နာရီ ၂၀ ေက်ာ္အပိတ္ခံရျပီးေနာက္ ကန္ေစာက္ဂိတ္မွကားမ်ားကို ျပန္လည္သြားလာခြင့္ျပဳ


နိရဥၥရာ၊ ေမ ၈/ ၂၀၂၀

စစ္ေတြ- ရန္ကုန္ ကားလမ္းေပၚတြင္ စစ္ေတြဘက္မွ အထြက္ ကားမ်ားကို ေက်ာက္ေတာ္ျမိဳ႕နယ္၊ ကန္ေစာက္ဂိတ္တြင္ နာရီ ၂၀ ေက်ာ္ခန္႕ ျဖတ္သန္းခြင့္ ပိတ္ထားခဲ့ျပီးေနာက္ ယေန႕ နံနက္ ၁၀ နာရီမွ စျပီး ျပန္လည္ ျဖတ္သန္းခြင့္ျပဳလုိက္ျပီဟု သတင္းရရွိသည္။

စစ္ေတြဘက္မွ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ ရန္ကုန္သို႕ ေမာင္းႏွင္လာေသာ ခရီးသည္တင္ကားမ်ားႏွင့္ ကုန္တင္ကားမ်ားကို အမွတ္ ၅၃၉ တပ္ရင္းမွ ေမလ ၇ ရက္ေန႕ နံနက္ ၁၁ နာရီခန္႔ကစၿပီး ယေန႔ နံနက္ ၁၀ နာရီခန္႔အထိ ျဖတ္သန္းခြင့္ကို ပိတ္ထားခဲ့သည္ဟု ခရီးသည္မ်ားက ေျပာဆိုသည္။

ကုန္တင္ကားသမား ကိုေက်ာ္ဆန္းက “အေရးႀကီးကိစၥေပၚေနတဲ့ အတြက္ အထက္အမိန္႕အရလို႕ ေျပာပါတယ္။ မေန႔ကေန ပိတ္မိေနတာပါ။ ကန္ေစာက္ေတာင္ ဂိတ္က ပိတ္တာပါ။ ၅၃၉ တပ္ရင္းက ကြ်န္ေတာ္တုိ႔ အဲဒီ ဂိတ္ကိုေရာက္တုန္း အထက္က အမိန္႔ေၾကာင့္ ပိတ္ရတာလို႔ ေျပာပါတယ္။ ဒီကေန႕ နံနက္ ၁၀ နာရီမထိုးခင္ ျပန္ဖြင့္ေပးပါတယ္” ဟု နိရဥၥရာသုိ႔ ေျပာသည္။

ကိုေက်ာ္ဆန္းတို႕ ေမာင္းႏွင္လာေသာ ကားမွာ ကုန္တင္ကားျဖစ္သျဖင့္ တာရွည္မခံသည့္ ကုန္ပစၥည္းမ်ား အတြက္ အဆင္မေျပေၾကာင္း၊ ငါးေရခဲစိမ္တင္လာသည့္ တခ်ိဳ႕ကားမ်ားမွ ယမန္ေန႕ကတည္းက စစ္ေတြဘက္ကို ျပန္လွည့္ ေမာင္းသြားခဲ့ၾကေၾကာင္း ၎က ေျပာၾကားသည္။

ထိုသို႕ ျဖတ္သန္းခြင့္ ပိတ္ထားခဲ့သျဖင့္ ကားစုစုေပါင္း ၁၀၀ ေက်ာ္ခန္႔မွာ ပိတ္မိေနခဲ့ျပီး အမ်ားစုမွာ စစ္ေတြၿမိဳ႕မွ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပံု၊ အမ္းႏွင့္ ရန္ကုန္တုိ႔သုိ႔ သြားသည့္ ကားမ်ားျဖစ္ေၾကာင္းသိရသည္။

ခရီးသည္ တစ္ဦးျဖစ္သူ မေအးခိုင္ေရႊက “ ကားေတြကို ပိတ္ထားတာက အေရးႀကီးကိစၥေပၚေနတဲ့ အတြက္ အထက္အမိန္႕အရလို႕ ေျပာပါတယ္။ ကၽြန္မက ပုဏၰားကြ်န္းၿမိဳ႕နယ္ဘက္ကို အလည္သြားခဲ့တာပါ။ အခုက အေပါက္ဝကို သြားတာပါ။ စားေသာက္ဖို႔ အတြက္က်ေတာ့ ဒီနားမွာရွိတဲ့ ရြာအနီးနားက လူေတြက လာေခၚၿပီး ထမင္းေတြ ဘာေတြေကၽြးေတာ့ အဆင္ေျပပါတယ္” ဟု နိရဥၥရာသို႔ ေျပာသည္။

