ပါတီမ်ား အမတ္ေလာင္းေ႐ြးခ်ယ္တဲ့ လုပ္ငန္းစဥ္ အစမျပဳႏိုင္ေသး

(Zawgyi)⤵⤵⤵
ကပ္ေရာဂါကာလအေတာအတြင္း က်င္းပမယ့္ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ပါတီအသီးသီးက  ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ဖို႔ ျပင္ဆင္ရမယ့္ အခ်ိန္ျဖစ္ေနေပမယ့္ လတ္တေလာမွာေတာ့ ပါတီ အေတာ္မ်ားမ်ား ကိုယ္စားလွယ္ေလာင္းေတြ မေ႐ြးခ်ယ္ႏိုင္ေသးပါဘူး။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္က လာမယ့္ ႏိုဝင္ဘာလထဲမွာ အေထြေထြေ႐ြးေကာက္ပြဲ က်င္းပႏိုင္ေခ် ရွိတယ္လို႔ ေျပာထားသလို ဒုတိယအႀကိမ္ လႊတ္ေတာ္သက္တမ္းမကုန္ခင္ က်င္းပရမွာျဖစ္လို႔ ၂၀၂၁ ခုႏွစ္ ဇန္နဝါရီလ မကုန္ခင္ အေထြေထြေ႐ြးေကာက္ပြဲ ရွိလာမယ္လို႔ ႏိုင္ငံေရးပါတီေတြက တြက္ဆထားပါတယ္။

ဘယ္အခ်ိန္မွာ က်င္းပမယ္ဆိုတာ မေရရာေသးေပမယ့္ အေထြေထြ ေ႐ြးေကာက္ပြဲအတြက္ ႀကိဳတင္ျပင္ဆင္တဲ့ အေနနဲ႔ ဒီကာလမွာ  ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္တဲ့ လုပ္ငန္းစဥ္ေတြ စရေတာ့မွာပါ။ ပါတီေပါင္း ၉ဝ ေက်ာ္ရွိတဲ့ အထဲမွာ ပါတီတြင္း ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ထားၿပီးျဖစ္တဲ့ ပါတီေတြရွိသလို  ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ေရး လုပ္ငန္းေတြကို မေဆာင္႐ြက္ရေသးတဲ့ ပါတီေတြလည္း ရွိေနပါတယ္။

ျပည္ေထာင္စု ေ႐ြးေကာက္ပြဲေကာ္မရွင္ကေတာ့ ေ႐ြးေကာက္ပြဲ က်င္းပမယ့္ ရက္နဲ႔ လုပ္ငန္းစဥ္ အဆင့္ဆင့္ကို ေကာ္မရွင္က မေၾကညာေသးရင္လည္း ပါတီေတြ၊ အဖြဲ႕အစည္းေတြ၊ ဌာနဆိုင္ရာေတြက မိမိတို႔ ေဆာင္႐ြက္စရာ ရွိတာေတြကို လုပ္ေဆာင္ထားဖို႔ တိုက္တြန္းထားပါတယ္။

ေ႐ြးေကာက္ပြဲေကာ္မရွင္က ကိုယ္စားလွယ္ေလာင္းအမည္စာရင္း တင္သြင္းဖို႔ ေၾကညာခ်ိန္မွာ အဆင္သင့္ ျဖစ္ေအာင္ ၿမိဳ႕နယ္အလိုက္ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္မႈေတြကို ပါတီတြင္း ျပင္ဆင္ထားၿပီး ျဖစ္တယ္လို႔ ႀကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီ USDP ရဲ႕ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာပါတယ္။

