အဂတိမႈနဲ႔ ေထာင္ႏွစ္ ၃၀ က်တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း

အန္အယ္လ္ဒီအစိုးရလက္ထက္ အဂတိမႈနဲ႔ေထာင္ခ်ခံရသူေတြထဲ အဆင့္အျမင့္ဆုံး ရာထူးရွိသူ အေရးယူခံရတာျဖစ္
(Zawgyi)⤵⤵⤵
တနသၤာရီတိုင္းဝန္ႀကီးခ်ဳပ္ေဟာင္း ေဒါက္တာလဲ့လဲ့ေမာ္ကို အဂတိလိုက္စားမႈ ေလးမႈနဲ႔ စုစုေပါင္း ေထာင္ႏွစ္ ၃၀ က်ခံေစဖို႔ တိုင္း တရားလႊတ္ေတာ္က ေမ ၂၂ ရက္မွာ အမိန႔္ခ်ခဲ့ပါတယ္။

ေဒၚလဲ့လဲ့ေမာ္ကို တရားစြဲခဲ့တဲ့ အမႈေလးမႈမွာ တစ္မႈစီကို ေထာင္ ၁၀ ႏွစ္စီ ခ်ခဲ့တာျဖစ္ၿပီး စုစုေပါင္း ေထာင္ႏွစ္ ၄၀ ျဖစ္ေပမယ့္ GGS ကုမၸဏီနဲ႔ ပတ္သက္တဲ့ ႏွစ္မႈမွာေတာ့ ျပစ္ဒဏ္ကို တစ္ေပါင္းတည္းက်ခံဖို႔ အမိန႔္ခ်ခဲ့ပါတယ္။

ဒါေၾကာင့္ ေထာင္စုစုေပါင္း ႏွစ္ ၃၀ က်ခံရမွာျဖစ္ၿပီး အမႈရင္ဆိုင္ေနစဥ္ ခ်ဳပ္ရက္တစ္ႏွစ္ေက်ာ္ကို ထုတ္ႏုတ္ခံစားခြင့္ျပဳခဲ့ပါတယ္။

ဒါ့အျပင္ ဒီအမႈမွာ ပါဝင္ခဲ့တဲ့ သရက္ေခ်ာင္းက သူပိုင္ ေနအိမ္ကိုလည္း ျပည္သူ႔ဘ႑ာအျဖစ္ သိမ္းဆည္းခဲ့ပါတယ္။

ဒါဟာ အန္အယ္လ္ဒီအစိုးရလက္ထက္ အဂတိမႈနဲ႔ ေထာင္ခ်ခံရတဲ့ အစိုးရအရာရွိေတြထဲ အဆင့္အျမင့္ဆုံး ရာထူးရွိသူ အေရးယူခံရတဲ့ ျဖစ္စဥ္လည္း ျဖစ္ပါတယ္။

ေဒၚလဲ့လဲ့ေမာ္က်ဴးလြန္ခဲ့တဲ့အမႈေတြက ဘာေတြလဲ

ပထမတစ္မႈကေတာ့ ေဒါက္တာလဲ့လဲ့ေမာ္ဟာ ျပည္ေထာင္စုအစိုးရအဖြဲ႕ရဲ႕ ၫႊန္ၾကားခ်က္နဲ႔မညီဘဲ ေငြက်ပ္ ႏွစ္ဘီလ်ံနီးပါးကို လမ္းဦးစီးဌာနက ထုတ္ယူခြင့္ေပးခဲ့ပါတယ္။ အဲဒီလို အခြင့္အေရးေပးခဲ့တဲ့အတြက္ ေဒါက္တာလဲ့လဲ့ေမာ္ဟာ သူ႔ခင္ပြန္းနာမည္နဲ႔ ဝယ္ထားတဲ့ ထားဝယ္က အိမ္ကို လမ္းဦးစီးဌာနကို ၿခံစည္း႐ိုးခတ္ခိုင္းခဲ့ပါတယ္။ ဒါကို ေဒၚလဲ့လဲ့ေမာ္က ျပင္ပ က အင္ဂ်င္နီယာေတြနဲ႔ လုပ္တာျဖစ္တယ္လို႔ တရား႐ုံးမွာ ခုခံထြက္ဆိုခဲ့ေပမယ့္ အဂတိေကာ္မရွင္က တရားစြဲဆိုေတာ့မွာသာ ၿခံစည္း႐ိုးခတ္တဲ့ကုန္က်စရိတ္ေတြကို ေပးေခ်ခဲ့တာလို႔ စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ဒုတိယတစ္မႈကေတာ့ လူထုၾကား အင္မတန္ နာမည္ေက်ာ္ခဲ့တဲ့ က်ပ္သိန္းေလးေထာင္ေက်ာ္ ကုန္ခဲ့တဲ့ ထားဝယ္ေလယာဥ္ကြင္း ၿခဳံရွင္းခ ျဖစ္ပါတယ္။ တကယ္ေတာ့ ထားဝယ္ေလယာဥ္ကြင္းမွာ ၿခဳံရွင္းတာ၊ ေလဆိပ္အေဆာက္အအုံေဟာင္းကို ျပင္ဆင္ဖို႔နဲ႔ ၿခံစည္း႐ိုးခတ္ဖို႔ လုပ္ငန္းသုံးရပ္အတြက္ တိုင္းအစိုးရ ဆုံးျဖတ္ခ်က္နဲ႔ ေဆာင္႐ြက္ေစခဲ့ေပမယ့္ ေျမျပင္မွာေတာ့ ၿခဳံရွင္းတဲ့လုပ္ငန္းတစ္ခုပဲ ၿပီးစီးခဲ့တယ္လို႔ တရားခြင္မွာ စစ္ေဆးေပၚေပါက္ခဲ့ပါတယ္။

