ကန္႔ကြက္မႈၾကံဳေနတဲ့ မ်ဳိးဆက္ပြားက်န္းမာေရးပညာေပးသင္ခန္းစာ စိစစ္ျပင္ဆင္မယ္


[Zawgyi/Unicode]

မ်ိဳးဆက္ပြား က်န္းမာေရးပညာေပးနဲ႔ ပတ္သက္လို႔ သင္႐ိုးၫႊန္းတမ္းမွာ ထည့္သြင္းထားမႈအေပၚ ေဝဖန္မႈေတြေၾကာင့္ ပညာေရးဌာနအေနနဲ႔ အသုံးအႏႈန္းေတြကို ျပန္စိစစ္ျပင္ဆင္သြားမယ္ဆိုတာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပပါမယ္။

နည္းပညာေခတ္မွာ သတင္းအခ်က္အလက္ အျဖစ္အပ်က္ေတြကို လူတိုင္းအလြယ္တကူ သိႏိုင္တာေၾကာင့္ ေက်ာင္းသားေက်ာင္းသူေတြအေနနဲ႔ မျမင္သင့္မၾကားသင့္တာေတြနဲ႔ နီးစပ္မႈေတြ ရွိေနတဲ့အတြက္ အမွားအမွန္ခြဲျခား သင္ယူႏိုင္ေစဖို႔ ဒီသင္ခန္းစာကို ထည့္သြင္းတာလို႔ ပညာေရးတာဝန္ရွိသူေတြက ေျပာပါတယ္။

ဒသမတန္းသင္႐ိုးသစ္ ဘဝတြက္တာ ကြၽမ္းက်င္စရာ ဘာသာရပ္မွာ ပါဝင္တဲ့ မ်ိဳးဆက္ပြားက်န္းမာေရးႏွင့္ ဆယ္ေက်ာ္သက္အ႐ြယ္မ်ား ေပါင္းသင္းဆက္ဆံေရး သင္ခန္းစာေတြ ထည့္သြင္းတာဟာ အသက္အ႐ြယ္အလိုက္သိသင့္တဲ့ အေၾကာင္းအရာေတြကို နားလည္ႏိုင္ဖို႔ ျဖစ္တယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ဦးကိုေလးဝင္းက ဒီကေန႔ သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

အမ်ားသုံးေနၾကသလို Sex Education လိင္ပိုင္းဆိုင္ရာ ပညာေပးသေဘာထက္၊ Reproductive health Education မ်ိဳးဆက္ပြား က်န္းမာေရးပညာေပးလို႔သာ သုံးစြဲေစခ်င္တယ္လို႔ ဦးကိုေလးဝင္းက ေျပာပါတယ္။

“အမ်ားေျပာတဲ့ အဲ့ဒီ sex education ဆိုတဲ့ စကားလုံးကို သိပ္မသုံးေစခ်င္ပါဘူး။ ျဖစ္ႏိုင္လို႔ရွိရင္ အဲ့ဒီ Sex Education ေပ့ါ၊ အဲ့ဒီလို Sex လို႔ အသံၾကားလိုက္ရင္ တခါတစ္ေလက်ေတာ့ ဒီသာမန္ေပါ့ေနာ္။ လူေတြက ေနၿပီးေတာ့ ဘယ္ေရာက္သြားလဲဆို အဲ့ဒီဟို တျခား Entertainment ဘက္ကို ေရာက္သြားတယ္လို႔ က်ေနာ္ကေတာ့ ျမင္တယ္။ ဒါေၾကာင့္ ျဖစ္ႏိုင္လို႔ ရွိရင္ေတာ့ မ်ိဳးဆက္ပြားက်န္းမာေရးေပါ့ေနာ္။ ဗမာလိုဆိုရင္ေတာ့ ဒါမွမဟုတ္လို႔ရွိရင္ေတာ့ က်ေနာ္တို႔က Reproductive Education ေပါ့ေနာ္။ ဒါနဲ႔ပတ္သက္ၿပီးေတာ့မွ က်ေနာ္တို႔ အဲလိုပဲ သုံးေစခ်င္ပါတယ္။”

