တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္း အဂတိလိုက္စားမႈနဲ႔ ေထာင္ဒဏ္ ႏွစ္သုံးဆယ္ ခ်မွတ္ခံရ

(Zawgyi)⤵⤵⤵
ဂတိလိုက္စားမႈနဲ႔ တရားစြဲခံထားရတဲ့ တနသၤာရီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာ ေဒၚလဲ့လဲ့ေမာ္ကို ဒီေန႔ ေမ ၂၂ ရက္ေန႔မွာ တနသၤာရီတိုင္း တရား႐ုံးက အမႈ ေလးခုအတြက္ စုစုေပါင္း ေထာင္ဒဏ္ ႏွစ္ ၃၀ ခ်မွတ္လိုက္ ပါတယ္။

အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ နဲ႔ တရားစြဲခံထားရတဲ့ ေဒါက္တာ ေဒၚလဲ့လဲ့ေမာ္ ရဲ႕ အမႈ ေလးခု အတြက္ တနသၤာရီတိုင္း တရားလႊတ္ေတာ္မွာ ႐ုံးခ်ိန္းေပါင္း ၆၀ ေက်ာ္နဲ႔ ႏွစ္ဘက္သက္ေသ ၁၀၀ ေက်ာ္ကို စစ္ေဆးၿပီး တစ္ႏွစ္ေက်ာ္အၾကာမွာ ဒီေန႔ အမိန႔္ခ်လိုက္တာပါ။

တရား႐ုံးရဲ႕ အမိန႔္ကို ႀကိဳဆိုတယ္လို႔ တနသၤာရီတိုင္း ၿမိတ္ခ႐ိုင္ ၈၈ ၿငိမ္းခ်မ္းေရးနဲ႔ ပြင့္လင္းလူ႔အဖြဲ႕အစည္း က ဦးလွေမာ္ က ေျပာပါတယ္။

"အဂတိလိုက္စားမႈသည္ ရာထူးႀကီးႀကီးယူထားရင္ ယူထားသေလာက္ သူက်ဴးလြန္တဲ့ ျပစ္မႈအေလ်ာက္ မညႇာမတာနဲ႔ ျပစ္ဒဏ္ေပးလိုက္တယ္လို႔ ျမင္တယ္၊ အဂတိလိုက္စားမႈကို ဒီဘက္ေခတ္မွာ NLD အစိုးရဟာ ျပတ္ျပတ္သားသား ကိုင္တြယ္တယ္ဆိုၿပီးေတာ့ ျပည္သူလူထုက အစိုးရအေပၚမွာေကာ တရားေရးေပၚမွာေကာ ျဖစ္သြားပါလိမ့္မယ္"

ေဒါက္တာ ေဒၚလဲ့လဲ့ေမာ္ရဲ႕ ေရွ႕ေန ဦးႏိုင္လင္းထြန္းက ဒီအမိန႔္အတြက္ အယူခံဆက္တက္ မတက္ကိစၥ မိသားစုနဲ႔ တိုင္ပင္ရဦးမယ္လို႔ ေျပာပါတယ္။

"ဘာမွမေျပာရေသးဘူးခင္ဗ်၊ မိသားစုနဲ႔ ဘာမွမေျပာရေသးဘူး၊ မတိုင္ပင္ရေသးဘူး၊ အဲေၾကာင့္မို႔ က်ေနာ္တို႔ ဘက္က ဘာမွေျပာလို႔မရေသးဘူးခင္ဗ်၊ သူတို႔က တက္ပါဆိုမွ က်ေနာ္တို႔က တက္လို႔ရမွာ။"

ေဒါက္တာ ေဒၚလဲ့လဲ့ေမာ္ဟာ ဝန္ႀကီးခ်ဳပ္တာဝန္ ထမ္းေဆာင္စဥ္က အဂတိလိုက္စားမႈေတြရွိတဲ့အတြက္ ရာထူးကေန ဖယ္ရွားေပးဖို႔ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလက အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ တနသၤာရီတိုင္း ၿမိတ္ၿမိဳ႕နယ္ ခရီးစဥ္အတြင္း ေတာင္းဆိုသူေတြ ရွိခဲ့တာပါ။

