ျမန္မာ့က်န္းမာေရးစနစ္ COVID-19 ရင္ဆိုင္ႏိုင္စြမ္း ဆန္းစစ္သံုးသပ္ေန


(Zawgyi/Unicode)

COVID-19 ကပ္ေရာဂါ ေနာက္ဆက္တြဲျဖစ္ေပၚႏုိင္တဲ့ က်န္းမာေရးဆိုင္ရာအက်ိဳးဆက္ေတြကုိ ခန္႔မွန္းၿပီး က်န္းမာေရးနဲ႔ အားကစား၀န္ႀကီးဌာနက ျပင္ဆင္ေဆာင္ရြက္ေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပမွာပါ။

COVID-19 ကပ္ေရာဂါရဲ႕ ေနာက္ဆက္တြဲျဖစ္ေပၚႏုိင္တဲ့ အက်ိဳးဆက္ေတြကုိ ခန္႔မွန္းသံုးသပ္ဖို႔၊ က်န္းမာေရးစနစ္အေပၚ သက္ေရာက္မႈေတြကုိ ဘက္ေပါင္းစံုကေန စဥ္းစားဖို႔နဲ႔ အဲဒီ ခန္႔မွန္းသံုးသပ္ခ်က္ေတြေပၚ မူတည္ၿပီး ႀကိဳတင္ျပင္ဆင္ရမယ့္အခ်က္ေတြကုိ ေရတို၊ ေရရွည္ကာလအလိုက္ အစီအစဥ္ေတြေရးဆြဲၿပီး ေဆာင္ရြက္ႏုိင္ဖို႔အတြက္ အဖြဲ႕ဝင္ ၂၄ ဦးပါဝင္တဲ့ အၾကံေပးအဖြဲ႕ကို ဧၿပီလကုန္ပိုင္းမွာ ဖြဲ႕စည္းခဲ့တာပါ။

အဲဒီအဖြဲ႕ကို က်န္းမာေရးဝန္ႀကီးေဟာင္း ေဒါက္တာေဖသက္ခင္က ဦးေဆာင္မွာျဖစ္ၿပီး အၿငိမ္းစားဒုညႊန္ခ်ဳပ္ ေဒါက္တာမ်ိဳးခင္က အတြင္းေရးမွဴးအျဖစ္ တာဝန္ယူထားတယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏုိင္စိုးက VOA ကိုေျပာပါတယ္။

“During the COVID ကာလမွာ ဘယ္လိုျဖစ္ႏုိင္သလဲ။ after COVID ကာလမွာေရာ ျပင္ဆင္ရတဲ့အေနအထားေတြကုိ ဘယ္ေလာက္အထိေပါ့ေနာ္ က်ေနာ္တို႔ရဲ႕ Human Resource အရေရာ၊ ေနာက္ ေငြေရး၊ ေၾကးေရးအရေရာေပါ့ေနာ္။ ဒါေတြဘယ္လိုျပန္ကုစားမလဲဆုိတာ။ အဲဒါကို က်န္းမာေရးအရ ဒါေတြကုိ ဘက္ေပါင္းစံုကေန သံုးသပ္ၿပီးတဲ့အခါက်ေတာ့ ဝန္ႀကီးဌာနကို အၾကံျပဳႏုိင္ဖို႔အတြက္ ဖြဲ႕စည္းထားတာေပါ့ေနာ္။”

ႏွစ္ပတ္တာ သက္တမ္းရွိၿပီျဖစ္တဲ့ ဒီအၾကံေပးအဖြဲ႕ရဲ႕ ခန္႔မွန္းသံုးသပ္ခ်က္ေတြနဲ႔ ပတ္သက္ၿပီး ေဒါက္တာသန္းႏုိင္စုိးက အခုလိုဆက္ေျပာပါတယ္။

“အဓိကေတာ့ လူနာမ်ားလာရင္ System ရဲ႕ Capacity ေပါ့။ ဥပမာဆိုရင္ လူနာ ၁,၀၀၀ - ၂,၀၀၀ ေလာက္ျဖစ္လာမယ္။ ဒါမွမဟုတ္ လူနာ ၈,၀၀၀ - ၁၀,၀၀၀ ေလာက္ျဖစ္လာမယ္ဆို က်ေနာ္တို႔မွာ Hospital Bed ေတြ အဲေလာက္ေပးႏုိင္လား။ ICU Bed ေတြ ၁၀,၀၀၀ ေလာက္ ဘယ္ေနရာမွာ ရႏုိင္မလဲေပါ့ေနာ္။ ဒါမ်ိဳးေတြကလည္း စဥ္းစားရမယ့္အခ်က္ေတြေပါ့ေနာ္။ ေနာက္တခုက လူနာမ်ားတဲ့အခါမွာ လိုက္ရမယ့္ ေဆးဝန္ထမ္းေတြအတြက္ အကာအကြယ္တို႔၊ ဘာလို႔လဲဆုိရင္ သူက Turnover အရမ္းမ်ားတာကို။ ဒီ PPE ဆိုလည္း လူနာတေယာက္အတြက္ကို အမ်ားႀကီးကုန္တယ္ေပါ့ေနာ္။ ေဆးရံုမွာ က်န္တဲ့ သန္႔ရွင္းေရးဝန္ထမ္းတို႔ စတဲ့ ဒီ Health System ေပၚမွာလည္း ကိုဗစ္ Case မ်ားရင္မ်ားသလို သက္ေရာက္တာေပါ့ေနာ္။”

