ဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး ညမထြက္ရအမိန႔္ကို ေျဖေလွ်ာ့သတ္မွတ္

(Zawgyi)⤵⤵⤵
ကို႐ိုနာဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ပတ္သက္ၿပီး ေနျပည္ေတာ္နဲ႔ မႏၲေလးအပါအဝင္ ၿမိဳ႕ႀကီးအေတာ္ မ်ားမ်ားမွာ ညမထြက္ရအမိန႔္ကို အနည္းငယ္ေျဖ ေလွ်ာ့ေပးခဲ့ေပမဲ့ ရန္ကုန္မွာေတာ့ မူလအတိုင္း ဆက္လက္ ထားရွိပါတယ္။

"Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ" က အရင္ထုတ္ျပန္ထားတဲ့ ည-၁၀ နာရီကေန မနက္ ၄ နာရီအတြင္း ညမထြက္ရအမိန႔္ကို၊ ည ၁၂ နာရီကေန မနက္ ၄ နာရီအတြင္း ညမထြက္ရ အမိန႔္အျဖစ္ ၂ နာရီ ေလွ်ာ့ေပါ့သတ္မွတ္လိုက္ေၾကာင္း ေမလ ၁၃ ရက္ေန႔က ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

ေနျပည္ေတာ္ေကာင္စီဝင္ ဦးေအာင္ျမင့္ထြန္း က ဗဟိုကထုတ္ျပန္တဲ့ ညမထြက္ရအမိန႔္ကို ေနျပည္ေတာ္ေကာင္စီ နယ္ေျမအတြက္လည္း သီးသန႔္ျပင္ဆင္ထုတ္ျပန္ဖို႔ရွိတယ္လို႔ ေျပာပါတယ္။

"ဟုတ္ကဲ့ အဲဒါကို Refer လုပ္ၿပီး ထုတ္ရမလားမသိဘူး။ က်ေနာ္တို႔ကေတာ့ ထုတ္ရမယ္ ထင္တာပဲေနာ္။ ၁၅ ရက္ေန႔ ဟုတ္ပါတယ္။"

ညမထြက္ရအမိန႔္ ျပင္ဆင္သတ္မွတ္လိုက္တဲ့အေပၚ မႏၲေလးတိုင္းနဲ႔ ဧရာဝတီတိုင္း အာဏာပိုင္ေတြက ထပ္ဆင့္အမိန႔္ ထုတ္ျပန္တာေတြ႕ရၿပီး၊ က်န္တဲ့တိုင္းနဲ႔ ျပည္နယ္ေတြမွာေတာ့ ဒီေန႔ညေနပိုင္းအခ်ိန္အထိ ထုတ္ျပန္တာမေတြ႕ရေသးပါဘူး။

မႏၲေလးတိုင္း ယာယီဝန္ႀကီးခ်ဳပ္ ဦးဇာနည္ေအာင္က ဒီျပင္ဆင္ခ်က္ကို “Covid-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသား အဆင့္ဗဟိုေကာ္မတီ”ရဲ႕ ၫႊန္ၾကားခ်က္ နဲ႔ ျပင္ဆင္လိုက္တာျဖစ္ၿပီး မႏၲေလးတိုင္း အတြင္းမွာလည္း၊ ေျဖေလ်ာ့ေပးလိုက္တာလို႔ သတင္းေထာက္ေတြကို ေျပာထားပါတယ္။

ရန္ကုန္တိုင္းလူမူေရးဝန္ႀကီး ဦးႏိုင္ငံလင္းက ရန္ကုန္မွာေတာ့ ညမထြက္ရအမိန႔္ကို ေျပာင္းလဲသတ္မွတ္ တာမရွိဘူးလို႔ေျပာပါတယ္။

"က်ေနာ္တို႔ဆီမွာ ညမထြက္ရအမိန႔္ ေနာက္မဆုတ္ပါဘူး။ မႏၲေလးဘက္မွာပဲ ဆုတ္တာ။"

ရန္ကုန္ၿမိဳ႕ဟာ ကို႐ိုနာဗိုင္းရပ္စ္ပိုး ေတြ႕ရွိသူအမ်ားဆုံးျဖစ္ၿပီး၊ ရန္ကုန္ၿမိဳ႕က ၿမိဳ႕နယ္ ၁၀ ခုကို Semi Lockdown အဆင့္သတ္မွတ္ထားသလို၊ က်န္ၿမိဳ႕နယ္ေတြမွာလည္း ေနအိမ္မွာပဲ Stay Home ေနၾကဖို႔နဲ႔ အျပင္ထြက္ရင္ မ်က္ႏွာဖုံး Mask မျဖစ္မေနတပ္ၾကဖို႔ ရန္ကုန္တိုင္းအစိုးရက အမိန႔္ထုတ္ျပန္ထားပါတယ္။