အဲဒီေနာက္ မတ္လမွာေတာ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးေကာ္မရွင္က ေဒါက္တာ လဲ့လဲ့ေမာ္ကို အဂတိ လိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒအရ အမႈ ေလးမႈနဲ႔ တရားစြဲဆိုၿပီး ရဲတပ္ဖြဲ႕က ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ပထမအမႈက ေဒါက္တာ လဲ့လဲ့ေမာ္ဟာ ဝန္ႀကီးခ်ဳပ္တာဝန္ ယူထားစဥ္ ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕ ၫႊန္ၾကားခ်က္နဲ႔ မညီဘဲ လမ္းဦးစီးဌာနကို ေငြက်ပ္ ၂ ဘီလီယံနီးပါး ထုတ္ယူခြင့္ေပးခဲ့ၿပီး၊ အဲဒီလို အခြင့္အေရး ေပးခဲ့တဲ့အတြက္ ေဒါက္တာ လဲ့လဲ့ေမာ္ဟာ ခင္ပြန္းျဖစ္သူနာမည္နဲ႔ ဝယ္ယူထားတဲ့ ထားဝယ္ၿမိဳ႕က အိမ္နဲ႔ ေျမကြက္ႏွစ္ကြက္ကို ေငြေပးေခ်ျခင္းမရွိဘဲ အုတ္ၿခံစည္း႐ိုး ကာရံခိုင္းခဲ့တဲ့ အမႈပါ။

ေနာက္တစ္မႈကေတာ့ ထားဝယ္ေလယာဥ္ကြင္းနဲ႔ ထားဝယ္တကၠသိုလ္ဝင္း ခ်ဳံႏြယ္ရွင္းလင္းခအျဖစ္ သုံးတဲ့ ေငြက်ပ္သိန္း ေလးေထာင္ကို တင္ဒါမေခၚဘဲ လုပ္ခြင့္ျပဳခဲ့တဲ့ကိစၥ နဲ႔ သၾကၤန္ပြဲေတာ္ ဗဟိုမ႑ပ္ တည္ေဆာက္ေရး လုပ္ငန္းေတြအတြက္ ရာထူးတာဝန္ကို အလြဲသုံးစားလုပ္ၿပီး တံစိုးလက္ေဆာင္ရယူခဲ့တယ္လို႔ ေကာ္မရွင္ရဲ႕ စစ္ေဆးေတြ႕ရွိခ်က္ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

တတိယအမႈကေတာ့ ထားဝယ္ခ႐ိုင္အတြင္း လွ်ပ္စစ္ထုတ္လုပ္ေရာင္းခ်ခြင့္ရတဲ့ Global Grand Services (GGS) ကုမၸဏီက အစိုးရကို ေပးရမယ့္ သဘာဝဓာတ္ေငြ႕ဖိုးေပးရမယ့္ အေႂကြးကိစၥျဖစ္ပါတယ္။

စတုတၳအမႈကေတာ့ ေဒါက္တာ လဲ့လဲ့ေမာ္ဟာ ေငြက်ပ္သိန္း ၃၂၀ ေက်ာ္ တန္ဖိုးရွိတဲ့ သူမ မိသားစုပိုင္ ေနအိမ္ကို သိန္း ႏွစ္ေထာင္ေက်ာ္နဲ႔ GGS ကုမၸဏီကို ေရာင္းခ်ခဲ့တဲ့အေၾကာင္း စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။ အဲဒီလို ကာလတန္ဖိုးထက္ ၆ ဆ ေဈးပိုေပးၿပီး ဝယ္ယူခဲ့တဲ့ GGS ကုမၸဏီကို အက်ိဳးအျမတ္ရရွိႏိုင္မယ့္ လုပ္ငန္းေတြ လုပ္ကိုင္ခြင့္ ခ်ေပးခဲ့တာျဖစ္ပါတယ္။

