ရခိုင္ေရာက္ မေလးရွားျပန္ ႏွစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးစေတြ႕

မေလးရွားျပန္ေတြက ေတြ႕တာ ၉ ဦးရွိၿပီ
(Zawgyi)⤵⤵⤵
ရခိုင္ျပည္နယ္ ေတာင္ပိုင္းေဒသၿမိဳ႕နယ္ ေတြျဖစ္တဲ့ သံတြဲနဲ႔ ေတာင္ကုတ္ ၿမိဳ႕နယ္ေတြကို ေရာက္ေနတဲ့ မေလးရွားျပန္ ႏွစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုး ေတြ႕ရွိရတယ္လို႔ က်န္းမာေရးနဲ႔ အားကစား ဝန္ႀကီး႒ာန ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။

ေမလ ၁၈ ရက္ေန႔ ည၈နာရီ ထုတ္ျပန္ခ်က္မွာပါရွိတဲ့ ပိုးေတြ႕လူနာ အမွတ္ ၁၈၈ ဟာ သံတြဲၿမိဳ႕နယ္အတြင္းကျဖစ္ၿပီး အသက္ ၃၅ ႏွစ္အ႐ြယ္ျဖစ္ကာ ေမလ ၁၉ ရက္ေန႔မနက္ ၇ နာရီထုတ္ျပန္ခ်က္မွာပါရွိတဲ့ လူနာအမွတ္ ၁၉၀ ဟာ အသက္ ၂၅ ႏွစ္အ႐ြယ္ ေတာင္ကုတ္ၿမိဳ႕နယ္ သကၠယ္ကြၽန္းေက်း႐ြာကျဖစ္ၿပီး သူတို႔ႏွစ္ဦးစလုံးဟာ မေလးရွားႏိုင္ငံက ျပန္လာသူေတြျဖစ္တယ္လို႔ သိရပါတယ္။

သူတို႔ႏွစ္ဦးစလုံးဟာ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းက မေလးရွားႏိုင္ငံကေန ေလေၾကာင္းခရီးနဲ႔ျမန္မာႏိုင္ငံကို ေရာက္ရွိလာခဲ့ၾကၿပီး ရန္ကုန္ကေနတဆင့္ ကားနဲ႔သူတို႔ရဲ႕ေနရပ္ေတြဆီကို ေရာက္ရွိလာခဲ့ၾကတာျဖစ္တယ္လို႔ သံတြဲေဆး႐ုံ ဆရာဝန္ႀကီး ေဒါက္တာ ထြန္းထြန္းဝင္းက ဘီဘီစီကိုေျပာပါတယ္။

မေလးရွားကေန ကယ္ဆယ္ေရး ေလယာဥ္ နဲ႔ ျပန္ပို႔တာ ေမလ ၁၈ ရက္ေန႔အထိ စုစုေပါင္း ၄၈၄ ေယာက္ရွိၿပီလို႔ မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးက သံ႐ုံးအုပ္ ဦးႏိုင္မင္း ( Chief of Chancery , Embassy of the republic of the Union Myanmar) က ဘီဘီစီကိုေျပာခဲ့ပါတယ္။

ျမန္မာႏိုင္ငံက ကို႐ိုနာ ဗိုင္းရပ္စ္ အတည္ျပဴ လူနာေတြထဲမွာ မေလးရွားျပန္ ၉ဦးထိရွိ လာၿပီးေတာ့ အဲဒီထဲမွာ ရခိုင္က ၂ ဦး ပါဝင္လာတာျဖစ္ပါတယ္။

မျပန္ရမွာ စိုးရိမ္ေနၾကတဲ့ မေလးရွားေရာက္ျမန္မာေတြ
ရခိုင္ျပည္နယ္ က ပထမဆုံး ပိုးေတြ႕သူဟာ မေလးကျပန္လာသူျဖစ္
လက္ရွိ ရခိုင္ က ပိုးေတြ႕ရွိထားသူေတြနဲ႔အတူ ခရီးအတူ အတူလာခဲ့ၾကတဲ့ ဆက္စပ္သံသယရွိသူ ေနာက္ထပ္သုံးဦး ကို သံတြဲၿမိဳ႕က ကိုဗစ္ကာကြယ္ေရးနဲ႔ ထိန္းခ်ဳပ္ေရးစင္တာ မွာ က်န္းမာေရးဌာရဲ႕ၫႊန္ၾကားခ်က္အ တိုင္း သီးသန႔္ခြဲၿပီး ေစာင့္ၾကည့္မႈေတြျပဳလုပ္ေနတယ္လို႔လည္း သံတြဲေဆး႐ုံ ဆရာဝန္ႀကီး ကေျပာပါတယ္။

