာက္အင္ဒိုနီးရွားက လူတစ္သန္းမွာ ၄၁၃ ေယာက္ ရွိၾကပါတယ္။

ေမလ ၃ရက္ေန႔၊ ည ၈ နာရီအထိ ျမန္မာႏိုင္ငံမွာ ကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲ အတည္ျပဳလူနာ ၄ဦးထပ္ေတြ႕ၿပီး တစ္ႏိုင္ငံလုံးဓာတ္ခြဲစစ္ေဆးမႈ ၈၀၀၀ ေက်ာ္ မွာ ဓာတ္ခြဲ အတည္ျပဳလူနာ(၁၅၅) ဦး အထိ ရွိလာၿပီျဖစ္ပါ တယ္။

အိမ္နီးခ်င္း ႏိုင္ငံေတြနဲ႔ ယွဥ္ၾကည့္ ရင္ေတာ့ ျမန္မာႏိုင္ငံ ကကိုဗစ္-၁၉ ေရာဂါ ဓာတ္ခြဲ စစ္ထားတာအေရအတြက္က က်န္တဲ့ ႏိုင္ငံေတြ အားလုံးထက္ နည္းတာကိုလည္း ေတြ႕ရပါ တယ္။ျပည္သူလူထုအတြင္းမွာ ေရာဂါပိုးကူးစက္ခံထားရေပမယ့္လည္း ေရာဂါလကၡဏာမျပသူတြ သို႔မဟုတ္ သာမာန္ေရာဂါလကၡဏာမ်ားသာရွိသူေတြဟာ ေဆး႐ုံ၊ေဆးခန္း၊ က်န္းမာေရးဌာန ေတြကို လာေရာက္ျပသမႈမရွိတာေတြလည္းရွိေနႏိုင္ တယ္လို႔လည္း က်န္းမာေရးနဲ႔ အားကစားဝန္ႀကီး ကေျပာပါတယ္။

အဲဒီလို လာေရာက္ျပသမႈမရွိတဲ့ လူနာေတြကို ေစာင့္ၾကည့္လူနာနဲ႔ သံသယလူနာေတြအျဖစ္ သတ္မွတ္ၿပီး၊ ဓာတ္ခြဲစစ္ေဆးမႈ မျပဳလုပ္ႏိုင္ တာနဲ႔၊ ဓာတ္ခြဲစစ္ေဆးမႈအေရအတြက္ နည္းပါးေနေသးတာေတြဟာ ကိုဗစိ- ၁၉ ဓာတ္ခြဲအတည္ျပဳလူနာသစ္ေတြ႕ရွိရမႈ လတ္တေလာနည္းပါးေနျခင္းလည္း ျဖစ္ႏိုင္ တယ္လို႔သူကေျပာပါတယ္။
 ျမန္မာတစ္ႏိုင္ငံလုံးမွာ လူေပါင္း ရွစ္ေထာင္ႏွစ္ရာေက်ာ္ကို ေရာဂါပိုးရွိမရွိ စစ္ေဆးထား
ဒါအျပင္ျမန္မာႏိုင္ငံက ကိုဗစ္-၁၉ အတည္ျပဳလူနာေတြအနက္ ၅၈ ရာခိုင္ႏႈန္းဟာ ေရာဂါလကၡဏာမျပသူေတြျဖစ္တယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီး ကထုတ္ျပန္ခ်က္မွာေျပာခဲ့ပါတယ္။

ဒါေၾကာင့္ အသြားအလာ ကန႔္သတ္ေစာင့္ၾကည့္ခံရသူေတြ၊ ျပည္သူေတြအေနနဲ႔ ေဆာင္ရန္ေရွာင္ရန္ေတြကို ေသခ်ာလိုက္နာ မွသာ ေရာဂါကူးစက္ပ်ံ႕ပြားမႈကို ထိန္းခ်ဳပ္ႏိုင္မယ္လို႔ လည္းဆိုပါတယ္။

