ျမန္မာ COVID-19 ကူးစက္မႈႏႈန္း ပိုက်ဆင္းေရး ဆက္ၿပီး ပူးေပါင္းလုပ္ေဆာင္ဖို႔ တို္က္တြန္း

ရန္ကုန္ၿမိဳ႕ရွိ လမ္းတခုအတြင္းတြင္ ၀တ္စံုျပည့္၀တ္ၿပီး ပိုးသတ္ေဆးဖ်န္းေနၾကတဲ့ မီးသတ္တပ္ဖဲြ႔၀င္အခ်ိဳ႕ (ဧၿပီ ၂၀၊ ၂၀၂၀)
(Zawgyi/Unicode)

ျပည္တြင္းမွာ ကိုဗစ္ေရာဂါ ထပ္တုိးလူနာသစ္ ဓါတ္ခဲြ ေတြ႕ရွိမႈ နည္းလာသလို၊ ေရာဂါပုိးေပ်ာက္ကင္းသြားလို႔ ေဆးရံုဆင္းခြင့္ရသူေတြလည္း တုိးလာတဲ့အေၾကာင္းကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာ ကိုဗစ္လူနာေပါင္း ၁၅၁ ဦး ရွိခဲ့ပါတယ္။ အဲဒီထဲက ေသဆံုးသူ ၆ ဦး ရွိခဲ့ၿပီး၊ ေရာဂါပုိးကင္းစင္လာသူဟာ ၂၈ ဦးအထိ ရွိထားပါၿပီ။

ျပည္တြင္းက ေရာဂါပုိးေတြ႕ရွိသူေတြထဲမွာ ျပည္ပႏုိင္ငံကေနေရာက္ရွိလာသူေတြရွိသလို၊ အဲဒီလူေတြကေနတဆင့္ ျပန္လည္ကူးစက္ခံရသူေတြလည္း ရွိေနခဲ့တာပါ။ ဒါေပမဲ့ ၿပီးခဲ့တဲ့ရက္ပုိင္းေတြမွာ ဓာတ္ခြဲစစ္ေဆးခဲ့တဲ့အထဲ အတည္ျပဳရမယ့္ ထပ္တုိးလူနာသစ္ လံုးဝ မရွိခဲ့တဲ့ ရက္ေတြဆက္ခဲ့သလို ဒီကေန႔မနက္အေစာပိုင္းမွာလည္း ဓာတ္ခြဲနမူနာ ၂၀၈ ခုကို စစ္ေဆးအၿပီးမွာ အတည္ျပဳလူနာသစ္ ၁ ဦးကုိသာ ေတြ႕ရွိခဲ့တာပါ။

အခုလို ကိုဗစ္လူနာသစ္ေတြ႕ရွိမႈ ေလ်ာ့နည္းလာတာဟာ အားလံုးရဲ႕ ပူးေပါင္းေဆာင္ရြက္မႈေတြ ျဖစ္တာေၾကာင့္ ဒီအေျခအေနကို ဆက္ထိန္းႏုိင္ဖို႔အတြက္ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ညႊန္ၾကားေရးမွဴး ေဒါက္တာသန္းႏုိင္စုိးက ေမတၱာရပ္ခံထားပါတယ္။

“မိသားစုအသိုင္းအဝုိင္း၊ ေဆြမ်ိဳးအသုိင္းအဝုိင္း၊ မိတ္ေဆြအသုိင္းအဝိုင္း၊ ေစတနာ့ဝန္ထမ္းအသိုင္းအဝုိင္း၊ တဦးကို တဦးေပါ့ေနာ္ … ပူးေပါင္းေဆာင္ရြက္မႈေတြ ဒီထက္ပိုေကာင္းေအာင္ ေဆာင္ရြက္ေပးၾကပါ။ အဲလိုေဆာင္ရြက္ရင္ ေဆာင္ရြက္ႏုိင္သလုိေပါ့ေနာ္၊ က်ေနာ္တို႔ ဒီ Case ေတြက ေတြ႕ရွိမႈႏႈန္းက က်သလို၊ ျဖစ္ပြားမႈႏႈန္းလည္း က်ဆင္းမွာေပါ့ေနာ္။ ပူးေပါင္းေဆာင္ရြက္မႈ အားနည္းမယ္၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ထုတ္ျပန္ထားတဲ့ လမ္းညႊန္ခ်က္ေတြကုိလည္း လုိက္နာမႈ အားနည္းမယ္ဆုိရင္ေတာ့ ေရာဂါပုိးေတြ႕ရွိမႈကလည္း ျပန္လည္ျမင့္တက္လာႏုိင္တယ္ေပါ့ေနာ္။ အဲဒီေတာ့ လတ္တေလာအေျခအေနအရေတာ့ ဝမ္းသာေနရပါတယ္။ ဒါေပမဲ့ ေရွ႕ဆက္ၿပီးဝမ္းသာႏုိင္ေအာင္လို႔ ဆက္လက္ၿပီး အားအင္အျပည့္နဲ႔ ေကာင္းေနတဲ့ေနရာေတြ ဆက္ၿပီးေကာင္းေအာင္ အားလံုးဝိုင္းဝန္းၿပီးေတာ့ ေဆာင္ရြက္ေပးၾကပါဦးလို႔ ေမတၱာရပ္ခံအပ္ပါတယ္။”