မ်ိဳးဆက္ပြားက်န္းမာေရးကို သင္တဲ့အခါ ေက်ာင္းမွာ လက္ေတြ႔သင္ၾကားမယ့္ ဆရာ၊ ဆရာမေတြကိုလည္း ေသေသခ်ာခ်ာ သင္တန္းေပးထားၿပီးျဖစ္တယ္လို႔ ပညာေရး သုေတသန စီမံကိန္းနဲ႔ ေလ့က်င့္ေရးဦးစီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္က ေျပာပါတယ္။

သင္ၾကားေပးမယ့္ ဆရာဆရာမေတြကို ဘာသာရပ္ေတြရဲ႕ သေဘာသဘာဝေတြကို ရွင္းျပတာ၊ အဲ့ဒီဘာသာရပ္ေတြကို သင္ၾကားေပးတဲ့ အခါမွာ သင္ခန္းစာရဲ႕ ရည္႐ြယ္ခ်က္ကို ေသခ်ာသိေအာင္ ဘယ္လိုေတြေဆာင္႐ြက္ရမယ္ ဆိုတာေတြကို သိေအာင္ သင္တန္းေတြ အဆင့္ဆင့္ ေပးထားၿပီးျဖစ္တယ္လို႔ ပညာေရး သုေတသန စီမံကိန္းနဲ႔ ေလ့က်င့္ေရးဦးစီးဌာန ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာဝင္းထြန္းက ေျပာပါတယ္။

“ဆရာတို႔ရဲ႕ အေျခခံပညာ ဦးစီးဌာနက ဆရာဆရာမေတြအျပင္ကို ထပ္ၿပီးေတာ့ ဆရာတို႔လိုအပ္တဲ့ ဟို ျပင္ပ၊ ျပင္ပဆိုတာက ဆရာတို႔ အေျခခံပညာဦးစီးဌာနက ဆရာ၊ဆရာမ မဟုတ္တဲ့ လူေတြပါထည့္ၿပီးေတာ့ သင္တန္းေပးထားတာျဖစ္ပါတယ္။ ဒီဟာကေတာ့ေလ။”

ဒါေပမဲဲ့လည္း ဒီသင္ခန္းစာအေပၚမွာ ေဝဖန္ေျပာဆိုမႈေတြ စိုးရိမ္မႈေတြတိုးေနတာေၾကာင့္ ဒီထဲက အသုံးအႏႈန္းေတြကို စိစစ္ ျပင္ဆင္သြားမယ္လို႔ ပညာေရးဌာနက ထုတ္ျပန္ထားပါတယ္။

ဒီလို သင္တဲ့အခါ ေက်ာင္းသားေတြအေနနဲ႔ အယူအဆလြဲမွားသြားတာ၊ သင္ၾကားတဲ့ဆရာဆရာမရဲ႕ သင္ၾကားမႈ ပုံစံမမွန္မွာေတြကို စိုးရိမ္တဲ့ ေက်ာင္းသားမိဘေတြလည္း ရွိေနပါတယ္။ ေက်ာင္းသားမိဘ တဦးျဖစ္တဲ့ ကိုေက်ာ္ဝဏၰကေတာ့ သင္ၾကားမႈပုံစံ လြဲေခ်ာ္မွာကို စိုးရိမ္ပါတယ္။