“ေ႐ြးေကာက္ပြဲလုပ္မယ္လို႔ ေကာ္မရွင္က ေၾကညာၿပီဆိုေတာ့မွ ဘယ္ေတာ့မွာ မဲဆြယ္စည္း႐ုံးေရး ကာလေပးမယ္။ ဘယ္ေတာ့မွာ ေ႐ြးေကာက္ပြဲက်င္းပမယ္၊ အဲဒီေတာ့မွ ကိုယ္စားလွယ္ေလာင္းေတြရဲ႕ အမည္စာရင္းကို တင္သြင္းရမယ္။ ဘယ္ၿမိဳ႕နယ္က ဘယ္ကိုယ္စားလွယ္ေလာင္း၊ ျပည္ေထာင္စုလား တိုင္းေဒသႀကီးလား ဒီလိုေတြ ကြၽန္ေတာ္တို႔က တင္ျပရမွာကိုး။ ဥပေဒနဲ႔ အညီ မေၾကညာမခ်င္းကေတာ့ ကိုယ္စားလွယ္ေလာင္း ဘယ္သူဆိုတာကိုေတာ့ ကြၽန္ေတာ္တို႔က ေျပာလို႔မရဘူး။ တင္လို႔လည္း မရေသး ဘူးေပါ့ေနာ္။ သို႔ေသာ္လည္းပဲ ႀကိဳတင္ျပင္ဆင္မႈ လုပ္ငန္းေတြကေတာ့ ကြၽန္ေတာ္တို႔ လုပ္ထားၿပီး ပါၿပီ။ ၿမိဳ႕နယ္ အလိုက္ေတာ့။”

USDP က ကိုယ္စားလွယ္ေလာင္းေတြကို ေဒသခံေတြ လက္ခံသူ၊ ကိုယ္တိုင္က ကိုယ္စားလွယ္ ျဖစ္ခ်င္တဲ့ဆႏၵရွိသူ၊ ဥပေဒျပဳေရးနဲ႔ အစိုးရကို ထိန္းေၾကာင္းႏိုင္ေရးအတြက္ အရည္အခ်င္း ရွိသူေတြကို ေ႐ြးခ်ယ္ထားတယ္လို႔ ဆိုပါတယ္။

အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ NLD ပါတီကေတာ့ ဇြန္လမွာ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္မႈကို အၿပီး ေဆာင္႐ြက္မယ္လို႔ လ်ာထား ခဲ့ေပမယ့္ ကို႐ိုနာဗိုင္းရပ္ ျပန႔္ပြားမႈေၾကာင့္ မေ႐ြးခ်ယ္ႏိုင္ေသးဘူးလို႔ ပါတီရဲ႕ ဗဟိုျပန္ၾကား ေရးေကာ္မတီ၊ အဖြဲ႕ဝင္ မုံ႐ြာေအာင္ရွင္က ေျပာပါတယ္။

“ကိုဗစ္မျဖစ္ခင္တုန္းကေတာ့ ေျပာၾကတာက ဇြန္လမွာ အၿပီးသတ္လ်ာထားမယ္လို႔ ေျပာထားတာ။ အခုေတာ့ ဒီကိုဗစ္ -၁၉ ျပႆနာက ျဖစ္လာေတာ့ေလ ႐ုံးေတြေကာပိတ္ ဆိုေတာ့ေလ တို႔ထင္တာေတာ့ ဒါကို မလုပ္ႏိုင္ေသးဘူးလို႔ ထင္တယ္။ ”

၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာေတာ့ NLD ပါတီရဲ႕ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္မႈေတြကို ဗဟိုကသာ အဓိက ေဆာင္႐ြက္ခဲ့တဲ့အေပၚ  ေဝဖန္မႈေတြ၊ ကန႔္ကြက္မႈေတြ ရွိခဲ့ပါတယ္။

၂၀၂၀ မွာ ၿမိဳ႕မိၿမိဳ႕ဖေတြက ေထာက္ခံသူေတြကို ေ႐ြးခ်ယ္မယ္လို႔ NLD ပါတီရဲ႕ ဗဟို အလုပ္အမႈေဆာင္ ေကာ္မတီဝင္ တခ်ိဳ႕က ေျပာထားဖူးပါတယ္။   ဘယ္လိုအေျပာင္းအလဲေတြ ရွိလာမလဲ ဆိုတာကိုေတာ့ ပါတီက ထုတ္မေျပာေသးပါဘူး။

မဲဆႏၵနယ္မ်ားတဲ့ ရွမ္းျပည္နယ္လႊတ္ေတာ္မွာ ကိုယ္စားလွယ္ ၂၈ ေယာက္နဲ႔ ပါဝင္မႈ ဒုတိယ အမ်ားဆုံး ရထားသလို ျပည္ေထာင္စုလႊတ္ေတာ္မွာ ကိုယ္စားလွယ္ပါဝင္မႈ ႏွစ္ရာခိုင္ႏႈန္းေက်ာ္ ရထားတဲ့ ရွမ္းတိုင္းရင္းသားမ်ား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ SNLD ပါတီဟာလည္း ကိုယ္စားလွယ္ေလာင္းေတြ မေ႐ြးခ်ယ္ ရေသးဘူးလို႔ ပါတီရဲ႕ တြဲဖက္အတြင္းေရးမႉး ဦးစိုင္းလိတ္ က ေျပာပါတယ္။

