ေဒါက္တာလဲ့လဲ့ေမာ္ အဂတိျပစ္ဒဏ္အေပၚ ဘယ္လိုျမင္ၾကသလဲ


[Zawgyi/Unicode]

အဂတိလိုက္စားတယ္ဆိုတဲ့ စြဲခ်က္နဲ႔ အခ်ိန္တႏွစ္ၾကာ တရားရင္ဆိုင္ေနရတဲ့ တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္းကို အလုပ္နဲ႔ ေထာင္ဒဏ္ ႏွစ္ ၃၀ က်ခံဖို႔ တိုင္းတရားလႊတ္ေတာ္က ဒီကေန႔ အမိန႔္ခ်လိုက္တဲ့အေပၚ အျမင္အမ်ိဳးမ်ိဳးကို တင္ျပေပးမွာပါ။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

ရာထူးအာဏာ လုပ္ပိုင္ခြင့္ကိုသုံးၿပီး ႏိုင္ငံဘ႑ာ အလြဲအသုံးျပဳခဲ့တဲ့ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ေကာ္မရွင္က အမႈ ၄ ခုနဲ႔ တရားစြဲခဲ့ၿပီး တိုင္းတရားလႊတ္ေတာ္က အလုပ္နဲ႔ ေထာင္ဒဏ္ႏွစ္ ၃၀ တေပါင္းတည္း က်ခံဖို႔ ဒီကေန႔ အမိန႔္ခ်လိုက္ပါတယ္။ တရား႐ုံးအမိန႔္နဲ႔ ပတ္သက္လို႔ တနသၤာရီတိုင္း တရားေရးဦးစီးမႉး ေဒၚေအးေအးသန္းက ဗြီအိုေအကို အတည္ျပဳပါတယ္။

“ဟုတ္ပါတယ္။ တေပါင္းတည္း က်ခံေစဆိုေတာ့ အားလုံးေပါင္း ၄ မႈစလုံးကို ႏွစ္ ၃၀ ဟုတ္ပါတယ္။ အယူခံ တက္လို႔ရတယ္ေနာ္၊ ရက္ေပါင္း ၉၀ အတြင္း။”

ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ကို အဂတိလိုက္စားမႈစြဲခ်က္နဲ႔ ၂၀၁၉ မတ္လ ၁၁ ရက္မွာ သမၼတဦးဝင္းျမင့္က တာဝန္ကေန ရပ္စဲခဲ့ပါတယ္။ မတ္လ ၂၅ ရက္မွာ သူနဲ႔ အမႈတြဲ ၃ေယာက္၊ စုစုေပါင္း ၄ ေယာက္ကို ထားဝယ္ၿမိဳ႕ တိုင္းတရားလႊတ္ေတာ္မွာ အမႈကို ပထမဆုံးစစ္ေဆးခဲ့တာပါ။

လမ္းဦးစီးကို က်ပ္ေငြ ၂ ဘီလီယံနဲ႔ လုပ္ပိုင္ခြင့္ခ်ေပးၿပီး ခင္ပြန္းပိုင္ဆိုင္တဲ့ၿခံကို စည္း႐ိုးကာခိုင္းတဲ့အမႈ၊ ထားဝယ္ေလယာဥ္ကြင္းျပဳျပင္ဖို႔ က်ပ္သိန္း ၄,၀၀၀ သုံးၿပီး ၿခဳံပဲရွင္းခဲ့တဲ့အမႈ၊ ထားဝယ္ခ႐ိုင္မွာ လွ်ပ္စစ္ေပးဖို႔ GGS ကုမၸဏီနဲ႔ စာခ်ဳပ္အလြတ္ခ်ဳပ္ဆိုခဲ့မႈ၊ ေနာက္ဆုံးတမႈကေတာ့ GGS ကုမၸဏီကိုပဲ ေဆာက္လုပ္ေရးလုပ္ငန္းေတြခ်ေပးခဲ့တဲ့အမႈ ဒါေတြအားလုံးကို ေဒါက္တာလဲ့လဲ့ေမာ္ တႏွစ္ေလာက္ တရားရင္ဆိုင္ခဲ့ရတာပါ။