က်န္းမာေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူအဖြဲ႕ဝင္ ေဒါက္တာသန္းႏိုင္စိုး ကေတာ့ အခုလို ညမထြက္ရအမိန႔္ အနည္းငယ္ေျဖေလွ်ာ့လိုက္တာနဲ႔ပတ္သက္ၿပီး “ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ရင္ က်န္းမာေရးရႈေထာင့္ကသာမက အဘက္ဘက္ကခ်င့္ခ်ိန္ၿပီးေဆာင္႐ြက္ေနတယ္”လို႔ RFA ကို ေျပာပါတယ္။

"က်န္းမာေရးရႈေထာင့္တစ္ခုထဲကေန စဥ္းစားလို႔မရတဲ့ အေျခအေနေတြရွိတယ္။ အထူးသျဖင့္ Covid နဲ႔ ပတ္သက္တဲ့တိုက္ပြဲက ေရရွည္တိုက္ပြဲ၊ ေရရွည္တိုက္ပြဲမွာ ဘယ္သူကႏိုင္မလဲဆိုရင္ ခံႏိုင္ရည္ရွိတဲ့သူက ႏိုင္ရမယ္။ ခံႏိုင္ရည္ရွိတဲ့သူ၊ ဇြဲလုံ႔လ ဝီရိယေပါ့ေနာ္ သတိရွိတဲ့သူက အႏိုင္ရမွာပါ။ အဲဒီခါက်ေတာ့ က်ေနာ္တို႔က က်န္းမာေရး ရႈေထာင့္တစ္ခုထဲကိုပဲ သတိထားလို႔မရပါဘူး။ စီးပြားေရး၊ လူမႈေရး၊ ဘာသာေရး၊ ႏိုင္ငံေရးေပါ့ေနာ္ စသျဖင့္ အေရးေပါင္းစုံေပါ့၊ လူသားတစ္ေယာက္ရဲ႕ဘဝမွာရွိတဲ့ အေရးေပါင္းစုံကို စဥ္းစားရတယ္။ မိသားစုအေရး၊ စားဝတ္ေနေရးေတြေပါ့"

ေမ၁၄ ရက္ေန႔ ဒီေန႔ မနက္ပိုင္းအခ်ိန္အထိ ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုး အတည္ျပဳလူနာ ၁၈၁ ဦး၊ ေသဆုံးသူ ေျခာက္ဦး၊ ျပန္လည္သက္သာလာသူ ၇၉ ဦးနဲ႔ ေဆး႐ုံကဆင္းသူ ၆၆ ဦးရွိတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

သီဟထြန္း၊ သက္စုေအာင္ / RFA Burmese
-----------------------------------------------

(Unicode)⤵⤵⤵
ဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေး ညမထွက်ရအမိန့်ကို ဖြေလျှော့သတ်မှတ်

ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်ရေးနဲ့ ပတ်သက်ပြီး နေပြည်တော်နဲ့ မန္တလေးအပါအဝင် မြို့ကြီးအတော် များများမှာ ညမထွက်ရအမိန့်ကို အနည်းငယ်ဖြေ လျှော့ပေးခဲ့ပေမဲ့ ရန်ကုန်မှာတော့ မူလအတိုင်း ဆက်လက် ထားရှိပါတယ်။

"Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ" က အရင်ထုတ်ပြန်ထားတဲ့ ည-၁၀ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရအမိန့်ကို၊ ည ၁၂ နာရီကနေ မနက် ၄ နာရီအတွင်း ညမထွက်ရ အမိန့်အဖြစ် ၂ နာရီ လျှော့ပေါ့သတ်မှတ်လိုက်ကြောင်း မေလ ၁၃ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော်ကောင်စီဝင် ဦးအောင်မြင့်ထွန်း က ဗဟိုကထုတ်ပြန်တဲ့ ညမထွက်ရအမိန့်ကို နေပြည်တော်ကောင်စီ နယ်မြေအတွက်လည်း သီးသန့်ပြင်ဆင်ထုတ်ပြန်ဖို့ရှိတယ်လို့ ပြောပါတယ်။

"ဟုတ်ကဲ့ အဲဒါကို Refer လုပ်ပြီး ထုတ်ရမလားမသိဘူး။ ကျနော်တို့ကတော့ ထုတ်ရမယ် ထင်တာပဲနော်။ ၁၅ ရက်နေ့ ဟုတ်ပါတယ်။"