“အခုအခ်ိန္အထိေတာ့ ဘာမွမစီစဥ္ရေသးဘူးခင္ဗ်။ ေ႐ြးေကာက္ပြဲကို ဘယ္ေန႔ ဘယ္ရက္မွာ လုပ္ပါမယ္ ဆိုတာကို တရားဝင္ေၾကညာခ်င္း မရွိဘဲနဲ႔ ကြၽန္ေတာ္တို႔ဘက္က စတင္ၿပီး စီစဥ္ဖို႔ဆိုတာလည္း အခက္အခဲ ျဖစ္တယ္ေလ။ Lockdown ခ်ထားတဲ့ၿမိဳ႕နယ္ေတြနဲ႔ ဟိုမသြားရ၊ ဒီမသြားရ ကန႔္သတ္ခ်က္ေတြနဲ႔ ဆိုေတာ့ ကြၽန္ေတာ္တို႔မွာ စလုပ္ဖို႔ ေတာ္ေတာ္ေလး ခက္ခဲပါတယ္ခင္ဗ်။”

SNLD ပါတီက လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းေတြဟာ ပါတီဝင္ျဖစ္ဖို႔၊ ျပည္သူက ႀကိဳက္ႏွစ္သက္သူ ျဖစ္ဖို႔လိုၿပီး ကိုယ္စားလွယ္ေလာင္းေတြရဲ႕ ၃၀ ရာခိုင္ႏႈန္းကို လူငယ္နဲ႔ အမ်ိဳးသမီးေတြကို ထည့္သြင္းဖို႔ မူခ်ထားပါတယ္။

ရခိုင္ျပည္နယ္မွာေတာ့ ေကာ္မရွင္က ေ႐ြးေကာက္ပြဲက်င္းပမယ္လို႔ ေၾကညာဖို႔သာ လိုအပ္ၿပီး က်င္းပျဖစ္မယ္ ဆိုရင္ ဝင္ေရာက္ယွဥ္ၿပိဳင္ဖို႔နဲ႔ ေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ဖို႔ အခက္အခဲမရွိဘူးလို႔ ရခိုင္အမ်ိဳးသားပါတီ ANP က ကိုယ္စားလွယ္ေတြက ေျပာပါတယ္။

“ရခိုင္မွာ ေ႐ြးေကာက္ပြဲကေတာ့ တပ္ရဲ႕ သေဘာထားပါပဲ။ ကြၽန္ေတာ္တို႔က ဘာမွျပင္ဆင္စရာ မလိုပါဘူး ခင္ဗ်ာ။ ေ႐ြးေကာက္ပြဲ လုပ္မယ္ဆိုရင္ ကြၽန္ေတာ္တို႔ ဝင္လိုက္႐ုံပဲ။ ျဖစ္ရင္ႏိုင္ၿပီးသား အဲဒါကို NLD က သိၿပီးသား။ ကြၽန္ေတာ္တို႔ ၿမိဳ႕မွာဆို NLD ဆိုင္းဘုတ္ေတာင္ မရွိေတာ့ဘူး။”

ေျမာက္ဦးၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဦးလွေစာ ေျပာသြားတာပါ။

ANP ပါတီက ကိုယ္စားလွယ္ တခ်ိဳ႕ ေျပာၾကားခ်က္အရ ေ႐ြးေကာက္ပြဲ က်င္းပျဖစ္မယ္ဆိုရင္ ANP အေနနဲ႔ လက္ရွိ ကိုယ္စားလွယ္ေတြပဲ ျပန္လည္ ယွဥ္ၿပိဳင္ၾကဖို႔ မ်ားတယ္လို႔ ဆိုပါတယ္။

၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ ANP ဟာ ျပည္နယ္လႊတ္ေတာ္မွာ ကိုယ္စားလွယ္ ၂၂ ေနရာနဲ႔ အမ်ားဆုံး ေ႐ြးေကာက္ခံခဲ့ရၿပီး ျပည္ေထာင္စု လႊတ္ေတာ္မွာေတာ့ ကိုယ္စားလွယ္ သုံးရာခိုင္ႏႈန္းေက်ာ္ ပါဝင္ခြင့္ ရထားပါတယ္။

ပါတီ အသစ္ျဖစ္ၿပီး လာမယ့္ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာမွ ဦးစြာ ဝင္ေရာက္ယွဥ္ၿပိဳင္ရမယ့္ ျပည္သူ႔ပါတီ ကလည္း လက္ရွိ ကပ္ေရာဂါ အေျခအေနအရ ကိုယ္စားလွယ္ေလာင္းေတြကို မေ႐ြးခ်ယ္ႏိုင္ေသးဘူးလို႔ ပါတီရဲ႕ ဒုတိယဥကၠ႒ ဦးမင္းေဇယ်ာ ကေျပာပါတယ္။

ကိုယ္စားလွယ္ေလာင္းေတြအတြက္ အေျခခံက်တဲ့ သတ္မွတ္ခ်က္မူေတြ ခ်မွတ္ထားတယ္လို႔ ျပည္သူ႔ပါတီ ဥကၠ႒ ဦးကိုကိုႀကီးက ေျပာပါတယ္။

“ကြၽန္ေတာ္တို႔ အယူအဆကေတာ့ ဒီၿမိဳ႕နယ္ကို ကိုယ္စားျပဳမယ့္ ကိုယ္စားလွယ္ေလာင္းက ဒီၿမိဳ႕နယ္ က လက္ခံတဲ့သူ ျဖစ္ရမယ္။ ေနာက္တစ္ခုကေတာ့ အဲဒီကိုယ္စားလွယ္ရဲ႕ ျဖတ္သန္းမႈနဲ႔ သူရဲ႕ အရည္အခ်င္းေပါ့။ သူရဲ႕ ဂုဏ္သတင္း၊ သူရဲ႕ ကြၽမ္းက်င္မႈဆိုင္ရာ အရည္အခ်င္း အဲဒါေတြကေတာ့ ကိုယ္စားလွယ္ေလာင္း ေ႐ြးခ်ယ္ဖို႔ အတြက္ အေျခခံက်တဲ့ မူေတြျဖစ္ပါတယ္။”

၂၀၁၅ ေ႐ြးေကာက္ပြဲကို ႏိုဝင္ဘာ ၈ ရက္ေန႔မွာ က်င္းပခဲ့ၿပီး ကိုယ္စားလွယ္ေလာင္းအမည္ စာရင္းကိုဇူလိုင္ ၂ဝ မွာ စၿပီး တင္သြင္းခြင့္ရခဲ့ၾကပါတယ္။

ကိုယ္စားလွယ္ေလာင္းေ႐ြးခ်ယ္မႈေတြကို ပါတီေတြက ႏွစ္နဲ႔ခ်ီ ႀကိဳတင္ျပင္ဆင္ထားသင့္တယ္လို႔ ေ႐ြးေကာက္ပြဲ ျပည္သူ႔လႈပ္ရွားမႈအဖြဲ႕ PACE ရဲ႕ အမႈေဆာင္ဒါ႐ိုက္တာ စိုင္းရဲေက်ာ္စြာျမင့္ က သူ႔အျမင္ ေျပာပါတယ္။

“ဒါကေတာ့ အၿမဲတမ္းလုပ္ေနရမယ့္ ကိစၥပါပဲ။ ပါတီေတြအတြက္ကေတာ့ ဒါမ်ိဳးေတြက ႏွစ္နဲ႔ ခ်ီၿပီးေတာ့ ေတာင္မွ ႀကိဳၿပီးလုပ္ထားရမယ့္ ကိစၥ။ ဒါေပမဲ့ အေရးႀကီးတဲ့ ကိစၥကေတာ့ ပါတီနဲ႔ ေ႐ြးေကာက္ပြဲ ေကာ္မရွင္နဲ႔ စၿပီး စကားေျပာဖို႔ ေကာင္းၿပီ။ ပိုအေရးႀကီးတာက ကြၽန္ေတာ့္ အေနနဲ႔ ျမင္တာက သူတို႔မဲဆြယ္စည္း႐ုံးေရးကို ဘယ္လို လုပ္လို႔ရမလဲေပါ့။ ပါတီတိုင္းကေနၿပီးေတာ့မွ။”