ပထမအမႈ တြက္ ၁၀ႏွစ္၊ ဒုတိယအမႈအတြက္ ၁၀ ႏွစ္ GGS ကုမၸဏီနဲ႔ ပတ္သက္တဲ့ အမႈႏွစ္ခုေပါင္းအတြက္ ၁၀ ႏွစ္ စုစုေပါင္း ႏွစ္ ၃၀ က်ခံဖို႔ တရား႐ုံးက ဆုံးျဖတ္လိုက္တာပါ။ ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ အမႈမွာ ပါဝင္ပတ္သက္သူေတြ၊ ပူးတြဲအဂတိလိုက္စားမႈ က်ဴးလြန္သူတခ်ိဳ႕က လြတ္ေျမာက္ေနပါတယ္။ ေငြေၾကးပမာဏမ်ားတဲ့ အဂတိမႈျဖစ္လို႔ ေဒါက္တာလဲ့လဲ့ေမာ္တဦးပဲ တရားရင္ဆိုင္ခဲ့ရတဲ့အေပၚမွာ ျပန္သုံးသပ္ၾကည့္ဖို႔ တျခား ပတ္သက္သူေတြကိုလည္း အဂတိေကာ္မရွင္က ေဖာ္ထုတ္ေပးဖို႔ ေတာင္းဆိုလာၾကပါတယ္။

“ဥပေဒအရ ျဖစ္လာႏိုင္တဲ့ ကြင္းဆက္ႀကီး တခုလုံးကို လိုက္မွသာလွ်င္ တျခားစုံစမ္း၊ စစ္ေဆးရမယ့္ လူေတြကေတာ့ ေဒသခံေတြအျမင္မွာ ရွိေကာင္း၊ ရွိပါလိမ့္မယ္။ က်ေနာ့္ရဲ႕ တကိုယ္ေရအရ ေျပာရမယ္ဆိုရင္ ေနာက္ေနာင္ ဒီအဂတိမႈေတြနဲ႔ ပတ္သက္လာရင္ ဆက္စပ္ ပတ္သက္တဲ့သူမွန္သမွ်ကို အေရးယူႏိုင္ရင္ေတာ့ အေကာင္းဆုံးပါလို႔။”

တနသၤာရီတိုင္း ဥပေဒအေထာက္အကူျပဳအဖြဲ႕က ဦးေအာင္ႏိုင္ဦးေျပာသြားတာပါ။

ဒီေန႔ တရား႐ုံးကို စုေဝးေရာက္လာတဲ့ တနသၤာရီတိုင္း ေဒသခံတခ်ိဳ႕ ၾကားထဲမွာလည္း ဒီကိစၥကို အေလးထားေျပာေနၾကပါတယ္။ တရား႐ုံးေရွ႕ကို သြားေရာက္ခဲ့တဲ့ ေဒသခံတခ်ိဳ႕ကို ဗြီအိုေအက ဆက္သြယ္ခဲ့ပါတယ္။ ထားဝယ္ေဒသခံဦးသန္းဝင္းက သူ႔အျမင္ကို အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ ေဒသခံေတြၾကားထဲမွာ သံသယျဖစ္ေနခဲ့ၾကတာ၊ တကယ္လို႔ က်ဴးလြန္ခဲ့တဲ့သူဟာ သူတေယာက္တည္း မဟုတ္ဘူးဆိုရင္ အျပစ္ဒဏ္က်ခံရမႈက မနစ္နာဘူးလား၊ ဒါက်ေနာ္တို႔ ေမးခြန္းထုတ္ရမယ့္ဟာပဲ။”

ျမိတ္ၿမိဳ႕ေဒသခံ ဦးတင္ကိုကိုဦးကလည္း သူ႔အျမင္ကို အခုလိုေျပာပါတယ္။

“ႏိုင္ငံေတာ္သမၼတကေန ၫႊန္ၾကားခ်က္ထုတ္ကတည္းကိုက ပါဝင္ပတ္သက္သူမ်ား အားလုံးကို ထိထိေရာက္ေရာက္ အေရးယူေပးပါရန္ဆိုတဲ့ ၫႊန္ၾကားခ်က္မ်ိဳး မဟုတ္ခဲ့ဘူးလို႔ ၾကားခဲ့ရတယ္။ ေသခ်ာတာကေတာ့ စံျပအေနနဲ႔ ထိထိေရာက္ေရာက္ အေရးယူေပးပါရန္ပဲ ပါတဲ့အခါက်ေတာ့ စံျပဆိုေတာ့ တေယာက္တည္းကိုပဲ ဦးတည္သြားတယ္ထင္တယ္။”

ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒၚလဲ့လဲ့ေမာ္ကို အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၅ နဲ႔ အမႈခြဲၿပီး စြဲဆိုခဲ့တာပါ၊ သူ႔ေနအိမ္ကိုလည္း ျပည္သူ႔ဘ႑ာအျဖစ္သိမ္းဖို႔ တရား႐ုံးက ဆုံးျဖတ္ခဲ့ပါတယ္။ သူ႔အမႈမွာတြဲပါတဲ့ GGS ကုမၼဏီ တာဝန္ရွိသူ သုံးေယာက္ကိုလည္း အလုပ္နဲ႔ ေထာင္ဒဏ္ ၁၀ ႏွစ္စီ အမိန႔္ခ်ထားပါတယ္။

