ရွမ္းျပည္နယ္က လူနာအမွတ္ ၁၄ ကို စစ္ေဆးမႈ ႏွစ္ႀကိမ္ဆက္တိုက္ ပိုးကင္းစင္

(Zawgyi)⤵⤵⤵
တစ္လတာေဆးကုသမႈခံယူၿပီး ငါးႀကိမ္စစ္ေဆးတာမွာ ေလးႀကိမ္နဲ႔ ငါးႀကိမ္ေျမာက္မွာ ပိုးမေတြ႕ေတာ့တာေၾကာင့္ ေက်ာက္မဲေဆး႐ုံကို လႊဲေျပာင္းေပးတာလို႔ လားရႈိး ျပည္သူ႔ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ဉာဏ္ျမင့္က ေျပာပါတယ္။

ႏွစ္ပတ္အၾကာမွာ ေရာဂါပိုး ထပ္မံစစ္ေဆးမွာျဖစ္ၿပီး ဒီကာလမွာေတာ့ ေနအိမ္ကို မျပန္ခိုင္းေသးဘဲ ေက်ာက္မဲေဆး႐ုံမွာပဲ သီးသန႔္ထားၿပီး ထပ္မံ ေစာင့္ၾကည့္သြားမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရတဲ့လူနာေတြကို ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ လားရႈိးေဆး႐ုံနဲ႔ မူဆယ္ေဆး႐ုံေတြမွာ ကုသဖို႔ စီစဥ္ထားတာပါ။ လားရႈိးေဆး႐ုံမွာေတာ့ ေနရာထိုင္ခင္း အခက္အခဲေၾကာင့္ ေရာဂါပိုးေတြ႕သူ ငါးဦးအထိသာ ကုသႏိုင္ၿပီး ဒီထက္ပိုလာရင္ေတာ့ ေနရာ ထပ္မံစီစဥ္ရမယ့္ အေျခအေနရွိတယ္လို႔ သမားေတာ္ႀကီးက ေျပာပါတယ္။

လားရႈိးေဆး႐ုံကေန ဆင္းခြင့္ရတဲ့ ေက်ာက္မဲေဒသခံ လူနာအမွတ္ (၁၄) က ေဆးကုသမႈ ခံယူေနခ်ိန္ကာလမွာ ေဆးကုေပးခဲ့တဲ့ ဆရာဝန္ေတြ၊ သူနာျပဳေတြနဲ႔ ေစတနာရွင္ လူမႈကူညီေရးအဖြဲ႕ေတြ ဌာနဆိုင္ရာေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ သူ႔အေနနဲ႔ က်န္းမာေနၿပီျဖစ္ေၾကာင္း ေျပာပါတယ္။ ကို႐ိုနာေရာဂါကို ခုခံတာမွာ စိတ္ဓာတ္ခိုင္မာဖို႔နဲ႔က်န္းမာေရးဌာန တာဝန္ရွိသူေတြ ၫႊန္ၾကားတာကို လိုက္နာဖို႔က အေရးႀကီးတယ္လို႔လည္း သူ႔အေတြ႕အႀကဳံကို ေျပာပါတယ္။

ေက်ာက္မဲေဆး႐ုံကို လႊဲေျပာင္းလိုက္သူအျပင္ လားရႈိးေဆး႐ုံမွာ သံသယလူနာအျဖစ္ ေစာင့္ၾကည့္ၿပီး ေရာဂါစစ္ေဆးထားသူ ေလးဦးမွာ ေရာဂါပိုးမေတြ႕ဘဲ စစ္ေဆးဖို႔ေဆာင္႐ြက္ေနသူ သုံးဦးရွိတယ္လို႔ လားရႈိး ေဆး႐ုံအုပ္ႀကီး ေဒါက္တာ ဉာဏ္ျမင့္က ေျပာပါတယ္။

လက္ရွိ လားရႈိးၿမိဳ႕မွာ ေမလ ႏွစ္ရက္ေန႔အထိ ေနအိမ္အတြင္း က်န္းမာေရးေစာင့္ၾကည့္ခံရသူ သုံးရာသုံး ဆယ္ရွိေနတယ္လို႔ ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးတာဝန္ရွိသူက ေျပာပါတယ္။

အစိုးရအစီစဥ္နဲ႔ ေစာင့္ၾကည့္တဲ့ေနရာ ႏွစ္ခုျဖစ္တဲ့ အထက (၃) စာသင္ေက်ာင္းမွာေတာ့ လူဦးေရ ၅၇ ဦး ရွိေနၿပီး သာသနာ၂၅၀၀ ဘုန္းႀကီးေက်ာင္းအနီးက မိုးကုတ္ဝိပႆနာေက်ာင္းမွာ ၂၃ ဦး ရွိေနတယ္လို႔ လားရႈိးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးအာကာလင္းက ေျပာပါတယ္။

