မျပန္ရမွာ စိုးရိမ္ေနၾကတဲ့ မေလးရွားေရာက္ျမန္မာေတြ

မေလးရွား ကျပန္လာသူေတြမွာ ထိန္းသိမ္းခံထားရတဲ့ စခန္းေတြမွာ ေနထိုင္သူေတြလည္းပါ
(Zawgyi)⤵⤵⤵
ျပည္ပႏိုင္ငံေတြကို ေရာက္ၿပီးကိုဗစ္ ၁၉ ေၾကာင့္ ပိတ္မိေနသူေတြကို ျပန္ေခၚဖို႔ ျမန္မာအစိုးရက ကယ္ဆယ္ေရး ေလယာဥ္ Relief Flight ေတြကို ေစလႊတ္ကာ ေမလ ၁ ရက္ေန႔က စတင္ၿပီး ျပန္လာသူေတြအတြက္ လမ္းဖြင့္ေပးခဲ့ပါတယ္။

ဒီ ကယ္ဆယ္ေရး ေလယာဥ္ေတြနဲ႔ ျပန္လာသူေတြထဲမွာ ထိုင္း၊ မေလးရွား၊ စကၤာပူ ၊ ဂ်ပန္နဲ႔ ကိုးရီးယား ႏိုင္ငံက ျဖစ္ၿပီးဒီရက္ပိုင္း မေလးရွားက ျပန္လာသူေတြထဲက ကိုဗစ္ အတည္ျပဳလူနာ ၆ဦးအထိ ရွိလာၿပီ ျဖစ္ပါတယ္။

မေလးရွားကေန ကယ္ဆယ္ေရး ေလယာဥ္ နဲ႔ ျပန္ပို႔တာ အခုဆိုရင္ စုစုေပါင္း ၄၈၄ ေယာက္ရွိၿပီလို႔ မေလးရွားႏိုင္ငံ ျမန္မာသံ႐ုံးက သံ႐ုံးအုပ္ ဦးႏိုင္မင္း ( Chief of Chancery , Embassy of the republic of the Union Myanmar) က ေျပာပါတယ္။

ဒါေပမယ့္လည္း ျမန္မာႏိုင္ငံမွာ ေနာက္တိုး လူနာ ၄ဦးဟာ မေလးရွားကျပန္ေရာက္လာတဲ့ လူေတြျဖစ္တာေၾကာင့္ အခု မေလးရွားမွာ ျမန္မာႏိုင္ငံကိုျပန္ဖို႔ စာရင္းေပးပို႔ထားတဲ့ လူေတြကေတာ့ မျပန္ရမွာ စိုးရိမ္ေနၾကတယ္လို႔ မေလးရွားမွာ ဒုကၡသည္အေရး ကူညီေပးသူေတြကေျပာပါတယ္။
 ရန္ကုန္ေလဆိပ္ မေလးရွားျပန္ေတြကိုစစ္
မေလးရွားကေန ရန္ကုန္ ကို ကယ္ဆယ္ေရး ေလယာဥ္ နဲ႔ ျပန္ပို႔တာ ဟာ ေမလ ၈ ရက္ေန႔ကစတင္ခဲ့တာျဖစ္ပါတယ္။

ေမလ ၈ ရက္ေန႔မွာ မေလးရွားကို တရားဝင္လာေရာက္ၿပီး ျမန္မာႏိုင္ငံကို ျပန္ဖို႔ ေလေၾကာင္းလိုင္းေတြ မရွိတာေၾကာင့္ ပိတ္မိေနသူေတြအနက္ ၉၃ ဦး၊ ေမလ ၁၁ ရက္ေန႔မွာေတာ့ မေလးရွားႏိုင္ငံမွာ တရားမဝင္ေနထိုင္ တာေၾကာင့္ မေလးရွားရဲရဲ႕ဖမ္းဆီးတာ ခံရၿပီး ထိန္းသိမ္းေရး စခန္းေတြမွာ ေနထိုင္သူ ၃၉၁ ဦးကို ေလေၾကာင္းနဲ႔ အဖြဲ႕ႏွစ္ဖြဲ႕ ခြဲၿပီး ပို႔ေပးခဲ့တာျဖစ္တယ္လို႔ ဦးႏိုင္မင္းက ရွင္းျပပါတယ္။