ျမန္မာႏိုင္ငံက ကိုဗစ္၁၉ အတည္ျပဳလူနာ ၁၅၀ ေက်ာ္ရဲ႕ ေရာဂါလကၡဏာေတြကိုခြဲျခမ္းစိတ္ျဖာမႈအရ အန္တာ၊ ဝမ္းေလွ်ာတာနဲ႔ ဗိုက္ေအာင့္တာ၊ အနံအရသာမရေတာ့တာ ဆိုတဲ့ အခ်က္ေတြကို ေရာဂါလကၡဏာအျဖစ္ ထပ္ထည့္ထားတာကို ဧၿပီ ၂၅ ရက္ အစီရင္ခံစာက စတင္ၿပီး ေဖာ္ျပထားတာေတြ႕ရပါတယ္။

ေခ်ာင္းဆိုး၊ႏွာေခ်၊ လည္ေခ်ာင္းနာ အသက္ရႉၾကပ္၊ ကိုယ္ပူ စတဲ့ ကိုဗစ္ရဲ႕ ကနဦး လကၡဏာေတြ တျခားလကၡဏာေတြခံစားရတဲ့ ကိုဗစ္ကူးစက္လူနာသစ္ေတြထပ္ေတြ႕လာရတယ္လို႔ အပူပိုင္းနဲ႔ ကူးစက္ေရာဂါဌာန ပါေမာကၡေဒါက္တာမိုးမိုးစမ္းက ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္နဲ႔ အြန္လိုင္းေဆြးေႏြးခန္းမွာ ေျပာၾကားခဲ့ပါတယ္။

ရန္ကုန္တိုင္း အခ်ိဳ႕ၿမိဳ႕နယ္ ေတြကို "stay at home" မိမိအိမ္ မွာ မိမိေနၾက ဖို႔အမိန႔္ ကိုထုတ္ျပန္ ခဲ့တာ (၂)ပတ္ရွိသြားပါၿပီ။

ဒီၾကားထဲမွာ ေနာက္ထပ္ stay at home သတ္မွတ္ရတဲ့ ၿမိဳ႕နယ္ေတြလည္း ေပၚလာ ခဲ့ပါတယ္။

"ဒီ တစ္ရက္၊ ႏွစ္ရက္အတြင္း ကိုဗစ္ ၁၉ ၿငိမ္ေနလို႔ မေပါ့ ပါနဲ႔။ လုံးဝ စိတ္ခ်ရတဲ့အေျခအေနကေဝးပါေသးတယ္"လို႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ က သတိေပးခဲ့ပါတယ္။
 ျမဝတီၿမိဳ႕ အမွတ္ ၂ ခ်စ္ၾကည္ေရးတံတား ကေန ဝင္လာသူေတြလည္းရွိ
ဒါအျပင္ အခုရက္ပိုင္း ေရာဂါျဖစ္ပြားမႈမ်ားျပားတဲ့ ႏိုင္ငံေတြျဖစ္တဲ့ စင္ကာပူ၊ ဂ်ပန္ႏွင့္ ကိုရီးယား သမၼတႏိုင္ငံစတဲ့ ႏိုင္ငေတြက ျမန္မာႏိုင္ငံသား ေတြဟာ ျပည္တြင္းသို႔ ျပန္လည္ဝင္ေရာက္ လာေနၾကၿပီလည္းျဖစ္ပါတယ္။

