အာဖဂန္မွာ အႀကီးတန္း IS စစ္ေသြးၾကြေခါင္းေဆာင္ ၃ ဦး ဖမ္းမိ

Laghman က isis စစ္ေသြးၾကြမ်ား
Zawgyi/Unicode

အာရွတိုက္ ေဒသတခ်ဳိ႕က အၾကမ္းဖက္အုပ္စုေတြရဲ႕ လႈပ္ရွားမႈကို ညႊန္ၾကားခုိင္းေစေနတဲ့ IS အႀကီးတန္း စစ္ေသြးၾကြေခါင္းေဆာင္ (၃)ဦးကို ဖမ္းဆီး ရမိထားတယ္လို႔ အာဖဂန္ ေထာက္လွမ္းေရးဌာနက တနလၤာေန႔မွာ ေၾကညာလိုက္ပါတယ္။

အဲဒီ (၃)ဦးထဲမွာ Abu Omar Khorasani လို႔ သိၾကတဲ့ အာဖဂန္ႏိုင္ငံသားတဦး ပါဝင္ၿပီး သူဟာ ေတာင္အာရွနဲ႔ အာရွအေရွ႕ဖ်ားေဒသကို တာဝန္ယူရသူ ျဖစ္တယ္ဆိုတာ ေဖၚထုတ္ ႏိုင္ခဲ့ေၾကာင္း NDS ေခၚ အာဖဂန္ အမ်ဳိးသား ေထာက္လွမ္းေရး အဖြဲ႕က ေျပာပါတယ္။ က်န္သူ ၂ ဦးကေတာ့ IS တပ္ဖြဲ႔ရဲ႕ ေတာင္အာရွဆိုင္ရာ ျပည္သူ႔ဆက္ဆံေရးနဲ႔ ေထာက္လွမ္းေရး အႀကီးအကဲေတြ ျဖစ္ပါတယ္။

မၾကာေသးခင္က ဖမ္းမိခဲ့တဲ့ IS တပ္ဖြဲ႔ဝင္ေတြရဲ႕ ထုတ္ေဖၚ ေျပာၾကားခ်က္အရ အၾကမ္းဖက္မႈ တိုက္ဖ်က္ေရးအဖြဲ႔က Kabul ၿမဳိ့ေတာ္ထဲက ေနရာတခ်ဳိ႕ကို ဝင္ေရာက္ စီးနင္းခဲ့ၿပီးေနာက္မွာ ဒီေခါင္းေဆာင္ ၃ ဦးကို အခုလို ဖမ္းမိခဲ့တာလို႔ အာဖဂန္ေထာက္လွမ္းေရးက ေျပာပါတယ္။

IS အတြက္ လွ်ဳိ႕ဝွက္လႈပ္ရွားေနတယ္လို႔ သံသယရွိသူေတြကို ေဖၚထုတ္ႏိုင္ဖို႔ NDS အဖြဲ႕ဟာ အာဖဂန္ၿမဳိ့ေတာ္ ကာဘူးမွာ ဝင္ေရာက္စီးနင္းရွာေဖြမႈ မၾကာခန လုပ္ေလ့ရွိပါတယ္။ အဲဒီလိုရွာ ေဖြမႈအတြင္း Abdullah Orakzai လို႔ လူသိၾကတဲ့ ေခါင္းေဆာင္တဦးကို သူ႔ေနာက္လုိက္ (၁၉)ဦးနဲ႔အတူ ၿပီးခဲ့တဲ့လက ဖမ္းမိခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
----------------------------------
[Unicode]
အာဖဂန်မှာ အကြီးတန်း IS စစ်သွေးကြွခေါင်းဆောင် ၃ ဦး ဖမ်းမိ

အာရှတိုက် ဒေသတချို့က အကြမ်းဖက်အုပ်စုတွေရဲ့ လှုပ်ရှားမှုကို ညွှန်ကြားခိုင်းစေနေတဲ့ IS အကြီးတန်း စစ်သွေးကြွခေါင်းဆောင် (၃)ဦးကို ဖမ်းဆီး ရမိထားတယ်လို့ အာဖဂန် ထောက်လှမ်းရေးဌာနက တနင်္လာနေ့မှာ ကြေညာလိုက်ပါတယ်။

အဲဒီ (၃)ဦးထဲမှာ Abu Omar Khorasani လို့ သိကြတဲ့ အာဖဂန်နိုင်ငံသားတဦး ပါဝင်ပြီး သူဟာ တောင်အာရှနဲ့ အာရှအရှေ့ဖျားဒေသကို တာဝန်ယူရသူ ဖြစ်တယ်ဆိုတာ ဖေါ်ထုတ် နိုင်ခဲ့ကြောင်း NDS ခေါ် အာဖဂန် အမျိုးသား ထောက်လှမ်းရေး အဖွဲ့က ပြောပါတယ်။ ကျန်သူ ၂ ဦးကတော့ IS တပ်ဖွဲ့ရဲ့ တောင်အာရှဆိုင်ရာ ပြည်သူ့ဆက်ဆံရေးနဲ့ ထောက်လှမ်းရေး အကြီးအကဲတွေ ဖြစ်ပါတယ်။

မကြာသေးခင်က ဖမ်းမိခဲ့တဲ့ IS တပ်ဖွဲ့ဝင်တွေရဲ့ ထုတ်ဖေါ် ပြောကြားချက်အရ အကြမ်းဖက်မှု တိုက်ဖျက်ရေးအဖွဲ့က Kabulမြို့တော်ထဲက နေရာတချို့ကို ဝင်ရောက် စီးနင်းခဲ့ပြီးနောက်မှာ ဒီခေါင်းဆောင် ၃ ဦးကို အခုလို ဖမ်းမိခဲ့တာလို့ အာဖဂန်ထောက်လှမ်းရေးက ပြောပါတယ်။

IS အတွက် လျှို့ဝှက်လှုပ်ရှားနေတယ်လို့ သံသယရှိသူတွေကို ဖေါ်ထုတ်နိုင်ဖို့ NDS အဖွဲ့ဟာ အာဖဂန်မြို့တော် ကာဘူးမှာ ဝင်ရောက်စီးနင်းရှာဖွေမှု မကြာခန လုပ်လေ့ရှိပါတယ်။ အဲဒီလိုရှာ ဖွေမှုအတွင်း Abdullah Orakzai လို့ လူသိကြတဲ့ ခေါင်းဆောင်တဦးကို သူ့နောက်လိုက် (၁၉)ဦးနဲ့အတူ ပြီးခဲ့တဲ့လက ဖမ်းမိခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/afghan-government-claim-arrested-is-regional-leaders/5415999.html
အာဖဂန္မွာ အႀကီးတန္း IS စစ္ေသြးၾကြေခါင္းေဆာင္ ၃ ဦး ဖမ္းမိ အာဖဂန္မွာ အႀကီးတန္း IS စစ္ေသြးၾကြေခါင္းေဆာင္ ၃ ဦး ဖမ္းမိ Reviewed by THITHTOOLWIN on 07:56 Rating: 5
Powered by Blogger.