ငွက္ဖ်ားေဆးေသာက္တဲ့ အေမရိကန္သမၼတ

ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းအေၾကာင္း ေကာင္းသတင္းေတြ သူအမ်ားႀကီးၾကားထားတယ္လို႔ဆို
သမၼတထရမ့္ဟာ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းေဆးကို ကို႐ိုနာကာကြယ္ဖို႔ ေသာက္သုံးေနေၾကာင္း ထုတ္ေဖာ္ေျပာလိုက္ပါတယ္။ က်န္းမာေရးပညာရွင္ေတြက ေဘးမကင္းပါဘူးလို႔ ေျပာဆိုသတိေပးေနပါလ်က္နဲ႔ ေသာက္သုံးခဲ့တာပါ။

ငွက္ဖ်ားနဲ႔ ေသြးေလးဖက္နာေရာဂါ ကုသရာမွာသုံးတဲ့ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းကို သူသုံးစြဲေနေၾကာင္း အိမ္ျဖဴေတာ္ သတင္းစာရွင္းလင္းပြဲမွာ သတင္းေထာက္ေတြကို ေျပာခဲ့တာျဖစ္ပါတယ္။

ဒီေဆးကို သူေသာက္တာ တပတ္ခြဲေလာက္ရွိပါၿပီ။ သူဘာမွ မျဖစ္ပါဘူးလို႔ ထုတ္ေျပာလိုက္ေတာ့ အံ့အားသင့္ခဲ့ၾကပါတယ္။

ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းဟာ ကို႐ိုနာကိုတိုက္ဖ်က္ႏိုင္ေၾကာင္း ဘာသက္ေသ အေထာက္အထားမွ မရွိပါဘူး။ ဒီေဆးကို မလိုအပ္ဘဲ ေသာက္ရင္ ႏွလုံးကို ထိႏိုင္တယ္လို႔ေတာင္ ေဆးဝါးကြပ္ကဲသူေတြက သတိေပးထားတာပါ။

ထရမ့္ဘာေျပာလဲ

သမၼတထရမ့္ဟာ အသက္ ၇၃ ႏွစ္ရွိပါၿပီ။ စားေသာက္ဆိုင္လုပ္ငန္းေတြ ႀကဳံေတြ႕ေနရတဲ့ အခက္အခဲေတြအေၾကာင္းကို တနလၤာေန႔က စည္းေဝးေဆြးေႏြးခဲ့ၾကစဥ္မွာ သူဟာ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းအေၾကာင္း ထည့္သြင္းေျပာၾကားခဲ့တာပါ။

“ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းကို လူဘယ္ေလာက္မ်ားမ်ား ေသာက္ေနၾကသလဲဆိုတာသိရင္ ခင္ဗ်ားတို႔ အံ့ၾသသြားလိမ့္မယ္။ ေရွ႕တန္းမွာ အလုပ္လုပ္ေနတဲ့သူေတြဟာ ဟိုက္ေျဒာက္ဆီ ကလို႐ိုကြင္း ေသာက္ေနၾကပါတယ္။ ကြၽန္ေတာ္လည္း ေသာက္ေနပါတယ္”လို႔ သူကေျပာပါတယ္။
အျငင္းပြားေနၾကဆဲ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္း
ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းေသာက္ရင္ အက်ိဳးရွိေၾကာင္း ဘာအေထာက္အထား ျပႏိုင္ပါသလဲလို႔ေမးရာမွာေတာ့ မစၥတာထရမ့္က သူ႔မွာ အေထာက္အထား အမ်ားႀကီးရွိပါသတဲ့။