သူတို႔နဲ႔အတူ သံတြဲၿမိဳ႕ကိုေရာက္လာခဲ့တဲ့သူေတြကို ေမလ ၁၉ ရက္ေန႔မွာထပ္မံစစ္ေဆးမႈေတြျပဳလုပ္ၿပီး ဓါတ္ခြဲနမူနာေတြကိုလည္း ညေန ၆ နာရီမွာ သံတြဲကေနတစ္ဆင့္ ရန္ကုန္ကိုပို႔မွာျဖစ္တယ္လို႔ သံတြဲၿမိဳ႕နယ္ ဆရာဝန္ႀကီး ေဒါက္တာ ထြန္းထြန္းဝင္းက ေျပာပါတယ္။

"အဲ့ဒီသံတြဲ လူနာက မေန႔ကည ၁၁ နာရီခြဲေလာက္မွာ ေဆး႐ုံကိုေရာက္လာပါတယ္။ အေျခအေနက ဖ်ားတာနာတာ ဘာလကၡဏာမွ မရွိဘူး။ သူက မေလးရွားကေန ေလယာဥ္နဲ႔ျပန္လာတာပါ။ ရန္ကုန္ကိုေရာက္ေတာ့ အဲ့ဒီကေန ကားနဲ႔လာတယ္။ ေတာင္ကုတ္ကိုေရာက္ေတာ့ သူတို႔ႏွစ္ေယာက္ရယ္၊ တ႐ုတ္ျပန္ ၈ ေယာက္ရယ္ လိုက္ထရပ္ တစ္စီးနဲ႔ သီးသန႔္လႊတ္ေပးလိုက္တာ။ က်န္တဲ့သူေတြကိုလည္း ဒီေန႔စစ္ေဆးမယ္။ ညေန ၆ နာရီမွာ ပို႔ပါမယ္။"လို႔ ေဒါက္တာထြန္းထြန္းဝင္းက ေျပာပါတယ္။

ဒါ့အျပင္ ေတာင္ကုတ္ၿမိဳ႕နယ္အတြင္း ပိုးေတြ႕တဲ့ လူနာနံပါတ္ ၁၉၀ ဟာလည္း မေလးရွားကေန ျပန္လာသူျဖစ္တယ္လို႔ ေဒါက္တာ ထြန္းထြန္းဝင္းက ေျပာပါတယ္။
လူနာ အမွတ္ ၁၉၀ ဟာေတာင္ကုတ္ၿမိဳ႕နယ္ သကၠယ္ကြၽန္းေက်း႐ြာက အသက္ ၂၅ ႏွစ္အ႐ြယ္ မေလးျပန္
ေမလ ၁၉ ရက္ မနက္ပိုင္းက ထုတ္ျပန္ခ်က္အရ ပိုးေတြ႕လူနာေနာက္တစ္ဦးျဖစ္တဲ့ ေတာင္ကုတ္ၿမိဳ႕နယ္ သကၠယ္ကြၽန္းေက်း႐ြာက အသက္ ၂၅ ႏွစ္အ႐ြယ္ မေလးရွားျပန္ဟာ ေက်း႐ြာမွာ ကြာရန္တင္းဝင္ေနသူျဖစ္ၿပီးေတာ့ ဗိုင္းရပ္စ္ ပိုးကူးစက္ခံထားရတယ္လို႔ ေဆးစစ္ခ်က္အေျဖသိရတဲ့အတြက္ ေမလ ၁၉ ရက္မနက္ပိုင္းမွာ ေတာင္ကုတ္ေဆး႐ုံႀကီး ပို႔လိုက္ၿပီလည္းျဖစ္ပါတယ္။