မေလးရွားႏိုင္ငံမွာေတာ့ စားေသာက္ဆိုင္နဲ႔ စက္႐ုံေတြကို အကန႔္အသတ္နဲ႔ ေျဖေလွ်ာ့ဖြင့္ေပးခဲ့ေပမယ့္ ေမလ ၁၇ ရက္ေန႔အထိ ေရာဂါကူးစက္သူ ( ၆၈၉၄ )ဦး ၊ ေသဆုံးသူ (၁၁၃) ဦးနဲ႔ ျပန္လည္ သက္သာ လာသူ ၅၅၇၁ ဦး ရွိကာ လက္ရွိေဆးကုသမႈ ခံယူေနသူ ၁၂၁၀ ဦး ရွိတယ္လို႔ မေလးရွားအစိုးရ ထုတ္ျပန္ထားပါတယ္။

ဒါ အျပင္မေလးရွားအစိုးရက ေရာဂါထိန္းခ်ဳပ္ေရး အမိန႔္ ကို မတ္လ ၁၈ ရက္ေန႔ကေန ဇြန္လ ၉ ရက္ေန႔အထိ ထပ္တိုးၿပီး ထုတ္ျပန္ထားတယ္လို႔ မေလးရွားေရာက္ ျမန္မာေတြက ဆိုပါတယ္။

မေလးရွားႏိုင္ငံ ကြာလာလန္ပူမွာ ျမန္မာလူမ်ိဳး ၅၀၀ ေက်ာ္ေနထိုင္တဲ့ Pudu ရပ္ကြက္အပါအဝင္ Petaling Jaya နဲ႔ old town တို႔ဟာ အခုခ်ိန္မွာေတာ့ မေလးရွား အစိုးရ သတ္မွတ္ထားတဲ့ Red Zone ေတြျဖစ္ၿပီး ေလာ့ေဒါင္းခ်ခံထားရတဲ့ ေနရာေတြျဖစ္ပါတယ္။
မေလးရွားထိန္းသိမ္းေရးစခန္း (Camp) ေတြကေနေနာက္ထပ္ ျပန္လာခ်င္လို႔ စာရင္းေပးသူ ၃၀၀ေက်ာ္ရွိ
မေလးရွားေရာက္ ျမန္မာလူမ်ိဳးေတြကို အကူအညီေပးေနတဲ့ ကိုအိုက္လြင္ကေတာ့ Red zone ဆိုတာ တစ္ရပ္ကြက္ထဲမွာတင္ ေရာဂါပိုးေတြ႕တဲ့ လူ ၄၁ ေယာက္ ေက်ာ္တာနဲ႔ အနီေရာင္ သံဇကာေတြနဲ႔ ပိတ္ပစ္ၿပီး ေလာ့ေဒါင္း ခ်လိုက္တာပါ။ အဲဒီေနရာက ကိုယ့္လူမ်ိဳး လူေတြအတြက္ အစားအေသာက္ေတြ သြားပို႔တာေတြကို လုပ္ေပးေနရတယ္လို႔ သူက ေျပာပါတယ္။

လက္ရွိ အေျခအေနမွာ Padu ကို ေမလ ၁၅ ရက္ေန႔ကေန ေမလ ၂၉ ရက္အထိ ၁၄ ရက္ ေလာ့ေဒါင္းခ်ထားတယ္လို႔ ကိုအိုက္လြင္က ေျပာပါတယ္။

