ကို႐ိုနာဗိုင္းရပ္စ္ ေဝါဟာရမ်ား


(Zawgyi)⤵⤵⤵
ကိုဗစ္- ၁၉ COVID - 19

တ႐ုတ္ႏိုင္ငံ ဝူဟန္ၿမိဳ႕မွာ ၂၀၁၉ ခုႏွစ္ေႏွာင္းပိုင္းက စတင္သိရွိခဲ့ၿပီး ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ျဖစ္ပြားတဲ့ ေရာဂါျဖစ္ပါတယ္။ အဆုတ္ကို အဓိက ထိတဲ့ ေရာဂါပါ။ Coronavirus Disease 2019 ဆိုတဲ့နာမည္ထဲကေန CO VI D 19 ဆိုတဲ့စကားလုံးေတြ အတိုေကာက္ယူၿပီး ကိုဗစ္- ၁၉ဆိုတဲ့ နာမည္ေခၚေဝၚခဲ့တာပါ။

မ်ဥ္းေကြးေျပေလ်ာ့ျခင္း Flatten the curve

ေရာဂါကူးစက္မႈႏႈန္းက်ဆင္းလာတာကို မ်ဥ္းေကြးေျပေလ်ာ့လာတယ္လို႔ သုံးႏႈန္းပါတယ္။ ေရာဂါကူးစက္မႈကို ဂရပ္နဲ႔ေဖာ္ျပတဲ့အခါ ကူးစက္မႈမ်ားေလေလ ဂရပ္ဟာ ေထာင္တက္သြားေလေလ၊ ခုံးတက္သြားေလေလ ျဖစ္ပါတယ္။ ေရာဂါကူးစက္မႈနည္းလာတာနဲ႔အမွ် ဂရပ္က ေျပေလ်ာ့လာတာကို ရည္ၫႊန္းသုံးႏႈန္းတာ ျဖစ္ပါတယ္။

ပိတ္ဆို႔ျခင္း Lockdown

ေန႔စဥ္သြားလာတာေတြကို ေလ်ာ့နည္းသြားေအာင္ ကန္႔သတ္လိုက္တာ၊ အမ်ားပိုင္ အေဆာက္အဦေတြ၊ ေနရာေတြကို ပိတ္တာ၊ လူေတြကို အိမ္မွာပဲ ေနဖို႔ေျပာတာကို ပိတ္ဆို႔မႈလုပ္တယ္၊ ေလာ့ေဒါင္းလုပ္တယ္လို႔ ေခၚတာျဖစ္ပါတယ္။ ႏိုင္ငံတခ်ိဳ႕မွာ ကို႐ိုနာဗိုင္းရပ္စ္ ျပန္႔ပြားမႈကို ထိန္းခ်ဳပ္ဖို႔အတြက္ တင္းတင္းက်ပ္က်ပ္ ေဆာင္႐ြက္တဲ့အေနနဲ႔ ေလာ့ေဒါင္း လုပ္ၾကပါတယ္။

ကမာၻ႔ကူးစက္ျမန္ကပ္ေရာဂါ Pandemic

ႏိုင္ငံအမ်ားမွာ တၿပိဳင္တည္း လ်င္လ်င္ျမန္ျမန္ ကူးစက္တဲ့ အႏၲရာယ္ႀကီးေရာဂါမ်ိဳးကို ကမာၻ႔ကူးစက္ျမန္ကပ္ေရာဂါ၊ ကမာၻ႔ကပ္ေရာဂါလို႔ ေခၚၾကပါတယ္။

တကိုယ္တည္းသီးျခားခြဲေနျခင္း Self-isolation

ေရာဂါမျပန္႔ပြားေအာင္ တျခားလူေတြနဲ႔ အဆက္အသြယ္ျဖတ္ေတာက္ေရွာင္ရွားၿပီး တကိုယ္တည္းခြဲေနတာကို ဆိုလိုပါတယ္။

ခြဲျခားကန္႔သတ္ျခင္း Quarantine

ေရာဂါျပန္႔ပြားမႈ တားဆီးေရးအတြက္ ကူးစက္ေရာဂါနဲ႔ ပတ္သက္ဆက္စပ္ထိေတြ႕သူေတြကို သီးျခားခြဲထားတာကို ေခၚဆိုပါတယ္။