ၿပီးခဲ့တဲ့ ၂၀၁၅ အေထြေထြေ႐ြးေကာက္ပြဲမွာ ေတာင္ၿပိဳကမ္းၿပိဳႏိုင္ခဲ့တဲ့ NLD ပါတီရဲ႕ ေ႐ြးေကာက္ပြဲ ေဆာင္ပုဒ္အရ လူကိုမၾကည့္ဘဲ မူကိုၾကည့္ၿပီး မဲေပးပါဆိုတာေၾကာင့္ လက္ရွိမွာေတာ့ လူထုဟာ ကိုယ့္ၿမိဳ႕နယ္က လႊတ္ေတာ္ ကိုယ္စားလွယ္ ဘယ္သူဆိုတာ မသိတဲ့ အေျခအေနေတြ အမ်ားအျပား ရွိေနပါတယ္။

မိမိၿမိဳ႕နယ္က ကိုယ္စားလွယ္ကို ေဒသခံျပည္သူအမ်ားစု မသိတာဟာ ကိုယ္စားလွယ္ရဲ႕ တာဝန္ေက်ပြန္မႈ အေပၚမွာ ေမးခြန္းထုတ္စရာျဖစ္ေနၿပီး ႏိုင္ငံဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ လႊတ္ေတာ္တြင္းမွာ အရည္အေသြး ျပည့္မွီတဲ့ ကိုယ္စားလွယ္ေတြ ပါဝင္ေရးဟာလည္း အဓိက က်ေနေၾကာင္း တင္ျပလိုက္ရပါတယ္။

ေဝမာထြန္း / RFA Burmese
----------------------------------

(Unicode)⤵⤵⤵
ပါတီများ အမတ်လောင်းရွေးချယ်တဲ့ လုပ်ငန်းစဉ် အစမပြုနိုင်သေး

ကပ်ရောဂါကာလအတောအတွင်း ကျင်းပမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ပါတီအသီးသီးက  ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ ပြင်ဆင်ရမယ့် အချိန်ဖြစ်နေပေမယ့် လတ်တလောမှာတော့ ပါတီ အတော်များများ ကိုယ်စားလှယ်လောင်းတွေ မရွေးချယ်နိုင်သေးပါဘူး။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က လာမယ့် နိုဝင်ဘာလထဲမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ချေ ရှိတယ်လို့ ပြောထားသလို ဒုတိယအကြိမ် လွှတ်တော်သက်တမ်းမကုန်ခင် ကျင်းပရမှာဖြစ်လို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ မကုန်ခင် အထွေထွေရွေးကောက်ပွဲ ရှိလာမယ်လို့ နိုင်ငံရေးပါတီတွေက တွက်ဆထားပါတယ်။

ဘယ်အချိန်မှာ ကျင်းပမယ်ဆိုတာ မရေရာသေးပေမယ့် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ဒီကာလမှာ  ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့ လုပ်ငန်းစဉ်တွေ စရတော့မှာပါ။ ပါတီပေါင်း ၉ဝ ကျော်ရှိတဲ့ အထဲမှာ ပါတီတွင်း ကိုယ်စားလှယ်လောင်း ရွေးချယ်ထားပြီးဖြစ်တဲ့ ပါတီတွေရှိသလို  ကိုယ်စားလှယ်လောင်း ရွေးချယ်ရေး လုပ်ငန်းတွေကို မဆောင်ရွက်ရသေးတဲ့ ပါတီတွေလည်း ရှိနေပါတယ်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲ ကျင်းပမယ့် ရက်နဲ့ လုပ်ငန်းစဉ် အဆင့်ဆင့်ကို ကော်မရှင်က မကြေညာသေးရင်လည်း ပါတီတွေ၊ အဖွဲ့အစည်းတွေ၊ ဌာနဆိုင်ရာတွေက မိမိတို့ ဆောင်ရွက်စရာ ရှိတာတွေကို လုပ်ဆောင်ထားဖို့ တိုက်တွန်းထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်က ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းဖို့ ကြေညာချိန်မှာ အဆင်သင့် ဖြစ်အောင် မြို့နယ်အလိုက် ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေကို ပါတီတွင်း ပြင်ဆင်ထားပြီး ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ USDP ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါတယ်။