ထိုင္းႏိုင္ငံ မွာ အလုပ္လုပ္ကိုင္ေန တဲ့ ျမန္မာႏိုင္ငံသား ေတြဆို ရင္ တစ္သိန္းေလာက္အထိျပန္ဝင္လာမယ္လို႔လည္း ေဒၚေအာင္ဆန္းစုၾကည္က ေျပာထားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ရက္ပိုင္း ပိတ္ထားတဲ့ စက္႐ုံ၊ အလုပ္႐ုံေတြ ျပန္လည္ဖြင့္လွစ္တာလည္းရွိေနတာေၾကာင့္ ေရာဂါကူးစက္ျပန႔္ပြားမႈမ်ား မ်ားျပားလာႏိုင္တယ္လို႔လည္းဝန္ႀကီးက သတိေပးထားပါတယ္။ဒါေၾကာင့္ ေရာဂါကူးစက္သူအေရအတြက္ ေလ်ာ့နည္းလာေပမယ့္လည္း တတ္ႏိုင္သမွ် မိမိတို႔ေနအိမ္အတြင္း၌သာ ေနထိုင္ ဖို႔၊ တစ္ဦး နဲ႔ တစ္ဦး ခပ္ခြာခြာ ေနထိုင္ၾကဖို႔ ႏွင့္ လက္ကို မၾကာခဏ စနစ္တက်ေဆး ဖို႔ ဖ်ားနာျခင္း၊ ေခ်ာင္းဆိုးျခင္းစ တဲ့ေရာဂါလကၡဏာေတြေတြ႕ရွိပါက အနီးဆုံးက်န္းမာေရးဌာနတြင္ျပသ ဖို႔စတာေတြကို က်န္းမာေရးႏွင့္အားကစားဝန္ႀကီး ကတိုက္တြန္းခဲ့ပါတယ္။

BBC Burmese
-----------------------------------------
(Unicode)⤵⤵⤵
မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ အတည်ပြု လူနာသစ်တွေ့ရှိမှု နည်းလာတာဘာကြောင့်လဲ

မြန်မာနိုင်ငံမှာ ကိုဗစ် ၁၉ အတည်ပြုလူနာ လူနာသစ်တွေ့ရှိရမှု အခုရက်ပိုင်း လျော့နည်းလာတဲ့ အကြောင်းအရင်းတွေနဲ့ပတ်သက်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီး က သူ့ရဲ့ တွေ့ရှိချက်တွေကို မေလ ၃ရက်နေ့က ထုတ်ပြန်လိုက်ပါတယ် ။

အဲဒီအထဲမှာ မြန်မာနိုင်ငံမှာ ဓာတ်ခွဲအတည်ပြုလူနာတွေနဲ့ အနီးကပ်ထိတွေ့သူ တွေကို စောစီးစွာရှာဖွေ ဖော်ထုတ် အသွားအလာကန့်သတ်ထားကာ ဓာတ်ခွဲနမူနာတွေ ရယူစစ်ဆေး နိုင်ခဲ့တာတွေနဲ့ သံသယရောဂါလက္ခဏာရှိသူတွေကို စောင့်ကြည့်လူနာတွေအဖြစ် သတ်မှတ် ဓာတ်ခွဲ နမူနာ ရယူစစ်ဆေးနိုင်ခဲ့တာတွေ ဟာ လူနာသစ်တွေ့ရှိရမှု အခုရက်ပိုင်း လျော့နည်းလာတဲ့ အကြောင်းရင်းမှာပါဝင်တယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် ပြည်ပနိုင်ငံတွေက ခရီးသည်ဝင်ထွက်ကို လျှော့ချကန့်သတ်နိုင်တာ ၊လူစုလူဝေးတွေလုပ်တာကို တားမြစ်ထားတာ ၊ ပြည်သူ တွေ မိမိအိမ်အတွင် (stay at home)နေထိုင်တာ ၊ တစ်ဦး နဲ့ တစ်ဦး(social distancing)နဲ့ ထိတွေ့မှုနည်းပါးအောင် နေထိုင်တာ ၊ လက်ကို မကြာခဏစနစ်တကျဆေး တာ ၊ပြင်ပကိုသွားလာရာမှာ ပါးစပ်နှင့်နှာခေါင်းစည်း တပ်ဆင်မှု များပြားလာတာတွေကြောင့်ဖြစ်တယ်လို့လည်း သူကပြောပါတယ်။