ကံသာ / RFA Burmese
------------------------------------

(Unicode)⤵⤵⤵
ရှမ်းပြည်နယ်က လူနာအမှတ် ၁၄ ကို စစ်ဆေးမှု နှစ်ကြိမ်ဆက်တိုက် ပိုးကင်းစင်

တစ်လတာဆေးကုသမှုခံယူပြီး ငါးကြိမ်စစ်ဆေးတာမှာ လေးကြိမ်နဲ့ ငါးကြိမ်မြောက်မှာ ပိုးမတွေ့တော့တာကြောင့် ကျောက်မဲဆေးရုံကို လွှဲပြောင်းပေးတာလို့ လားရှိုး ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်က ပြောပါတယ်။

နှစ်ပတ်အကြာမှာ ရောဂါပိုး ထပ်မံစစ်ဆေးမှာဖြစ်ပြီး ဒီကာလမှာတော့ နေအိမ်ကို မပြန်ခိုင်းသေးဘဲ ကျောက်မဲဆေးရုံမှာပဲ သီးသန့်ထားပြီး ထပ်မံ စောင့်ကြည့်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့လူနာတွေကို ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လားရှိုးဆေးရုံနဲ့ မူဆယ်ဆေးရုံတွေမှာ ကုသဖို့ စီစဉ်ထားတာပါ။ လားရှိုးဆေးရုံမှာတော့ နေရာထိုင်ခင်း အခက်အခဲကြောင့် ရောဂါပိုးတွေ့သူ ငါးဦးအထိသာ ကုသနိုင်ပြီး ဒီထက်ပိုလာရင်တော့ နေရာ ထပ်မံစီစဉ်ရမယ့် အခြေအနေရှိတယ်လို့ သမားတော်ကြီးက ပြောပါတယ်။

လားရှိုးဆေးရုံကနေ ဆင်းခွင့်ရတဲ့ ကျောက်မဲဒေသခံ လူနာအမှတ် (၁၄) က ဆေးကုသမှု ခံယူနေချိန်ကာလမှာ ဆေးကုပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ စေတနာရှင် လူမှုကူညီရေးအဖွဲ့တွေ ဌာနဆိုင်ရာတွေကို ကျေးဇူးတင်ကြောင်းနဲ့ သူ့အနေနဲ့ ကျန်းမာနေပြီဖြစ်ကြောင်း ပြောပါတယ်။ ကိုရိုနာရောဂါကို ခုခံတာမှာ စိတ်ဓာတ်ခိုင်မာဖို့နဲ့ကျန်းမာရေးဌာန တာဝန်ရှိသူတွေ ညွှန်ကြားတာကို လိုက်နာဖို့က အရေးကြီးတယ်လို့လည်း သူ့အတွေ့အကြုံကို ပြောပါတယ်။

ကျောက်မဲဆေးရုံကို လွှဲပြောင်းလိုက်သူအပြင် လားရှိုးဆေးရုံမှာ သံသယလူနာအဖြစ် စောင့်ကြည့်ပြီး ရောဂါစစ်ဆေးထားသူ လေးဦးမှာ ရောဂါပိုးမတွေ့ဘဲ စစ်ဆေးဖို့ဆောင်ရွက်နေသူ သုံးဦးရှိတယ်လို့ လားရှိုး ဆေးရုံအုပ်ကြီး ဒေါက်တာ ဉာဏ်မြင့်က ပြောပါတယ်။

လက်ရှိ လားရှိုးမြို့မှာ မေလ နှစ်ရက်နေ့အထိ နေအိမ်အတွင်း ကျန်းမာရေးစောင့်ကြည့်ခံရသူ သုံးရာသုံး ဆယ်ရှိနေတယ်လို့ မြို့နယ် အုပ်ချုပ်ရေးတာဝန်ရှိသူက ပြောပါတယ်။

အစိုးရအစီစဉ်နဲ့ စောင့်ကြည့်တဲ့နေရာ နှစ်ခုဖြစ်တဲ့ အထက (၃) စာသင်ကျောင်းမှာတော့ လူဦးရေ ၅၇ ဦး ရှိနေပြီး သာသနာ၂၅၀၀ ဘုန်းကြီးကျောင်းအနီးက မိုးကုတ်ဝိပဿနာကျောင်းမှာ ၂၃ ဦး ရှိနေတယ်လို့ လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောပါတယ်။

ကံသာ / RFA Burmese
https://www.rfa.org/burmese/news/no-14-patient-is-corona-negative-05022020055703.html
ရွမ္းျပည္နယ္က လူနာအမွတ္ ၁၄ ကို စစ္ေဆးမႈ ႏွစ္ႀကိမ္ဆက္တိုက္ ပိုးကင္းစင္ ရွမ္းျပည္နယ္က လူနာအမွတ္ ၁၄ ကို စစ္ေဆးမႈ ႏွစ္ႀကိမ္ဆက္တိုက္ ပိုးကင္းစင္ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.