စစ္ေတြ-ေက်ာက္ေတာ္လမ္းပိုင္းမွာ ကားေတြ စစ္ေနလို႔ အစီး ရာခ်ီ ရပ္ထားရ

အရင္က စစ္ခဲ့ေပမဲ့ အခုလို ကားေတြ ရပ္တန္႔ထားတာမ်ိဳး မရွိခဲ့
(Zawgyi)⤵⤵⤵
ရန္ကုန္-စစ္ေတြအေဝးေျပးလမ္းမ၊ စစ္ေတြ-ေက်ာက္ေတာ္လမ္းပိုင္းသြား ယာဥ္ေတြကို ေက်ာက္ေတာ္ၿမိဳ႕နယ္က ခမရ ၅၃၉ တပ္ရင္းက ရပ္တန႔္စစ္ေဆးေနတဲ့အတြက္ ကားအစီး ရာခ်ီ ရပ္ထားရတယ္လို႔ အမည္မေဖာ္လိုသူ ခရီးသည္တစ္ဦးက ေျပာပါတယ္။

ေက်ာက္ေတာ္ဘက္ကေန စစ္ေတြဘက္ကိုသြားတဲ့ ကားေတြကို ရပ္ထားတာ မရွိဘဲ စစ္ေတြကေန ေက်ာက္ေတာ္ဘက္ကိုလာတဲ့ ကားေတြပဲ ရပ္ထားရၿပီး ကားအစီးေရ ၁၀၀ ေက်ာ္ ရပ္ထားရတယ္လို႔ သိရပါတယ္။

ကုန္ကားတခ်ိဳ႕နဲ႔ ခရီးသည္တင္ကား အမ်ားစု ရပ္ထားရၿပီး ခရီးသည္ေတြ အိပ္စရာနဲ႔ စားေသာက္ေရး အခက္အခဲ ႀကဳံေနရတယ္လို႔ သိရပါတယ္။

စစ္ေဆးေနတဲ့ေနရာဟာ ေက်ာက္ေတာ္ၿမိဳ႕နယ္ အေနာက္ဘက္ ကန္ေဇာက္ေတာင္ေျခမွာရွိတဲ့ ခမရ ၅၃၉ တပ္ရင္း စစ္ေဆးေရးဂိတ္မွာ ျဖစ္တယ္လို႔ ခရီးသည္ေတြက ေျပာပါတယ္။

ေမလ ၇ ရက္ မေန႔က ေန႔လယ္ ၁ နာရီေလာက္ကေန အခုလိုကားေတြကို ရပ္တန႔္ထားတာျဖစ္ေၾကာင္းနဲ႔ သြားလာခြင့္ မေပးတဲ့အတြက္ ခရီးသည္ တစ္ေထာင္ေက်ာ္ေလာက္ဟာ ေမလ ၈ ရက္ မနက္ ၁၁ နာရီအခ်ိန္ထိ ျဖတ္သန္းခြင့္ မရၾကေသးဘူးလို႔ သိရပါတယ္။

ဒီစစ္ေဆးမႈနဲ႔ ပတ္သက္လို႔ တပ္မေတာ္ သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းဆီကို ဆက္သြယ္ေမးျမန္းခဲ့ေပမယ့္ အဆက္အသြယ္ မရရွိခဲ့ပါဘူး။

ေက်ာက္ေတာ္ၿမိဳ႕နယ္ဟာ တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ ေအေအတို႔အၾကား တိုက္ပြဲေတြ အျပင္းအထန္ ျဖစ္ပြားေနတဲ့ ၿမိဳ႕နယ္တစ္ခုျဖစ္ပါတယ္။

ခမရ ၅၃၉ အနီးဝန္းက်င္ဟာ လက္နက္ႀကီးပစ္ကူေတြ မၾကာခဏ ပစ္ခတ္ေနတဲ့ ေနရာတစ္ခု ျဖစ္သလို အဲ့ဒီနယ္ေျမအတြင္းမွာ တိုက္ပြဲေတြလည္း အၿမဲတမ္းလိုလို ျဖစ္ပြားေနၾကတဲ့ ေနရာတစ္ခုလည္း ျဖစ္ပါတယ္။