“ရွေးကောက်ပွဲလုပ်မယ်လို့ ကော်မရှင်က ကြေညာပြီဆိုတော့မှ ဘယ်တော့မှာ မဲဆွယ်စည်းရုံးရေး ကာလပေးမယ်။ ဘယ်တော့မှာ ရွေးကောက်ပွဲကျင်းပမယ်၊ အဲဒီတော့မှ ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကို တင်သွင်းရမယ်။ ဘယ်မြို့နယ်က ဘယ်ကိုယ်စားလှယ်လောင်း၊ ပြည်ထောင်စုလား တိုင်းဒေသကြီးလား ဒီလိုတွေ ကျွန်တော်တို့က တင်ပြရမှာကိုး။ ဥပဒေနဲ့ အညီ မကြေညာမချင်းကတော့ ကိုယ်စားလှယ်လောင်း ဘယ်သူဆိုတာကိုတော့ ကျွန်တော်တို့က ပြောလို့မရဘူး။ တင်လို့လည်း မရသေး ဘူးပေါ့နော်။ သို့သော်လည်းပဲ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းတွေကတော့ ကျွန်တော်တို့ လုပ်ထားပြီး ပါပြီ။ မြို့နယ် အလိုက်တော့။”

USDP က ကိုယ်စားလှယ်လောင်းတွေကို ဒေသခံတွေ လက်ခံသူ၊ ကိုယ်တိုင်က ကိုယ်စားလှယ် ဖြစ်ချင်တဲ့ဆန္ဒရှိသူ၊ ဥပဒေပြုရေးနဲ့ အစိုးရကို ထိန်းကြောင်းနိုင်ရေးအတွက် အရည်အချင်း ရှိသူတွေကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကတော့ ဇွန်လမှာ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုကို အပြီး ဆောင်ရွက်မယ်လို့ လျာထား ခဲ့ပေမယ့် ကိုရိုနာဗိုင်းရပ် ပြန့်ပွားမှုကြောင့် မရွေးချယ်နိုင်သေးဘူးလို့ ပါတီရဲ့ ဗဟိုပြန်ကြား ရေးကော်မတီ၊ အဖွဲ့ဝင် မုံရွာအောင်ရှင်က ပြောပါတယ်။

“ကိုဗစ်မဖြစ်ခင်တုန်းကတော့ ပြောကြတာက ဇွန်လမှာ အပြီးသတ်လျာထားမယ်လို့ ပြောထားတာ။ အခုတော့ ဒီကိုဗစ် -၁၉ ပြဿနာက ဖြစ်လာတော့လေ ရုံးတွေကောပိတ် ဆိုတော့လေ တို့ထင်တာတော့ ဒါကို မလုပ်နိုင်သေးဘူးလို့ ထင်တယ်။ ”

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာတော့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်း ရွေးချယ်မှုတွေကို ဗဟိုကသာ အဓိက ဆောင်ရွက်ခဲ့တဲ့အပေါ်  ဝေဖန်မှုတွေ၊ ကန့်ကွက်မှုတွေ ရှိခဲ့ပါတယ်။

၂၀၂၀ မှာ မြို့မိမြို့ဖတွေက ထောက်ခံသူတွေကို ရွေးချယ်မယ်လို့ NLD ပါတီရဲ့ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် တချို့က ပြောထားဖူးပါတယ်။   ဘယ်လိုအပြောင်းအလဲတွေ ရှိလာမလဲ ဆိုတာကိုတော့ ပါတီက ထုတ်မပြောသေးပါဘူး။

မဲဆန္ဒနယ်များတဲ့ ရှမ်းပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၈ ယောက်နဲ့ ပါဝင်မှု ဒုတိယ အများဆုံး ရထားသလို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ်ပါဝင်မှု နှစ်ရာခိုင်နှုန်းကျော် ရထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီဟာလည်း ကိုယ်စားလှယ်လောင်းတွေ မရွေးချယ် ရသေးဘူးလို့ ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ် က ပြောပါတယ်။