အဂတိလိုက္စားမႈနဲ႔ စြဲဆိုတဲ့အမႈေတြမွာ ျပစ္မႈထင္ရွားတယ္ဆိုၿပီး တစ္မႈကို ေထာင္ဒဏ္ ၁၀ႏွစ္စီ ခ်မွတ္ခဲ့ၿပီး တတိယအမႈနဲ႔ စတုတၳအမႈကိုေတာ့  တစ္ေပါင္းထဲက်ခံဖို႔ အမိန႔္ခ်လိုက္တာေၾကာင့္ စုစုေပါင္း အႏွစ္ ၃၀ က်ခံရမွာျဖစ္ပါတယ္။ ခ်ဳပ္ရက္ေတြကို ခံစားခြင့္ရွိတယ္လို႔ တရား႐ုံးရဲ႕ အမိန႔္မွာ ပါဝင္ပါတယ္။

လူမႈေရးေဖာက္ျပန္တာနဲ႔ အဂတိလိုက္စားတာေတြကို ခြင့္မလႊတ္ဘူးလို႔ ေဒၚေအာင္ဆန္းစုၾကည္က ပါတီဝင္ေတြ ကို အၿမဲေျပာဆိုေၾကာင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီျပန္ၾကားေရးအဖြဲ႕ဝင္ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

"သူကိုတရားဥပေဒအရ သြားတာဘဲေလ ဒီကိစၥက၊ အဂတိဥပေဒနဲ႔သြားတာ ဒါကတစ္ပိုင္းေပါ့၊ ပါတီနဲ႔ ပတ္သက္လို႔ ပါတီစည္းမ်ည္းစည္းကမ္းအရေတာ့  အခ်က္ ႏွစ္ခ်က္ ေဒၚေအာင္ဆန္းစုၾကည္က ေျပာဖူးတယ္၊ လူမႈေရးေဖာက္ျပန္တာ သူလက္မခံဘူး၊ ေငြေရးေၾကးေရးနဲ႔ပတ္သက္ၿပီး အဂတိလိုက္စားရင္ သူလက္မခံဘူး၊ ဒါအႀကိမ္ႀကိမ္ေျပာဖူးပါတယ္။ က်ေနာ္တို႔ကိုေလ၊ က်ေနာ္တို႔ပါတီအေနနဲ႔ကေတာ့ ဒါကစံျပထားေလာက္တဲ့ စည္းမ်ဥ္းစည္းကမ္းပါပဲ"

NLD ပါတီ ကိုယ္စားျပဳ ေ႐ြးေကာက္တင္ေျမႇာက္ခံရသူေတြထဲက ေငြေၾကးအရႈပ္အရွင္းကိစၥ၊ လူမႈေရးေဖာက္ျပန္တဲ့ ကိစၥေတြေၾကာင့္ ဝန္ႀကီးခ်ဳပ္တခ်ိဳ႕အပါအဝင္ တိုင္းနဲ႔ျပည္နယ္အဆင့္ ဝန္ႀကီး တခ်ိဳ႕ကို အစိုးရ တာဝန္ကေန အနားေပးခံရတဲ့ျဖစ္စဥ္ေတြရွိခဲ့ၿပီး အခုလို အဂတိအမႈနဲ႔ ေထာင္ဒဏ္အျပစ္ေပးခံရတာကေတာ့ ပထမဆုံးပါပဲ။

ေဒါက္တာ ေဒၚလဲ့လဲ့ေမာ္နဲ႔အတူ တရားစြဲခံထားရတဲ့ GGS ကုမၸဏီ မန္ေနးဂ်င္းဒါ႐ိုက္တာ ဦးသိန္းေထြး၊ ဒါ႐ိုက္တာ ဦးေအာင္ျမတ္တို႔ကိုလည္း  အမႈ ၃ နဲ႔ ၄ အတြက္ ေထာင္ဒဏ္ ၁၀ႏွစ္စီ ခ်မွတ္ၿပီး ႏွစ္မႈအတြက္ တစ္ေပါင္းတည္း က်ခံဖို႔ အမိန႔္ခ်လိုက္တာေၾကာင့္ ၁၀ ႏွစ္စီ က်ခံရမွာျဖစ္ပါတယ္။