မြန်မာနိုင်ငံ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန က မေလ ၂ရက်နေ့အထိတရားဝင် ထုတ်ပြန်တဲ့ စာရင်းတွေအရ မြန်မာတစ်နိုင်ငံလုံး လူပေါင်း၈၂၄၀ ကို ကိုဗစ် ၁၉ ရောဂါ ရှိမရှိ စစ်ဆေးခဲ့ပြီးတော့ ၁၅၁ ဦးမှာ ရောဂါပိုးတွေ့ရှိထားတယ်လို့ထုတ်ပြန်ထားပြီး မေလ ၃ ရက်နေ့ ညမှာတော့ ၄ ဦးထပ်တွေ့လို့ ပိုးတွေ့သူစုစုပေါင်း ၁၅၅ ဦးရှိလာပြီဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကတော့ ၊အသွားအလာ ကန့်သတ့်တဲ့ နေရာပေါင်း ၈၄၀၀ကျော်မှာ လူပေါင်း လေးသောင်းနှစ်ထောင်ကျော်ကို အသွားအလာ ကန့်သတ်ထားတယ် လို့လည်း ထုတ်ပြန်ထားပါတယ် ။

ဒါပေမယ့် ရောဂါပိုးမရှိသူတွေ ရက်ဆက်ဖြစ်လာတဲ့ နောက်ပိုင်းမှာ တော့ ရန်ကုန်အပါအဝင် နယ်မြို့တွေမှာ လူတွေ အပြင်ထွက် သွားလာမှုတွေပိုများလာတာကိုတွေ့ရတယ်လို့ ဒေသခံတွေဆီက နေ သတင်းရပါတယ်။

"ဈေးတွေမှာ လူတွေက နှာခေါင်းစည်းတွေ ကို မေးစေ့နဲ့ခေါင်း ပေါ်မှာ တပ်ကြတယ်" နှာခေါင်းနဲ့ ပါးစပ်ကို မကာကြဘူးလို့လည်း ရွှေပြည်သာမြို့နယ် ကဒေသခံတစ်ဦးကပြောပါတယ်။

ရောဂါပိုးတွေ့သူတွေရှိတဲ့ ရွှေပြည်သာမြို့နယ်မှာလည်း ဧပြီလ ကုန်ကစလို့ လဘက်ရည်ဆိုင်တွေ ဖွင့်တဲ့အပြင်ညပိုင်းမှာ ဘီယာဆိုင်တွေ လည်း ဖွင့်ကြတဲ့ အကြောင်း ဒေသခံတစ်ဦး ကပြောပါတယ်။

တောင်ငူမှာ လည်း နေ့စဉ်ဖွင့်တဲ့ပျံကျဈေးတွေမှာ လူတွေဟာ ခပ်ခွာခွာမနေကြ ဘဲ စုပြုံတိုးဈေးဝယ်နေကြတယ်လို့လည်းဒေသခံတစ်ဦး ကပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် နဲပတ်သက်ပြီး နိုင်ငံတွေအလိုက်ဆေးစစ်ထားတဲ့သူတွေအရေအတွက်ကိုထုတ်ပြန်တဲ့ worldmeter မှာတော့ မြန်မာနိုင်ငံ လူဦးရေနဲ့ နိုင်းယှာဉ်ရင် ဆေးစစ်ထားတဲ့ လူအရေအတွက် မေလ ၃ရက်နေ့အထိ ဟာ လူတစ်သန်းမှာ ၁၅၅ ဦးပဲရှိတာကိုတွေ့ရပါတယ်။