ညမထွက်ရအမိန့် ပြင်ဆင်သတ်မှတ်လိုက်တဲ့အပေါ် မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်း အာဏာပိုင်တွေက ထပ်ဆင့်အမိန့် ထုတ်ပြန်တာတွေ့ရပြီး၊ ကျန်တဲ့တိုင်းနဲ့ ပြည်နယ်တွေမှာတော့ ဒီနေ့ညနေပိုင်းအချိန်အထိ ထုတ်ပြန်တာမတွေ့ရသေးပါဘူး။

မန္တလေးတိုင်း ယာယီဝန်ကြီးချုပ် ဦးဇာနည်အောင်က ဒီပြင်ဆင်ချက်ကို “Covid-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီ”ရဲ့ ညွှန်ကြားချက် နဲ့ ပြင်ဆင်လိုက်တာဖြစ်ပြီး မန္တလေးတိုင်း အတွင်းမှာလည်း၊ ဖြေလျော့ပေးလိုက်တာလို့ သတင်းထောက်တွေကို ပြောထားပါတယ်။

ရန်ကုန်တိုင်းလူမူရေးဝန်ကြီး ဦးနိုင်ငံလင်းက ရန်ကုန်မှာတော့ ညမထွက်ရအမိန့်ကို ပြောင်းလဲသတ်မှတ် တာမရှိဘူးလို့ပြောပါတယ်။

"ကျနော်တို့ဆီမှာ ညမထွက်ရအမိန့် နောက်မဆုတ်ပါဘူး။ မန္တလေးဘက်မှာပဲ ဆုတ်တာ။"

ရန်ကုန်မြို့ဟာ ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိသူအများဆုံးဖြစ်ပြီး၊ ရန်ကုန်မြို့က မြို့နယ် ၁၀ ခုကို Semi Lockdown အဆင့်သတ်မှတ်ထားသလို၊ ကျန်မြို့နယ်တွေမှာလည်း နေအိမ်မှာပဲ Stay Home နေကြဖို့နဲ့ အပြင်ထွက်ရင် မျက်နှာဖုံး Mask မဖြစ်မနေတပ်ကြဖို့ ရန်ကုန်တိုင်းအစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုး ကတော့ အခုလို ညမထွက်ရအမိန့် အနည်းငယ်ဖြေလျှော့လိုက်တာနဲ့ပတ်သက်ပြီး “ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ရင် ကျန်းမာရေးရှုထောင့်ကသာမက အဘက်ဘက်ကချင့်ချိန်ပြီးဆောင်ရွက်နေတယ်”လို့ RFA ကို ပြောပါတယ်။

"ကျန်းမာရေးရှုထောင့်တစ်ခုထဲကနေ စဉ်းစားလို့မရတဲ့ အခြေအနေတွေရှိတယ်။ အထူးသဖြင့် Covid နဲ့ ပတ်သက်တဲ့တိုက်ပွဲက ရေရှည်တိုက်ပွဲ၊ ရေရှည်တိုက်ပွဲမှာ ဘယ်သူကနိုင်မလဲဆိုရင် ခံနိုင်ရည်ရှိတဲ့သူက နိုင်ရမယ်။ ခံနိုင်ရည်ရှိတဲ့သူ၊ ဇွဲလုံ့လ ဝီရိယပေါ့နော် သတိရှိတဲ့သူက အနိုင်ရမှာပါ။ အဲဒီခါကျတော့ ကျနော်တို့က ကျန်းမာရေး ရှုထောင့်တစ်ခုထဲကိုပဲ သတိထားလို့မရပါဘူး။ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေးပေါ့နော် စသဖြင့် အရေးပေါင်းစုံပေါ့၊ လူသားတစ်ယောက်ရဲ့ဘဝမှာရှိတဲ့ အရေးပေါင်းစုံကို စဉ်းစားရတယ်။ မိသားစုအရေး၊ စားဝတ်နေရေးတွေပေါ့"

မေ၁၄ ရက်နေ့ ဒီနေ့ မနက်ပိုင်းအချိန်အထိ မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး အတည်ပြုလူနာ ၁၈၁ ဦး၊ သေဆုံးသူ ခြောက်ဦး၊ ပြန်လည်သက်သာလာသူ ၇၉ ဦးနဲ့ ဆေးရုံကဆင်းသူ ၆၆ ဦးရှိတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သီဟထွန်း၊ သက်စုအောင် / RFA Burmese
https://www.rfa.org/burmese/program_2/corona-nightout-time-reduce-05142020044547.html
ဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး ညမထြက္ရအမိန႔္ကို ေျဖေလွ်ာ့သတ္မွတ္ ဗိုင္းရပ္စ္ ကာကြယ္ထိန္းခ်ဳပ္ေရး ညမထြက္ရအမိန႔္ကို ေျဖေလွ်ာ့သတ္မွတ္ Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.