လူေတြဆီက ဒီေဆးေကာင္းေၾကာင္း ေျပာဆိုခ်က္ေတြ အမ်ားႀကီးရထားတယ္လို႔ဆိုပါတယ္။

“ဒီေဆးရဲ႕ ေကာင္းသတင္းေတြ အမ်ားႀကီး ၾကားထားပါတယ္။ဒီေဆးက ေကာင္းက်ိဳးမျပဳဘူးဆိုရင္ေတာင္ သူ႔ကို ေသာက္လိုက္လို႔ ဘာမွ နစ္နာစရာမရွိဘူးလို႔ ကြၽန္ေတာ္ ေျပာခ်င္ပါတယ္”လို႔ သမၼတထရမ့္က ဆိုပါတယ္။

အိမ္ျဖဴေတာ္က လူတခ်ိဳ႕မွာ ကို႐ိုနာကူးစက္ခံထားရတာ ေတြ႕ရေပမယ့္ သမၼတထရမ့္ကေတာ့ သူအႀကိမ္ႀကိမ္ ေဆးစစ္ေပမယ့္ သူ႔မွာ ဘာလကၡဏာမွ မျပဘူးလို႔ တနလၤာေန႔က ထပ္မံ ေျပာၾကားပါတယ္။

သူဟာ သြပ္ဓာတ္အားျဖည့္ေဆးကို ေသာက္သုံးသလို အဇီသ႐ိုမိုင္ဆင္ကို တႀကိမ္ အသုံးျပဳထားတယ္လို႔လည္း ျဖည့္စြက္ ေျပာၾကားပါတယ္။

အိမ္ျဖဴေတာ္ သမားေတာ္ေတြရဲ႕ အႀကံျပဳခ်က္ေၾကာင့္ ေသာက္တာပါလားလို႔ ေမးတဲ့အခါမွာေတာ့ သူကိုယ္တိုင္က ေတာင္းဆိုခဲ့တာပါလို႔ သမၼတထရမ့္ကဆိုပါတယ္။

သမၼတရဲ႕သမားေတာ္ ေဒါက္တာေရွာင္းေကာ္နေလကေတာ့ သမၼတထရမ့္ရဲ႕ က်န္းမာေရးဟာ အလြန္ေကာင္းမြန္ၿပီး ဘာေရာဂါလကၡဏာမွလည္း မျပဘူးလို႔ ေၾကညာခ်က္ထုတ္ျပန္ေျပာဆိုပါတယ္။

အေမရိကန္ေရတပ္အရာရွိကေတာ့ “ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းနဲ႔ ပတ္သက္တဲ့ အေထာက္အထားေတြကို သူနဲ႔ ကြၽန္ေတာ္ အႀကိမ္မ်ားစြာ ေဆြးေႏြးၿပီးေနာက္ အျပစ္ထက္ အက်ိဳးက ပိုမ်ားႏိုင္တယ္လို႔ ေကာက္ခ်က္ခ်ခဲ့ၾကပါတယ္”လို႔ ဆိုပါတယ္။

အေမရိကန္က်န္းမာေရးတာဝန္ခံေတြရဲ႕ေျပာစကား

အစားအေသာက္နဲ႔ ေဆးဝါးကြပ္ကဲေရးဌာန FDA က ၿပီးခဲ့တဲ့လက ထုတ္တဲ့ ေၾကညာခ်က္မွာေတာ့ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းဟာ ေဘးကင္းေၾကာင္း၊ အက်ိဳးရွိေၾကာင္း သက္ေသမျပႏိုင္ဘူးလို႔ ဆိုပါတယ္။

ကိုဗစ္-၁၉ ေရာဂါသည္ေတြရဲ႕ ႏွလုံးခုန္ႏႈန္းအေပၚမွာ ျပႆနာတက္ေစႏိုင္ေၾကာင္း သတင္းပို႔တိုင္ၾကားခ်က္ေတြကိုလည္း ကိုးကား ေျပာဆိုထားပါတယ္။

တခ်ိဳ႕ေရာဂါသည္ေတြအတြက္ အသုံးျပဳဖို႔ FDA က ယာယီအခြင့္ေပးထားေပမယ့္ ေဆး႐ုံၫႊန္ၾကားခ်က္မပါဘဲ သုံးစြဲေနၾကတာကိုေတာ့ FDA က ဆန္႔က်င္သတိေပးထားပါတယ္။

ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းကို သုံးသင့္မသုံးသင့္ စမ္းသပ္မႈေတြဟာလည္း ျပဳလုပ္ေနဆဲ လမ္းတဝက္သာ ရွိပါေသးတယ္။

အခုအခါမွာ အေမရိကန္ျပည္ေထာင္စု အတြင္း လူေပါင္း ၁ သန္းခြဲ ကူးစက္ၿပီး လူေပါင္း ၉ ေသာင္းေက်ာ္ ေသဆုံးခဲ့ေစတဲ့ ကိုဗစ္-၁၉ ေရာဂါႀကီးနဲ႔ ပတ္သက္ၿပီး ကာကြယ္ဖို႔ သို႔မဟုတ္ ကုသဖို႔အတြက္ အတည္ျပဳၿပီးသား ေဆးဝါးသို႔မဟုတ္ ကုထုံးမရွိေသးပါဘူးလို႔ ကူးစက္ေရာဂါထိန္းခ်ဳပ္ေရးဌာန CDC ကဆိုပါတယ္။

ေဘးထြက္ဆိုးက်ိဳးေတြ သမၼတထရမ့္လက္မခံ

ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြအေၾကာင္း အစီရင္ခံတာေတြကို သမၼတထရမ့္က ပယ္ခ်ခဲ့ပါတယ္။ “အခုထိကြၽန္ေတာ္ေျပာႏိုင္တာကေတာ့ ကြၽန္ေတာ္ဘာမွမျဖစ္ဘူး။ ေကာင္းေနတယ္ဆိုတာပါပဲ”လို႔သူက ဆိုပါတယ္။
ဒီေဆးကို မလိုအပ္ဘဲ ေသာက္ရင္ ႏွလုံးကို ထိႏိုင္တယ္လို႔ေတာင္ ေဆးဝါးကြပ္ကဲသူေတြက သတိေပးထား
သူၾကားရသမွ် ဆိုးက်ိဳးေတြဟာ သူ႔ကိုမေထာက္ခံတဲ့သူေတြ လုပ္ထားတဲ့ သိပၸံနည္းမက်တဲ့ အစီရင္ခံစာေတြဆီက ထြက္ေပၚလာတာေတြခ်ည္းပဲလို႔ သမၼတထရမ့္က ဆိုပါတယ္။

အစိုးရ ဖြင့္လွစ္ထားတဲ့ စစ္မႈထမ္းေဟာင္းေဆး႐ုံရဲ႕ ကိုဗစ္-၁၉ လူနာမ်ား ပဏာမေလ့လာခ်က္ အစီရင္ခံစာမွာ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းဟာ အက်ိဳးမရွိ၊ ေသဆုံးမႈႏႈန္းကို ပိုလို႔ေတာင္ မ်ားျပားေစတယ္လို႔ ဆိုထားပါတယ္။ အဲဒီအစီရင္ခံစာကို သမၼတထရမ့္ဆိုလိုေၾကာင္း ထင္ရွားပါတယ္။

“ဟိုက္ေျဒာက္ဆီနဲ႔ပတ္သက္ၿပီး ကြၽန္ေတာ့္မွာ ေျမာက္ျမားလွစြာေသာ ေကာင္းသတင္းေတြရထားပါတယ္။ သူ႔ကိုေသာက္လို႔ ဆုံးရႈံးစရာ ဘာမွမရွိပါဘူး”လို႔ သမၼတထရမ့္က သတင္းေထာက္ေတြကို ေျပာပါတယ္။

