WHO အတြက္ ရန္ပုံေငြ အၿပီးတုိင္ျဖတ္ပစ္ဖုိ႔ သမၼတ Trump ၿခိမ္းေျခာက္

အေမရိကန္ သမၼတ Donald Trump
(Zawgyi/Unicode)

ကမၻာ့က်န္းမာေရးအဖြဲ႔ WHO အေနနဲ႔ လာမယ့္ရက္ေပါင္း ၃၀ အတြင္း အဓိက တိုးတက္မႈႀကီးေတြလုပ္ဖို႔ ကတိျပဳေဆာင္ရြက္တာမ်ိဳး မရွိရင္ အေမရိကန္ျပည္ေထာင္စုက ထည့္၀င္ေနတဲ့ ရန္ပုံေငြေတြ ျဖတ္ေတာက္မယ့္အစီအစဥ္ဟာ ယာယီအေနနဲ႔မဟုတ္ပဲ အတည္ျဖစ္သြားလိမ့္မယ္လို႔ သမၼတ Donald Trump ကေျပာလိုက္ပါတယ္။

WHO ရဲ ႔အတိတ္က ေဆာင္ရြက္ခ်က္ေတြဟာ အားရစရာ မရွိသလို အေမရိကန္ကႏွစ္စဥ္ ထည့္၀င္ေနတဲ့ ရန္ပုံေငြက ေဒၚလာသန္းေပါင္း ၄၅၀ ရွိေပမဲ့ တ႐ုတ္ႏုိင္ငံကေတာ့ ၃၈ သန္းပဲ ထည့္၀င္ေနတာပါလို႔ သမၼတ Trump က ကို အိမ္ျဖဴေတာ္မွာ သတင္းေထာက္ေတြကို ေျပာဆိုသြားပါတယ္။

WHO ဟာ တ႐ုတ္ရဲ ႔ ႐ုပ္ေသး႐ုပ္ျဖစ္တယ္လို႔လည္း သမၼတ Trump က စြပ္စြဲေျပာဆိုသြားပါတယ္။ WHO အႀကီးအကဲ Tedros Adhanom Ghebreyesus ကို ေပးပို႔ခဲ့တဲ့စာထဲမွာေတာ့ ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါကာလမွာ ပြင့္လင္းျမင္သာမႈ လုံး၀ မရွိတဲ့ တရုတ္ႏုိင္ငံဘက္မွာ WHO ရပ္တည္ေနတယ္လို႔လည္း ေျပဆိုထားတာပါ။ ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေရာဂါ တုံ႔ျပန္ေဆာင္႐ြက္တဲ့ေနရာမွာ WHO နဲ႔ ဦးေဆာင္သူေတြရဲ ႔ အႀကိ္မ္ႀကိမ္မွားယြင္းတ့ဲလုပ္ရပ္ေၾကာင့္ ကမၻာတ၀ွမ္းလုံး အႀကီးအက်ယ္ ထိခိုက္နစ္နာေနရတယ္လို႔လည္း သမၼတ Trump ရဲ စာထဲမွာ ပါရွိပါတယ္။

WHO ကလည္း ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ အေစာပိုင္းကတည္းက သတိေပးခ်က္ မၾကာခဏ ထုတ္ျပန္ခဲ့သလို က်န္းမာေရး၀န္ထမ္းေတြ ၁၀ ရက္အတြင္း လိုက္နာရမယ့္ လမ္းညႊန္ခ်က္ေတြကို ထုတ္ျပန္ခ့ဲေၾကာင္းနဲ႔ WHO ရဲ ႔ အျမင့္ဆုံးသတိေပးခ်က္ျဖစ္တဲ့ ကမၻာ့က်န္းမာေရး အေရးအေပၚအေျခအေနကိုပါ ဇန္န၀ါရီလ ၃၀ ရက္ေန႔မွာ ထုတ္ျပန္ခဲ့ေၾကာင္း ေဒါက္တာ Ghebreyesus က တနလၤာေန႔မွာ တုံ႔ျပန္ခဲ့ပါတယ္။

