COVID-19 သံသယနဲ႔ သီးျခားခြဲေစာင့္ၾကည့္ေနသူအားလံုး ေရာဂါပိုးစစ္ေဆးေန

ရန္ကုန္ၿမိဳ႕ရွိ Quarantine စင္တာတခုတြင္ COVID-19 ေရာဂါ ရွိ၊ မရွိ စစ္ေဆးေပးေနၾကတဲ့ က်န္းမာေရး၀န္ထမ္းမ်ား (ေမ ၁၆၊ ၂၀၂၀)
[Zawgyi/Unicode]

COVID-19 ေရာဂါပိုးသံသယနဲ႔ Quarantine လုပ္ သီးသန္႔ထားေစာင့္ၾကည့္သူအားလံုးကို အခုေမလ ၁၇ ရက္ေန႔ကစၿပီး ရာႏႈန္းျပည့္စစ္ေဆးေပးဖို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ညႊန္ၾကားထားတယ္ဆိုတာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက တင္ဆက္ေပးပါမယ္။

ကုိဗစ္လူနာေတြနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူေတြအပါအဝင္ ျပည္ပကေန ျပန္ဝင္လာသူေတြထဲက ေရာဂါလကၡဏာရွိသူေတြကိုသာ အရင္က စစ္ေဆးေပးခဲ့ေပမဲ့ ဧၿပီလ ၁၅ ရက္ေန႔ကစၿပီး ေမလ ၁၆ ရက္ေန႔အတြင္း Q ဝင္သူဦးေရ ၅ ရာခိုင္ႏႈန္းကေန ၁၀ ရာခိုင္ႏႈန္းအထိ စစ္ေဆးေပးခဲ့တယ္လို႔ သိရပါတယ္။

ဒါေပမဲ့ အခုေမလ ၁၇ ရက္ေန႔ကစၿပီး Quarantine ဝင္ေနသူတိုင္းကုိ ေရာဂါရွိ၊ မရွိ စစ္ေဆးေပးသြားမယ္လို႔ ဒီကေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ပံုမွန္အစည္းအေဝးမွာ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးက ေျပာပါတယ္။

“ေမလ ၁၇ ရက္ေန႔ကစၿပီးေတာ့ အကုန္လံုးစစ္ပါမယ္။ ေလယာဥ္နဲ႔ လာတဲ့လူေတြ ကုန္လမ္းက လာတဲ့လူေတြအကုန္ စစ္ပါတယ္။ စစ္ဖို႔ကိုလည္း ေမလ ၁၇ရက္ေန႔ကတည္းက ညႊန္ၾကားလုိက္ပါၿပီ။ ဒီနယ္စပ္ေတြမွာလုပ္တဲ့ Volunteer ေတြ၊ ေဆးရံုမွာရွိတဲ့ risk ရွိတဲ့ ဝန္ထမ္းေတြ၊ နယ္စပ္က်န္းမာေရးေတြမွာပါ အကုန္စစ္မွာပါ။”

အသြားအလာ ကန္႔သတ္ထားသူတိုင္းမွာ ကိုဗစ္ေရာဂါပုိးရွိ၊ မရွိ ရာႏႈန္္းျပည့္စစ္ေဆးေပးေနတာ ဒီကေန႔နဲ႔ဆို ၆ ရက္ရွိသြားပါၿပီ။ အဲဒီကာလအတြင္းမွာ ျပည္ပကေန ေရာက္ရွိလာသူေတြထဲက ၁၆ ဦးမွာ ဒီေရာဂါပုိးရွိေၾကာင္းကုိ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။

ကိုဗစ္လူနာေတြထဲက ၆၂ ရာခိုင္ႏႈန္းေလာက္က ေရာဂါလကၡဏာ မျပဘဲ ဗုိင္းရပ္စ္ပိုး ရွိေနသူေတြျဖစ္လို႔ ျပည္သူေတြအေနနဲ႔ ေပါ့ေပါ့ဆဆ မေနဖုိ႔ကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သတိေပးေနတာပါ။

“လူတေယာက္သည္ ဒီေရာဂါရရင္ ၄၀ ရာခိုင္ႏႈန္းက လူေကာင္းလုိပဲ။ ေနာက္ ၄၀ ရာခိုင္ႏႈန္းက အဖ်ားနည္းနည္းရွိမယ္၊ လည္ေခ်ာင္းနာမယ္၊ ကုိယ္လက္မအီမသာျဖစ္မယ္။ ေနာက္ ၁၅ ရာခိုင္ႏႈန္းက ေဆးရံုတက္ရမယ္၊ ေအာက္စီဂ်င္လုိမယ္။ ေနာက္ ၅ ရာခိုင္ႏႈန္းသည္ Critical Care ICU လိုမယ္။ ဆိုလိုတာ ဒီ ပထမ ၈၀ ရာခိုင္ႏႈန္းေလာက္က ေရာဂါရွိေသာ္လည္း က်ေတာ္တို႔ရဲ႕ ျပည္သူ႔က်န္းမာေရး ကာကြယ္ေရးလုပ္တဲ့အတြက္ ဒီ ၈၀ ကေန ဆက္ၿပီး မကူးျခင္းျဖစ္ပါတယ္။ အကယ္၍သာ က်ေနာ္တို႔ ျပည္သူ႔က်န္းမာေရးလုပ္ေဆာင္မႈ ညံ့တယ္ဆုိရင္ ဒီ ၈၀ ထဲကေနၿပီးေတာ့ အရမ္းျပန္႔ေနပါၿပီ။ အခုခ်ိန္ထိေတာ့ က်ေနာ္တို႔သိသေလာက္ ၁၀၀ ေက်ာ္ပဲ ရွိပါေသးတယ္။”