အမႈနံပါတ္ ၄ တစ္ခုမွာသာ ပါဝင္တဲ့ GGS ကုမၸဏီ မန္ေနဂ်ာ ဦးသူရအုံ ကေတာ့ ေထာင္ဒဏ္ ၅ ႏွစ္ က်ခံရမွာ ျဖစ္ပါတယ္။ ေဒါက္တာ ေဒၚလဲ့လဲ့ေမာ္ကို စြဲဆိုထားတဲ့ အဂတိလိုက္စားမႈ တိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ ဟာ ႏိုင္ငံေရးရာထူးလက္ရွိ ရွိတဲ့ ဘယ္သူမဆို အဂတိလိုက္စားမႈ က်ဴးလြန္ေၾကာင္း ျပစ္မႈထင္ရွားရင္ အမ်ားဆုံး ေထာင္ဒဏ္ ၁၅ ႏွစ္ ခ်မွတ္ႏိုင္တဲ့ ပုဒ္မျဖစ္ပါတယ္။

ေက်ာ္လြင္ဦး / RFA Burmese
------------------------------------

(Unicode)⤵⤵⤵
တနင်္သာရီဝန်ကြီးချုပ်ဟောင်း အဂတိလိုက်စားမှုနဲ့ ထောင်ဒဏ် နှစ်သုံးဆယ် ချမှတ်ခံရ

ဂတိလိုက်စားမှုနဲ့ တရားစွဲခံထားရတဲ့ တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာ ဒေါ်လဲ့လဲ့မော်ကို ဒီနေ့ မေ ၂၂ ရက်နေ့မှာ တနင်္သာရီတိုင်း တရားရုံးက အမှု လေးခုအတွက် စုစုပေါင်း ထောင်ဒဏ် နှစ် ၃၀ ချမှတ်လိုက် ပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲခံထားရတဲ့ ဒေါက်တာ ဒေါ်လဲ့လဲ့မော် ရဲ့ အမှု လေးခု အတွက် တနင်္သာရီတိုင်း တရားလွှတ်တော်မှာ ရုံးချိန်းပေါင်း ၆၀ ကျော်နဲ့ နှစ်ဘက်သက်သေ ၁၀၀ ကျော်ကို စစ်ဆေးပြီး တစ်နှစ်ကျော်အကြာမှာ ဒီနေ့ အမိန့်ချလိုက်တာပါ။

တရားရုံးရဲ့ အမိန့်ကို ကြိုဆိုတယ်လို့ တနင်္သာရီတိုင်း မြိတ်ခရိုင် ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း က ဦးလှမော် က ပြောပါတယ်။

"အဂတိလိုက်စားမှုသည် ရာထူးကြီးကြီးယူထားရင် ယူထားသလောက် သူကျူးလွန်တဲ့ ပြစ်မှုအလျောက် မညှာမတာနဲ့ ပြစ်ဒဏ်ပေးလိုက်တယ်လို့ မြင်တယ်၊ အဂတိလိုက်စားမှုကို ဒီဘက်ခေတ်မှာ NLD အစိုးရဟာ ပြတ်ပြတ်သားသား ကိုင်တွယ်တယ်ဆိုပြီးတော့ ပြည်သူလူထုက အစိုးရအပေါ်မှာကော တရားရေးပေါ်မှာကော ဖြစ်သွားပါလိမ့်မယ်"

ဒေါက်တာ ဒေါ်လဲ့လဲ့မော်ရဲ့ ရှေ့နေ ဦးနိုင်လင်းထွန်းက ဒီအမိန့်အတွက် အယူခံဆက်တက် မတက်ကိစ္စ မိသားစုနဲ့ တိုင်ပင်ရဦးမယ်လို့ ပြောပါတယ်။

"ဘာမှမပြောရသေးဘူးခင်ဗျ၊ မိသားစုနဲ့ ဘာမှမပြောရသေးဘူး၊ မတိုင်ပင်ရသေးဘူး၊ အဲကြောင့်မို့ ကျနော်တို့ ဘက်က ဘာမှပြောလို့မရသေးဘူးခင်ဗျ၊ သူတို့က တက်ပါဆိုမှ ကျနော်တို့က တက်လို့ရမှာ။"