ေနာက္အမႈႏွစ္ခုကေတာ့ ထားဝယ္မွာ လွ်ပ္စစ္မီးျဖန႔္ျဖဴးတဲ့ GGS ကုမၸဏီနဲ႔ သက္ဆိုင္တဲ့အမႈႏွစ္ခု ျဖစ္ပါတယ္။ ထားဝယ္ကို လွ်ပ္စစ္မီး ျဖန႔္ျဖဴးေနတဲ့ အဲဒီ GGS ကုမၸဏီက ေပးရမယ့္ဓာတ္ေငြ႕ဖိုး ေႂကြးက်န္ကိစၥျဖစ္ပါတယ္။ ထားဝယ္မွာ လွ်ပ္စစ္မီးျဖန႔္ဖို႔ တိုင္းအစိုးရနဲ႔ ဒီကုမၸဏီတို႔ ၂၀၁၆ မွာ စာခ်ဳပ္ခ်ဳပ္ခဲ့ၿပီး အဲဒီစာခ်ဳပ္မွာ ကြက္လပ္ျဖစ္ေနတဲ့ အခ်က္ေတြ ပါဝင္ထားပါတယ္။ ထားဝယ္ကို ဒီကုမၸဏီက လွ်ပ္စစ္မီးေပးဖို႔ ခြင့္ျပဳခ်က္ဟာ တိုင္းအစိုးရအဖြဲ႕ရဲ႕ အစည္းအေဝးမွာ ဆုံးျဖတ္ထားတာမရွိဘဲ စာခ်ဳပ္အရင္ ႀကိဳခ်ဳပ္ထားတာေတြကို တရား႐ုံးမွာ စစ္ေဆးေတြ႕ရွိထားပါတယ္။

ေနာက္တစ္မႈကေတာ့ ေဒၚလဲ့လဲ့ေမာ္ရဲ႕ က်ပ္သိန္းသုံးရာေက်ာ္တန္တဲ့ ေနအိမ္ကို GGS ကုမၸဏီကို က်ပ္သိန္းႏွစ္ေထာင္ေက်ာ္ေပး၊ ဝယ္ေစခဲ့ၿပီး အဲဒီ ကုမၸဏီကို ေဆာက္လုပ္ေရးလုပ္ငန္းေတြ ခ်ေပးခဲ့တယ္ဆိုတဲ့အခ်က္ ျဖစ္ပါတယ္။

GGS ကုမၸဏီဟာ ေဒၚလဲ့လဲ့ေမာ္ကို လာဘ္ေပးၿပီး တနသၤာရီတိုင္းအတြင္း လုပ္ငန္းလုပ္ကိုင္ခြင့္ အခြင့္အေရး အမ်ိဳးမ်ိဳး ရယူခဲ့တယ္လို႔ အဂတိတိုက္ဖ်က္ ေရးေကာ္မရွင္က ထုတ္ျပန္ထားပါတယ္။

ဒါေၾကာင့္ ေဒၚလဲ့လဲ့ေမာ္နဲ႔အတူ Global Grand Services(GGS) ကုမၸဏီမန္ေနဂ်င္း ဒါ႐ိုက္တာ ဦးသိန္းေထြး၊ ဒါ႐ိုက္တာ ဦးေအာင္ျမတ္နဲ႔ ဦးသူရအုံ တို႔ကို အဂတိလိုက္စားျဖစ္ေအာင္ အားေပးအားေျမႇာက္ျပဳမႈ ပုဒ္မ ၅၆/၆၃ တို႔နဲ႔ အသီးသီးစြဲခ်က္တင္ခဲ့ပါတယ္။
ျပစ္ဒဏ္ေတြက ဘယ္ေလာက္လဲ