“စိုးရိမ္မႈ ရွိတယ္။ မိဘတစ္ေယာက္အေနနဲ႔ကေတာ့ စိုးရိမ္မႈရွိတယ္။ သင္တဲ့ ဆရာဆရာမရဲ႕ အေနအထားေပါ့ေနာ္။ သူအေပၚမွာ အမ်ားႀကီး မူတည္မယ္။ ဆိုလိုခ်င္တာက ဘာလဲဆိုေတာ့ ကေလးေတြ နားလည္သေဘာေပါက္ေအာင္လို႔ သင္ျပေပးတဲ့ ဆရာ ဆရာမ ကိုယ္တိုင္က ဒီပညာနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္ေလာက္ထိ ေလ့လာထားသလဲ၊ အဲ့ဒါနဲ႔ ပတ္သက္ၿပီး က်န္းမာေရးနဲ႔ ပတ္သက္ၿပီးဘယ္ေလာက္ထိ အသိပညာ ဗဟုသုတ ရွိသလဲ ဆိုတာအေပၚမွာ အမ်ားႀကီး မူတည္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တခ်ိဳ႕ ဒီသင္႐ိုးအတိုင္းသင္လိုက္လို႔ တျခား နားလည္သေဘာေပါက္မႈ လြဲသြားလို႔ရွိရင္ အႏၲရာယ္ရွိတယ္။”

ဒီမ်ိဳးဆက္ပြားက်န္းမာေရး ပညာေပးသင္ခန္းစာနဲ႔ပတ္သက္လို႔ ဗုဒၶဘာသာ ကလ်ာဏယုဝအသင္းႀကီး (YMBA) အပါအဝင္ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီနဲ႔ အမ်ိဳးသားေရးလႈပ္ရွားမႈအဖြဲ႕ေတြက ဒါကို ျမန္မာယဥ္ေက်းမႈနဲ မကိုက္ညီဘူးဆိုၿပီး ကန႔္ကြက္မႈေတြ ရွိေနပါတယ္။

ျမန္မာႏိုင္ငံမွာ ဘဝတြက္တာ ကြၽမ္းက်င္စရာ ဘာသာရပ္ကို ၁၉၉၈ ခုႏွစ္ ပညာေရးျမင့္တင္မႈအစီအစဥ္ အရ အေျခခံပညာအဆင့္ကေန စတင္ၿပီး သင္ၾကားခဲ့တာပါ။ ၂၀၀၃-၂၀၀၄ စာသင္ႏွစ္မွာ UNICEF ကုလသမဂၢ ကေလးမ်ားရန္ပုံေငြအဖြဲ႕ရဲ႕ နည္းပညာအကူအညီယူၿပီး သင္႐ိုးျပဳစုခဲ့သလို၊ ေနာက္ပိုင္းမွာ သက္ဆိုင္ရာပညာရပ္ဆိုင္ရာ ကြၽမ္းက်င္သူေတြနဲ႔ ညႇိႏိႈင္းၿပီး သင္႐ိုးေရးဆြဲခဲ့တာျဖစ္တယ္လို႔ ပညာေရးတာဝန္ရွိသူေတြက ေျပာဆိုပါတယ္။

အိမ့္သႏၲာထြန္း / VOA (Burmese)
--------------------------------------------
[Unicode Version]

ကန့်ကွက်မှုကြုံနေတဲ့ မျိုးဆက်ပွားကျန်းမာရေးပညာပေးသင်ခန်းစာ စိစစ်ပြင်ဆင်မယ်

မျိုးဆက်ပွား ကျန်းမာရေးပညာပေးနဲ့ ပတ်သက်လို့ သင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းထားမှုအပေါ် ဝေဖန်မှုတွေကြောင့် ပညာရေးဌာနအနေနဲ့ အသုံးအနှုန်းတွေကို ပြန်စိစစ်ပြင်ဆင်သွားမယ်ဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

နည်းပညာခေတ်မှာ သတင်းအချက်အလက် အဖြစ်အပျက်တွေကို လူတိုင်းအလွယ်တကူ သိနိုင်တာကြောင့် ကျောင်းသားကျောင်းသူတွေအနေနဲ့ မမြင်သင့်မကြားသင့်တာတွေနဲ့ နီးစပ်မှုတွေ ရှိနေတဲ့အတွက် အမှားအမှန်ခွဲခြား သင်ယူနိုင်စေဖို့ ဒီသင်ခန်းစာကို ထည့်သွင်းတာလို့ ပညာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

