အသက္ရႉစက္ေပၚက ကိုဗစ္လူနာငါးဦး ႐ုရွားေဆး႐ုံမီးေလာင္မႈမွာ ေသဆုံး

မီးေလာင္မႈက ေျခာက္ထပ္မွာ ျဖစ္ခဲ့
(Zawgyi)⤵⤵⤵
႐ုရွားႏိုင္ငံ စိန္႔ပီတာစဘာ့ဂ္ၿမိဳ႕က ေဆး႐ုံတစ္႐ုံမွာ ေမလ ၁၂ ရက္ အဂၤါေန႔မွာ မီးေလာင္ခဲ့လို႔ အထူးၾကပ္မတ္ကုသေဆာင္က ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံ လူနာ ငါးဦး ေသဆုံးသြားပါတယ္။

ဒီမီးေလာင္မႈဟာ အသက္ရႉစက္တစ္ခုမွာ လွ်ပ္စစ္ေရွာ့ခ္ ျဖစ္ခဲ့ရာက စေလာင္ခဲ့ဖြယ္ ရွိတယ္လို႔ ႐ုရွား သတင္းေအဂ်င္စီေတြက ေျပာပါတယ္။

အခု ေသဆုံးခဲ့တဲ့ လူနာ ငါးဦးစလုံးဟာ အသက္ရႉစက္ေပၚေတြ တင္ထားတဲ့ လူနာေတြ ျဖစ္ပါတယ္။

မီးေလာင္မႈကို လ်င္လ်င္ျမန္ျမန္ ျငႇိမ္းသတ္ခဲ့ၿပီး လူ ၁၅၀ ကို ေဆး႐ုံကေန ကယ္ထုတ္ခဲ့တယ္လို႔ ႐ုရွား အေရးေပၚ ကယ္ဆယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။

လူနာဘယ္ေလာက္ ထိခိုက္ဒဏ္ရာရသြားတယ္ဆိုတာေတာ့ မသိရေသးပါဘူး။

အသက္ရႉစက္ေတြ အျပည့္အလုပ္လုပ္ေနၾကေတာ့ မီးအား အဆြဲလြန္ၿပီး မီးေလာင္မႈ ျဖစ္ခဲ့တယ္လို႔ ကနဦး စစ္ေဆးမႈေတြမွာ ေတြ႕ရတယ္လို႔ ႐ုရွားက သတင္းေတြအရ သိရပါတယ္။
မီးေလာင္မႈေၾကာင့္ ပ်က္စီးသြားတဲ့ ျပတင္းေပါက္ေတြ
မီးေလာင္မႈက ေျခာက္ထပ္မွာရွိတဲ့ ကိုဗစ္-၁၉ လူနာေဆာင္ အေသးတစ္ခုမွာပဲ ျဖစ္ခဲ့ၿပီး အဲဒီကေန တျခားေနရာကို ဆက္မကူးခဲ့ဘူးလို႔ ႐ုရွား NTV သတင္းဝက္ဘ္ဆိုက္က ေျပာပါတယ္။

အသက္ရႉစက္မွာ ေရွာ့ခ္ျဖစ္ခဲ့ရာက ေအာက္ဆီဂ်င္ ဖိအားျဖစ္ၿပီး စက္ေပါက္ကြဲခဲ့တယ္လို႔ ဆရာဝန္ေတြကို ကိုးကားၿပီး အဲဒီသတင္းက ဆိုပါတယ္။

အဲဒီေနာက္ အေဆာင္ထဲမွာ မီးခိုးေတြ ျပည့္သြားၿပီး လူနာေတြ အသက္ရႉၾကပ္ကုန္တယ္လို႔ ဆိုပါတယ္။

လူ ငါးသန္းနီးပါးရွိတဲ့ စိန္႔ပီတာစဘာ့ဂ္မွာ ကိုဗစ္ လူနာေတြအတြက္ ကုတင္ ငါးေထာင့္ေလးရာေက်ာ္ရွိပါတယ္။

ဒီမီးေလာင္မႈကို အစိုးရ စုံစမ္းစစ္ေဆးေရးအဖြဲ႕က အမႈဖြင့္ စစ္ေဆးေနပါတယ္။

ဒီအမႈက ရာဇဝတ္မႈေျမာက္တဲ့ ေပါ့ေလ်ာ့မႈလား၊ စက္ရဲ႕ ဒီဇိုင္းမွားယြင္းမႈလားနဲ႔ ေဆး႐ုံရဲ႕ အေရးေပၚမီးသတိေပးစနစ္ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္လား စတာေတြကို စစ္ေဆးမွာ ျဖစ္ပါတယ္။