ဝန္ႀကီးခ်ဳပ္ေဟာင္းကို တရားစြဲတဲ့အဂတိပုဒ္မက ႏိုင္ငံ့ဝန္ထမ္းေတြ အဂတိလိုက္စားရင္ စြဲဆိုတဲ့ပုဒ္မျဖစ္ၿပီး ျပစ္မႈထင္ရွားရင္ အနည္းဆုံးေထာင္ ၁၅ ႏွစ္ ခ်မွတ္ရမယ့္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္ပါတယ္။

ပထမအမႈႏွစ္ခုအတြက္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒပုဒ္မ ၅၅ အရ ေထာင္ ၁၀ ႏွစ္စီကို သီးျခားစီ က်ခံရမွာျဖစ္ၿပီး GGSနဲ႔ ပတ္သက္တဲ့အမႈႏွစ္မႈမွာ ေထာင္ ၁၀ ႏွစ္စီကို တစ္ေပါင္းတည္းက်ခံခိုင္းလို႔ ေဒါက္တာလဲ့လဲ့ေမာ္ဟာ စုစုေပါင္း ေထာင္အႏွစ္ ၃၀ က်ခံရမွာ ျဖစ္ပါတယ္။

အခုလို ေဒါက္တာလဲ့လဲ့ေမာ္ကို အေရးယူမႈနဲ႔ပတ္သက္လို႔ ျပစ္ဒဏ္ေတြက မွ်တတယ္လို႔ ဥပေဒအႀကံေပး ဦးခင္ေမာင္ျမင့္က ဘီဘီစီကိုေျပာပါတယ္။

"သူ႔ကိုစြဲထားတဲ့ ပုဒ္မက ျပစ္မႈထင္ရွားရင္ အနည္းဆုံးေထာင္ ၁၅ ႏွစ္ခ်လို႔ရတာပါ။ ခု ေလးမႈကို ႏွစ္ ၃၀ ဆိုေတာ့ ဒါလည္း မွ်တတယ္လို႔ ယူဆပါတယ္"လို႔ ဦးခင္ေမာင္ျမင့္က ဆိုပါတယ္။
လာဘ္ေပးသူေတြပါအေရးယူ

GGS ကုမၸဏီနဲ႔ ပတ္သက္ေနတဲ့ ႏွစ္မႈလုံးမွာ အဲဒီကုမၸဏီက မန္းေနဂ်င္း ဒါ႐ိုက္တာ ဦးသိန္းေထြးနဲ႔ ဦးေအာင္ျမတ္တို႔ကို ေထာင္ ၁၀ ႏွစ္စီ ခ်မွတ္ခဲ့ပါတယ္။ တစ္ေပါင္းတည္း ျပစ္ဒဏ္ျဖစ္တဲ့အတြက္ သူတို႔ႏွစ္ေယာက္လုံးဟာ ေထာင္အႏွစ္ ၂၀ အစား ၁၀ ႏွစ္ပဲက်ခံရမွာပါ။

တစ္ခါ ကုမၸဏီက မန္ေနဂ်ာ ဦးသူရအုံဟာလည္း လာဘ္ေပးလာဘ္ယူရန္ အားေပးအားေျမႇာက္ျပဳမႈနဲ႔ ေထာင္ငါးႏွစ္က်ခံခဲ့ရပါတယ္။

ဒါဟာ အန္အယ္လ္ဒီအစိုးရလက္ထက္ လာဘ္ေပးရန္ ႀကိဳးစားအားထုတ္သူေတြကို အေရးယူလိုက္တဲ့ ထင္ရွားတဲ့ ျဖစ္စဥ္လည္း ျဖစ္လာပါတယ္။

"အဂတိလိုက္စားရင္ ႏိုင္ငံ့ဝန္ထမ္းေတြကိုပဲ အေရးယူတယ္။ ႏိုင္ငံ့ဝန္ထမ္းေတြကို အဂတိလိုက္စားဖို႔ တြန္းအားေပးတဲ့ သူေတြကို အေရးယူတာ ေရွ႕မွာ သိပ္မရွိထားဘူး။ အခု ဒီအမႈမွာ လာဘ္ေပးသူေတြကို အခုလို ေထာင္ဒဏ္ေတြႏွစ္အမ်ားႀကီးခ်တာ ႀကိဳဆိုတယ္။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးဥပေဒက အခုမွ တကယ္ကို စအသက္ဝင္လာတယ္လို႔ ေျပာလို႔ရတယ္" လို႔ ဦးခင္ေမာင္ျမင့္က ေျပာပါတယ္။