ေဇာ္ထက္/VOA (Burmese)
----------------------------------------------------
[Unicode Version]

ဒေါက်တာလဲ့လဲ့မော် အဂတိပြစ်ဒဏ်အပေါ် ဘယ်လိုမြင်ကြသလဲ

အဂတိလိုက်စားတယ်ဆိုတဲ့ စွဲချက်နဲ့ အချိန်တနှစ်ကြာ တရားရင်ဆိုင်နေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်းကို အလုပ်နဲ့ ထောင်ဒဏ် နှစ် ၃၀ ကျခံဖို့ တိုင်းတရားလွှတ်တော်က ဒီကနေ့ အမိန့်ချလိုက်တဲ့အပေါ် အမြင်အမျိုးမျိုးကို တင်ပြပေးမှာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

ရာထူးအာဏာ လုပ်ပိုင်ခွင့်ကိုသုံးပြီး နိုင်ငံဘဏ္ဍာ အလွဲအသုံးပြုခဲ့တဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အမှု ၄ ခုနဲ့ တရားစွဲခဲ့ပြီး တိုင်းတရားလွှတ်တော်က အလုပ်နဲ့ ထောင်ဒဏ်နှစ် ၃၀ တပေါင်းတည်း ကျခံဖို့ ဒီကနေ့ အမိန့်ချလိုက်ပါတယ်။ တရားရုံးအမိန့်နဲ့ ပတ်သက်လို့ တနင်္သာရီတိုင်း တရားရေးဦးစီးမှူး ဒေါ်အေးအေးသန်းက ဗွီအိုအေကို အတည်ပြုပါတယ်။

“ဟုတ်ပါတယ်။ တပေါင်းတည်း ကျခံစေဆိုတော့ အားလုံးပေါင်း ၄ မှုစလုံးကို နှစ် ၃၀ ဟုတ်ပါတယ်။ အယူခံ တက်လို့ရတယ်နော်၊ ရက်ပေါင်း ၉၀ အတွင်း။”

ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှုစွဲချက်နဲ့ ၂၀၁၉ မတ်လ ၁၁ ရက်မှာ သမ္မတဦးဝင်းမြင့်က တာဝန်ကနေ ရပ်စဲခဲ့ပါတယ်။ မတ်လ ၂၅ ရက်မှာ သူနဲ့ အမှုတွဲ ၃ယောက်၊ စုစုပေါင်း ၄ ယောက်ကို ထားဝယ်မြို့ တိုင်းတရားလွှတ်တော်မှာ အမှုကို ပထမဆုံးစစ်ဆေးခဲ့တာပါ။

လမ်းဦးစီးကို ကျပ်ငွေ ၂ ဘီလီယံနဲ့ လုပ်ပိုင်ခွင့်ချပေးပြီး ခင်ပွန်းပိုင်ဆိုင်တဲ့ခြံကို စည်းရိုးကာခိုင်းတဲ့အမှု၊ ထားဝယ်လေယာဉ်ကွင်းပြုပြင်ဖို့ ကျပ်သိန်း ၄,၀၀၀ သုံးပြီး ခြုံပဲရှင်းခဲ့တဲ့အမှု၊ ထားဝယ်ခရိုင်မှာ လျှပ်စစ်ပေးဖို့ GGS ကုမ္ပဏီနဲ့ စာချုပ်အလွတ်ချုပ်ဆိုခဲ့မှု၊ နောက်ဆုံးတမှုကတော့ GGS ကုမ္ပဏီကိုပဲ ဆောက်လုပ်ရေးလုပ်ငန်းတွေချပေးခဲ့တဲ့အမှု ဒါတွေအားလုံးကို ဒေါက်တာလဲ့လဲ့မော် တနှစ်လောက် တရားရင်ဆိုင်ခဲ့ရတာပါ။

ပထမအမှု တွက် ၁၀နှစ်၊ ဒုတိယအမှုအတွက် ၁၀ နှစ် GGS ကုမ္ပဏီနဲ့ ပတ်သက်တဲ့ အမှုနှစ်ခုပေါင်းအတွက် ၁၀ နှစ် စုစုပေါင်း နှစ် ၃၀ ကျခံဖို့ တရားရုံးက ဆုံးဖြတ်လိုက်တာပါ။ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် အမှုမှာ ပါဝင်ပတ်သက်သူတွေ၊ ပူးတွဲအဂတိလိုက်စားမှု ကျူးလွန်သူတချို့က လွတ်မြောက်နေပါတယ်။ ငွေကြေးပမာဏများတဲ့ အဂတိမှုဖြစ်လို့ ဒေါက်တာလဲ့လဲ့မော်တဦးပဲ တရားရင်ဆိုင်ခဲ့ရတဲ့အပေါ်မှာ ပြန်သုံးသပ်ကြည့်ဖို့ တခြား ပတ်သက်သူတွေကိုလည်း အဂတိကော်မရှင်က ဖော်ထုတ်ပေးဖို့ တောင်းဆိုလာကြပါတယ်။