ဒါ့အျပင္ ေျမာက္ဦးၿမိဳ႕နယ္အတြင္းမွာလည္း မေလးရွားႏိုင္ငံကျပန္လာသူ ၁၄ ဦးရွိေနၿပီး သံတြဲနဲ႔ ေတာင္ကုတ္က ပိုးေတြ႕လူနာႏွစ္ဦးနဲ႔အတူျပန္လာခဲ့ၾကသူေတြျဖစ္ကာ လက္ရွိရခိုင္ျပည္နယ္အတြင္းကိုေရာက္ရွိေနသူေတြဟာ မေလးရွားႏိုင္ငံက ေမလ ၁၁ ရက္ေန႔မွာ ထြက္လာခဲ့ၾကတာျဖစ္ၾကပါတယ္။

ေျမာက္ဦးၿမိဳ႕နယ္ကိုေရာက္ရွိလာခဲ့သူ ၁၄ ဦးတို႔ဟာ ျပည္လုံးႀကီးေက်း႐ြာက ၂ ဦး၊ ေရွာ္ေမေက်း႐ြာက ၁ ဦး၊ ႀကိမ္ေခ်ာင္းၾကာကန္ေက်း႐ြာက ၂ ဦး၊ ေမ်ာက္ေခ်ာင္းေက်း႐ြာက ၃ ဦး၊ ျပလွေက်း႐ြာ ၁ ဦး၊ လကၠာေက်း႐ြာက ၁ ဦး၊ ေအာက္သကန္ေက်း႐ြာက ၁ ဦး၊ နားလိပ္ေက်း႐ြာက ၁ ဦးနဲ႔ ေလာင္းၾကက္ေက်း႐ြာက ၂ ဦးတို႔ျဖစ္ၾကပါတယ္။

သူတို႔ ၁၄ ဦးရဲ႕ေဆးစစ္ခ်က္နမူနာေတြကိုေတာ့ ဒီကေန႔မနက္ပိုင္းကေန စစ္ေတြၿမိဳ႕ကိုပို႔ေဆာင္ေပးခဲ့ၿပီးျဖစ္ကာ မနက္ျဖန္မွာ ေဆးစစ္ခ်က္အေျဖသိရမွာျဖစ္တယ္လို႔ ေျပာပါတယ္။
ရခိုင္ေတာင္ပိုင္း ကႏွစ္ဦးပိုးေတြ႕
ကိုဗစ္ ၁၉ ဗိုင္းရပ္ ကူးစက္ခံထားရသူေပါင္း တစ္ႏိုင္ငံလုံးအတိုင္းအတာမွာ ၁၉၁ ဦးထိရွိလာေနၿပီျဖစ္ကာ မေလးရွားက ျပန္ေရာက္လာသူေတြထဲ ကေရာဂါပိုးေတြ႕တာ အခုဆိုရင္ စုစုေပါင္း ၉ဦးအထိရွိလာၿပီျဖစ္ပါတယ္။

BBC Burmese
-------------------------------------
(Unicode)⤵⤵⤵
ရခိုင်ရောက် မလေးရှားပြန် နှစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုးစတွေ့

ရခိုင်ပြည်နယ် တောင်ပိုင်းဒေသမြို့နယ် တွေဖြစ်တဲ့ သံတွဲနဲ့ တောင်ကုတ် မြို့နယ်တွေကို ရောက်နေတဲ့ မလေးရှားပြန် နှစ်ဦးမှာ ကိုရိုနာ ဗိုင်းရပ်စ်ပိုး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဋ္ဌာန ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

မေလ ၁၈ ရက်နေ့ ည၈နာရီ ထုတ်ပြန်ချက်မှာပါရှိတဲ့ ပိုးတွေ့လူနာ အမှတ် ၁၈၈ ဟာ သံတွဲမြို့နယ်အတွင်းကဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ဖြစ်ကာ မေလ ၁၉ ရက်နေ့မနက် ၇ နာရီထုတ်ပြန်ချက်မှာပါရှိတဲ့ လူနာအမှတ် ၁၉၀ ဟာ အသက် ၂၅ နှစ်အရွယ် တောင်ကုတ်မြို့နယ် သက္ကယ်ကျွန်းကျေးရွာကဖြစ်ပြီး သူတို့နှစ်ဦးစလုံးဟာ မလေးရှားနိုင်ငံက ပြန်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