ေဒါက္တာလဲ့လဲ့ေမာ္ကိစၥဟာ ေဒၚေအာင္ဆန္းစုၾကည္ တနသၤာရီတိုင္းလာကတည္းက တိုင္ေတာမႈေတြ ေတာ္ေတာ္ေလး ပြက္ေလာ႐ိုက္ခဲ့တဲ့အတြက္ ပါတီက အေတာ္ေလး ဂ႐ုစိုက္စရာျဖစ္ခဲ့တယ္လို႔ အန္အယ္လ္ဒီပါတီ ျပန္ၾကားေရးတာဝန္ခံ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

"ဒါေၾကာင့္ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ကလည္း စုံစမ္းတဲ့အခါ သူမွားေနတာေတြ ေတြ႕လာတယ္။ ဒါေၾကာင့္ တရားစြဲတယ္။ ပါတီကလည္း သူ႔ကို လိုအပ္တဲ့ အေရးယူမႈေတြ လုပ္ၿပီးသြားပါၿပီ"လို႔ သူက ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ခြင့္မလႊတ္ႏိုင္တဲ့ကိစၥႏွစ္ခု

ေဒၚေအာင္ဆန္းစုၾကည္ဟာ အစိုးရအဖြဲ႕ စတင္ဖြဲ႕စည္းကတည္းက သူခြင့္မလႊတ္ႏိုင္တဲ့ကိစၥႏွစ္ခုကို ေျပာၾကားထားၿပီးျဖစ္တယ္လို႔ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

တစ္ခုက ေငြေၾကးနဲ႔ အဂတိလိုက္စားမႈျဖစ္ၿပီး ေနာက္တစ္ခုကေတာ့ လူမႈေရး ရႈပ္ေထြးမႈျဖစ္တယ္လို႔ သူက ဆက္ေျပာပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဟာ လာဘ္စားပါက ေထာင္ခ်အေရးယူမွာျဖစ္ၿပီး ေထာင္ဝင္စာလိုက္ေတြ႕မယ္လို႔ ေျပာၾကားထားၿပီးသားျဖစ္တယ္လို႔ ဆိုပါတယ္။

"အားလုံးလည္း သိၿပီးသားပါ။ ေရွ႕မွာ လည္း ဝန္ႀကီးခ်ဳပ္တခ်ိဳ႕ ဥပမာ မြန္ျပည္နယ္ဝန္ႀကီးခ်ဳပ္(ေဟာင္း)ကို အေရးယူခဲ့တာေတြ ကြၽန္ေတာ္တို႔ရွိပါတယ္။ ေဒၚလဲ့လဲ့ေမာ္ကိုလည္း စျဖစ္တည္းက ပါတီက ထုတ္ပယ္ၿပီး အေရးယူထားၿပီးသားပါ။ သူနဲ႔ပတ္သက္တဲ့ ကိုေအာင္စိုး(အန္အယ္လ္ဒီအမတ္၊ ယခုအခါ တစ္သီးပုဂၢလအမတ္အျဖစ္ရပ္တည္ေန) ဆိုလည္း ကြၽန္ေတာ္တို႔က အေရးယူခဲ့ၿပီးသားပါ။ ေဒၚေအာင္ဆန္းစုၾကည္ က ေျပာၿပီးသားပါ။ ဒီလိုေတြျဖစ္လာရင္ စိမ္းစိမ္းက်က္က်က္ မ်က္ႏွာမလိုက္ဘဲ အေရးယူမယ္ဆိုတာပါ။ အခု ေဒၚလဲ့လဲ့ေမာ္ကို ဥပေဒအရ ျပစ္ဒဏ္ခ်တာကေတာ့ ကြၽန္ေတာ္တို႔ ပါတီအေနနဲ႔ ဘာမွ ထပ္ေျပာစရာ က်န္ေတာ့မယ္ မထင္ပါဘူး"လို႔ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

ဒီလိုျဖစ္စဥ္ေတြေၾကာင့္ လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ရာမွာ သင္ခန္းစာယူစရာေတြ ျဖစ္လာၿပီး ေရွ႕ေလွ်ာက္ ပိုသတိထားရမယ္လို႔ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