“ဥပဒေအရ ဖြစ်လာနိုင်တဲ့ ကွင်းဆက်ကြီး တခုလုံးကို လိုက်မှသာလျှင် တခြားစုံစမ်း၊ စစ်ဆေးရမယ့် လူတွေကတော့ ဒေသခံတွေအမြင်မှာ ရှိကောင်း၊ ရှိပါလိမ့်မယ်။ ကျနော့်ရဲ့ တကိုယ်ရေအရ ပြောရမယ်ဆိုရင် နောက်နောင် ဒီအဂတိမှုတွေနဲ့ ပတ်သက်လာရင် ဆက်စပ် ပတ်သက်တဲ့သူမှန်သမျှကို အရေးယူနိုင်ရင်တော့ အကောင်းဆုံးပါလို့။”

တနင်္သာရီတိုင်း ဥပဒေအထောက်အကူပြုအဖွဲ့က ဦးအောင်နိုင်ဦးပြောသွားတာပါ။

ဒီနေ့ တရားရုံးကို စုဝေးရောက်လာတဲ့ တနင်္သာရီတိုင်း ဒေသခံတချို့ ကြားထဲမှာလည်း ဒီကိစ္စကို အလေးထားပြောနေကြပါတယ်။ တရားရုံးရှေ့ကို သွားရောက်ခဲ့တဲ့ ဒေသခံတချို့ကို ဗွီအိုအေက ဆက်သွယ်ခဲ့ပါတယ်။ ထားဝယ်ဒေသခံဦးသန်းဝင်းက သူ့အမြင်ကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဒေသခံတွေကြားထဲမှာ သံသယဖြစ်နေခဲ့ကြတာ၊ တကယ်လို့ ကျူးလွန်ခဲ့တဲ့သူဟာ သူတယောက်တည်း မဟုတ်ဘူးဆိုရင် အပြစ်ဒဏ်ကျခံရမှုက မနစ်နာဘူးလား၊ ဒါကျနော်တို့ မေးခွန်းထုတ်ရမယ့်ဟာပဲ။”

မြတ်မြို့ဒေသခံ ဦးတင်ကိုကိုဦးကလည်း သူ့အမြင်ကို အခုလိုပြောပါတယ်။

“နိုင်ငံတော်သမ္မတကနေ ညွှန်ကြားချက်ထုတ်ကတည်းကိုက ပါဝင်ပတ်သက်သူများ အားလုံးကို ထိထိရောက်ရောက် အရေးယူပေးပါရန်ဆိုတဲ့ ညွှန်ကြားချက်မျိုး မဟုတ်ခဲ့ဘူးလို့ ကြားခဲ့ရတယ်။ သေချာတာကတော့ စံပြအနေနဲ့ ထိထိရောက်ရောက် အရေးယူပေးပါရန်ပဲ ပါတဲ့အခါကျတော့ စံပြဆိုတော့ တယောက်တည်းကိုပဲ ဦးတည်သွားတယ်ထင်တယ်။”

ဝန်ကြီးချုပ်ဟောင်း ဒေါ်လဲ့လဲ့မော်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ နဲ့ အမှုခွဲပြီး စွဲဆိုခဲ့တာပါ၊ သူ့နေအိမ်ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဖို့ တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။ သူ့အမှုမှာတွဲပါတဲ့ GGS ကုမ္မဏီ တာဝန်ရှိသူ သုံးယောက်ကိုလည်း အလုပ်နဲ့ ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချထားပါတယ်။

ဇော်ထက်/VOA (Burmese)
https://burmese.voanews.com/a/dr-lei-lei-maw/5431514.html
ေဒါက္တာလဲ့လဲ့ေမာ္ အဂတိျပစ္ဒဏ္အေပၚ ဘယ္လိုျမင္ၾကသလဲ ေဒါက္တာလဲ့လဲ့ေမာ္ အဂတိျပစ္ဒဏ္အေပၚ ဘယ္လိုျမင္ၾကသလဲ Reviewed by THITHTOOLWIN on 20:25 Rating: 5
Powered by Blogger.