ျပည္တြင္းမွာ ကိုရိုနာဗုိင္းရပ္စ္ ကူးစက္ခံရသူေတြထဲ ဒီေရာဂါပိုးကင္းစင္လာသူဟာ ၇၉ ဦးအထိ ရွိထားပါတယ္။ အဲဒီလို ေရာဂါေပ်ာက္ကင္းသြားသူေတြရဲ႕ ေသြးရည္ၾကည္ကို အသံုးျပဳၿပီး ကိုဗစ္လူနာေတြကို စမ္းသပ္ကုသေပးႏုိင္ဖို႔အတြက္ ေဆာင္ရြက္ေနတယ္လို႔လည္း ေျပာပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔ မနက္ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာ ဓာတ္ခြဲအတည္ျပဳလူနာ ၁၈၁ ဦး ရွိခဲ့ၿပီး အဲဒီထဲက ေသဆံုးသူ ၆ ဦးနဲ႔ ေရာဂါပုိးကင္းစင္လာသူ ၇၉ ဦးအထိ ရွိထားၿပီးျဖစ္ပါတယ္။

ကိုဗစ္ေရာဂါသံသယနဲ႔ ေစာင့္ၾကည့္လူနာေတြအပါအဝင္ အသြားအလာကန္႔သတ္ခံထားရသူေတြနဲ႔ လူနာနဲ႔ အနီးကပ္ထိေတြ႔ခဲ့သူေတြရဲ႕ ဓာတ္ခြဲနမူနာေတြကုိ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသား က်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနနဲ႔ ေဆးသုေတသနဦးစီးဌာနတို႔မွာ စစ္ေဆးအတည္ျပဳေပးေနတာပါ။ မႏၱေလးနဲ႔ ေမာ္လၿမိဳင္ ၿပီးေတာ့ ေတာင္ႀကီးၿမိဳ႕နဲ႔ လားရႈိးၿမိဳ႕မွာရွိတဲ့ ျပည္သူ႔က်န္းမာေရး ဓာတ္ခြဲခန္းေတြမွာလည္း ဓာတ္ခြဲစစ္ေဆးႏုိင္ဖို႔အတြက္ စီစဥ္ေနတယ္လို႔ သိရပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------
[Unicode Version]

မြန်မာ့ကျန်းမာရေးစနစ် COVID-19 ရင်ဆိုင်နိုင်စွမ်း ဆန်းစစ်သုံးသပ်နေ

COVID-19 ကပ်ရောဂါ နောက်ဆက်တွဲဖြစ်ပေါ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာအကျိုးဆက်တွေကို ခန့်မှန်းပြီး ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပြင်ဆင်ဆောင်ရွက်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြမှာပါ။

COVID-19 ကပ်ရောဂါရဲ့ နောက်ဆက်တွဲဖြစ်ပေါ်နိုင်တဲ့ အကျိုးဆက်တွေကို ခန့်မှန်းသုံးသပ်ဖို့၊ ကျန်းမာရေးစနစ်အပေါ် သက်ရောက်မှုတွေကို ဘက်ပေါင်းစုံကနေ စဉ်းစားဖို့နဲ့ အဲဒီ ခန့်မှန်းသုံးသပ်ချက်တွေပေါ် မူတည်ပြီး ကြိုတင်ပြင်ဆင်ရမယ့်အချက်တွေကို ရေတို၊ ရေရှည်ကာလအလိုက် အစီအစဉ်တွေရေးဆွဲပြီး ဆောင်ရွက်နိုင်ဖို့အတွက် အဖွဲ့ဝင် ၂၄ ဦးပါဝင်တဲ့ အကြံပေးအဖွဲ့ကို ဧပြီလကုန်ပိုင်းမှာ ဖွဲ့စည်းခဲ့တာပါ။

အဲဒီအဖွဲ့ကို ကျန်းမာရေးဝန်ကြီးဟောင်း ဒေါက်တာဖေသက်ခင်က ဦးဆောင်မှာဖြစ်ပြီး အငြိမ်းစားဒုညွှန်ချုပ် ဒေါက်တာမျိုးခင်က အတွင်းရေးမှူးအဖြစ် တာဝန်ယူထားတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက VOA ကိုပြောပါတယ်။