သူတို့နှစ်ဦးစလုံးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မလေးရှားနိုင်ငံကနေ လေကြောင်းခရီးနဲ့မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ကြပြီး ရန်ကုန်ကနေတဆင့် ကားနဲ့သူတို့ရဲ့နေရပ်တွေဆီကို ရောက်ရှိလာခဲ့ကြတာဖြစ်တယ်လို့ သံတွဲဆေးရုံ ဆရာဝန်ကြီး ဒေါက်တာ ထွန်းထွန်းဝင်းက ဘီဘီစီကိုပြောပါတယ်။

မလေးရှားကနေ ကယ်ဆယ်ရေး လေယာဉ် နဲ့ ပြန်ပို့တာ မေလ ၁၈ ရက်နေ့အထိ စုစုပေါင်း ၄၈၄ ယောက်ရှိပြီလို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သံရုံးအုပ် ဦးနိုင်မင်း ( Chief of Chancery , Embassy of the republic of the Union Myanmar) က ဘီဘီစီကိုပြောခဲ့ပါတယ်။

မြန်မာနိုင်ငံက ကိုရိုနာ ဗိုင်းရပ်စ် အတည်ပြူ လူနာတွေထဲမှာ မလေးရှားပြန် ၉ဦးထိရှိ လာပြီးတော့ အဲဒီထဲမှာ ရခိုင်က ၂ ဦး ပါဝင်လာတာဖြစ်ပါတယ်။

မပြန်ရမှာ စိုးရိမ်နေကြတဲ့ မလေးရှားရောက်မြန်မာတွေ

လက်ရှိ ရခိုင် က ပိုးတွေ့ရှိထားသူတွေနဲ့အတူ ခရီးအတူ အတူလာခဲ့ကြတဲ့ ဆက်စပ်သံသယရှိသူ နောက်ထပ်သုံးဦး ကို သံတွဲမြို့က ကိုဗစ်ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးစင်တာ မှာ ကျန်းမာရေးဌာရဲ့ညွှန်ကြားချက်အ တိုင်း သီးသန့်ခွဲပြီး စောင့်ကြည့်မှုတွေပြုလုပ်နေတယ်လို့လည်း သံတွဲဆေးရုံ ဆရာဝန်ကြီး ကပြောပါတယ်။

သူတို့နဲ့အတူ သံတွဲမြို့ကိုရောက်လာခဲ့တဲ့သူတွေကို မေလ ၁၉ ရက်နေ့မှာထပ်မံစစ်ဆေးမှုတွေပြုလုပ်ပြီး ဓါတ်ခွဲနမူနာတွေကိုလည်း ညနေ ၆ နာရီမှာ သံတွဲကနေတစ်ဆင့် ရန်ကုန်ကိုပို့မှာဖြစ်တယ်လို့ သံတွဲမြို့နယ် ဆရာဝန်ကြီး ဒေါက်တာ ထွန်းထွန်းဝင်းက ပြောပါတယ်။

"အဲ့ဒီသံတွဲ လူနာက မနေ့ကည ၁၁ နာရီခွဲလောက်မှာ ဆေးရုံကိုရောက်လာပါတယ်။ အခြေအနေက ဖျားတာနာတာ ဘာလက္ခဏာမှ မရှိဘူး။ သူက မလေးရှားကနေ လေယာဉ်နဲ့ပြန်လာတာပါ။ ရန်ကုန်ကိုရောက်တော့ အဲ့ဒီကနေ ကားနဲ့လာတယ်။ တောင်ကုတ်ကိုရောက်တော့ သူတို့နှစ်ယောက်ရယ်၊ တရုတ်ပြန် ၈ ယောက်ရယ် လိုက်ထရပ် တစ်စီးနဲ့ သီးသန့်လွှတ်ပေးလိုက်တာ။ ကျန်တဲ့သူတွေကိုလည်း ဒီနေ့စစ်ဆေးမယ်။ ညနေ ၆ နာရီမှာ ပို့ပါမယ်။"လို့ ဒေါက်တာထွန်းထွန်းဝင်းက ပြောပါတယ်။