ဒေါက်တာ ဒေါ်လဲ့လဲ့မော်ဟာ ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ်က အဂတိလိုက်စားမှုတွေရှိတဲ့အတွက် ရာထူးကနေ ဖယ်ရှားပေးဖို့ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တနင်္သာရီတိုင်း မြိတ်မြို့နယ် ခရီးစဉ်အတွင်း တောင်းဆိုသူတွေ ရှိခဲ့တာပါ။

အဲဒီနောက် မတ်လမှာတော့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ဒေါက်တာ လဲ့လဲ့မော်ကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရ အမှု လေးမှုနဲ့ တရားစွဲဆိုပြီး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ပထမအမှုက ဒေါက်တာ လဲ့လဲ့မော်ဟာ ဝန်ကြီးချုပ်တာဝန် ယူထားစဉ် ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့ မညီဘဲ လမ်းဦးစီးဌာနကို ငွေကျပ် ၂ ဘီလီယံနီးပါး ထုတ်ယူခွင့်ပေးခဲ့ပြီး၊ အဲဒီလို အခွင့်အရေး ပေးခဲ့တဲ့အတွက် ဒေါက်တာ လဲ့လဲ့မော်ဟာ ခင်ပွန်းဖြစ်သူနာမည်နဲ့ ဝယ်ယူထားတဲ့ ထားဝယ်မြို့က အိမ်နဲ့ မြေကွက်နှစ်ကွက်ကို ငွေပေးချေခြင်းမရှိဘဲ အုတ်ခြံစည်းရိုး ကာရံခိုင်းခဲ့တဲ့ အမှုပါ။

နောက်တစ်မှုကတော့ ထားဝယ်လေယာဉ်ကွင်းနဲ့ ထားဝယ်တက္ကသိုလ်ဝင်း ချုံနွယ်ရှင်းလင်းခအဖြစ် သုံးတဲ့ ငွေကျပ်သိန်း လေးထောင်ကို တင်ဒါမခေါ်ဘဲ လုပ်ခွင့်ပြုခဲ့တဲ့ကိစ္စ နဲ့ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေး လုပ်ငန်းတွေအတွက် ရာထူးတာဝန်ကို အလွဲသုံးစားလုပ်ပြီး တံစိုးလက်ဆောင်ရယူခဲ့တယ်လို့ ကော်မရှင်ရဲ့ စစ်ဆေးတွေ့ရှိချက် ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တတိယအမှုကတော့ ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ထုတ်လုပ်ရောင်းချခွင့်ရတဲ့ Global Grand Services (GGS) ကုမ္ပဏီက အစိုးရကို ပေးရမယ့် သဘာဝဓာတ်ငွေ့ဖိုးပေးရမယ့် အကြွေးကိစ္စဖြစ်ပါတယ်။

စတုတ္ထအမှုကတော့ ဒေါက်တာ လဲ့လဲ့မော်ဟာ ငွေကျပ်သိန်း ၃၂၀ ကျော် တန်ဖိုးရှိတဲ့ သူမ မိသားစုပိုင် နေအိမ်ကို သိန်း နှစ်ထောင်ကျော်နဲ့ GGS ကုမ္ပဏီကို ရောင်းချခဲ့တဲ့အကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။ အဲဒီလို ကာလတန်ဖိုးထက် ၆ ဆ ဈေးပိုပေးပြီး ဝယ်ယူခဲ့တဲ့ GGS ကုမ္ပဏီကို အကျိုးအမြတ်ရရှိနိုင်မယ့် လုပ်ငန်းတွေ လုပ်ကိုင်ခွင့် ချပေးခဲ့တာဖြစ်ပါတယ်။

အဂတိလိုက်စားမှုနဲ့ စွဲဆိုတဲ့အမှုတွေမှာ ပြစ်မှုထင်ရှားတယ်ဆိုပြီး တစ်မှုကို ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ခဲ့ပြီး တတိယအမှုနဲ့ စတုတ္ထအမှုကိုတော့  တစ်ပေါင်းထဲကျခံဖို့ အမိန့်ချလိုက်တာကြောင့် စုစုပေါင်း အနှစ် ၃၀ ကျခံရမှာဖြစ်ပါတယ်။ ချုပ်ရက်တွေကို ခံစားခွင့်ရှိတယ်လို့ တရားရုံးရဲ့ အမိန့်မှာ ပါဝင်ပါတယ်။