ဘရူနိုင်း က လူတစ်သန်းမှာ ၃၁,၈၂၈ ယောက်၊ကမ္ဘောဒီးယားက လူတစ်သန်းမှာ ၇၃၆ ယောက်

လာအိုက လူတစ်သန်းမှာ ၃၀၀ ၊ဖိလစ်ပိုင်က လူတစ်သန်းမှာ ၁,၀၅၂ ၊စင်္ကာပူက လူတစ်သန်းမှာ ၂၄,၆၀၀ ယောက် ထိုင်းက လူတစ်သန်းမှာ ၂,၅၅၁ ယောက် ၊ဗီယက်နမ်က လူတစ်သန်းမှာ ၂,၆၈၁ ယောက်မလေးရှား က လူတစ်သန်းမှာ ၆,၀၅၁ ယောက်အင်ဒိုနီးရှားက လူတစ်သန်းမှာ ၄၁၃ ယောက် ရှိကြပါတယ်။

မေလ ၃ရက်နေ့၊ ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၄ဦးထပ်တွေ့ပြီး တစ်နိုင်ငံလုံးဓာတ်ခွဲစစ်ဆေးမှု ၈၀၀၀ ကျော် မှာ ဓာတ်ခွဲ အတည်ပြုလူနာ(၁၅၅) ဦး အထိ ရှိလာပြီဖြစ်ပါ တယ်။

အိမ်နီးချင်း နိုင်ငံတွေနဲ့ ယှဉ်ကြည့် ရင်တော့ မြန်မာနိုင်ငံ ကကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ စစ်ထားတာအရေအတွက်က ကျန်တဲ့ နိုင်ငံတွေ အားလုံးထက် နည်းတာကိုလည်း တွေ့ရပါ တယ်။ပြည်သူလူထုအတွင်းမှာ ရောဂါပိုးကူးစက်ခံထားရပေမယ့်လည်း ရောဂါလက္ခဏာမပြသူတွ သို့မဟုတ် သာမာန်ရောဂါလက္ခဏာများသာရှိသူတွေဟာ ဆေးရုံ၊ဆေးခန်း၊ ကျန်းမာရေးဌာန တွေကို လာရောက်ပြသမှုမရှိတာတွေလည်းရှိနေနိုင် တယ်လို့လည်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီး ကပြောပါတယ်။

အဲဒီလို လာရောက်ပြသမှုမရှိတဲ့ လူနာတွေကို စောင့်ကြည့်လူနာနဲ့ သံသယလူနာတွေအဖြစ် သတ်မှတ်ပြီး၊ ဓာတ်ခွဲစစ်ဆေးမှု မပြုလုပ်နိုင် တာနဲ့၊ ဓာတ်ခွဲစစ်ဆေးမှုအရေအတွက် နည်းပါးနေသေးတာတွေဟာ ကိုဗစိ- ၁၉ ဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိရမှု လတ်တလောနည်းပါးနေခြင်းလည်း ဖြစ်နိုင် တယ်လို့သူကပြောပါတယ်။

ဒါအပြင်မြန်မာနိုင်ငံက ကိုဗစ်-၁၉ အတည်ပြုလူနာတွေအနက် ၅၈ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြသူတွေဖြစ်တယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ကထုတ်ပြန်ချက်မှာပြောခဲ့ပါတယ်။

ဒါကြောင့် အသွားအလာ ကန့်သတ်စောင့်ကြည့်ခံရသူတွေ၊ ပြည်သူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်တွေကို သေချာလိုက်နာ မှသာ ရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်မယ်လို့ လည်းဆိုပါတယ်။

မြန်မာနိုင်ငံက ကိုဗစ်၁၉ အတည်ပြုလူနာ ၁၅၀ ကျော်ရဲ့ ရောဂါလက္ခဏာတွေကိုခွဲခြမ်းစိတ်ဖြာမှုအရ အန်တာ၊ ဝမ်းလျှောတာနဲ့ ဗိုက်အောင့်တာ၊ အနံအရသာမရတော့တာ ဆိုတဲ့ အချက်တွေကို ရောဂါလက္ခဏာအဖြစ် ထပ်ထည့်ထားတာကို ဧပြီ ၂၅ ရက် အစီရင်ခံစာက စတင်ပြီး ဖော်ပြထားတာတွေ့ရပါတယ်။