ေဒါက္တာလဲ့လဲ့ေမာ္ဟာ ဆရာဝန္တစ္ဦးျဖစ္ၿပီး ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ အန္အယ္လ္ဒီပါတီ သရက္ေခ်ာင္းၿမိဳ႕နယ္ကေန တိုင္းေဒသႀကီး အမတ္အျဖစ္ ဝင္ေရာက္ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ေ႐ြးေကာက္တင္ေျမႇာက္ခံရၿပီးတဲ့ေနာက္ တိုင္းေဒသႀကီးဝန္ႀကီးခ်ဳပ္အျဖစ္ ခန႔္အပ္ခံရၿပီး ဝန္ႀကီးခ်ဳပ္တာဝန္ သုံးႏွစ္ေက်ာ္ထမ္းေဆာင္အၿပီးမွာ ခုလို အဂတိလိုက္စားမႈနဲ႔အေရးယူခံရတာျဖစ္ပါတယ္။

ေဒၚလဲ့လဲ့ေမာ္အေနနဲ႔ အယူခံထပ္တက္မတက္ဆိုတာေတာ့ မသိရေသးဘူးလို႔ သူ႔ဘက္က လိုက္ပါေဆာင္႐ြက္ေပးတဲ့ေရွ႕ေန ဦးႏိုင္လင္းထြန္းက ဘီဘီစီကိုေျပာပါတယ္။

အခုအမႈျဖစ္စဥ္နဲ႔ပတ္သက္လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္ ေျပာေရးဆိုခြင့္ရွိသူ ဦးေက်ာ္စိုးက ဆက္သြယ္ေမးျမန္းေနဆဲျဖစ္ပါတယ္။

BBC Burmese
--------------------------------
(Unicode)⤵⤵⤵
အဂတိမှုနဲ့ ထောင်နှစ် ၃၀ ကျတဲ့ ဝန်ကြီးချုပ်ဟောင်း

တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို အဂတိလိုက်စားမှု လေးမှုနဲ့ စုစုပေါင်း ထောင်နှစ် ၃၀ ကျခံစေဖို့ တိုင်း တရားလွှတ်တော်က မေ ၂၂ ရက်မှာ အမိန့်ချခဲ့ပါတယ်။

ဒေါ်လဲ့လဲ့မော်ကို တရားစွဲခဲ့တဲ့ အမှုလေးမှုမှာ တစ်မှုစီကို ထောင် ၁၀ နှစ်စီ ချခဲ့တာဖြစ်ပြီး စုစုပေါင်း ထောင်နှစ် ၄၀ ဖြစ်ပေမယ့် GGS ကုမ္ပဏီနဲ့ ပတ်သက်တဲ့ နှစ်မှုမှာတော့ ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချခဲ့ပါတယ်။

ဒါကြောင့် ထောင်စုစုပေါင်း နှစ် ၃၀ ကျခံရမှာဖြစ်ပြီး အမှုရင်ဆိုင်နေစဉ် ချုပ်ရက်တစ်နှစ်ကျော်ကို ထုတ်နုတ်ခံစားခွင့်ပြုခဲ့ပါတယ်။

ဒါ့အပြင် ဒီအမှုမှာ ပါဝင်ခဲ့တဲ့ သရက်ချောင်းက သူပိုင် နေအိမ်ကိုလည်း ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းခဲ့ပါတယ်။

ဒါဟာ အန်အယ်လ်ဒီအစိုးရလက်ထက် အဂတိမှုနဲ့ ထောင်ချခံရတဲ့ အစိုးရအရာရှိတွေထဲ အဆင့်အမြင့်ဆုံး ရာထူးရှိသူ အရေးယူခံရတဲ့ ဖြစ်စဉ်လည်း ဖြစ်ပါတယ်။

ဒေါ်လဲ့လဲ့မော်ကျူးလွန်ခဲ့တဲ့အမှုတွေက ဘာတွေလဲ

ပထမတစ်မှုကတော့ ဒေါက်တာလဲ့လဲ့မော်ဟာ ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်နဲ့မညီဘဲ ငွေကျပ် နှစ်ဘီလျံနီးပါးကို လမ်းဦးစီးဌာနက ထုတ်ယူခွင့်ပေးခဲ့ပါတယ်။ အဲဒီလို အခွင့်အရေးပေးခဲ့တဲ့အတွက် ဒေါက်တာလဲ့လဲ့မော်ဟာ သူ့ခင်ပွန်းနာမည်နဲ့ ဝယ်ထားတဲ့ ထားဝယ်က အိမ်ကို လမ်းဦးစီးဌာနကို ခြံစည်းရိုးခတ်ခိုင်းခဲ့ပါတယ်။ ဒါကို ဒေါ်လဲ့လဲ့မော်က ပြင်ပ က အင်ဂျင်နီယာတွေနဲ့ လုပ်တာဖြစ်တယ်လို့ တရားရုံးမှာ ခုခံထွက်ဆိုခဲ့ပေမယ့် အဂတိကော်မရှင်က တရားစွဲဆိုတော့မှာသာ ခြံစည်းရိုးခတ်တဲ့ကုန်ကျစရိတ်တွေကို ပေးချေခဲ့တာလို့ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