ဆရာဝန္ေတြကေတာ့ ဟိုက္ေျဒာက္ဆီကလို႐ိုကြင္းသုံးရင္ ႏွလုံးပ်က္စီးမႈ၊ မိမိကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္မႈ၊ အသည္းေရာဂါလကၡဏာေတြ အပါအဝင္ ျဖစ္ႏိုင္ေျခ အမ်ိဳးမ်ိဳးရွိတယ္လို႔ ဆိုေနၾကပါတယ္။

ဂယက္မ်ား

ငွက္ဖ်ားေဆးေသာက္သုံးမႈနဲ႔ ပတ္သက္ၿပီး အေ႐ြးေကာက္ခံေတြထဲမွာ သမၼတထရမ့္ရဲ႕ အႀကီးဆုံး ရန္သူေတာ္ႀကီးျဖစ္တဲ့ လႊတ္ေတာ္ဥကၠ႒ နန္စီပလိုစီကို စီအန္အန္ သတင္းဌာနက ေမးျမန္းရာမွာေတာ့ နန္စီပလိုစီဟာ သမၼတထရမ့္ရဲ႕ အသက္နဲ႔ ခႏၶာကိုယ္ကို ထည့္မေျပာဘဲ မေနႏိုင္ျဖစ္ခဲ့ပါတယ္။

“သူဟာ ကြၽန္မတို႔ သမၼတႀကီးပါ။ သိပၸံပညာရွင္ေတြ အတည္မျပဳတဲ့ဟာေတြကို မေသာက္ေစခ်င္ပါဘူး။ အထူးသျဖင့္ကေတာ့ သူ႔အသက္၊ သူ႔ကိုယ္အေလးခ်ိန္ရွိတဲ့ သူမ်ိဳး အနည္းငယ္ အဝလြန္ေနတဲ့သူမ်ိဳး အေနနဲ႔ မလုပ္သင့္ပါဘူး”လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့ ႏွစ္က သမၼတထရမ့္ကို ႏွစ္စဥ္ပုံမွန္ေဆးစစ္တဲ့အခ်ိန္မွာ သူဟာ အရပ္ ၆ ေပ ၃ လက္မရွိၿပီး ကိုယ္အေလးခ်ိန္ ၂၄၃ ေပါင္ရွိတဲ့အတြက္ သူဟာအရပ္နဲ႔ ကိုယ္အေလးခ်ိန္အခ်ိဳးအစား ၃၀.၄ ရွိသူမို႔ အနည္းငယ္ အဝလြန္သူ အုပ္စုထဲမွာ ပါဝင္ေနတယ္လို႔ အိမ္ျဖဴေတာ္ သမားေတာ္က ဆိုပါတယ္။

BBC Burmese
---------------------------------
ငှက်ဖျားဆေးသောက်တဲ့ အမေရိကန်သမ္မတ

Image caption ဟိုက်ဒြောက်ဆီကလိုရိုကွင်းအကြောင်း ကောင်းသတင်းတွေ သူအများကြီးကြားထားတယ်လို့ဆို

သမ္မတထရမ့်ဟာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းဆေးကို ကိုရိုနာကာကွယ်ဖို့ သောက်သုံးနေကြောင်း ထုတ်ဖော်ပြောလိုက်ပါတယ်။ ကျန်းမာရေးပညာရှင်တွေက ဘေးမကင်းပါဘူးလို့ ပြောဆိုသတိပေးနေပါလျက်နဲ့ သောက်သုံးခဲ့တာပါ။

ငှက်ဖျားနဲ့ သွေးလေးဖက်နာရောဂါ ကုသရာမှာသုံးတဲ့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို သူသုံးစွဲနေကြောင်း အိမ်ဖြူတော် သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကို ပြောခဲ့တာဖြစ်ပါတယ်။

ဒီဆေးကို သူသောက်တာ တပတ်ခွဲလောက်ရှိပါပြီ။ သူဘာမှ မဖြစ်ပါဘူးလို့ ထုတ်ပြောလိုက်တော့ အံ့အားသင့်ခဲ့ကြပါတယ်။

ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ ကိုရိုနာကိုတိုက်ဖျက်နိုင်ကြောင်း ဘာသက်သေ အထောက်အထားမှ မရှိပါဘူး။ ဒီဆေးကို မလိုအပ်ဘဲ သောက်ရင် နှလုံးကို ထိနိုင်တယ်လို့တောင် ဆေးဝါးကွပ်ကဲသူတွေက သတိပေးထားတာပါ။

ထရမ့်ဘာပြောလဲ

သမ္မတထရမ့်ဟာ အသက် ၇၃ နှစ်ရှိပါပြီ။ စားသောက်ဆိုင်လုပ်ငန်းတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေအကြောင်းကို တနင်္လာနေ့က စည်းဝေးဆွေးနွေးခဲ့ကြစဉ်မှာ သူဟာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းအကြောင်း ထည့်သွင်းပြောကြားခဲ့တာပါ။

“ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို လူဘယ်လောက်များများ သောက်နေကြသလဲဆိုတာသိရင် ခင်ဗျားတို့ အံ့သြသွားလိမ့်မယ်။ ရှေ့တန်းမှာ အလုပ်လုပ်နေတဲ့သူတွေဟာ ဟိုက်ဒြောက်ဆီ ကလိုရိုကွင်း သောက်နေကြပါတယ်။ ကျွန်တော်လည်း သောက်နေပါတယ်”လို့ သူကပြောပါတယ်။
ဓာတ်ပုံ မူပိုင် Getty Images
Image caption အငြင်းပွားနေကြဆဲ ဟိုက်ဒြောက်ဆီကလိုရိုကွင်း

ဟိုက်ဒြောက်ဆီကလိုရိုကွင်းသောက်ရင် အကျိုးရှိကြောင်း ဘာအထောက်အထား ပြနိုင်ပါသလဲလို့မေးရာမှာတော့ မစ္စတာထရမ့်က သူ့မှာ အထောက်အထား အများကြီးရှိပါသတဲ့။

လူတွေဆီက ဒီဆေးကောင်းကြောင်း ပြောဆိုချက်တွေ အများကြီးရထားတယ်လို့ဆိုပါတယ်။

“ဒီဆေးရဲ့ ကောင်းသတင်းတွေ အများကြီး ကြားထားပါတယ်။ဒီဆေးက ကောင်းကျိုးမပြုဘူးဆိုရင်တောင် သူ့ကို သောက်လိုက်လို့ ဘာမှ နစ်နာစရာမရှိဘူးလို့ ကျွန်တော် ပြောချင်ပါတယ်”လို့ သမ္မတထရမ့်က ဆိုပါတယ်။

အိမ်ဖြူတော်က လူတချို့မှာ ကိုရိုနာကူးစက်ခံထားရတာ တွေ့ရပေမယ့် သမ္မတထရမ့်ကတော့ သူအကြိမ်ကြိမ် ဆေးစစ်ပေမယ့် သူ့မှာ ဘာလက္ခဏာမှ မပြဘူးလို့ တနင်္လာနေ့က ထပ်မံ ပြောကြားပါတယ်။

သူဟာ သွပ်ဓာတ်အားဖြည့်ဆေးကို သောက်သုံးသလို အဇီသရိုမိုင်ဆင်ကို တကြိမ် အသုံးပြုထားတယ်လို့လည်း ဖြည့်စွက် ပြောကြားပါတယ်။

အိမ်ဖြူတော် သမားတော်တွေရဲ့ အကြံပြုချက်ကြောင့် သောက်တာပါလားလို့ မေးတဲ့အခါမှာတော့ သူကိုယ်တိုင်က တောင်းဆိုခဲ့တာပါလို့ သမ္မတထရမ့်ကဆိုပါတယ်။