ကန္ေစာက္ကားဂိတ္တြင္ ပိတ္မိေနစဥ္ ကားသမားမ်ားကို ဆက္သြယ္ရာ ကိုထြန္းသိန္း ဆိုသူက “ကြ်န္ေတာ့္မွာက ခရီးသည္တင္ကားပါ။ ကားေတြကို ပိတ္ထားေတာ့ ခရီးသည္ေတြက အကုန္ ကားေပၚက ဆင္းကုန္ၾကတယ္။ တစ္ခ်ိဳ႕ဆိုလည္း ဟိုဘက္လမ္းက စက္ေလွနဲ႔ သြားမယ္ဆုိၿပီး ျပန္သြား ၾကပါတယ္။ ခရီးသည္ေတြ မရေတာ့ ကြ်န္ေတာ့္မွာ အရမ္း နစ္နာမႈေတြ ရွိတယ္။ ပိတ္တာ ဘာေၾကာင့္မွန္းေတာ့ တိတိက်က် မသိႏိုင္ပါဘူး။” ဟု နိရဥၥရာသု႔ိ ေျပာသည္။

ယင္းကိစၥႏွင့္ပတ္သက္ၿပီး ေက်ာက္ေတာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဦးထြန္းဝင္းအား နိရဥၥရာမွ ဆက္သြယ္ခဲ့ရာ ၅၃၉ တပ္ရင္းမွ ကုန္တင္ကားအခ်ိဳ႕ႏွင့္ ခရီးသည္တင္ ကားအခ်ိဳ႕ တို႔အား ကန္ေစာက္ကားဂိတ္တြင္ ပိတ္ထားခဲ့သည္မွာ ဟုတ္မွန္ျပီး ယေန႕တြင္ ျပန္လည္ သြားလာ ခြင့္ျပဳလိုက္ျပီဟု အတည္ျပဳေျပာၾကားသည္။

ေဆာင္းဇာျခည္ / Narinjara
----------------------
Unicode:
နာရီ ၂၀ ကျော်အပိတ်ခံရပြီးနောက် ကန်စောက်ဂိတ်မှကားများကို ပြန်လည်သွားလာခွင့်ပြု

နိရဥ္စရာ၊ မေ ၈/ ၂၀၂၀

စစ်တွေ- ရန်ကုန် ကားလမ်းပေါ်တွင် စစ်တွေဘက်မှ အထွက် ကားများကို ကျောက်တော်မြို့နယ်၊ ကန်စောက်ဂိတ်တွင် နာရီ ၂၀ ကျော်ခန့် ဖြတ်သန်းခွင့် ပိတ်ထားခဲ့ပြီးနောက် ယနေ့ နံနက် ၁၀ နာရီမှ စပြီး ပြန်လည် ဖြတ်သန်းခွင့်ပြုလိုက်ပြီဟု သတင်းရရှိသည်။

စစ်တွေဘက်မှ ကျောက်တော်၊ မြောက်ဦး၊ ရန်ကုန်သို့ မောင်းနှင်လာသော ခရီးသည်တင်ကားများနှင့် ကုန်တင်ကားများကို အမှတ် ၅၃၉ တပ်ရင်းမှ မေလ ၇ ရက်နေ့ နံနက် ၁၁ နာရီခန့်ကစပြီး ယနေ့ နံနက် ၁၀ နာရီခန့်အထိ ဖြတ်သန်းခွင့်ကို ပိတ်ထားခဲ့သည်ဟု ခရီးသည်များက ပြောဆိုသည်။