ဒုတိယတစ်မှုကတော့ လူထုကြား အင်မတန် နာမည်ကျော်ခဲ့တဲ့ ကျပ်သိန်းလေးထောင်ကျော် ကုန်ခဲ့တဲ့ ထားဝယ်လေယာဉ်ကွင်း ခြုံရှင်းခ ဖြစ်ပါတယ်။ တကယ်တော့ ထားဝယ်လေယာဉ်ကွင်းမှာ ခြုံရှင်းတာ၊ လေဆိပ်အဆောက်အအုံဟောင်းကို ပြင်ဆင်ဖို့နဲ့ ခြံစည်းရိုးခတ်ဖို့ လုပ်ငန်းသုံးရပ်အတွက် တိုင်းအစိုးရ ဆုံးဖြတ်ချက်နဲ့ ဆောင်ရွက်စေခဲ့ပေမယ့် မြေပြင်မှာတော့ ခြုံရှင်းတဲ့လုပ်ငန်းတစ်ခုပဲ ပြီးစီးခဲ့တယ်လို့ တရားခွင်မှာ စစ်ဆေးပေါ်ပေါက်ခဲ့ပါတယ်။

နောက်အမှုနှစ်ခုကတော့ ထားဝယ်မှာ လျှပ်စစ်မီးဖြန့်ဖြူးတဲ့ GGS ကုမ္ပဏီနဲ့ သက်ဆိုင်တဲ့အမှုနှစ်ခု ဖြစ်ပါတယ်။ ထားဝယ်ကို လျှပ်စစ်မီး ဖြန့်ဖြူးနေတဲ့ အဲဒီ GGS ကုမ္ပဏီက ပေးရမယ့်ဓာတ်ငွေ့ဖိုး ကြွေးကျန်ကိစ္စဖြစ်ပါတယ်။ ထားဝယ်မှာ လျှပ်စစ်မီးဖြန့်ဖို့ တိုင်းအစိုးရနဲ့ ဒီကုမ္ပဏီတို့ ၂၀၁၆ မှာ စာချုပ်ချုပ်ခဲ့ပြီး အဲဒီစာချုပ်မှာ ကွက်လပ်ဖြစ်နေတဲ့ အချက်တွေ ပါဝင်ထားပါတယ်။ ထားဝယ်ကို ဒီကုမ္ပဏီက လျှပ်စစ်မီးပေးဖို့ ခွင့်ပြုချက်ဟာ တိုင်းအစိုးရအဖွဲ့ရဲ့ အစည်းအဝေးမှာ ဆုံးဖြတ်ထားတာမရှိဘဲ စာချုပ်အရင် ကြိုချုပ်ထားတာတွေကို တရားရုံးမှာ စစ်ဆေးတွေ့ရှိထားပါတယ်။

နောက်တစ်မှုကတော့ ဒေါ်လဲ့လဲ့မော်ရဲ့ ကျပ်သိန်းသုံးရာကျော်တန်တဲ့ နေအိမ်ကို GGS ကုမ္ပဏီကို ကျပ်သိန်းနှစ်ထောင်ကျော်ပေး၊ ဝယ်စေခဲ့ပြီး အဲဒီ ကုမ္ပဏီကို ဆောက်လုပ်ရေးလုပ်ငန်းတွေ ချပေးခဲ့တယ်ဆိုတဲ့အချက် ဖြစ်ပါတယ်။

GGS ကုမ္ပဏီဟာ ဒေါ်လဲ့လဲ့မော်ကို လာဘ်ပေးပြီး တနင်္သာရီတိုင်းအတွင်း လုပ်ငန်းလုပ်ကိုင်ခွင့် အခွင့်အရေး အမျိုးမျိုး ရယူခဲ့တယ်လို့ အဂတိတိုက်ဖျက် ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒါကြောင့် ဒေါ်လဲ့လဲ့မော်နဲ့အတူ Global Grand Services(GGS) ကုမ္ပဏီမန်နေဂျင်း ဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံ တို့ကို အဂတိလိုက်စားဖြစ်အောင် အားပေးအားမြှောက်ပြုမှု ပုဒ်မ ၅၆/၆၃ တို့နဲ့ အသီးသီးစွဲချက်တင်ခဲ့ပါတယ်။
ပြစ်ဒဏ်တွေက ဘယ်လောက်လဲ