အခုလတ္တေလာ မေလးရွားက ျမန္မာေတြ စိတ္ပူေနတာကေတာ့ ကမ့္လို႔ေခၚတဲ့ မေလးရွားလူဝင္မႈ ႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္း (Camp) ေတြမွာ ေနထိုင္ေနရတဲ့လူေတြကို ျဖစ္တယ္လို႔ ကိုအိုက္လြင္က ဆိုပါတယ္။

" ျမန္မာျပည္ျပန္ေရာက္ၿပီး ေရာဂါေတြ႕တယ္ဆိုတာက ရပ္ကြက္ေတြထဲကေတာ့ မျဖစ္ႏိုင္ဘူး။ ကမ့္ေတြထဲကျဖစ္ႏိုင္တယ္ သူတို႔ေတြက အဲဒီမွာ လနဲ႔ခ်ီၾကာေနလာတာ။အဲဒီလူေတြက တခ်ိဳ႕ဆို ေဆြမ်ိဳးေတြနဲ႔ ေတြ႕ခြင့္ရွိတယ္ ။ ကမ့္အမ်ားစုက ေတြ႕ခြင့္မရေတာ့ ေလယဥ္လတ္မွတ္ဖိုး မေပးႏိုင္လို႔ ငါးလေလာက္ေစာင့္ေနရသူေတြေတာင္ရွိတယ္" လို႔ ဆိုပါတယ္။

ျပည္ပႏိုင္ငံေတြမွာ ပိတ္မိေနတဲ့ျမန္မာႏိုင္ငံသားေတြကို ျမန္မာအစိုးရက စင္းလုံးငွားေလယာဥ္ေတြနဲ႔ ျပန္ေခၚရာမွာ ႏွစ္ေထာင္ေက်ာ္ရွိ သြားၿပီျဖစ္ပါတယ္။

မေလးရွားမွာ ထိန္းသိမ္းခံထားရတဲ့ ျမန္မာႏိုင္ငံသားေတြကိုမေလးရွားအာဏာပိုင္ေတြက ၿပီးခဲ့တဲ့အပတ္ကစလို႔ ျပန္ပို႔ခဲ့တာျဖစ္ၿပီး ရခိုင္ျပည္နယ္ ကရင္ျပည္နယ္နဲ႔ တနသၤာရီတိုင္းတို႔မွာ ကိုဗစ္အတည္ျပဳလူနာ ေလးဦး ေတြ႕ရွိရတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ ေမလ ၁၈ ရက္က သတင္းထုတ္ျပန္ပါတယ္။

ဒီေလးဦးဟာ မေလးရွားႏိုင္ငံကေန ျပန္လည္ေရာက္ရွိလာသူေတြျဖစ္ၿပီး ကရင္ျပည္နယ္က ႏွစ္ဦးနဲ႔ တနသၤာရီတိုင္း ကတစ္ဦး ရခိုင္ျပည္နယ္ကတစ္ဦး တို႔မွာ ကိုဗစ္ပိုးေတြ႕ရတာ ျဖစ္ပါတယ္။

အဲဒီေလးဦးနဲ႔ဆိုရင္ မေလးရွားက ျပန္လာသူေတြထဲကေန ကိုဗစ္အတည္ျပဳလူနာက ၆ဦးထိရွိလာပါၿပီ။

က်န္ႏွစ္ဦးကေတာ့ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္က တစ္ဦးနဲ႔ ရန္ကုန္တိုင္း၊ ပုဇြန္ေတာင္ၿမိဳ႕နယ္က တစ္ဦးတို႔ျဖစ္ပါတယ္။
 ေနာက္ထပ္မေလးရွားကယ္ဆယ္ေရး ေလယာဥ္ Relief Flights ေတြအတည္မျပဳႏိုင္ေသး
ကမ့္ထဲမွာ ေရာက္ေနသူေတြဟာ တရားမဝင္ ေနထိုင္သူ၊ လက္မွတ္မရွိသူေတြျဖစ္ၿပီး မေလးရွားရဲက ေအာ္ပရာစီ ဝင္တဲ့အခါမွာ ဖမ္းမိကာ အဆိုပါစခန္းေတြထဲ ထည့္ထားတာျဖစ္ပါတယ္။