“အခုအချိန်အထိတော့ ဘာမှမစီစဉ်ရသေးဘူးခင်ဗျ။ ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်ရက်မှာ လုပ်ပါမယ် ဆိုတာကို တရားဝင်ကြေညာချင်း မရှိဘဲနဲ့ ကျွန်တော်တို့ဘက်က စတင်ပြီး စီစဉ်ဖို့ဆိုတာလည်း အခက်အခဲ ဖြစ်တယ်လေ။ Lockdown ချထားတဲ့မြို့နယ်တွေနဲ့ ဟိုမသွားရ၊ ဒီမသွားရ ကန့်သတ်ချက်တွေနဲ့ ဆိုတော့ ကျွန်တော်တို့မှာ စလုပ်ဖို့ တော်တော်လေး ခက်ခဲပါတယ်ခင်ဗျ။”

SNLD ပါတီက လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဟာ ပါတီဝင်ဖြစ်ဖို့၊ ပြည်သူက ကြိုက်နှစ်သက်သူ ဖြစ်ဖို့လိုပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ၃၀ ရာခိုင်နှုန်းကို လူငယ်နဲ့ အမျိုးသမီးတွေကို ထည့်သွင်းဖို့ မူချထားပါတယ်။

ရခိုင်ပြည်နယ်မှာတော့ ကော်မရှင်က ရွေးကောက်ပွဲကျင်းပမယ်လို့ ကြေညာဖို့သာ လိုအပ်ပြီး ကျင်းပဖြစ်မယ် ဆိုရင် ဝင်ရောက်ယှဉ်ပြိုင်ဖို့နဲ့ ရွေးကောက်ပွဲ အောင်နိုင်ဖို့ အခက်အခဲမရှိဘူးလို့ ရခိုင်အမျိုးသားပါတီ ANP က ကိုယ်စားလှယ်တွေက ပြောပါတယ်။

“ရခိုင်မှာ ရွေးကောက်ပွဲကတော့ တပ်ရဲ့ သဘောထားပါပဲ။ ကျွန်တော်တို့က ဘာမှပြင်ဆင်စရာ မလိုပါဘူး ခင်ဗျာ။ ရွေးကောက်ပွဲ လုပ်မယ်ဆိုရင် ကျွန်တော်တို့ ဝင်လိုက်ရုံပဲ။ ဖြစ်ရင်နိုင်ပြီးသား အဲဒါကို NLD က သိပြီးသား။ ကျွန်တော်တို့ မြို့မှာဆို NLD ဆိုင်းဘုတ်တောင် မရှိတော့ဘူး။”

မြောက်ဦးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးလှစော ပြောသွားတာပါ။

ANP ပါတီက ကိုယ်စားလှယ် တချို့ ပြောကြားချက်အရ ရွေးကောက်ပွဲ ကျင်းပဖြစ်မယ်ဆိုရင် ANP အနေနဲ့ လက်ရှိ ကိုယ်စားလှယ်တွေပဲ ပြန်လည် ယှဉ်ပြိုင်ကြဖို့ များတယ်လို့ ဆိုပါတယ်။

၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ANP ဟာ ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် ၂၂ နေရာနဲ့ အများဆုံး ရွေးကောက်ခံခဲ့ရပြီး ပြည်ထောင်စု လွှတ်တော်မှာတော့ ကိုယ်စားလှယ် သုံးရာခိုင်နှုန်းကျော် ပါဝင်ခွင့် ရထားပါတယ်။

ပါတီ အသစ်ဖြစ်ပြီး လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာမှ ဦးစွာ ဝင်ရောက်ယှဉ်ပြိုင်ရမယ့် ပြည်သူ့ပါတီ ကလည်း လက်ရှိ ကပ်ရောဂါ အခြေအနေအရ ကိုယ်စားလှယ်လောင်းတွေကို မရွေးချယ်နိုင်သေးဘူးလို့ ပါတီရဲ့ ဒုတိယဥက္ကဋ္ဌ ဦးမင်းဇေယျာ ကပြောပါတယ်။

ကိုယ်စားလှယ်လောင်းတွေအတွက် အခြေခံကျတဲ့ သတ်မှတ်ချက်မူတွေ ချမှတ်ထားတယ်လို့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးက ပြောပါတယ်။