ဝန်ကြီးချုပ်ဟောင်းကို တရားစွဲတဲ့အဂတိပုဒ်မက နိုင်ငံ့ဝန်ထမ်းတွေ အဂတိလိုက်စားရင် စွဲဆိုတဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင် ၁၅ နှစ် ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။

ပထမအမှုနှစ်ခုအတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ ထောင် ၁၀ နှစ်စီကို သီးခြားစီ ကျခံရမှာဖြစ်ပြီး GGSနဲ့ ပတ်သက်တဲ့အမှုနှစ်မှုမှာ ထောင် ၁၀ နှစ်စီကို တစ်ပေါင်းတည်းကျခံခိုင်းလို့ ဒေါက်တာလဲ့လဲ့မော်ဟာ စုစုပေါင်း ထောင်အနှစ် ၃၀ ကျခံရမှာ ဖြစ်ပါတယ်။

အခုလို ဒေါက်တာလဲ့လဲ့မော်ကို အရေးယူမှုနဲ့ပတ်သက်လို့ ပြစ်ဒဏ်တွေက မျှတတယ်လို့ ဥပဒေအကြံပေး ဦးခင်မောင်မြင့်က ဘီဘီစီကိုပြောပါတယ်။

"သူ့ကိုစွဲထားတဲ့ ပုဒ်မက ပြစ်မှုထင်ရှားရင် အနည်းဆုံးထောင် ၁၅ နှစ်ချလို့ရတာပါ။ ခု လေးမှုကို နှစ် ၃၀ ဆိုတော့ ဒါလည်း မျှတတယ်လို့ ယူဆပါတယ်"လို့ ဦးခင်မောင်မြင့်က ဆိုပါတယ်။
လာဘ်ပေးသူတွေပါအရေးယူ

GGS ကုမ္ပဏီနဲ့ ပတ်သက်နေတဲ့ နှစ်မှုလုံးမှာ အဲဒီကုမ္ပဏီက မန်းနေဂျင်း ဒါရိုက်တာ ဦးသိန်းထွေးနဲ့ ဦးအောင်မြတ်တို့ကို ထောင် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ တစ်ပေါင်းတည်း ပြစ်ဒဏ်ဖြစ်တဲ့အတွက် သူတို့နှစ်ယောက်လုံးဟာ ထောင်အနှစ် ၂၀ အစား ၁၀ နှစ်ပဲကျခံရမှာပါ။

တစ်ခါ ကုမ္ပဏီက မန်နေဂျာ ဦးသူရအုံဟာလည်း လာဘ်ပေးလာဘ်ယူရန် အားပေးအားမြှောက်ပြုမှုနဲ့ ထောင်ငါးနှစ်ကျခံခဲ့ရပါတယ်။

ဒါဟာ အန်အယ်လ်ဒီအစိုးရလက်ထက် လာဘ်ပေးရန် ကြိုးစားအားထုတ်သူတွေကို အရေးယူလိုက်တဲ့ ထင်ရှားတဲ့ ဖြစ်စဉ်လည်း ဖြစ်လာပါတယ်။

"အဂတိလိုက်စားရင် နိုင်ငံ့ဝန်ထမ်းတွေကိုပဲ အရေးယူတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို အဂတိလိုက်စားဖို့ တွန်းအားပေးတဲ့ သူတွေကို အရေးယူတာ ရှေ့မှာ သိပ်မရှိထားဘူး။ အခု ဒီအမှုမှာ လာဘ်ပေးသူတွေကို အခုလို ထောင်ဒဏ်တွေနှစ်အများကြီးချတာ ကြိုဆိုတယ်။ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေက အခုမှ တကယ်ကို စအသက်ဝင်လာတယ်လို့ ပြောလို့ရတယ်" လို့ ဦးခင်မောင်မြင့်က ပြောပါတယ်။

ဒေါက်တာလဲ့လဲ့မော်ကိစ္စဟာ ဒေါ်အောင်ဆန်းစုကြည် တနင်္သာရီတိုင်းလာကတည်းက တိုင်တောမှုတွေ တော်တော်လေး ပွက်လောရိုက်ခဲ့တဲ့အတွက် ပါတီက အတော်လေး ဂရုစိုက်စရာဖြစ်ခဲ့တယ်လို့ အန်အယ်လ်ဒီပါတီ ပြန်ကြားရေးတာဝန်ခံ မုံရွာအောင်ရှင်က ပြောပါတယ်။

"ဒါကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကလည်း စုံစမ်းတဲ့အခါ သူမှားနေတာတွေ တွေ့လာတယ်။ ဒါကြောင့် တရားစွဲတယ်။ ပါတီကလည်း သူ့ကို လိုအပ်တဲ့ အရေးယူမှုတွေ လုပ်ပြီးသွားပါပြီ"လို့ သူက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ခွင့်မလွှတ်နိုင်တဲ့ကိစ္စနှစ်ခု

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ စတင်ဖွဲ့စည်းကတည်းက သူခွင့်မလွှတ်နိုင်တဲ့ကိစ္စနှစ်ခုကို ပြောကြားထားပြီးဖြစ်တယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

တစ်ခုက ငွေကြေးနဲ့ အဂတိလိုက်စားမှုဖြစ်ပြီး နောက်တစ်ခုကတော့ လူမှုရေး ရှုပ်ထွေးမှုဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လာဘ်စားပါက ထောင်ချအရေးယူမှာဖြစ်ပြီး ထောင်ဝင်စာလိုက်တွေ့မယ်လို့ ပြောကြားထားပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

"အားလုံးလည်း သိပြီးသားပါ။ ရှေ့မှာ လည်း ဝန်ကြီးချုပ်တချို့ ဥပမာ မွန်ပြည်နယ်ဝန်ကြီးချုပ်(ဟောင်း)ကို အရေးယူခဲ့တာတွေ ကျွန်တော်တို့ရှိပါတယ်။ ဒေါ်လဲ့လဲ့မော်ကိုလည်း စဖြစ်တည်းက ပါတီက ထုတ်ပယ်ပြီး အရေးယူထားပြီးသားပါ။ သူနဲ့ပတ်သက်တဲ့ ကိုအောင်စိုး(အန်အယ်လ်ဒီအမတ်၊ ယခုအခါ တစ်သီးပုဂ္ဂလအမတ်အဖြစ်ရပ်တည်နေ) ဆိုလည်း ကျွန်တော်တို့က အရေးယူခဲ့ပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည် က ပြောပြီးသားပါ။ ဒီလိုတွေဖြစ်လာရင် စိမ်းစိမ်းကျက်ကျက် မျက်နှာမလိုက်ဘဲ အရေးယူမယ်ဆိုတာပါ။ အခု ဒေါ်လဲ့လဲ့မော်ကို ဥပဒေအရ ပြစ်ဒဏ်ချတာကတော့ ကျွန်တော်တို့ ပါတီအနေနဲ့ ဘာမှ ထပ်ပြောစရာ ကျန်တော့မယ် မထင်ပါဘူး"လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

ဒီလိုဖြစ်စဉ်တွေကြောင့် လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း ရွေးချယ်ရာမှာ သင်ခန်းစာယူစရာတွေ ဖြစ်လာပြီး ရှေ့လျှောက် ပိုသတိထားရမယ်လို့ မုံရွာအောင်ရှင်က ပြောပါတယ်။

ဒေါက်တာလဲ့လဲ့မော်ဟာ ဆရာဝန်တစ်ဦးဖြစ်ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အန်အယ်လ်ဒီပါတီ သရက်ချောင်းမြို့နယ်ကနေ တိုင်းဒေသကြီး အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပါတယ်။ ရွေးကောက်တင်မြှောက်ခံရပြီးတဲ့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရပြီး ဝန်ကြီးချုပ်တာဝန် သုံးနှစ်ကျော်ထမ်းဆောင်အပြီးမှာ ခုလို အဂတိလိုက်စားမှုနဲ့အရေးယူခံရတာဖြစ်ပါတယ်။

ဒေါ်လဲ့လဲ့မော်အနေနဲ့ အယူခံထပ်တက်မတက်ဆိုတာတော့ မသိရသေးဘူးလို့ သူ့ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ရှေ့နေ ဦးနိုင်လင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အခုအမှုဖြစ်စဉ်နဲ့ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52761144
အဂတိမႈနဲ႔ ေထာင္ႏွစ္ ၃၀ က်တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း အဂတိမႈနဲ႔ ေထာင္ႏွစ္ ၃၀ က်တဲ့ ဝန္ႀကီးခ်ဳပ္ေဟာင္း Reviewed by THITHTOOLWIN on 20:28 Rating: 5
Powered by Blogger.