ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ကို ေလွာင္ထားတဲ့ဗီြဒီယို တ႐ုတ္ထုတ္


(Zawgyi / Unicode)

ကို႐ုိနာဗုိင္းရပ္စ္ ကူးစက္မႈေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္ကို ေလွာင္ေျပာင္သေရာ္ထားတဲ့ Animation ႐ုပ္သံဗီြဒီယိုတခုကို တ႐ုတ္ႏုိင္ငံက ထုတ္လိုက္ပါတယ္။

အဲဒီ Animation ႐ုပ္သံဗီြဒီယိုကိုေတာ့ Once Upon A Virus လိို႔ နာမည္ေပးထားၿပီး ကို႐ိုနာဗုိင္းရပ္စ္နဲ႔ ပတ္သက္လို႔ အေမရိကန္ရဲ႕ တုံ႔ျပန္မႈေတြကို ေလွာင္ေျပာင္ထားတာပါ။

ဗုိင္းရပ္စ္ စတင္ေပၚေပါက္ခဲ့တာနဲ႔ ပတ္သက္ၿပီး အေမရိကန္နဲ႔ တ႐ုတ္အစိုးရၾကား တဖက္နဲ႔တဖက္ အျပန္အလွန္ ျပစ္တင္ေ၀ဖန္ေနၾကခ်ိန္မွာ အခုလို တ႐ုတ္ဘက္က ေလွာင္ေျပာင္ထားတဲ့ Animation ဗီြဒီယို ထြက္လာတာျဖစ္ပါတယ္။

အေမရိကန္သမၼတ Donald Trump ကေတာ့ ကို႐ုိနာဗုိင္းရပ္စ္ဟာ တ႐ုတ္ႏုိ္င္ငံ ၀ူဟန္ၿမိဳ႕ ဇီ၀ဓာတ္ခဲြခန္းကေန စတင္ခဲ့တာလို႔ ယုံၾကည္ေၾကာင္း ၾကာသပေတးေန႔က ေျပာထားပါတယ္။ ဒါေပမယ့္ အေထာက္အထားေတာ့ မျပပါဘူး။

အဲဒီ Animation ဗီြဒီယိုမွာေတာ့ တ႐ုတ္ဘက္က စစ္သူႀကီးအ႐ုပ္နဲ႔ အေမရိကန္က Liberty ႐ုပ္တုပံု အ႐ုပ္ေတြကို Lego အတံုးေလးေတြနဲ႔ ဖန္တီးထားၿပီးေတာ့ ဗုိင္းရပ္စ္နဲ႔ပတ္သက္လို႔ တ႐ုတ္ဘက္က ေျပာခဲ့တာေတြကို အေမရိကန္သမၼတ Trump ဘက္က တုံ႔ျပန္ခဲ့တာေတြအေပၚ အေျခခံၿပီး တ႐ုတ္က သေရာ္ထားတာ ျဖစ္ပါတယ္။

ဗီြဒီယိုထဲမွာ တ႐ုတ္စစ္သူႀကီးက "ငါတို႔ ဗိုင္းရပ္စ္အသစ္တမ်ဳိး ေတြ႔ၿပီ" လို႔ ေျပာထားၿပီး Liberty ႐ုပ္တုက "အဲဒီေတာ့ ဘာျဖစ္လဲ၊ ဒါက တုပ္ေကြးပဲေလ" လို႔ ျပန္ေျပာသလို ေလွာင္ေျပာင္ သ႐ုပ္ေဖာ္ထားပါတယ္။

တ႐ုတ္ႏုိင္ငံဟာ ဗုိင္းရပ္စ္ကူးစက္မႈ အေျခအေနကို အမွန္အတုိင္း မေျပာဘူးလို႔ အေမရိကန္နဲ႔ ႏုိင္ငံတခ်ိဳ႕က စြပ္စဲြေနၾကတာ ျဖစ္ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------
(Unicode)

ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး အမေရိကန်ကို လှောင်ထားတဲ့ဗွီဒီယို တရုတ်ထုတ်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုတွေနဲ့ ပတ်သက်ပြီး အမေရိကန်ကို လှောင်ပြောင်သရော်ထားတဲ့ Animation ရုပ်သံဗွီဒီယိုတခုကို တရုတ်နိုင်ငံက ထုတ်လိုက်ပါတယ်။

အဲဒီ Animation ရုပ်သံဗွီဒီယိုကိုတော့ Once Upon A Virus လို့ နာမည်ပေးထားပြီး ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ အမေရိကန်ရဲ့ တုံ့ပြန်မှုတွေကို လှောင်ပြောင်ထားတာပါ။

ဗိုင်းရပ်စ် စတင်ပေါ်ပေါက်ခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ်အစိုးရကြား တဖက်နဲ့တဖက် အပြန်အလှန် ပြစ်တင်ဝေဖန်နေကြချိန်မှာ အခုလို တရုတ်ဘက်က လှောင်ပြောင်ထားတဲ့ Animation ဗွီဒီယို ထွက်လာတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ Donald Trump ကတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ဝူဟန်မြို့ ဇီဝဓာတ်ခွဲခန်းကနေ စတင်ခဲ့တာလို့ ယုံကြည်ကြောင်း ကြာသပတေးနေ့က ပြောထားပါတယ်။ ဒါပေမယ့် အထောက်အထားတော့ မပြပါဘူး။

အဲဒီ Animation ဗွီဒီယိုမှာတော့ တရုတ်ဘက်က စစ်သူကြီးအရုပ်နဲ့ အမေရိကန်က Liberty ရုပ်တုပုံ အရုပ်တွေကို Lego အတုံးလေးတွေနဲ့ ဖန်တီးထားပြီးတော့ ဗိုင်းရပ်စ်နဲ့ပတ်သက်လို့ တရုတ်ဘက်က ပြောခဲ့တာတွေကို အမေရိကန်သမ္မတ Trump ဘက်က တုံ့ပြန်ခဲ့တာတွေအပေါ် အခြေခံပြီး တရုတ်က သရော်ထားတာ ဖြစ်ပါတယ်။

ဗွီဒီယိုထဲမှာ တရုတ်စစ်သူကြီးက "ငါတို့ ဗိုင်းရပ်စ်အသစ်တမျိုး တွေ့ပြီ" လို့ ပြောထားပြီး Liberty ရုပ်တုက "အဲဒီတော့ ဘာဖြစ်လဲ၊ ဒါက တုပ်ကွေးပဲလေ" လို့ ပြန်ပြောသလို လှောင်ပြောင် သရုပ်ဖော်ထားပါတယ်။

တရုတ်နိုင်ငံဟာ ဗိုင်းရပ်စ်ကူးစက်မှု အခြေအနေကို အမှန်အတိုင်း မပြောဘူးလို့ အမေရိကန်နဲ့ နိုင်ငံတချို့က စွပ်စွဲနေကြတာ ဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/china-us-coronavirus-animation/5402306.html
ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ကို ေလွာင္ထားတဲ့ဗီြဒီယို တ႐ုတ္ထုတ္ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး အေမရိကန္ကို ေလွာင္ထားတဲ့ဗီြဒီယို တ႐ုတ္ထုတ္ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.