မေလးရွားမွာ ကမ့္ေပါင္း ၁၁ ခုရွိၿပီး ဖမ္းမိတဲ့ ျမန္မာႏိုင္ငံသားေတြကို ျမန္မာသံ႐ုံးက သြားေရာက္စိစစ္ ကာ ျမန္မာႏိုင္ငံသားအျဖစ္ အတည္ျပဳကာ CI (Certificate of Idenity) ကိုထုတ္ေပးရေၾကာင္းနဲ႔ ထုတ္ေပးၿပီးတဲ့လူေတြဟာ မေလးရွားကေန ျမန္မာႏိုင္ငံကို ျပန္ဖို႔ ေလယာဥ္ လတ္မွတ္ဖိုး မေလးရွား ရင္းဂစ္ ၆၅၀ ေပးသြင္းရၿပီး ျမန္မာႏိုင္ငံကို ျပန္ပို႔ေပးတယ္လို႔ မေလးရွားေရာက္ ျမန္မာႏိုင္ငံသားေတြကဆိုပါတယ္။

မေလးရွားႏိုင္ငံမွာ ျမန္မာႏိုင္ငံကို ျပန္လိုတဲ့လူသုံးမ်ိဳးသုံးစားရွိၿပီး ပထမ အမ်ိဳးအစားက မေလးရွားႏိုင္ငံကိုအလည္အပတ္သေဘာမ်ိဳးေရာက္ေနၿပီး ေလေၾကာင္းလိုင္းေတြ ပိတ္တာေၾကာင့္ေသာင္တင္ေနတဲ့ သူေတြ၊ေနာက္ မေလးရွားႏိုင္ငံမွာ တရားဝင္ လာေရာက္အလုပ္လုပ္ကိုင္ေနၿပီး အခု ကိုဗစ္ ၁၉ ေရာဂါျဖစ္တဲ့အခ်ိန္မွာေတာ့လုပ္ငန္းခြင္ အဆင္မေျပမႈ ေတြေၾကာင့္ ျမန္မာႏိုင္ငံကို အၿပီးျပန္လိုသူေတြနဲ႔၊ ေနာက္ဆုံးတစ္မ်ိဳးကေတာ့ တရားမဝင္ လာေရာက္အလုပ္လုပ္ကိုင္ရင္း မေလးရွားရဲက ဖမ္းမိတာေၾကာင့္ ကမ့္ေတြထဲေရာက္ကာျမန္မာျပည္ကို ျပန္ဖို႔ ေစာင့္ေနသူေတြျဖစ္တယ္လို႔မေလးရွားေရာက္ျမန္မာေတြက ဆိုပါတယ္။

အဲဒီလို ျပန္လိုသူေတြအနက္ ပထမ နဲ႔ ဒုတိယ အမ်ိဳးအစားေတြထဲကျမန္မာသံ႐ုံးအီးေမးလ္ကို ျပန္ဖို႔ စာရင္းေပးသြင္းထားသူေတြဟာ ၆၀၀ ကေန ၇၀၀ၾကားရွိၿပီး ဒီလူေတြ ျပန္ဖို႔ အတြက္ ေမလ ၂၀ ရက္ေန႔နဲ႔ေမလ ၂၅ ရက္ေန႔ေတြမွာအထူးေလယာဥ္စီစဥ္ေပးဖို႔ စာတင္ထားတယ္လို႔ ဦးႏိုင္မင္းက ဘီဘီစီကိုေျပာပါတယ္။

အခုလို ကိုဗစ္ ၁၉ ေရာဂါပိုးေတြ႕ရွိတဲ့အခ်ိန္ကစၿပီး ကမ့္ေတြထဲမွာ ျမန္မာႏိုင္ငံကို ျပန္လာဖို႔ စီစစ္ဆဲ သုံးရာေက်ာ္ရွိေနတယ္လို႔ ျမန္မာသံ႐ုံးအုပ္ ဦးႏိုင္မင္းက ဆိုပါတယ္။