သမ္မတရဲ့သမားတော် ဒေါက်တာရှောင်းကော်နလေကတော့ သမ္မတထရမ့်ရဲ့ ကျန်းမာရေးဟာ အလွန်ကောင်းမွန်ပြီး ဘာရောဂါလက္ခဏာမှလည်း မပြဘူးလို့ ကြေညာချက်ထုတ်ပြန်ပြောဆိုပါတယ်။

အမေရိကန်ရေတပ်အရာရှိကတော့ “ဟိုက်ဒြောက်ဆီကလိုရိုကွင်းနဲ့ ပတ်သက်တဲ့ အထောက်အထားတွေကို သူနဲ့ ကျွန်တော် အကြိမ်များစွာ ဆွေးနွေးပြီးနောက် အပြစ်ထက် အကျိုးက ပိုများနိုင်တယ်လို့ ကောက်ချက်ချခဲ့ကြပါတယ်”လို့ ဆိုပါတယ်။

အမေရိကန်ကျန်းမာရေးတာဝန်ခံတွေရဲ့ပြောစကား

အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA က ပြီးခဲ့တဲ့လက ထုတ်တဲ့ ကြေညာချက်မှာတော့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ ဘေးကင်းကြောင်း၊ အကျိုးရှိကြောင်း သက်သေမပြနိုင်ဘူးလို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ရောဂါသည်တွေရဲ့ နှလုံးခုန်နှုန်းအပေါ်မှာ ပြဿနာတက်စေနိုင်ကြောင်း သတင်းပို့တိုင်ကြားချက်တွေကိုလည်း ကိုးကား ပြောဆိုထားပါတယ်။

တချို့ရောဂါသည်တွေအတွက် အသုံးပြုဖို့ FDA က ယာယီအခွင့်ပေးထားပေမယ့် ဆေးရုံညွှန်ကြားချက်မပါဘဲ သုံးစွဲနေကြတာကိုတော့ FDA က ဆန့်ကျင်သတိပေးထားပါတယ်။

ဟိုက်ဒြောက်ဆီကလိုရိုကွင်းကို သုံးသင့်မသုံးသင့် စမ်းသပ်မှုတွေဟာလည်း ပြုလုပ်နေဆဲ လမ်းတဝက်သာ ရှိပါသေးတယ်။

အခုအခါမှာ အမေရိကန်ပြည်ထောင်စု အတွင်း လူပေါင်း ၁ သန်းခွဲ ကူးစက်ပြီး လူပေါင်း ၉ သောင်းကျော် သေဆုံးခဲ့စေတဲ့ ကိုဗစ်-၁၉ ရောဂါကြီးနဲ့ ပတ်သက်ပြီး ကာကွယ်ဖို့ သို့မဟုတ် ကုသဖို့အတွက် အတည်ပြုပြီးသား ဆေးဝါးသို့မဟုတ် ကုထုံးမရှိသေးပါဘူးလို့ ကူးစက်ရောဂါထိန်းချုပ်ရေးဌာန CDC ကဆိုပါတယ်။

ဘေးထွက်ဆိုးကျိုးတွေ သမ္မတထရမ့်လက်မခံ

ဟိုက်ဒြောက်ဆီကလိုရိုကွင်းရဲ့ ဘေးထွက်ဆိုးကျိုးတွေအကြောင်း အစီရင်ခံတာတွေကို သမ္မတထရမ့်က ပယ်ချခဲ့ပါတယ်။ “အခုထိကျွန်တော်ပြောနိုင်တာကတော့ ကျွန်တော်ဘာမှမဖြစ်ဘူး။ ကောင်းနေတယ်ဆိုတာပါပဲ”လို့သူက ဆိုပါတယ်။
Image caption ဒီဆေးကို မလိုအပ်ဘဲ သောက်ရင် နှလုံးကို ထိနိုင်တယ်လို့တောင် ဆေးဝါးကွပ်ကဲသူတွေက သတိပေးထား