“During the COVID ကာလမှာ ဘယ်လိုဖြစ်နိုင်သလဲ။ after COVID ကာလမှာရော ပြင်ဆင်ရတဲ့အနေအထားတွေကို ဘယ်လောက်အထိပေါ့နော် ကျနော်တို့ရဲ့ Human Resource အရရော၊ နောက် ငွေရေး၊ ကြေးရေးအရရောပေါ့နော်။ ဒါတွေဘယ်လိုပြန်ကုစားမလဲဆိုတာ။ အဲဒါကို ကျန်းမာရေးအရ ဒါတွေကို ဘက်ပေါင်းစုံကနေ သုံးသပ်ပြီးတဲ့အခါကျတော့ ဝန်ကြီးဌာနကို အကြံပြုနိုင်ဖို့အတွက် ဖွဲ့စည်းထားတာပေါ့နော်။”

နှစ်ပတ်တာ သက်တမ်းရှိပြီဖြစ်တဲ့ ဒီအကြံပေးအဖွဲ့ရဲ့ ခန့်မှန်းသုံးသပ်ချက်တွေနဲ့ ပတ်သက်ပြီး ဒေါက်တာသန်းနိုင်စိုးက အခုလိုဆက်ပြောပါတယ်။

“အဓိကတော့ လူနာများလာရင် System ရဲ့ Capacity ပေါ့။ ဥပမာဆိုရင် လူနာ ၁,၀၀၀ - ၂,၀၀၀ လောက်ဖြစ်လာမယ်။ ဒါမှမဟုတ် လူနာ ၈,၀၀၀ - ၁၀,၀၀၀ လောက်ဖြစ်လာမယ်ဆို ကျနော်တို့မှာ Hospital Bed တွေ အဲလောက်ပေးနိုင်လား။ ICU Bed တွေ ၁၀,၀၀၀ လောက် ဘယ်နေရာမှာ ရနိုင်မလဲပေါ့နော်။ ဒါမျိုးတွေကလည်း စဉ်းစားရမယ့်အချက်တွေပေါ့နော်။ နောက်တခုက လူနာများတဲ့အခါမှာ လိုက်ရမယ့် ဆေးဝန်ထမ်းတွေအတွက် အကာအကွယ်တို့၊ ဘာလို့လဲဆိုရင် သူက Turnover အရမ်းများတာကို။ ဒီ PPE ဆိုလည်း လူနာတယောက်အတွက်ကို အများကြီးကုန်တယ်ပေါ့နော်။ ဆေးရုံမှာ ကျန်တဲ့ သန့်ရှင်းရေးဝန်ထမ်းတို့ စတဲ့ ဒီ Health System ပေါ်မှာလည်း ကိုဗစ် Case များရင်များသလို သက်ရောက်တာပေါ့နော်။”

ပြည်တွင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူတွေထဲ ဒီရောဂါပိုးကင်းစင်လာသူဟာ ၇၉ ဦးအထိ ရှိထားပါတယ်။ အဲဒီလို ရောဂါပျောက်ကင်းသွားသူတွေရဲ့ သွေးရည်ကြည်ကို အသုံးပြုပြီး ကိုဗစ်လူနာတွေကို စမ်းသပ်ကုသပေးနိုင်ဖို့အတွက် ဆောင်ရွက်နေတယ်လို့လည်း ပြောပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ မနက်ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာ ဓာတ်ခွဲအတည်ပြုလူနာ ၁၈၁ ဦး ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၇၉ ဦးအထိ ရှိထားပြီးဖြစ်ပါတယ်။

ကိုဗစ်ရောဂါသံသယနဲ့ စောင့်ကြည့်လူနာတွေအပါအဝင် အသွားအလာကန့်သတ်ခံထားရသူတွေနဲ့ လူနာနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေရဲ့ ဓာတ်ခွဲနမူနာတွေကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသား ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ စစ်ဆေးအတည်ပြုပေးနေတာပါ။ မန္တလေးနဲ့ မော်လမြိုင် ပြီးတော့ တောင်ကြီးမြို့နဲ့ လားရှိုးမြို့မှာရှိတဲ့ ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲခန်းတွေမှာလည်း ဓာတ်ခွဲစစ်ဆေးနိုင်ဖို့အတွက် စီစဉ်နေတယ်လို့ သိရပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid-health/5419507.html
ျမန္မာ့က်န္းမာေရးစနစ္ COVID-19 ရင္ဆိုင္ႏိုင္စြမ္း ဆန္းစစ္သံုးသပ္ေန ျမန္မာ့က်န္းမာေရးစနစ္ COVID-19 ရင္ဆိုင္ႏိုင္စြမ္း ဆန္းစစ္သံုးသပ္ေန Reviewed by THITHTOOLWIN on 20:14 Rating: 5
Powered by Blogger.