ဦးႏိုင္မင္းက " အကုန္ေတာ့မပါႏိုင္ေလာက္ေသးဘူး တစ္ခ်ိဳ႕ေတြက ႏိုင္ငံသား စိစစ္ဖို႔လိုအပ္တာေတြရွိေသးတယ္။ သံ႐ုံးက သြားစိစစ္ရပါတယ္။ စိစစ္လို႔မွန္ကန္မွ သူတို႔ ျပန္ဖို႔ ကြၽန္ေတာ္တို႔က ေဆာင္႐ြက္ရတာေလ။ အခုေလာေလာဆယ္ မေလးရွားမွာ ကူးစက္ေရာဂါေၾကာင့္ သြားလာမႈထိန္းခ်ဳပ္ထားဆဲပါပဲ။ ဒါေၾကာင့္ ကမ့္ကို သြားစစ္ဖို႔ နည္းနည္းေလး အခက္အခဲရွိေနပါေသးတယ္ " လို႔ဆိုပါတယ္။

BBC Burmese
---------------------------------
(Unicode)⤵⤵⤵
မပြန်ရမှာ စိုးရိမ်နေကြတဲ့ မလေးရှားရောက်မြန်မာတွေ

ပြည်ပနိုင်ငံတွေကို ရောက်ပြီးကိုဗစ် ၁၉ ကြောင့် ပိတ်မိနေသူတွေကို ပြန်ခေါ်ဖို့ မြန်မာအစိုးရက ကယ်ဆယ်ရေး လေယာဉ် Relief Flight တွေကို စေလွှတ်ကာ မေလ ၁ ရက်နေ့က စတင်ပြီး ပြန်လာသူတွေအတွက် လမ်းဖွင့်ပေးခဲ့ပါတယ်။

ဒီ ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်လာသူတွေထဲမှာ ထိုင်း၊ မလေးရှား၊ စင်္ကာပူ ၊ ဂျပန်နဲ့ ကိုးရီးယား နိုင်ငံက ဖြစ်ပြီးဒီရက်ပိုင်း မလေးရှားက ပြန်လာသူတွေထဲက ကိုဗစ် အတည်ပြုလူနာ ၆ဦးအထိ ရှိလာပြီ ဖြစ်ပါတယ်။

မလေးရှားကနေ ကယ်ဆယ်ရေး လေယာဉ် နဲ့ ပြန်ပို့တာ အခုဆိုရင် စုစုပေါင်း ၄၈၄ ယောက်ရှိပြီလို့ မလေးရှားနိုင်ငံ မြန်မာသံရုံးက သံရုံးအုပ် ဦးနိုင်မင်း ( Chief of Chancery , Embassy of the republic of the Union Myanmar) က ပြောပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံမှာ နောက်တိုး လူနာ ၄ဦးဟာ မလေးရှားကပြန်ရောက်လာတဲ့ လူတွေဖြစ်တာကြောင့် အခု မလေးရှားမှာ မြန်မာနိုင်ငံကိုပြန်ဖို့ စာရင်းပေးပို့ထားတဲ့ လူတွေကတော့ မပြန်ရမှာ စိုးရိမ်နေကြတယ်လို့ မလေးရှားမှာ ဒုက္ခသည်အရေး ကူညီပေးသူတွေကပြောပါတယ်။

မလေးရှားကနေ ရန်ကုန် ကို ကယ်ဆယ်ရေး လေယာဉ် နဲ့ ပြန်ပို့တာ ဟာ မေလ ၈ ရက်နေ့ကစတင်ခဲ့တာဖြစ်ပါတယ်။