ချောင်းဆိုး၊နှာချေ၊ လည်ချောင်းနာ အသက်ရှူကြပ်၊ ကိုယ်ပူ စတဲ့ ကိုဗစ်ရဲ့ ကနဦး လက္ခဏာတွေ တခြားလက္ခဏာတွေခံစားရတဲ့ ကိုဗစ်ကူးစက်လူနာသစ်တွေထပ်တွေ့လာရတယ်လို့ အပူပိုင်းနဲ့ ကူးစက်ရောဂါဌာန ပါမောက္ခဒေါက်တာမိုးမိုးစမ်းက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အွန်လိုင်းဆွေးနွေးခန်းမှာ ပြောကြားခဲ့ပါတယ်။

ရန်ကုန်တိုင်း အချို့မြို့နယ် တွေကို "stay at home" မိမိအိမ် မှာ မိမိနေကြ ဖို့အမိန့် ကိုထုတ်ပြန် ခဲ့တာ (၂)ပတ်ရှိသွားပါပြီ။

ဒီကြားထဲမှာ နောက်ထပ် stay at home သတ်မှတ်ရတဲ့ မြို့နယ်တွေလည်း ပေါ်လာ ခဲ့ပါတယ်။

"ဒီ တစ်ရက်၊ နှစ်ရက်အတွင်း ကိုဗစ် ၁၉ ငြိမ်နေလို့ မပေါ့ ပါနဲ့။ လုံးဝ စိတ်ချရတဲ့အခြေအနေကဝေးပါသေးတယ်"လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က သတိပေးခဲ့ပါတယ်။

ဒါအပြင် အခုရက်ပိုင်း ရောဂါဖြစ်ပွားမှုများပြားတဲ့ နိုင်ငံတွေဖြစ်တဲ့ စင်ကာပူ၊ ဂျပန်နှင့် ကိုရီးယား သမ္မတနိုင်ငံစတဲ့ နိုင်ငတွေက မြန်မာနိုင်ငံသား တွေဟာ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာနေကြပြီလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ မှာ အလုပ်လုပ်ကိုင်နေ တဲ့ မြန်မာနိုင်ငံသား တွေဆို ရင် တစ်သိန်းလောက်အထိပြန်ဝင်လာမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်း ပိတ်ထားတဲ့ စက်ရုံ၊ အလုပ်ရုံတွေ ပြန်လည်ဖွင့်လှစ်တာလည်းရှိနေတာကြောင့် ရောဂါကူးစက်ပြန့်ပွားမှုများ များပြားလာနိုင်တယ်လို့လည်းဝန်ကြီးက သတိပေးထားပါတယ်။ဒါကြောင့် ရောဂါကူးစက်သူအရေအတွက် လျော့နည်းလာပေမယ့်လည်း တတ်နိုင်သမျှ မိမိတို့နေအိမ်အတွင်း၌သာ နေထိုင် ဖို့၊ တစ်ဦး နဲ့ တစ်ဦး ခပ်ခွာခွာ နေထိုင်ကြဖို့ နှင့် လက်ကို မကြာခဏ စနစ်တကျဆေး ဖို့ ဖျားနာခြင်း၊ ချောင်းဆိုးခြင်းစ တဲ့ရောဂါလက္ခဏာတွေတွေ့ရှိပါက အနီးဆုံးကျန်းမာရေးဌာနတွင်ပြသ ဖို့စတာတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီး ကတိုက်တွန်းခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/52523221
ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ အတည္ျပဳ လူနာသစ္ေတြ႕ရွိမႈ နည္းလာတာဘာေၾကာင့္လဲ ျမန္မာႏိုင္ငံမွာ ကိုဗစ္ ၁၉ အတည္ျပဳ လူနာသစ္ေတြ႕ရွိမႈ နည္းလာတာဘာေၾကာင့္လဲ Reviewed by THITHTOOLWIN on 12:05 Rating: 5
Powered by Blogger.