လူမႈအလွမ္းခြာျခင္း Social Distancing

တျခားလူေတြနဲ႔ေဝးေဝးေနပါလို႔ ဆိုလိုပါတယ္။ ေရာဂါ ကူးစက္မႈေႏွးေကြးဖို႔ ရည္႐ြယ္လုပ္ေဆာင္တာ ျဖစ္ပါတယ္။ ကိုယ္နဲ႔အတူမေနတဲ့ မိတ္ေဆြ၊ ေဆြမ်ိဳးေတြနဲ႔ မေတြ႕ဆုံၾကဖို႔ အစိုးရက အႀကံေပးထားပါတယ္။ ျဖစ္ႏိုင္ရင္ အိမ္ကေန အလုပ္လုပ္ဖို႔၊ အမ်ားသုံးကား၊ရထားေတြကို ေရွာင္ရွားဖို႔ အႀကံျပဳတာျဖစ္ပါတယ္။

ဗိုင္းရပ္စ္ Virus

ဘယ္လိုသက္ရွိအဂၤါထဲက ဆဲလ္ (ကလာပ္စည္း) မွာမဆိုဝင္ေရာက္ၿပီး သူ႔ကိုယ္သူမိတၱဴပြားႏိုင္တဲ့ ေသးငယ္တဲ့အမႈန္အစ။ ဗိုင္းရပ္စ္ဟာ အဲဒီဆဲလ္ေတြထဲ ဝင္ပူးၿပီးေနာက္မွာ သူတို႔ရဲ႕ ပုံမွန္လုပ္ငန္းစဥ္ေတြ၊ ဓာတုျဖစ္စဥ္ေတြကိုေႏွာင့္ယွက္ဟန္႔တားၿပီး ဆဲလ္ေတြေသသြားတဲ့အထိ လုပ္တတ္ပါတယ္။ အဲသလိုလုပ္တဲ့အခါ ေရာဂါျဖစ္ပြားလာပါတယ္။

ကာကြယ္ေဆး Vaccine

အားေပ်ာ့တဲ့ ဗိုင္းရပ္စ္ သို႔မဟုတ္ ဘက္တီးရီးယား သဏၭာန္တမ်ိဳး ပါဝင္တဲ့ေဆး ျဖစ္ပါတယ္။ အဲဒီေဆးကို ထိုးေပးလိုက္ျခင္းအားျဖင့္ ပိုးကို ခုခံကာကြယ္ႏိုင္တဲ့ ကိုယ္ခံအားေပၚထြက္လာေအာင္ ရည္႐ြယ္တာျဖစ္ပါတယ္။

ေရာဂါပ်ိဳးခ်ိန္ Incubation period

ပိုးဝင္ေရာက္ခ်ိန္မွ ေရာဂါလကၡဏာ စတင္ျပတဲ့အထိ ၾကားကာလ။

BBC Burmese
----------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ် ဝေါဟာရများ

ကိုဗစ်- ၁၉ COVID - 19

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ၂၀၁၉ ခုနှစ်နှောင်းပိုင်းက စတင်သိရှိခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ ရောဂါဖြစ်ပါတယ်။ အဆုတ်ကို အဓိက ထိတဲ့ ရောဂါပါ။ Coronavirus Disease 2019 ဆိုတဲ့နာမည်ထဲကနေ CO VI D 19 ဆိုတဲ့စကားလုံးတွေ အတိုကောက်ယူပြီး ကိုဗစ်- ၁၉ဆိုတဲ့ နာမည်ခေါ်ဝေါ်ခဲ့တာပါ။

မျဉ်းကွေးပြေလျော့ခြင်း Flatten the curve

ရောဂါကူးစက်မှုနှုန်းကျဆင်းလာတာကို မျဉ်းကွေးပြေလျော့လာတယ်လို့ သုံးနှုန်းပါတယ်။ ရောဂါကူးစက်မှုကို ဂရပ်နဲ့ဖော်ပြတဲ့အခါ ကူးစက်မှုများလေလေ ဂရပ်ဟာ ထောင်တက်သွားလေလေ၊ ခုံးတက်သွားလေလေ ဖြစ်ပါတယ်။ ရောဂါကူးစက်မှုနည်းလာတာနဲ့အမျှ ဂရပ်က ပြေလျော့လာတာကို ရည်ညွှန်းသုံးနှုန်းတာ ဖြစ်ပါတယ်။

