ဂန္႔ေဂါၿမိဳ႕နယ္ ေျမာက္ခင္ရန္းေက်း႐ြာ တိုက္နယ္ေဆး႐ုံရွိ အမ်ိဳးသမီးလူနာေဆာင္ ၿပိဳက်ပ်က္စီး


ဂန္႔ေဂါ ေမ ၁၈

မေကြးတိုင္းေဒသႀကီး၊ ဂန္႔ေဂါၿမိဳ႕နယ္ ေျမာက္ခင္ရန္းေက်း႐ြာ တိုက္နယ္ေဆး႐ုံရွိ အမ်ိဳးသမီး လူနာေဆာင္ မ်က္ႏွာက်က္မ်ား ယေန႔မြန္းလြဲ ၁ နာရီခြဲအခ်ိန္ခန္႔က  ၿပိဳက် ပ်က္စီးသြားေၾကာင္း သိရသည္။

အဆိုပါ အမ်ိဳးသမီးလူနာေဆာင္ကို ၂၀၁၅ ခုႏွစ္တြင္  တည္ေဆာက္ခဲ့ျခင္း ျဖစ္ၿပီး အလ်ား(၄၀)ေပ၊ အနံ(၃၀)ေပ၊ (၂)ေပ ပတ္လည္ ေက်ာက္ျပားမ်က္ႏွာက်က္ (၁၂၀) ခ်ပ္ခန္႔ ပ်က္စီး၍ တန္ဘိုးေငြ က်ပ္(၁၀)သိန္းခန္႔ ဆုံးရႈံးခဲ့ၿပီး  ေဆး႐ုံရွိ ဝန္ထမ္းမ်ားႏွင့္ လူနာမ်ား ထိခိုက္ဒဏ္ရာရရွိမႈ မရွိေၾကာင္း သိရသည္။

ထင္ေအာင္ႏိုင္(ဂန္႔ေဂါ)

--------------------------------------

ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ တိုက်နယ်ဆေးရုံရှိ အမျိုးသမီးလူနာဆောင် ပြိုကျပျက်စီး

ဂန့်ဂေါ မေ ၁၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မြောက်ခင်ရန်းကျေးရွာ တိုက်နယ်ဆေးရုံရှိ အမျိုးသမီး လူနာဆောင် မျက်နှာကျက်များ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်ခန့်က  ပြိုကျ ပျက်စီးသွားကြောင်း သိရသည်။

အဆိုပါ အမျိုးသမီးလူနာဆောင်ကို ၂၀၁၅ ခုနှစ်တွင်  တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး အလျား(၄၀)ပေ၊ အနံ(၃၀)ပေ၊ (၂)ပေ ပတ်လည် ကျောက်ပြားမျက်နှာကျက် (၁၂၀) ချပ်ခန့် ပျက်စီး၍ တန်ဘိုးငွေ ကျပ်(၁၀)သိန်းခန့် ဆုံးရှုံးခဲ့ပြီး  ဆေးရုံရှိ ဝန်ထမ်းများနှင့် လူနာများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)
https://www.moi.gov.mm/iprd/
ဂန္႔ေဂါၿမိဳ႕နယ္ ေျမာက္ခင္ရန္းေက်း႐ြာ တိုက္နယ္ေဆး႐ုံရွိ အမ်ိဳးသမီးလူနာေဆာင္ ၿပိဳက်ပ်က္စီး ဂန္႔ေဂါၿမိဳ႕နယ္ ေျမာက္ခင္ရန္းေက်း႐ြာ တိုက္နယ္ေဆး႐ုံရွိ အမ်ိဳးသမီးလူနာေဆာင္ ၿပိဳက်ပ်က္စီး Reviewed by THITHTOOLWIN on 22:57 Rating: 5
Powered by Blogger.