အေဝးေျပးလမ္းမေပၚမွာ သြားလာေနတဲ့ ကားေတြနဲ႔ခရီသည္ေတြကို အရင္ကလည္း ခမရ ၅၃၉ တပ္ရင္းက စစ္ေဆးခဲ့ေပမဲ့ အခုလိုမ်ိဳး ကားေတြကိုရပ္တန႔္ထားတာမ်ိဳး မရွိခဲ့ဘူးလို႔ ကန္ေဇာက္ေက်း႐ြာဆရာေတာ္က ေျပာပါတယ္။

"စစ္ေဆးေနတာေတာ့ၾကာပါၿပီ။ ဒါေပမယ့္ မေန႔ကစၿပီးကားေတြကိုသြားလာခြင့္မေပးဘူးလို႔ၾကားတယ္။ အစစ္ေဆးေတြလည္း ေတာ္ေတာ္ေလးကို တင္းက်ပ္ေနတယ္လို႔ သိရတယ္"လို႔ ကန္ေဇာက္ေက်း႐ြာဆရာေတာ္က ေျပာပါတယ္။

ကားေတြ စစ္ေဆးေနတယ္ဆိုတဲ့သတင္းကို ၾကားသိရေၾကာင္းနဲ႔ ဘာေၾကာင့္စစ္ေဆးေနတယ္ဆိုတာကေတာ့ မသိရဘူးလို႔ ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းက ေျပာပါတယ္။

အခုလို စစ္ေဆးေနတဲ့အတြက္ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္ဘက္ကေန စစ္ေတြဘက္ကို ေန႔စဥ္ပုံမွန္ေျပးဆြဲေနတဲ့ ခရီးသည္တင္လိုင္းကားေတြ သြားလာတာ နည္းပါးခဲ့သလို စစ္ေတြဘက္ကေန ေက်ာက္ေတာ္နဲ႔ ေျမာက္ဦးဘက္ကို သြားတဲ့ လိုင္းကားေတြ ေျပးဆြဲတာကိုလည္း မေတြ႕ရဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
စစ်တွေ-ကျောက်တော်လမ်းပိုင်းမှာ ကားတွေ စစ်နေလို့ အစီး ရာချီ ရပ်ထားရ

ရန်ကုန်-စစ်တွေအဝေးပြေးလမ်းမ၊ စစ်တွေ-ကျောက်တော်လမ်းပိုင်းသွား ယာဉ်တွေကို ကျောက်တော်မြို့နယ်က ခမရ ၅၃၉ တပ်ရင်းက ရပ်တန့်စစ်ဆေးနေတဲ့အတွက် ကားအစီး ရာချီ ရပ်ထားရတယ်လို့ အမည်မဖော်လိုသူ ခရီးသည်တစ်ဦးက ပြောပါတယ်။

ကျောက်တော်ဘက်ကနေ စစ်တွေဘက်ကိုသွားတဲ့ ကားတွေကို ရပ်ထားတာ မရှိဘဲ စစ်တွေကနေ ကျောက်တော်ဘက်ကိုလာတဲ့ ကားတွေပဲ ရပ်ထားရပြီး ကားအစီးရေ ၁၀၀ ကျော် ရပ်ထားရတယ်လို့ သိရပါတယ်။

ကုန်ကားတချို့နဲ့ ခရီးသည်တင်ကား အများစု ရပ်ထားရပြီး ခရီးသည်တွေ အိပ်စရာနဲ့ စားသောက်ရေး အခက်အခဲ ကြုံနေရတယ်လို့ သိရပါတယ်။