ပိတ်ဆို့ခြင်း Lockdown

နေ့စဉ်သွားလာတာတွေကို လျော့နည်းသွားအောင် ကန့်သတ်လိုက်တာ၊ အများပိုင် အဆောက်အဦတွေ၊ နေရာတွေကို ပိတ်တာ၊ လူတွေကို အိမ်မှာပဲ နေဖို့ပြောတာကို ပိတ်ဆို့မှုလုပ်တယ်၊ လော့ဒေါင်းလုပ်တယ်လို့ ခေါ်တာဖြစ်ပါတယ်။ နိုင်ငံတချို့မှာ ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို ထိန်းချုပ်ဖို့အတွက် တင်းတင်းကျပ်ကျပ် ဆောင်ရွက်တဲ့အနေနဲ့ လော့ဒေါင်း လုပ်ကြပါတယ်။

ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ Pandemic

နိုင်ငံအများမှာ တပြိုင်တည်း လျင်လျင်မြန်မြန် ကူးစက်တဲ့ အန္တရာယ်ကြီးရောဂါမျိုးကို ကမ္ဘာ့ကူးစက်မြန်ကပ်ရောဂါ၊ ကမ္ဘာ့ကပ်ရောဂါလို့ ခေါ်ကြပါတယ်။

တကိုယ်တည်းသီးခြားခွဲနေခြင်း Self-isolation

ရောဂါမပြန့်ပွားအောင် တခြားလူတွေနဲ့ အဆက်အသွယ်ဖြတ်တောက်ရှောင်ရှားပြီး တကိုယ်တည်းခွဲနေတာကို ဆိုလိုပါတယ်။

ခွဲခြားကန့်သတ်ခြင်း Quarantine

ရောဂါပြန့်ပွားမှု တားဆီးရေးအတွက် ကူးစက်ရောဂါနဲ့ ပတ်သက်ဆက်စပ်ထိတွေ့သူတွေကို သီးခြားခွဲထားတာကို ခေါ်ဆိုပါတယ်။

လူမှုအလှမ်းခွာခြင်း Social Distancing

တခြားလူတွေနဲ့ဝေးဝေးနေပါလို့ ဆိုလိုပါတယ်။ ရောဂါ ကူးစက်မှုနှေးကွေးဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ကိုယ်နဲ့အတူမနေတဲ့ မိတ်ဆွေ၊ ဆွေမျိုးတွေနဲ့ မတွေ့ဆုံကြဖို့ အစိုးရက အကြံပေးထားပါတယ်။ ဖြစ်နိုင်ရင် အိမ်ကနေ အလုပ်လုပ်ဖို့၊ အများသုံးကား၊ရထားတွေကို ရှောင်ရှားဖို့ အကြံပြုတာဖြစ်ပါတယ်။

ဗိုင်းရပ်စ် Virus

ဘယ်လိုသက်ရှိအင်္ဂါထဲက ဆဲလ် (ကလာပ်စည်း) မှာမဆိုဝင်ရောက်ပြီး သူ့ကိုယ်သူမိတ္တူပွားနိုင်တဲ့ သေးငယ်တဲ့အမှုန်အစ။ ဗိုင်းရပ်စ်ဟာ အဲဒီဆဲလ်တွေထဲ ဝင်ပူးပြီးနောက်မှာ သူတို့ရဲ့ ပုံမှန်လုပ်ငန်းစဉ်တွေ၊ ဓာတုဖြစ်စဉ်တွေကိုနှောင့်ယှက်ဟန့်တားပြီး ဆဲလ်တွေသေသွားတဲ့အထိ လုပ်တတ်ပါတယ်။ အဲသလိုလုပ်တဲ့အခါ ရောဂါဖြစ်ပွားလာပါတယ်။

ကာကွယ်ဆေး Vaccine

အားပျော့တဲ့ ဗိုင်းရပ်စ် သို့မဟုတ် ဘက်တီးရီးယား သဏ္ဌာန်တမျိုး ပါဝင်တဲ့ဆေး ဖြစ်ပါတယ်။ အဲဒီဆေးကို ထိုးပေးလိုက်ခြင်းအားဖြင့် ပိုးကို ခုခံကာကွယ်နိုင်တဲ့ ကိုယ်ခံအားပေါ်ထွက်လာအောင် ရည်ရွယ်တာဖြစ်ပါတယ်။

ရောဂါပျိုးချိန် Incubation period

ပိုးဝင်ရောက်ချိန်မှ ရောဂါလက္ခဏာ စတင်ပြတဲ့အထိ ကြားကာလ။

BBC Burmese
https://www.bbc.com/burmese/world-52314547
ကို႐ိုနာဗိုင္းရပ္စ္ ေဝါဟာရမ်ား ကို႐ိုနာဗိုင္းရပ္စ္ ေဝါဟာရမ်ား Reviewed by THITHTOOLWIN on 21:54 Rating: 5
Powered by Blogger.