အဲဒီအခ်ိန္မွာ တရုတ္ႏိုင္ငံတြင္း ပိုးကူးခံထားရသူ ၁၀၀ နီးပါးနဲ တရုတ္ႏုိင္ငံျပင္ပမွာ ကို႐ိုနာဗုိင္းရပ္စ္ေၾကာင့္ ေသဆုံးသူ တဦးမွ မရွိတာကိုလည္း ေထာက္ျပထားတာပါ။ တ႐ုတ္ႏုိင္ငံျခားေရး၀န္ႀကီးဌာနကေတာ့ WHO အေပၚမွာရွိတဲ့ အေမရိကန္ရဲ ႔ တာ၀န္၀တၱရားေတြကို လက္လႊဲဖို႔ ႀကိဳးပမ္းတဲ့အေနနဲ႔ တ႐ုတ္ႏုိင္ငံကို အသုံးခ်ေနတယ္လို႔ ဒီကေန႔ပဲ တုံ႕ျပန္ေျပာဆိုခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------
[Unicode Version]

WHO အတွက် ရန်ပုံငွေ အပြီးတိုင်ဖြတ်ပစ်ဖို့ သမ္မတ Trump ခြိမ်းခြောက်

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့ လာမယ့်ရက်ပေါင်း ၃၀ အတွင်း အဓိက တိုးတက်မှုကြီးတွေလုပ်ဖို့ ကတိပြုဆောင်ရွက်တာမျိုး မရှိရင် အမေရိကန်ပြည်ထောင်စုက ထည့်ဝင်နေတဲ့ ရန်ပုံငွေတွေ ဖြတ်တောက်မယ့်အစီအစဉ်ဟာ ယာယီအနေနဲ့မဟုတ်ပဲ အတည်ဖြစ်သွားလိမ့်မယ်လို့ သမ္မတ Donald Trump ကပြောလိုက်ပါတယ်။

WHO ရဲ့အတိတ်က ဆောင်ရွက်ချက်တွေဟာ အားရစရာ မရှိသလို အမေရိကန်ကနှစ်စဉ် ထည့်ဝင်နေတဲ့ ရန်ပုံငွေက ဒေါ်လာသန်းပေါင်း ၄၅၀ ရှိပေမဲ့ တရုတ်နိုင်ငံကတော့ ၃၈ သန်းပဲ ထည့်ဝင်နေတာပါလို့ သမ္မတ Trump က ကို အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောဆိုသွားပါတယ်။

WHO ဟာ တရုတ်ရဲ့ ရုပ်သေးရုပ်ဖြစ်တယ်လို့လည်း သမ္မတ Trump က စွပ်စွဲပြောဆိုသွားပါတယ်။ WHO အကြီးအကဲ Tedros Adhanom Ghebreyesus ကို ပေးပို့ခဲ့တဲ့စာထဲမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ ပွင့်လင်းမြင်သာမှု လုံး၀ မရှိတဲ့ တရုတ်နိုင်ငံဘက်မှာ WHO ရပ်တည်နေတယ်လို့လည်း ပြေဆိုထားတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ တုံ့ပြန်ဆောင်ရွက်တဲ့နေရာမှာ WHO နဲ့ ဦးဆောင်သူတွေရဲ့ အကြိမ်ကြိမ်မှားယွင်းတဲ့လုပ်ရပ်ကြောင့် ကမ္ဘာတဝှမ်းလုံး အကြီးအကျယ် ထိခိုက်နစ်နာနေရတယ်လို့လည်း သမ္မတ Trump ရဲ စာထဲမှာ ပါရှိပါတယ်။

WHO ကလည်း ကပ်ရောဂါနဲ့ ပတ်သက်လို့ အစောပိုင်းကတည်းက သတိပေးချက် မကြာခဏ ထုတ်ပြန်ခဲ့သလို ကျန်းမာရေးဝန်ထမ်းတွေ ၁၀ ရက်အတွင်း လိုက်နာရမယ့် လမ်းညွှန်ချက်တွေကို ထုတ်ပြန်ခဲ့ကြောင်းနဲ့ WHO ရဲ့ အမြင့်ဆုံးသတိပေးချက်ဖြစ်တဲ့ ကမ္ဘာ့ကျန်းမာရေး အရေးအပေါ်အခြေအနေကိုပါ ဇန်နဝါရီလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ကြောင်း ဒေါက်တာ Ghebreyesus က တနင်္လာနေ့မှာ တုံ့ပြန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/who-trump-covid/5426087.html
WHO အတြက္ ရန္ပုံေငြ အၿပီးတုိင္ျဖတ္ပစ္ဖုိ႔ သမၼတ Trump ၿခိမ္းေျခာက္ WHO အတြက္ ရန္ပုံေငြ အၿပီးတုိင္ျဖတ္ပစ္ဖုိ႔ သမၼတ Trump ၿခိမ္းေျခာက္ Reviewed by THITHTOOLWIN on 20:37 Rating: 5
Powered by Blogger.