စိန္႔ပီတာစဘာ့ဂ္ၿမိဳ႕ဟာ ႐ုရွားမွာ ကူးစက္မႈ တတိယ အမ်ားဆုံးၿမိဳ႕ျဖစ္ပါတယ္။ လူ ၇၇၀၀ ကို ကူးစက္ထားၿပီး ေသဆုံးသူ ၅၆ ေယာက္ ရွိပါတယ္။

ဗီးေဘာ့ဂ္ခ႐ိုင္က စိန္႔ေဂ်ာ့ခ်္ေဆး႐ုံကို မတ္လတုန္းက ကိုဗစ္လူနာေတြကုသတဲ့ ေဆး႐ုံအျဖစ္ ေျပာင္းဖြင့္ခဲ့တာပါ။

ဒီေဆး႐ုံမီးေလာင္မႈကို မီးသတ္သမား ၁၀၅ ေယာက္၊ မီးသတ္ကား ၅၅ စီးနဲ႔ ျငႇိမ္းခဲ့ပါတယ္။

ႏိုင္ငံအတြင္း ကန္႔သတ္ပိတ္ဆို႔ထားတာေတြ စေျဖေလွ်ာ့ခ်ိန္မွာ ဒီမီးေလာင္မႈ ျဖစ္ခဲ့တာပါ။

ေဆာက္လုပ္ေရးလုပ္ငန္းေတြ၊ လယ္ယာစိုက္ပ်ိဳးေရးနဲ႔ စက္႐ုံအလုပ္႐ုံေတြ လုပ္ငန္းေတြ ျပန္စေနၾကပါၿပီ။

အခုလက္ရွိ ႐ုရွဟာ ကမာၻမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္မႈ တတိယ အမ်ားဆုံးႏိုင္ငံ ျဖစ္ပါတယ္။

တနလၤာေန႔တုန္းက ကူးစက္မႈ ၁၁,၆၅၆ အထိ စံခ်ိန္တင္ ေတြ႕ရွိခဲ့ၿပီး တစ္ႏိုင္ငံလုံး ကူးစက္သူ ၂၂၁,၃၄၄ ရွိလာပါၿပီ။

အဲဒါေၾကာင့္ အခုဆိုရင္ ရွရွားဟာ အီတလီနဲ ယူေကတို႔ထက္ ကူးစက္သူ ပိုမ်ားသြားခဲ့ပါၿပီ။ အေမရိကန္နဲ႔ စပိန္တို႔က ကူးစက္မႈ အမ်ားဆုံး အဆင့္ တစ္နဲ႔ ႏွစ္ ေနရာမွာ ရွိေနပါတယ္။

BBC Burmese
------------------------------
(Unicode)⤵⤵⤵
အသက်ရှူစက်ပေါ်က ကိုဗစ်လူနာငါးဦး ရုရှားဆေးရုံမီးလောင်မှုမှာ သေဆုံး

ရုရှားနိုင်ငံ စိန့်ပီတာစဘာ့ဂ်မြို့က ဆေးရုံတစ်ရုံမှာ မေလ ၁၂ ရက် အင်္ဂါနေ့မှာ မီးလောင်ခဲ့လို့ အထူးကြပ်မတ်ကုသဆောင်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ လူနာ ငါးဦး သေဆုံးသွားပါတယ်။

ဒီမီးလောင်မှုဟာ အသက်ရှူစက်တစ်ခုမှာ လျှပ်စစ်ရှော့ခ် ဖြစ်ခဲ့ရာက စလောင်ခဲ့ဖွယ် ရှိတယ်လို့ ရုရှား သတင်းအေဂျင်စီတွေက ပြောပါတယ်။

အခု သေဆုံးခဲ့တဲ့ လူနာ ငါးဦးစလုံးဟာ အသက်ရှူစက်ပေါ်တွေ တင်ထားတဲ့ လူနာတွေ ဖြစ်ပါတယ်။

မီးလောင်မှုကို လျင်လျင်မြန်မြန် ငြှိမ်းသတ်ခဲ့ပြီး လူ ၁၅၀ ကို ဆေးရုံကနေ ကယ်ထုတ်ခဲ့တယ်လို့ ရုရှား အရေးပေါ် ကယ်ဆယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

လူနာဘယ်လောက် ထိခိုက်ဒဏ်ရာရသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

အသက်ရှူစက်တွေ အပြည့်အလုပ်လုပ်နေကြတော့ မီးအား အဆွဲလွန်ပြီး မီးလောင်မှု ဖြစ်ခဲ့တယ်လို့ ကနဦး စစ်ဆေးမှုတွေမှာ တွေ့ရတယ်လို့ ရုရှားက သတင်းတွေအရ သိရပါတယ်။