လူမှုရေးဖောက်ပြန်တာနဲ့ အဂတိလိုက်စားတာတွေကို ခွင့်မလွှတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပါတီဝင်တွေ ကို အမြဲပြောဆိုကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

"သူကိုတရားဥပဒေအရ သွားတာဘဲလေ ဒီကိစ္စက၊ အဂတိဥပဒေနဲ့သွားတာ ဒါကတစ်ပိုင်းပေါ့၊ ပါတီနဲ့ ပတ်သက်လို့ ပါတီစည်းမျည်းစည်းကမ်းအရတော့  အချက် နှစ်ချက် ဒေါ်အောင်ဆန်းစုကြည်က ပြောဖူးတယ်၊ လူမှုရေးဖောက်ပြန်တာ သူလက်မခံဘူး၊ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး အဂတိလိုက်စားရင် သူလက်မခံဘူး၊ ဒါအကြိမ်ကြိမ်ပြောဖူးပါတယ်။ ကျနော်တို့ကိုလေ၊ ကျနော်တို့ပါတီအနေနဲ့ကတော့ ဒါကစံပြထားလောက်တဲ့ စည်းမျဉ်းစည်းကမ်းပါပဲ"

NLD ပါတီ ကိုယ်စားပြု ရွေးကောက်တင်မြှောက်ခံရသူတွေထဲက ငွေကြေးအရှုပ်အရှင်းကိစ္စ၊ လူမှုရေးဖောက်ပြန်တဲ့ ကိစ္စတွေကြောင့် ဝန်ကြီးချုပ်တချို့အပါအဝင် တိုင်းနဲ့ပြည်နယ်အဆင့် ဝန်ကြီး တချို့ကို အစိုးရ တာဝန်ကနေ အနားပေးခံရတဲ့ဖြစ်စဉ်တွေရှိခဲ့ပြီး အခုလို အဂတိအမှုနဲ့ ထောင်ဒဏ်အပြစ်ပေးခံရတာကတော့ ပထမဆုံးပါပဲ။

ဒေါက်တာ ဒေါ်လဲ့လဲ့မော်နဲ့အတူ တရားစွဲခံထားရတဲ့ GGS ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်တို့ကိုလည်း  အမှု ၃ နဲ့ ၄ အတွက် ထောင်ဒဏ် ၁၀နှစ်စီ ချမှတ်ပြီး နှစ်မှုအတွက် တစ်ပေါင်းတည်း ကျခံဖို့ အမိန့်ချလိုက်တာကြောင့် ၁၀ နှစ်စီ ကျခံရမှာဖြစ်ပါတယ်။

အမှုနံပါတ် ၄ တစ်ခုမှာသာ ပါဝင်တဲ့ GGS ကုမ္ပဏီ မန်နေဂျာ ဦးသူရအုံ ကတော့ ထောင်ဒဏ် ၅ နှစ် ကျခံရမှာ ဖြစ်ပါတယ်။ ဒေါက်တာ ဒေါ်လဲ့လဲ့မော်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဟာ နိုင်ငံရေးရာထူးလက်ရှိ ရှိတဲ့ ဘယ်သူမဆို အဂတိလိုက်စားမှု ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် အများဆုံး ထောင်ဒဏ် ၁၅ နှစ် ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။

ကျော်လွင်ဦး / RFA Burmese
https://www.rfa.org/burmese/news/dr-laelaemaw-was-jailed-about-30years-05222020051849.html
တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္း အဂတိလိုက္စားမႈနဲ႔ ေထာင္ဒဏ္ ႏွစ္သုံးဆယ္ ခ်မွတ္ခံရ တနသၤာရီဝန္ႀကီးခ်ဳပ္ေဟာင္း အဂတိလိုက္စားမႈနဲ႔ ေထာင္ဒဏ္ ႏွစ္သုံးဆယ္ ခ်မွတ္ခံရ Reviewed by THITHTOOLWIN on 20:22 Rating: 5
Powered by Blogger.