ကိုဗစ္ေရာဂါကာကြယ္ ထိန္းခ်ဳပ္ႏုိင္ေရးအတြက္ ျပည္တြင္းမွာ အစုိးရဌာနခ်င္း ပူးေပါင္းထားတဲ့ အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီကုိ ဖြဲ႕စည္းထားသလို၊ က်န္းမာေရးဝန္ထမ္းေတြအပါအဝင္၊ ေစတနာရွင္လုပ္အားေပးေတြကလည္း ဒီေရာဂါတုိက္ထုတ္ႏုိင္ေရးအတြက္ ကူညီေဆာင္ရြက္ေနၾကတာပါ။

ကိုဗစ္ေရာဂါ ျဖစ္ပြားမႈကို တံု႔ျပန္ရာမွာ အေမရိကန္ျပည္ေထာင္စုအပါအဝင္ အေရွ႕ေတာင္အာရွႏုိင္ငံေတြ ပူးေပါင္းေဆာင္ရြက္ေနၿပီး ဒါေတြကို အရွိန္ျမွင့္တင္ႏုိင္ဖို႔အတြက္ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနကလည္း မေန႔တုန္းက အြန္လိုင္းအစည္းအေဝးမွာ တက္ေရာက္ေဆြးေႏြးခဲ့တယ္လို႔ ထုတ္ျပန္ထားပါတယ္။

ျပည္နယ္နဲ႔တိုင္း ၁၇ ခုမွာ ကုိဗစ္အတည္ျပဳလူနာေပါင္း ၁၅၁ ဦးကုိေတြ႕ရွိခဲ့ၿပီး အဲဒီထဲက ပုိးေတြ႕လူနာအမ်ားဆံုး ရွိတာကေတာ့ ရန္ကုန္တိုင္းထဲမွာ ျဖစ္ပါတယ္။

ဧရာဝတီတိုင္းက ၿမိဳ႕နယ္ေတြမွာေတာ့ အသြားအလာကန္႔သတ္ထားသူေတြ ရွိေနေပမဲ့ ေရာဂါပုိးေတြ႕ရွိသူ လံုးဝ မရွိေသးပါဘူး။

ဖ်ာပံုၿမိဳ႕နယ္၊ အမာၿမိဳ႕မွာေတာ့ ကိုဗစ္နဲ႔ပတ္သက္တဲ့ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ခ်မွတ္ထားတဲ့ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို လမ္းေတြထဲမွာ သတိေပးႏႈိးေဆာ္တာေတြလုပ္ေဆာင္ေနၿပီး တျခားေဒသက ေရာက္လာသူတုိင္းကို သတ္မွတ္ထားတဲ့ေနရာေတြမွာ Quarantine ၂၁ ရက္ဝင္ခိုင္းတယ္လို႔ သိရပါတယ္။

အရင္ကရန္ကုန္ကေန ျပန္လာသူေတြကုိ အသြားအလာ မကန္႔သတ္ခဲ့ေပမဲ့ အခုေတာ့ ဘယ္ေနရာက လာသူကိုမဆို ၂၁ ရက္တာ Q ဝင္ခိုင္းတယ္လို႔ အမာၿမိဳ႕မွာ ေနထုိင္တဲ့ ကိုေအာင္မ်ိဳးထြဋ္က အခုလိုေျပာပါတယ္။

“စစခ်င္းတုန္းကေတာ့ ရန္ကုန္က ျပန္လာသူေတြကုိ မထားဘူး။ ေရႊလီတို႔ တာခ်ီလိတ္ဘက္တုိ႔ကေန ျပန္လာသူေတြကုိေတာ့ ဒီမွာ Q ဝင္ရတယ္။ ရန္ကုန္က လူေတြကေတာ့ မေနရဘူး။ ဒါေပမဲ့ အခုေနာက္ပိုင္းေတာ့ ရန္ကုန္က ျပန္လာသူေတြလည္း ၂၁ ရက္ေနရတယ္။”