ဒါ့အပြင် တောင်ကုတ်မြို့နယ်အတွင်း ပိုးတွေ့တဲ့ လူနာနံပါတ် ၁၉၀ ဟာလည်း မလေးရှားကနေ ပြန်လာသူဖြစ်တယ်လို့ ဒေါက်တာ ထွန်းထွန်းဝင်းက ပြောပါတယ်။

မေလ ၁၉ ရက် မနက်ပိုင်းက ထုတ်ပြန်ချက်အရ ပိုးတွေ့လူနာနောက်တစ်ဦးဖြစ်တဲ့ တောင်ကုတ်မြို့နယ် သက္ကယ်ကျွန်းကျေးရွာက အသက် ၂၅ နှစ်အရွယ် မလေးရှားပြန်ဟာ ကျေးရွာမှာ ကွာရန်တင်းဝင်နေသူဖြစ်ပြီးတော့ ဗိုင်းရပ်စ် ပိုးကူးစက်ခံထားရတယ်လို့ ဆေးစစ်ချက်အဖြေသိရတဲ့အတွက် မေလ ၁၉ ရက်မနက်ပိုင်းမှာ တောင်ကုတ်ဆေးရုံကြီး ပို့လိုက်ပြီလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြောက်ဦးမြို့နယ်အတွင်းမှာလည်း မလေးရှားနိုင်ငံကပြန်လာသူ ၁၄ ဦးရှိနေပြီး သံတွဲနဲ့ တောင်ကုတ်က ပိုးတွေ့လူနာနှစ်ဦးနဲ့အတူပြန်လာခဲ့ကြသူတွေဖြစ်ကာ လက်ရှိရခိုင်ပြည်နယ်အတွင်းကိုရောက်ရှိနေသူတွေဟာ မလေးရှားနိုင်ငံက မေလ ၁၁ ရက်နေ့မှာ ထွက်လာခဲ့ကြတာဖြစ်ကြပါတယ်။

မြောက်ဦးမြို့နယ်ကိုရောက်ရှိလာခဲ့သူ ၁၄ ဦးတို့ဟာ ပြည်လုံးကြီးကျေးရွာက ၂ ဦး၊ ရှော်မေကျေးရွာက ၁ ဦး၊ ကြိမ်ချောင်းကြာကန်ကျေးရွာက ၂ ဦး၊ မျောက်ချောင်းကျေးရွာက ၃ ဦး၊ ပြလှကျေးရွာ ၁ ဦး၊ လက္ကာကျေးရွာက ၁ ဦး၊ အောက်သကန်ကျေးရွာက ၁ ဦး၊ နားလိပ်ကျေးရွာက ၁ ဦးနဲ့ လောင်းကြက်ကျေးရွာက ၂ ဦးတို့ဖြစ်ကြပါတယ်။

သူတို့ ၁၄ ဦးရဲ့ဆေးစစ်ချက်နမူနာတွေကိုတော့ ဒီကနေ့မနက်ပိုင်းကနေ စစ်တွေမြို့ကိုပို့ဆောင်ပေးခဲ့ပြီးဖြစ်ကာ မနက်ဖြန်မှာ ဆေးစစ်ချက်အဖြေသိရမှာဖြစ်တယ်လို့ ပြောပါတယ်။

ကိုဗစ် ၁၉ ဗိုင်းရပ် ကူးစက်ခံထားရသူပေါင်း တစ်နိုင်ငံလုံးအတိုင်းအတာမှာ ၁၉၁ ဦးထိရှိလာနေပြီဖြစ်ကာ မလေးရှားက ပြန်ရောက်လာသူတွေထဲ ကရောဂါပိုးတွေ့တာ အခုဆိုရင် စုစုပေါင်း ၉ဦးအထိရှိလာပြီဖြစ်ပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52723842
ရခိုင္ေရာက္ မေလးရွားျပန္ ႏွစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးစေတြ႕ ရခိုင္ေရာက္ မေလးရွားျပန္ ႏွစ္ဦးမွာ ကို႐ိုနာ ဗိုင္းရပ္စ္ပိုးစေတြ႕ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.