ဒသမတန်းသင်ရိုးသစ် ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်မှာ ပါဝင်တဲ့ မျိုးဆက်ပွားကျန်းမာရေးနှင့် ဆယ်ကျော်သက်အရွယ်များ ပေါင်းသင်းဆက်ဆံရေး သင်ခန်းစာတွေ ထည့်သွင်းတာဟာ အသက်အရွယ်အလိုက်သိသင့်တဲ့ အကြောင်းအရာတွေကို နားလည်နိုင်ဖို့ ဖြစ်တယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးကိုလေးဝင်းက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

အများသုံးနေကြသလို Sex Education လိင်ပိုင်းဆိုင်ရာ ပညာပေးသဘောထက်၊ Reproductive health Education မျိုးဆက်ပွား ကျန်းမာရေးပညာပေးလို့သာ သုံးစွဲစေချင်တယ်လို့ ဦးကိုလေးဝင်းက ပြောပါတယ်။

“အများပြောတဲ့ အဲ့ဒီ sex education ဆိုတဲ့ စကားလုံးကို သိပ်မသုံးစေချင်ပါဘူး။ ဖြစ်နိုင်လို့ရှိရင် အဲ့ဒီ Sex Education ပေ့ါ၊ အဲ့ဒီလို Sex လို့ အသံကြားလိုက်ရင် တခါတစ်လေကျတော့ ဒီသာမန်ပေါ့နော်။ လူတွေက နေပြီးတော့ ဘယ်ရောက်သွားလဲဆို အဲ့ဒီဟို တခြား Entertainment ဘက်ကို ရောက်သွားတယ်လို့ ကျနော်ကတော့ မြင်တယ်။ ဒါကြောင့် ဖြစ်နိုင်လို့ ရှိရင်တော့ မျိုးဆက်ပွားကျန်းမာရေးပေါ့နော်။ ဗမာလိုဆိုရင်တော့ ဒါမှမဟုတ်လို့ရှိရင်တော့ ကျနော်တို့က Reproductive Education ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့မှ ကျနော်တို့ အဲလိုပဲ သုံးစေချင်ပါတယ်။”

မျိုးဆက်ပွားကျန်းမာရေးကို သင်တဲ့အခါ ကျောင်းမှာ လက်တွေ့သင်ကြားမယ့် ဆရာ၊ ဆရာမတွေကိုလည်း သေသေချာချာ သင်တန်းပေးထားပြီးဖြစ်တယ်လို့ ပညာရေး သုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်က ပြောပါတယ်။

သင်ကြားပေးမယ့် ဆရာဆရာမတွေကို ဘာသာရပ်တွေရဲ့ သဘောသဘာဝတွေကို ရှင်းပြတာ၊ အဲ့ဒီဘာသာရပ်တွေကို သင်ကြားပေးတဲ့ အခါမှာ သင်ခန်းစာရဲ့ ရည်ရွယ်ချက်ကို သေချာသိအောင် ဘယ်လိုတွေဆောင်ရွက်ရမယ် ဆိုတာတွေကို သိအောင် သင်တန်းတွေ အဆင့်ဆင့် ပေးထားပြီးဖြစ်တယ်လို့ ပညာရေး သုတေသန စီမံကိန်းနဲ့ လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ပြောပါတယ်။

“ဆရာတို့ရဲ့ အခြေခံပညာ ဦးစီးဌာနက ဆရာဆရာမတွေအပြင်ကို ထပ်ပြီးတော့ ဆရာတို့လိုအပ်တဲ့ ဟို ပြင်ပ၊ ပြင်ပဆိုတာက ဆရာတို့ အခြေခံပညာဦးစီးဌာနက ဆရာ၊ဆရာမ မဟုတ်တဲ့ လူတွေပါထည့်ပြီးတော့ သင်တန်းပေးထားတာဖြစ်ပါတယ်။ ဒီဟာကတော့လေ။”

ဒါပေမဲ့လည်း ဒီသင်ခန်းစာအပေါ်မှာ ဝေဖန်ပြောဆိုမှုတွေ စိုးရိမ်မှုတွေတိုးနေတာကြောင့် ဒီထဲက အသုံးအနှုန်းတွေကို စိစစ် ပြင်ဆင်သွားမယ်လို့ ပညာရေးဌာနက ထုတ်ပြန်ထားပါတယ်။