ဒီကေန႔ညေနထုတ္ျပန္ၿပီးခ်ိန္အထိ ကိုဗစ္လူနာေပါင္း ၁၁၈ ဦးကုိ သက္ဆုိင္ရာေဆးရံုေတြမွာ အသီးသီးထားရွိၿပီး ကုသေပးေနတယ္လို႔ သိရပါတယ္။

စုစု   / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------
[Unicode Version]

မြန်မာ COVID-19 ကူးစက်မှုနှုန်း ပိုကျဆင်းရေး ဆက်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ တိုက်တွန်း

ပြည်တွင်းမှာ ကိုဗစ်ရောဂါ ထပ်တိုးလူနာသစ် ဓါတ်ခွဲ တွေ့ရှိမှု နည်းလာသလို၊ ရောဂါပိုးပျောက်ကင်းသွားလို့ ဆေးရုံဆင်းခွင့်ရသူတွေလည်း တိုးလာတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာ ကိုဗစ်လူနာပေါင်း ၁၅၁ ဦးရှိခဲ့ပါတယ်။ အဲဒီထဲက သေဆုံးသူ ၆ ဦး ရှိခဲ့ပြီး၊ ရောဂါပိုးကင်းစင်လာသူဟာ ၂၈ ဦးအထိ ရှိထားပါပြီ။

ပြည်တွင်းက ရောဂါပိုးတွေ့ရှိသူတွေထဲမှာ ပြည်ပနိုင်ငံကနေရောက်ရှိလာသူတွေရှိသလို၊ အဲဒီလူတွေကနေတဆင့် ပြန်လည်ကူးစက်ခံရသူတွေလည်း ရှိနေခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေမှာ ဓာတ်ခွဲစစ်ဆေးခဲ့တဲ့အထဲ အတည်ပြုရမယ့် ထပ်တိုးလူနာသစ် လုံးဝ မရှိခဲ့တဲ့ ရက်တွေဆက်ခဲ့သလို ဒီကနေ့မနက်အစောပိုင်းမှာလည်း ဓာတ်ခွဲနမူနာ ၂၀၈ ခုကို စစ်ဆေးအပြီးမှာ အတည်ပြုလူနာသစ် ၁ ဦးကိုသာ တွေ့ရှိခဲ့တာပါ။

အခုလို ကိုဗစ်လူနာသစ်တွေ့ရှိမှု လျော့နည်းလာတာဟာ အားလုံးရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဖြစ်တာကြောင့် ဒီအခြေအနေကို ဆက်ထိန်းနိုင်ဖို့အတွက် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက မေတ္တာရပ်ခံထားပါတယ်။

“မိသားစုအသိုင်းအဝိုင်း၊ ဆွေမျိုးအသိုင်းအဝိုင်း၊ မိတ်ဆွေအသိုင်းအဝိုင်း၊ စေတနာ့ဝန်ထမ်းအသိုင်းအဝိုင်း၊ တဦးကို တဦးပေါ့နော် … ပူးပေါင်းဆောင်ရွက်မှုတွေ ဒီထက်ပိုကောင်းအောင် ဆောင်ရွက်ပေးကြပါ။ အဲလိုဆောင်ရွက်ရင် ဆောင်ရွက်နိုင်သလိုပေါ့နော်၊ ကျနော်တို့ ဒီ Case တွေက တွေ့ရှိမှုနှုန်းက ကျသလို၊ ဖြစ်ပွားမှုနှုန်းလည်း ကျဆင်းမှာပေါ့နော်။ ပူးပေါင်းဆောင်ရွက်မှု အားနည်းမယ်၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လမ်းညွှန်ချက်တွေကိုလည်း လိုက်နာမှု အားနည်းမယ်ဆိုရင်တော့ ရောဂါပိုးတွေ့ရှိမှုကလည်း ပြန်လည်မြင့်တက်လာနိုင်တယ်ပေါ့နော်။ အဲဒီတော့ လတ်တလောအခြေအနေအရတော့ ဝမ်းသာနေရပါတယ်။ ဒါပေမဲ့ ရှေ့ဆက်ပြီးဝမ်းသာနိုင်အောင်လို့ ဆက်လက်ပြီး အားအင်အပြည့်နဲ့ ကောင်းနေတဲ့နေရာတွေ ဆက်ပြီးကောင်းအောင် အားလုံးဝိုင်းဝန်းပြီးတော့ ဆောင်ရွက်ပေးကြပါဦးလို့ မေတ္တာရပ်ခံအပ်ပါတယ်။”