စစ်ဆေးနေတဲ့နေရာဟာ ကျောက်တော်မြို့နယ် အနောက်ဘက် ကန်ဇောက်တောင်ခြေမှာရှိတဲ့ ခမရ ၅၃၉ တပ်ရင်း စစ်ဆေးရေးဂိတ်မှာ ဖြစ်တယ်လို့ ခရီးသည်တွေက ပြောပါတယ်။

မေလ ၇ ရက် မနေ့က နေ့လယ် ၁ နာရီလောက်ကနေ အခုလိုကားတွေကို ရပ်တန့်ထားတာဖြစ်ကြောင်းနဲ့ သွားလာခွင့် မပေးတဲ့အတွက် ခရီးသည် တစ်ထောင်ကျော်လောက်ဟာ မေလ ၈ ရက် မနက် ၁၁ နာရီအချိန်ထိ ဖြတ်သန်းခွင့် မရကြသေးဘူးလို့ သိရပါတယ်။

ဒီစစ်ဆေးမှုနဲ့ ပတ်သက်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းဆီကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ကျောက်တော်မြို့နယ်ဟာ တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် အေအေတို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

ခမရ ၅၃၉ အနီးဝန်းကျင်ဟာ လက်နက်ကြီးပစ်ကူတွေ မကြာခဏ ပစ်ခတ်နေတဲ့ နေရာတစ်ခု ဖြစ်သလို အဲ့ဒီနယ်မြေအတွင်းမှာ တိုက်ပွဲတွေလည်း အမြဲတမ်းလိုလို ဖြစ်ပွားနေကြတဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အဝေးပြေးလမ်းမပေါ်မှာ သွားလာနေတဲ့ ကားတွေနဲ့ခရီသည်တွေကို အရင်ကလည်း ခမရ ၅၃၉ တပ်ရင်းက စစ်ဆေးခဲ့ပေမဲ့ အခုလိုမျိုး ကားတွေကိုရပ်တန့်ထားတာမျိုး မရှိခဲ့ဘူးလို့ ကန်ဇောက်ကျေးရွာဆရာတော်က ပြောပါတယ်။

"စစ်ဆေးနေတာတော့ကြာပါပြီ။ ဒါပေမယ့် မနေ့ကစပြီးကားတွေကိုသွားလာခွင့်မပေးဘူးလို့ကြားတယ်။ အစစ်ဆေးတွေလည်း တော်တော်လေးကို တင်းကျပ်နေတယ်လို့ သိရတယ်"လို့ ကန်ဇောက်ကျေးရွာဆရာတော်က ပြောပါတယ်။

ကားတွေ စစ်ဆေးနေတယ်ဆိုတဲ့သတင်းကို ကြားသိရကြောင်းနဲ့ ဘာကြောင့်စစ်ဆေးနေတယ်ဆိုတာကတော့ မသိရဘူးလို့ ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောပါတယ်။

အခုလို စစ်ဆေးနေတဲ့အတွက် မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်ဘက်ကနေ စစ်တွေဘက်ကို နေ့စဉ်ပုံမှန်ပြေးဆွဲနေတဲ့ ခရီးသည်တင်လိုင်းကားတွေ သွားလာတာ နည်းပါးခဲ့သလို စစ်တွေဘက်ကနေ ကျောက်တော်နဲ့ မြောက်ဦးဘက်ကို သွားတဲ့ လိုင်းကားတွေ ပြေးဆွဲတာကိုလည်း မတွေ့ရဘူးလို့ ဒေသခံတွေက ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52590330
စစ္ေတြ-ေက်ာက္ေတာ္လမ္းပိုင္းမွာ ကားေတြ စစ္ေနလို႔ အစီး ရာခ်ီ ရပ္ထားရ စစ္ေတြ-ေက်ာက္ေတာ္လမ္းပိုင္းမွာ ကားေတြ စစ္ေနလို႔ အစီး ရာခ်ီ ရပ္ထားရ Reviewed by THITHTOOLWIN on 21:55 Rating: 5
Powered by Blogger.