ဒီလို သင်တဲ့အခါ ကျောင်းသားတွေအနေနဲ့ အယူအဆလွဲမှားသွားတာ၊ သင်ကြားတဲ့ဆရာဆရာမရဲ့ သင်ကြားမှု ပုံစံမမှန်မှာတွေကို စိုးရိမ်တဲ့ ကျောင်းသားမိဘတွေလည်း ရှိနေပါတယ်။ ကျောင်းသားမိဘ တဦးဖြစ်တဲ့ ကိုကျော်ဝဏ္ဏကတော့ သင်ကြားမှုပုံစံ လွဲချော်မှာကို စိုးရိမ်ပါတယ်။

“စိုးရိမ်မှု ရှိတယ်။ မိဘတစ်ယောက်အနေနဲ့ကတော့ စိုးရိမ်မှုရှိတယ်။ သင်တဲ့ ဆရာဆရာမရဲ့ အနေအထားပေါ့နော်။ သူအပေါ်မှာ အများကြီး မူတည်မယ်။ ဆိုလိုချင်တာက ဘာလဲဆိုတော့ ကလေးတွေ နားလည်သဘောပေါက်အောင်လို့ သင်ပြပေးတဲ့ ဆရာ ဆရာမ ကိုယ်တိုင်က ဒီပညာနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက်ထိ လေ့လာထားသလဲ၊ အဲ့ဒါနဲ့ ပတ်သက်ပြီး ကျန်းမာရေးနဲ့ ပတ်သက်ပြီးဘယ်လောက်ထိ အသိပညာ ဗဟုသုတ ရှိသလဲ ဆိုတာအပေါ်မှာ အများကြီး မူတည်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့ ဒီသင်ရိုးအတိုင်းသင်လိုက်လို့ တခြား နားလည်သဘောပေါက်မှု လွဲသွားလို့ရှိရင် အန္တရာယ်ရှိတယ်။”

ဒီမျိုးဆက်ပွားကျန်းမာရေး ပညာပေးသင်ခန်းစာနဲ့ပတ်သက်လို့ ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းကြီး (YMBA) အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ အမျိုးသားရေးလှုပ်ရှားမှုအဖွဲ့တွေက ဒါကို မြန်မာယဉ်ကျေးမှုနဲ မကိုက်ညီဘူးဆိုပြီး ကန့်ကွက်မှုတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံမှာ ဘဝတွက်တာ ကျွမ်းကျင်စရာ ဘာသာရပ်ကို ၁၉၉၈ ခုနှစ် ပညာရေးမြင့်တင်မှုအစီအစဉ် အရ အခြေခံပညာအဆင့်ကနေ စတင်ပြီး သင်ကြားခဲ့တာပါ။ ၂၀၀၃-၂၀၀၄ စာသင်နှစ်မှာ UNICEF ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ရဲ့ နည်းပညာအကူအညီယူပြီး သင်ရိုးပြုစုခဲ့သလို၊ နောက်ပိုင်းမှာ သက်ဆိုင်ရာပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ ညှိနှိုင်းပြီး သင်ရိုးရေးဆွဲခဲ့တာဖြစ်တယ်လို့ ပညာရေးတာဝန်ရှိသူတွေက ပြောဆိုပါတယ်။

အိမ့်သန္တာထွန်း / VOA (Burmese)
https://burmese.voanews.com/a/myanmar-education/5431615.html
ကန္႔ကြက္မႈၾကံဳေနတဲ့ မ်ဳိးဆက္ပြားက်န္းမာေရးပညာေပးသင္ခန္းစာ စိစစ္ျပင္ဆင္မယ္ ကန္႔ကြက္မႈၾကံဳေနတဲ့ မ်ဳိးဆက္ပြားက်န္းမာေရးပညာေပးသင္ခန္းစာ စိစစ္ျပင္ဆင္မယ္ Reviewed by THITHTOOLWIN on 20:48 Rating: 5
Powered by Blogger.