မီးလောင်မှုက ခြောက်ထပ်မှာရှိတဲ့ ကိုဗစ်-၁၉ လူနာဆောင် အသေးတစ်ခုမှာပဲ ဖြစ်ခဲ့ပြီး အဲဒီကနေ တခြားနေရာကို ဆက်မကူးခဲ့ဘူးလို့ ရုရှား NTV သတင်းဝက်ဘ်ဆိုက်က ပြောပါတယ်။

အသက်ရှူစက်မှာ ရှော့ခ်ဖြစ်ခဲ့ရာက အောက်ဆီဂျင် ဖိအားဖြစ်ပြီး စက်ပေါက်ကွဲခဲ့တယ်လို့ ဆရာဝန်တွေကို ကိုးကားပြီး အဲဒီသတင်းက ဆိုပါတယ်။

အဲဒီနောက် အဆောင်ထဲမှာ မီးခိုးတွေ ပြည့်သွားပြီး လူနာတွေ အသက်ရှူကြပ်ကုန်တယ်လို့ ဆိုပါတယ်။

လူ ငါးသန်းနီးပါးရှိတဲ့ စိန့်ပီတာစဘာ့ဂ်မှာ ကိုဗစ် လူနာတွေအတွက် ကုတင် ငါးထောင့်လေးရာကျော်ရှိပါတယ်။

ဒီမီးလောင်မှုကို အစိုးရ စုံစမ်းစစ်ဆေးရေးအဖွဲ့က အမှုဖွင့် စစ်ဆေးနေပါတယ်။

ဒီအမှုက ရာဇဝတ်မှုမြောက်တဲ့ ပေါ့လျော့မှုလား၊ စက်ရဲ့ ဒီဇိုင်းမှားယွင်းမှုလားနဲ့ ဆေးရုံရဲ့ အရေးပေါ်မီးသတိပေးစနစ် ချို့ယွင်းချက်ကြောင့်လား စတာတွေကို စစ်ဆေးမှာ ဖြစ်ပါတယ်။

စိန့်ပီတာစဘာ့ဂ်မြို့ဟာ ရုရှားမှာ ကူးစက်မှု တတိယ အများဆုံးမြို့ဖြစ်ပါတယ်။ လူ ၇၇၀၀ ကို ကူးစက်ထားပြီး သေဆုံးသူ ၅၆ ယောက် ရှိပါတယ်။

ဗီးဘော့ဂ်ခရိုင်က စိန့်ဂျော့ချ်ဆေးရုံကို မတ်လတုန်းက ကိုဗစ်လူနာတွေကုသတဲ့ ဆေးရုံအဖြစ် ပြောင်းဖွင့်ခဲ့တာပါ။

ဒီဆေးရုံမီးလောင်မှုကို မီးသတ်သမား ၁၀၅ ယောက်၊ မီးသတ်ကား ၅၅ စီးနဲ့ ငြှိမ်းခဲ့ပါတယ်။

နိုင်ငံအတွင်း ကန့်သတ်ပိတ်ဆို့ထားတာတွေ စဖြေလျှော့ချိန်မှာ ဒီမီးလောင်မှု ဖြစ်ခဲ့တာပါ။

ဆောက်လုပ်ရေးလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ စက်ရုံအလုပ်ရုံတွေ လုပ်ငန်းတွေ ပြန်စနေကြပါပြီ။

အခုလက်ရှိ ရုရှဟာ ကမ္ဘာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု တတိယ အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

တနင်္လာနေ့တုန်းက ကူးစက်မှု ၁၁,၆၅၆ အထိ စံချိန်တင် တွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး ကူးစက်သူ ၂၂၁,၃၄၄ ရှိလာပါပြီ။

အဲဒါကြောင့် အခုဆိုရင် ရှရှားဟာ အီတလီနဲ ယူကေတို့ထက် ကူးစက်သူ ပိုများသွားခဲ့ပါပြီ။ အမေရိကန်နဲ့ စပိန်တို့က ကူးစက်မှု အများဆုံး အဆင့် တစ်နဲ့ နှစ် နေရာမှာ ရှိနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52631971
အသက္ရႉစက္ေပၚက ကိုဗစ္လူနာငါးဦး ႐ုရွားေဆး႐ုံမီးေလာင္မႈမွာ ေသဆုံး အသက္ရႉစက္ေပၚက ကိုဗစ္လူနာငါးဦး ႐ုရွားေဆး႐ုံမီးေလာင္မႈမွာ ေသဆုံး Reviewed by THITHTOOLWIN on 19:21 Rating: 5
Powered by Blogger.