မေလ ၈ ရက်နေ့မှာ မလေးရှားကို တရားဝင်လာရောက်ပြီး မြန်မာနိုင်ငံကို ပြန်ဖို့ လေကြောင်းလိုင်းတွေ မရှိတာကြောင့် ပိတ်မိနေသူတွေအနက် ၉၃ ဦး၊ မေလ ၁၁ ရက်နေ့မှာတော့ မလေးရှားနိုင်ငံမှာ တရားမဝင်နေထိုင် တာကြောင့် မလေးရှားရဲရဲ့ဖမ်းဆီးတာ ခံရပြီး ထိန်းသိမ်းရေး စခန်းတွေမှာ နေထိုင်သူ ၃၉၁ ဦးကို လေကြောင်းနဲ့ အဖွဲ့နှစ်ဖွဲ့ ခွဲပြီး ပို့ပေးခဲ့တာဖြစ်တယ်လို့ ဦးနိုင်မင်းက ရှင်းပြပါတယ်။

မလေးရှားနိုင်ငံမှာတော့ စားသောက်ဆိုင်နဲ့ စက်ရုံတွေကို အကန့်အသတ်နဲ့ ဖြေလျှော့ဖွင့်ပေးခဲ့ပေမယ့် မေလ ၁၇ ရက်နေ့အထိ ရောဂါကူးစက်သူ ( ၆၈၉၄ )ဦး ၊ သေဆုံးသူ (၁၁၃) ဦးနဲ့ ပြန်လည် သက်သာ လာသူ ၅၅၇၁ ဦး ရှိကာ လက်ရှိဆေးကုသမှု ခံယူနေသူ ၁၂၁၀ ဦး ရှိတယ်လို့ မလေးရှားအစိုးရ ထုတ်ပြန်ထားပါတယ်။

ဒါ အပြင်မလေးရှားအစိုးရက ရောဂါထိန်းချုပ်ရေး အမိန့် ကို မတ်လ ၁၈ ရက်နေ့ကနေ ဇွန်လ ၉ ရက်နေ့အထိ ထပ်တိုးပြီး ထုတ်ပြန်ထားတယ်လို့ မလေးရှားရောက် မြန်မာတွေက ဆိုပါတယ်။

မလေးရှားနိုင်ငံ ကွာလာလန်ပူမှာ မြန်မာလူမျိုး ၅၀၀ ကျော်နေထိုင်တဲ့ Pudu ရပ်ကွက်အပါအဝင် Petaling Jaya နဲ့ old town တို့ဟာ အခုချိန်မှာတော့ မလေးရှား အစိုးရ သတ်မှတ်ထားတဲ့ Red Zone တွေဖြစ်ပြီး လော့ဒေါင်းချခံထားရတဲ့ နေရာတွေဖြစ်ပါတယ်။

မလေးရှားရောက် မြန်မာလူမျိုးတွေကို အကူအညီပေးနေတဲ့ ကိုအိုက်လွင်ကတော့ Red zone ဆိုတာ တစ်ရပ်ကွက်ထဲမှာတင် ရောဂါပိုးတွေ့တဲ့ လူ ၄၁ ယောက် ကျော်တာနဲ့ အနီရောင် သံဇကာတွေနဲ့ ပိတ်ပစ်ပြီး လော့ဒေါင်း ချလိုက်တာပါ။ အဲဒီနေရာက ကိုယ့်လူမျိုး လူတွေအတွက် အစားအသောက်တွေ သွားပို့တာတွေကို လုပ်ပေးနေရတယ်လို့ သူက ပြောပါတယ်။

လက်ရှိ အခြေအနေမှာ Padu ကို မေလ ၁၅ ရက်နေ့ကနေ မေလ ၂၉ ရက်အထိ ၁၄ ရက် လော့ဒေါင်းချထားတယ်လို့ ကိုအိုက်လွင်က ပြောပါတယ်။

အခုလတ်တလော မလေးရှားက မြန်မာတွေ စိတ်ပူနေတာကတော့ ကမ့်လို့ခေါ်တဲ့ မလေးရှားလူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်း (Camp) တွေမှာ နေထိုင်နေရတဲ့လူတွေကို ဖြစ်တယ်လို့ ကိုအိုက်လွင်က ဆိုပါတယ်။

