၇၂ နာရီအတြင္း မုန္တိုင္းငယ္ ျဖစ္ႏိုင္ေျခ မိုးဇလ ထုတ္ျပန္

အိႏၵိယဘက္ကို လမ္းေၾကာင္း ဦးတည္သြားႏိုင္တယ္လို႔ ခန္မွန္းထား
(Zawgyi)⤵⤵⤵
ကပၸလီပင္လယ္ျပင္ ေတာင္ပိုင္းနဲ႔ ဘဂၤလား ပင္လယ္ျပင္ အေရွ႕ေတာင္ပိုင္းမွာ ျဖစ္ေပၚေနတဲ့ ေလဖိအားနည္း ရပ္ဝန္းဟာ ၇၂ နာရီအတြင္း မုန္တိုင္းငယ္အျဖစ္ ေရာက္လာႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ပါတယ္။

ဒီမုန္တိုင္းငယ္က ေျမာက္၊ အေနာက္ေျမာက္ဘက္ကို ေ႐ြ႕လ်ားသြားႏိုင္တယ္လို႔ ခန္႔မွန္းထား ပါတယ္။

ဒီေ႐ြ႕လ်ားမႈဟာ အိႏၵိယဘက္ကို လမ္းေၾကာင္း တည္သြားႏိုင္တယ္လို႔ မိုးေလဝသနဲ႔ ဇလေဗဒၫႊန္ၾကားမႈ ဦးစီးဌာနက ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒၚခင္ခ်ိဳခ်ိဳရွိန္က ေျပာပါတယ္။

ႏွစ္ေပါင္းမ်ားစြာက အခ်က္အလက္ေတြအရ ျမန္မာ့ကမ္း႐ိုးတန္းကို မုန္တိုင္းေတြ ဒီကာလမွာ ဝင္ေလ့ရွိတဲ့အတြက္ အခုလို ႀကိဳထုတ္ျပန္ခဲ့တာလို႔ ေျပာပါတယ္။

ေလာေလာဆယ္မွာေတာ့ ေလဖိအားနည္းရပ္ဝန္း ျဖစ္ေနတဲ့အေၾကာင္းကို ပင္လယ္ကမ္း႐ိုးတန္း သြားမယ့္ သေဘၤာေတြ၊ ေလွေတြကို ႏႈိးေဆာ္ေပးထားတာလို႔ ေျပာပါတယ္။

မ်ားေသာအားျဖင့္ မုန္တိုင္းေတြက ရခိုင္ကမ္း႐ိုးတန္းကို ၇၀ ရာခိုင္ႏႈန္း ျဖတ္ေလ့ရွိတယ္၊ အဲဒီေနာက္ ဧရာဝတီ ျမစ္ဝကြၽန္းေပၚေဒသကို ျဖတ္ေလ့ရွိတယ္၊ မြန္နဲ႔ တနသၤာရီကမ္း႐ိုးတန္းကို ဒီကာလမွာ မုန္တိုင္း အနည္းဆုံး ဝင္ေရာက္ေလ့ရွိၿပီး ဒီကာလမွာ ၇ ရာခိုင္ႏႈန္းေလာက္ ဝင္ေလ့ရွိတယ္လို႔ ဆိုပါတယ္။

မုန္တိုင္းငယ္ အေနအထားက ဗဟိုခ်က္မွာ အမ်ားဆုံး တစ္နာရီ ေလတိုက္ႏႈန္း ၃၅ မိုင္ကေန မိုင္ ၄၀ အထိ ရွိႏိုင္တယ္လို႔ ဆိုပါတယ္။

တျခားေနရာေတြမွာေတာ့ မုန္တိုင္းအေဆာက္အအုံက ျပတ္ထြက္လာတဲ့ တိမ္တိုက္ေတြ၊ မိုးတိမ္ေတာင္ေတြ ျဖစ္လာၿပီး မိုးတိမ္ေတာင္ေအာက္မွာ စိုက္ဆင္းေလျပင္းေတြ၊ ေလဆင္ႏွာေမာင္း(Tornado )နဲ႔ ေရဆင္ႏွာေမာင္း (Water spout) ျဖစ္တယ္လို႔ ဆိုပါတယ္။