“ကျွန်တော်တို့ အယူအဆကတော့ ဒီမြို့နယ်ကို ကိုယ်စားပြုမယ့် ကိုယ်စားလှယ်လောင်းက ဒီမြို့နယ် က လက်ခံတဲ့သူ ဖြစ်ရမယ်။ နောက်တစ်ခုကတော့ အဲဒီကိုယ်စားလှယ်ရဲ့ ဖြတ်သန်းမှုနဲ့ သူရဲ့ အရည်အချင်းပေါ့။ သူရဲ့ ဂုဏ်သတင်း၊ သူရဲ့ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်း အဲဒါတွေကတော့ ကိုယ်စားလှယ်လောင်း ရွေးချယ်ဖို့ အတွက် အခြေခံကျတဲ့ မူတွေဖြစ်ပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲကို နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့ပြီး ကိုယ်စားလှယ်လောင်းအမည် စာရင်းကိုဇူလိုင် ၂ဝ မှာ စပြီး တင်သွင်းခွင့်ရခဲ့ကြပါတယ်။

ကိုယ်စားလှယ်လောင်းရွေးချယ်မှုတွေကို ပါတီတွေက နှစ်နဲ့ချီ ကြိုတင်ပြင်ဆင်ထားသင့်တယ်လို့ ရွေးကောက်ပွဲ ပြည်သူ့လှုပ်ရှားမှုအဖွဲ့ PACE ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့် က သူ့အမြင် ပြောပါတယ်။

“ဒါကတော့ အမြဲတမ်းလုပ်နေရမယ့် ကိစ္စပါပဲ။ ပါတီတွေအတွက်ကတော့ ဒါမျိုးတွေက နှစ်နဲ့ ချီပြီးတော့ တောင်မှ ကြိုပြီးလုပ်ထားရမယ့် ကိစ္စ။ ဒါပေမဲ့ အရေးကြီးတဲ့ ကိစ္စကတော့ ပါတီနဲ့ ရွေးကောက်ပွဲ ကော်မရှင်နဲ့ စပြီး စကားပြောဖို့ ကောင်းပြီ။ ပိုအရေးကြီးတာက ကျွန်တော့် အနေနဲ့ မြင်တာက သူတို့မဲဆွယ်စည်းရုံးရေးကို ဘယ်လို လုပ်လို့ရမလဲပေါ့။ ပါတီတိုင်းကနေပြီးတော့မှ။”

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD ပါတီရဲ့ ရွေးကောက်ပွဲ ဆောင်ပုဒ်အရ လူကိုမကြည့်ဘဲ မူကိုကြည့်ပြီး မဲပေးပါဆိုတာကြောင့် လက်ရှိမှာတော့ လူထုဟာ ကိုယ့်မြို့နယ်က လွှတ်တော် ကိုယ်စားလှယ် ဘယ်သူဆိုတာ မသိတဲ့ အခြေအနေတွေ အများအပြား ရှိနေပါတယ်။

မိမိမြို့နယ်က ကိုယ်စားလှယ်ကို ဒေသခံပြည်သူအများစု မသိတာဟာ ကိုယ်စားလှယ်ရဲ့ တာဝန်ကျေပွန်မှု အပေါ်မှာ မေးခွန်းထုတ်စရာဖြစ်နေပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် လွှတ်တော်တွင်းမှာ အရည်အသွေး ပြည့်မှီတဲ့ ကိုယ်စားလှယ်တွေ ပါဝင်ရေးဟာလည်း အဓိက ကျနေကြောင်း တင်ပြလိုက်ရပါတယ်။

ဝေမာထွန်း / RFA Burmese
https://www.rfa.org/burmese/news/Parties-have-yet-to-begin-selecting-candidates-process-05152020082912.html
ပါတီမ်ား အမတ္ေလာင္းေ႐ြးခ်ယ္တဲ့ လုပ္ငန္းစဥ္ အစမျပဳႏိုင္ေသး ပါတီမ်ား အမတ္ေလာင္းေ႐ြးခ်ယ္တဲ့ လုပ္ငန္းစဥ္ အစမျပဳႏိုင္ေသး Reviewed by THITHTOOLWIN on 21:34 Rating: 5
Powered by Blogger.