" မြန်မာပြည်ပြန်ရောက်ပြီး ရောဂါတွေ့တယ်ဆိုတာက ရပ်ကွက်တွေထဲကတော့ မဖြစ်နိုင်ဘူး။ ကမ့်တွေထဲကဖြစ်နိုင်တယ် သူတို့တွေက အဲဒီမှာ လနဲ့ချီကြာနေလာတာ။အဲဒီလူတွေက တချို့ဆို ဆွေမျိုးတွေနဲ့ တွေ့ခွင့်ရှိတယ် ။ ကမ့်အများစုက တွေ့ခွင့်မရတော့ လေယဉ်လတ်မှတ်ဖိုး မပေးနိုင်လို့ ငါးလလောက်စောင့်နေရသူတွေတောင်ရှိတယ်" လို့ ဆိုပါတယ်။

ပြည်ပနိုင်ငံတွေမှာ ပိတ်မိနေတဲ့မြန်မာနိုင်ငံသားတွေကို မြန်မာအစိုးရက စင်းလုံးငှားလေယာဉ်တွေနဲ့ ပြန်ခေါ်ရာမှာ နှစ်ထောင်ကျော်ရှိ သွားပြီဖြစ်ပါတယ်။

မလေးရှားမှာ ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကိုမလေးရှားအာဏာပိုင်တွေက ပြီးခဲ့တဲ့အပတ်ကစလို့ ပြန်ပို့ခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ် ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းတို့မှာ ကိုဗစ်အတည်ပြုလူနာ လေးဦး တွေ့ရှိရတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မေလ ၁၈ ရက်က သတင်းထုတ်ပြန်ပါတယ်။

ဒီလေးဦးဟာ မလေးရှားနိုင်ငံကနေ ပြန်လည်ရောက်ရှိလာသူတွေဖြစ်ပြီး ကရင်ပြည်နယ်က နှစ်ဦးနဲ့ တနင်္သာရီတိုင်း ကတစ်ဦး ရခိုင်ပြည်နယ်ကတစ်ဦး တို့မှာ ကိုဗစ်ပိုးတွေ့ရတာ ဖြစ်ပါတယ်။

အဲဒီလေးဦးနဲ့ဆိုရင် မလေးရှားက ပြန်လာသူတွေထဲကနေ ကိုဗစ်အတည်ပြုလူနာက ၆ဦးထိရှိလာပါပြီ။

ကျန်နှစ်ဦးကတော့ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်က တစ်ဦးနဲ့ ရန်ကုန်တိုင်း၊ ပုဇွန်တောင်မြို့နယ်က တစ်ဦးတို့ဖြစ်ပါတယ်

ကမ့်ထဲမှာ ရောက်နေသူတွေဟာ တရားမဝင် နေထိုင်သူ၊ လက်မှတ်မရှိသူတွေဖြစ်ပြီး မလေးရှားရဲက အော်ပရာစီ ဝင်တဲ့အခါမှာ ဖမ်းမိကာ အဆိုပါစခန်းတွေထဲ ထည့်ထားတာဖြစ်ပါတယ်။

မလေးရှားမှာ ကမ့်ပေါင်း ၁၁ ခုရှိပြီး ဖမ်းမိတဲ့ မြန်မာနိုင်ငံသားတွေကို မြန်မာသံရုံးက သွားရောက်စိစစ် ကာ မြန်မာနိုင်ငံသားအဖြစ် အတည်ပြုကာ CI (Certificate of Idenity) ကိုထုတ်ပေးရကြောင်းနဲ့ ထုတ်ပေးပြီးတဲ့လူတွေဟာ မလေးရှားကနေ မြန်မာနိုင်ငံကို ပြန်ဖို့ လေယာဉ် လတ်မှတ်ဖိုး မလေးရှား ရင်းဂစ် ၆၅၀ ပေးသွင်းရပြီး မြန်မာနိုင်ငံကို ပြန်ပို့ပေးတယ်လို့ မလေးရှားရောက် မြန်မာနိုင်ငံသားတွေကဆိုပါတယ်။

မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံကို ပြန်လိုတဲ့လူသုံးမျိုးသုံးစားရှိပြီး ပထမ အမျိုးအစားက မလေးရှားနိုင်ငံကိုအလည်အပတ်သဘောမျိုးရောက်နေပြီး လေကြောင်းလိုင်းတွေ ပိတ်တာကြောင့်သောင်တင်နေတဲ့ သူတွေ၊နောက် မလေးရှားနိုင်ငံမှာ တရားဝင် လာရောက်အလုပ်လုပ်ကိုင်နေပြီး အခု ကိုဗစ် ၁၉ ရောဂါဖြစ်တဲ့အချိန်မှာတော့လုပ်ငန်းခွင် အဆင်မပြေမှု တွေကြောင့် မြန်မာနိုင်ငံကို အပြီးပြန်လိုသူတွေနဲ့၊ နောက်ဆုံးတစ်မျိုးကတော့ တရားမဝင် လာရောက်အလုပ်လုပ်ကိုင်ရင်း မလေးရှားရဲက ဖမ်းမိတာကြောင့် ကမ့်တွေထဲရောက်ကာမြန်မာပြည်ကို ပြန်ဖို့ စောင့်နေသူတွေဖြစ်တယ်လို့မလေးရှားရောက်မြန်မာတွေက ဆိုပါတယ်။

အဲဒီလို ပြန်လိုသူတွေအနက် ပထမ နဲ့ ဒုတိယ အမျိုးအစားတွေထဲကမြန်မာသံရုံးအီးမေးလ်ကို ပြန်ဖို့ စာရင်းပေးသွင်းထားသူတွေဟာ ၆၀၀ ကနေ ၇၀၀ကြားရှိပြီး ဒီလူတွေ ပြန်ဖို့ အတွက် မေလ ၂၀ ရက်နေ့နဲ့မေလ ၂၅ ရက်နေ့တွေမှာအထူးလေယာဉ်စီစဉ်ပေးဖို့ စာတင်ထားတယ်လို့ ဦးနိုင်မင်းက ဘီဘီစီကိုပြောပါတယ်။

အခုလို ကိုဗစ် ၁၉ ရောဂါပိုးတွေ့ရှိတဲ့အချိန်ကစပြီး ကမ့်တွေထဲမှာ မြန်မာနိုင်ငံကို ပြန်လာဖို့ စီစစ်ဆဲ သုံးရာကျော်ရှိနေတယ်လို့ မြန်မာသံရုံးအုပ် ဦးနိုင်မင်းက ဆိုပါတယ်။

ဦးနိုင်မင်းက " အကုန်တော့မပါနိုင်လောက်သေးဘူး တစ်ချို့တွေက နိုင်ငံသား စိစစ်ဖို့လိုအပ်တာတွေရှိသေးတယ်။ သံရုံးက သွားစိစစ်ရပါတယ်။ စိစစ်လို့မှန်ကန်မှ သူတို့ ပြန်ဖို့ ကျွန်တော်တို့က ဆောင်ရွက်ရတာလေ။ အခုလောလောဆယ် မလေးရှားမှာ ကူးစက်ရောဂါကြောင့် သွားလာမှုထိန်းချုပ်ထားဆဲပါပဲ။ ဒါကြောင့် ကမ့်ကို သွားစစ်ဖို့ နည်းနည်းလေး အခက်အခဲရှိနေပါသေးတယ် " လို့ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52706196
မျပန္ရမွာ စိုးရိမ္ေနၾကတဲ့ မေလးရွားေရာက္ျမန္မာေတြ မျပန္ရမွာ စိုးရိမ္ေနၾကတဲ့ မေလးရွားေရာက္ျမန္မာေတြ Reviewed by THITHTOOLWIN on 22:48 Rating: 5
Powered by Blogger.