ကုန်တင်ကားသမား ကိုကျော်ဆန်းက “အရေးကြီးကိစ္စပေါ်နေတဲ့ အတွက် အထက်အမိန့်အရလို့ ပြောပါတယ်။ မနေ့ကနေ ပိတ်မိနေတာပါ။ ကန်စောက်တောင် ဂိတ်က ပိတ်တာပါ။ ၅၃၉ တပ်ရင်းက ကျွန်တော်တို့ အဲဒီ ဂိတ်ကိုရောက်တုန်း အထက်က အမိန့်ကြောင့် ပိတ်ရတာလို့ ပြောပါတယ်။ ဒီကနေ့ နံနက် ၁၀ နာရီမထိုးခင် ပြန်ဖွင့်ပေးပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကိုကျော်ဆန်းတို့ မောင်းနှင်လာသော ကားမှာ ကုန်တင်ကားဖြစ်သဖြင့် တာရှည်မခံသည့် ကုန်ပစ္စည်းများ အတွက် အဆင်မပြေကြောင်း၊ ငါးရေခဲစိမ်တင်လာသည့် တချို့ကားများမှ ယမန်နေ့ကတည်းက စစ်တွေဘက်ကို ပြန်လှည့် မောင်းသွားခဲ့ကြကြောင်း ၎င်းက ပြောကြားသည်။

ထိုသို့ ဖြတ်သန်းခွင့် ပိတ်ထားခဲ့သဖြင့် ကားစုစုပေါင်း ၁၀၀ ကျော်ခန့်မှာ ပိတ်မိနေခဲ့ပြီး အများစုမှာ စစ်တွေမြို့မှ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်းနှင့် ရန်ကုန်တို့သို့ သွားသည့် ကားများဖြစ်ကြောင်းသိရသည်။

ခရီးသည် တစ်ဦးဖြစ်သူ မအေးခိုင်ရွှေက “ ကားတွေကို ပိတ်ထားတာက အရေးကြီးကိစ္စပေါ်နေတဲ့ အတွက် အထက်အမိန့်အရလို့ ပြောပါတယ်။ ကျွန်မက ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို အလည်သွားခဲ့တာပါ။ အခုက အပေါက်ဝကို သွားတာပါ။ စားသောက်ဖို့ အတွက်ကျတော့ ဒီနားမှာရှိတဲ့ ရွာအနီးနားက လူတွေက လာခေါ်ပြီး ထမင်းတွေ ဘာတွေကျွေးတော့ အဆင်ပြေပါတယ်” ဟု နိရဥ္စရာသို့ ပြောသည်။

ကန်စောက်ကားဂိတ်တွင် ပိတ်မိနေစဉ် ကားသမားများကို ဆက်သွယ်ရာ ကိုထွန်းသိန်း ဆိုသူက “ကျွန်တော့်မှာက ခရီးသည်တင်ကားပါ။ ကားတွေကို ပိတ်ထားတော့ ခရီးသည်တွေက အကုန် ကားပေါ်က ဆင်းကုန်ကြတယ်။ တစ်ချို့ဆိုလည်း ဟိုဘက်လမ်းက စက်လှေနဲ့ သွားမယ်ဆိုပြီး ပြန်သွား ကြပါတယ်။ ခရီးသည်တွေ မရတော့ ကျွန်တော့်မှာ အရမ်း နစ်နာမှုတွေ ရှိတယ်။ ပိတ်တာ ဘာကြောင့်မှန်းတော့ တိတိကျကျ မသိနိုင်ပါဘူး။” ဟု နိရဥ္စရာသို့ ပြောသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းအား နိရဥ္စရာမှ ဆက်သွယ်ခဲ့ရာ ၅၃၉ တပ်ရင်းမှ ကုန်တင်ကားအချို့နှင့် ခရီးသည်တင် ကားအချို့ တို့အား ကန်စောက်ကားဂိတ်တွင် ပိတ်ထားခဲ့သည်မှာ ဟုတ်မှန်ပြီး ယနေ့တွင် ပြန်လည် သွားလာ ခွင့်ပြုလိုက်ပြီဟု အတည်ပြုပြောကြားသည်။

ဆောင်းဇာခြည် / Narinjara
https://www.facebook.com/narinjara.info/
နာရီ ၂၀ ေက်ာ္အပိတ္ခံရျပီးေနာက္ ကန္ေစာက္ဂိတ္မွကားမ်ားကို ျပန္လည္သြားလာခြင့္ျပဳ နာရီ ၂၀ ေက်ာ္အပိတ္ခံရျပီးေနာက္ ကန္ေစာက္ဂိတ္မွကားမ်ားကို ျပန္လည္သြားလာခြင့္ျပဳ Reviewed by THITHTOOLWIN on 21:56 Rating: 5
Powered by Blogger.