မုန္တိုင္းျဖစ္ေပၚရင္ အေနာက္ေတာင္ မုတ္သုန္မိုးကို ဆြဲေခၚလို႔ အေကာင္းဘက္က ၾကည့္ရင္ မုန္တိုင္းေၾကာင့္ မိုးရၿပီး တျခားတစ္ဘက္က ၾကည့္ရင္ မုန္တိုင္းဝင္ရာ ေနရာမွာ မုန္တိုင္းဒဏ္ကို ခံရတာ ျဖစ္တယ္လို႔ ဆိုပါတယ္။

BBC Burmese
------------------------------
(Unicode)⤵⤵⤵
၇၂ နာရီအတွင်း မုန်တိုင်းငယ် ဖြစ်နိုင်ခြေ မိုးဇလ ထုတ်ပြန်

ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနဲ့ ဘင်္ဂလား ပင်လယ်ပြင် အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်း ရပ်ဝန်းဟာ ၇၂ နာရီအတွင်း မုန်တိုင်းငယ်အဖြစ် ရောက်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီမုန်တိုင်းငယ်က မြောက်၊ အနောက်မြောက်ဘက်ကို ရွေ့လျားသွားနိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

ဒီရွေ့လျားမှုဟာ အိန္ဒိယဘက်ကို လမ်းကြောင်း တည်သွားနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်ခင်ချိုချိုရှိန်က ပြောပါတယ်။

နှစ်ပေါင်းများစွာက အချက်အလက်တွေအရ မြန်မာ့ကမ်းရိုးတန်းကို မုန်တိုင်းတွေ ဒီကာလမှာ ဝင်လေ့ရှိတဲ့အတွက် အခုလို ကြိုထုတ်ပြန်ခဲ့တာလို့ ပြောပါတယ်။

လောလောဆယ်မှာတော့ လေဖိအားနည်းရပ်ဝန်း ဖြစ်နေတဲ့အကြောင်းကို ပင်လယ်ကမ်းရိုးတန်း သွားမယ့် သင်္ဘောတွေ၊ လှေတွေကို နှိုးဆော်ပေးထားတာလို့ ပြောပါတယ်။

များသောအားဖြင့် မုန်တိုင်းတွေက ရခိုင်ကမ်းရိုးတန်းကို ၇၀ ရာခိုင်နှုန်း ဖြတ်လေ့ရှိတယ်၊ အဲဒီနောက် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဖြတ်လေ့ရှိတယ်၊ မွန်နဲ့ တနင်္သာရီကမ်းရိုးတန်းကို ဒီကာလမှာ မုန်တိုင်း အနည်းဆုံး ဝင်ရောက်လေ့ရှိပြီး ဒီကာလမှာ ၇ ရာခိုင်နှုန်းလောက် ဝင်လေ့ရှိတယ်လို့ ဆိုပါတယ်။

မုန်တိုင်းငယ် အနေအထားက ဗဟိုချက်မှာ အများဆုံး တစ်နာရီ လေတိုက်နှုန်း ၃၅ မိုင်ကနေ မိုင် ၄၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

တခြားနေရာတွေမှာတော့ မုန်တိုင်းအဆောက်အအုံက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေ၊ မိုးတိမ်တောင်တွေ ဖြစ်လာပြီး မိုးတိမ်တောင်အောက်မှာ စိုက်ဆင်းလေပြင်းတွေ၊ လေဆင်နှာမောင်း(Tornado )နဲ့ ရေဆင်နှာမောင်း (Water spout) ဖြစ်တယ်လို့ ဆိုပါတယ်။

မုန်တိုင်းဖြစ်ပေါ်ရင် အနောက်တောင် မုတ်သုန်မိုးကို ဆွဲခေါ်လို့ အကောင်းဘက်က ကြည့်ရင် မုန်တိုင်းကြောင့် မိုးရပြီး တခြားတစ်ဘက်က ကြည့်ရင် မုန်တိုင်းဝင်ရာ နေရာမှာ မုန်တိုင်းဒဏ်ကို ခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52514820
၇၂ နာရီအတြင္း မုန္တိုင္းငယ္ ျဖစ္ႏိုင္ေျခ မိုးဇလ ထုတ္ျပန္ ၇၂ နာရီအတြင္း မုန္တိုင္းငယ္ ျဖစ္ႏိုင္ေျခ မိုးဇလ ထုတ္ျပန္ Reviewed by THITHTOOLWIN on 22:00 Rating: 5
Powered by Blogger.