ကိုဗစ်ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပြည်တွင်းမှာ အစိုးရဌာနချင်း ပူးပေါင်းထားတဲ့ အမျိုးသားအဆင့် ဗဟိုကော်မတီကို ဖွဲ့စည်းထားသလို၊ ကျန်းမာရေးဝန်ထမ်းတွေအပါအဝင်၊ စေတနာရှင်လုပ်အားပေးတွေကလည်း ဒီရောဂါတိုက်ထုတ်နိုင်ရေးအတွက် ကူညီဆောင်ရွက်နေကြတာပါ။

ကိုဗစ်ရောဂါ ဖြစ်ပွားမှုကို တုံ့ပြန်ရာမှာ အမေရိကန်ပြည်ထောင်စုအပါအဝင် အရှေ့တောင်အာရှနိုင်ငံတွေ ပူးပေါင်းဆောင်ရွက်နေပြီး ဒါတွေကို အရှိန်မြှင့်တင်နိုင်ဖို့အတွက် ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနကလည်း မနေ့တုန်းက အွန်လိုင်းအစည်းအဝေးမှာ တက်ရောက်ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်နယ်နဲ့တိုင်း ၁၇ ခုမှာ ကိုဗစ်အတည်ပြုလူနာပေါင်း ၁၅၁ ဦးကိုတွေ့ရှိခဲ့ပြီး အဲဒီထဲက ပိုးတွေ့လူနာအများဆုံး ရှိတာကတော့ ရန်ကုန်တိုင်းထဲမှာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းက မြို့နယ်တွေမှာတော့ အသွားအလာကန့်သတ်ထားသူတွေ ရှိနေပေမဲ့ ရောဂါပိုးတွေ့ရှိသူ လုံးဝ မရှိသေးပါဘူး။

ဖျာပုံမြို့နယ်၊ အမာမြို့မှာတော့ ကိုဗစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို လမ်းတွေထဲမှာ သတိပေးနှိုးဆော်တာတွေလုပ်ဆောင်နေပြီး တခြားဒေသက ရောက်လာသူတိုင်းကို သတ်မှတ်ထားတဲ့နေရာတွေမှာ Quarantine ၂၁ ရက်ဝင်ခိုင်းတယ်လို့ သိရပါတယ်။

အရင်ကရန်ကုန်ကနေ ပြန်လာသူတွေကို အသွားအလာ မကန့်သတ်ခဲ့ပေမဲ့ အခုတော့ ဘယ်နေရာက လာသူကိုမဆို ၂၁ ရက်တာ Q ဝင်ခိုင်းတယ်လို့ အမာမြို့မှာ နေထိုင်တဲ့ ကိုအောင်မျိုးထွဋ်က အခုလိုပြောပါတယ်။

“စစချင်းတုန်းကတော့ ရန်ကုန်က ပြန်လာသူတွေကို မထားဘူး။ ရွှေလီတို့ တာချီလိတ်ဘက်တို့ကနေ ပြန်လာသူတွေကိုတော့ ဒီမှာ Q ဝင်ရတယ်။ ရန်ကုန်က လူတွေကတော့ မနေရဘူး။ ဒါပေမဲ့ အခုနောက်ပိုင်းတော့ ရန်ကုန်က ပြန်လာသူတွေလည်း ၂၁ ရက်နေရတယ်။”

ဒီကနေ့ညနေထုတ်ပြန်ပြီးချိန်အထိ ကိုဗစ်လူနာပေါင်း ၁၁၈ ဦးကို သက်ဆိုင်ရာဆေးရုံတွေမှာ အသီးသီးထားရှိပြီး ကုသပေးနေတယ်လို့ သိရပါတယ်။

စုစု   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5400766.html
ျမန္မာ COVID-19 ကူးစက္မႈႏႈန္း ပိုက်ဆင္းေရး ဆက္ၿပီး ပူးေပါင္းလုပ္ေဆာင္ဖို႔ တို္က္တြန္း ျမန္မာ COVID-19 ကူးစက္မႈႏႈန္း ပိုက်ဆင္းေရး ဆက္ၿပီး ပူးေပါင္းလုပ္ေဆာင္ဖို႔ တို္က္တြန္း Reviewed by THITHTOOLWIN on 23:10 Rating: 5
Powered by Blogger.