သူကြားရသမျှ ဆိုးကျိုးတွေဟာ သူ့ကိုမထောက်ခံတဲ့သူတွေ လုပ်ထားတဲ့ သိပ္ပံနည်းမကျတဲ့ အစီရင်ခံစာတွေဆီက ထွက်ပေါ်လာတာတွေချည်းပဲလို့ သမ္မတထရမ့်က ဆိုပါတယ်။

အစိုးရ ဖွင့်လှစ်ထားတဲ့ စစ်မှုထမ်းဟောင်းဆေးရုံရဲ့ ကိုဗစ်-၁၉ လူနာများ ပဏာမလေ့လာချက် အစီရင်ခံစာမှာ ဟိုက်ဒြောက်ဆီကလိုရိုကွင်းဟာ အကျိုးမရှိ၊ သေဆုံးမှုနှုန်းကို ပိုလို့တောင် များပြားစေတယ်လို့ ဆိုထားပါတယ်။ အဲဒီအစီရင်ခံစာကို သမ္မတထရမ့်ဆိုလိုကြောင်း ထင်ရှားပါတယ်။

“ဟိုက်ဒြောက်ဆီနဲ့ပတ်သက်ပြီး ကျွန်တော့်မှာ မြောက်မြားလှစွာသော ကောင်းသတင်းတွေရထားပါတယ်။ သူ့ကိုသောက်လို့ ဆုံးရှုံးစရာ ဘာမှမရှိပါဘူး”လို့ သမ္မတထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။

ဆရာဝန်တွေကတော့ ဟိုက်ဒြောက်ဆီကလိုရိုကွင်းသုံးရင် နှလုံးပျက်စီးမှု၊ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု၊ အသည်းရောဂါလက္ခဏာတွေ အပါအဝင် ဖြစ်နိုင်ခြေ အမျိုးမျိုးရှိတယ်လို့ ဆိုနေကြပါတယ်။

ဂယက်များ

ငှက်ဖျားဆေးသောက်သုံးမှုနဲ့ ပတ်သက်ပြီး အရွေးကောက်ခံတွေထဲမှာ သမ္မတထရမ့်ရဲ့ အကြီးဆုံး ရန်သူတော်ကြီးဖြစ်တဲ့ လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီကို စီအန်အန် သတင်းဌာနက မေးမြန်းရာမှာတော့ နန်စီပလိုစီဟာ သမ္မတထရမ့်ရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကို ထည့်မပြောဘဲ မနေနိုင်ဖြစ်ခဲ့ပါတယ်။

“သူဟာ ကျွန်မတို့ သမ္မတကြီးပါ။ သိပ္ပံပညာရှင်တွေ အတည်မပြုတဲ့ဟာတွေကို မသောက်စေချင်ပါဘူး။ အထူးသဖြင့်ကတော့ သူ့အသက်၊ သူ့ကိုယ်အလေးချိန်ရှိတဲ့ သူမျိုး အနည်းငယ် အဝလွန်နေတဲ့သူမျိုး အနေနဲ့ မလုပ်သင့်ပါဘူး”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နှစ်က သမ္မတထရမ့်ကို နှစ်စဉ်ပုံမှန်ဆေးစစ်တဲ့အချိန်မှာ သူဟာ အရပ် ၆ ပေ ၃ လက်မရှိပြီး ကိုယ်အလေးချိန် ၂၄၃ ပေါင်ရှိတဲ့အတွက် သူဟာအရပ်နဲ့ ကိုယ်အလေးချိန်အချိုးအစား ၃၀.၄ ရှိသူမို့ အနည်းငယ် အဝလွန်သူ အုပ်စုထဲမှာ ပါဝင်နေတယ်လို့ အိမ်ဖြူတော် သမားတော်က ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52725244
ငွက္ဖ်ားေဆးေသာက္တဲ့ အေမရိကန္သမၼတ ငွက္ဖ်ားေဆးေသာက္တဲ့ အေမရိကန္သမၼတ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.