ဒါကေတာ့ ဒီကေန႔ျပဳလုပ္တဲ့ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေဝးမွာ ေဒါက္တာျမင့္ေထြးေျပာသြားတာ ျဖစ္ပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ထုတ္ျပန္ၿပီးခ်ိန္အထိ ျပည္တြင္းမွာ ကုိဗစ္လူနာေပါင္း ၁၉၉ ဦးအထိ ရွိခဲ့ၿပီး အဲဒီထဲက ေသဆံုးသူ ၆ ဦးနဲ႔ ေရာဂါပုိးကင္းစင္လာသူ ၁၀၈ ဦးအထိ ရွိထားၿပီး ျဖစ္ပါတယ္။

ကိုဗစ္ေရာဂါရွိ၊ မရွိဓာတ္ခြဲအတည္ျပဳႏုိင္ဖို႔ကုိ ရန္ကုန္ၿမိဳ႕မွာရွိတဲ့ အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဆိုင္ရာဌာနနဲ႔ ေဆးသုေတသနဦးစီးဌာနတို႔မွာ စစ္ေဆးေပးေနၿပီး လာမယ့္ဇြန္လပထမပတ္ေလာက္ကစၿပီး မႏၱေလး၊ ေတာင္ႀကီးနဲ႔ ေမာ္လၿမိဳင္ၿမိဳ႕တို႔မွာလည္း ဓာတ္ခြဲစစ္ေဆးႏုိင္ေတာ့မယ္လို႔ သိရပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)

[Unicode Version]

COVID-19 သံသယနဲ့ သီးခြားခွဲစောင့်ကြည့်နေသူအားလုံး ရောဂါပိုးစစ်ဆေးနေ

COVID-19 ရောဂါပိုးသံသယနဲ့ Quarantine လုပ် သီးသန့်ထားစောင့်ကြည့်သူအားလုံးကို အခုမေလ ၁၇ ရက်နေ့ကစပြီး ရာနှုန်းပြည့်စစ်ဆေးပေးဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားထားတယ်ဆိုတာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက တင်ဆက်ပေးပါမယ်။

ကိုဗစ်လူနာတွေနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေအပါအဝင် ပြည်ပကနေ ပြန်ဝင်လာသူတွေထဲက ရောဂါလက္ခဏာရှိသူတွေကိုသာ အရင်က စစ်ဆေးပေးခဲ့ပေမဲ့ ဧပြီလ ၁၅ ရက်နေ့ကစပြီး မေလ ၁၆ ရက်နေ့အတွင်း Q ဝင်သူဦးရေ ၅ ရာခိုင်နှုန်းကနေ ၁၀ ရာခိုင်နှုန်းအထိ စစ်ဆေးပေးခဲ့တယ်လို့ သိရပါတယ်။

ဒါပေမဲ့ အခုမေလ ၁၇ ရက်နေ့ကစပြီး Quarantine ဝင်နေသူတိုင်းကို ရောဂါရှိ၊ မရှိ စစ်ဆေးပေးသွားမယ်လို့ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် ပုံမှန်အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောပါတယ်။

“မေလ ၁၇ ရက်နေ့ကစပြီးတော့ အကုန်လုံးစစ်ပါမယ်။ လေယာဉ်နဲ့ လာတဲ့လူတွေ ကုန်လမ်းက လာတဲ့လူတွေအကုန် စစ်ပါတယ်။ စစ်ဖို့ကိုလည်း မေလ ၁၇ရက်နေ့ကတည်းက ညွှန်ကြားလိုက်ပါပြီ။ ဒီနယ်စပ်တွေမှာလုပ်တဲ့ Volunteer တွေ၊ ဆေးရုံမှာရှိတဲ့ risk ရှိတဲ့ ဝန်ထမ်းတွေ၊ နယ်စပ်ကျန်းမာရေးတွေမှာပါ အကုန်စစ်မှာပါ။”

အသွားအလာ ကန့်သတ်ထားသူတိုင်းမှာ ကိုဗစ်ရောဂါပိုးရှိ၊ မရှိ ရာနှုန်းပြည့်စစ်ဆေးပေးနေတာ ဒီကနေ့နဲ့ဆို ၆ ရက်ရှိသွားပါပြီ။ အဲဒီကာလအတွင်းမှာ ပြည်ပကနေ ရောက်ရှိလာသူတွေထဲက ၁၆ ဦးမှာ ဒီရောဂါပိုးရှိကြောင်းကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ကိုဗစ်လူနာတွေထဲက ၆၂ ရာခိုင်နှုန်းလောက်က ရောဂါလက္ခဏာ မပြဘဲ ဗိုင်းရပ်စ်ပိုး ရှိနေသူတွေဖြစ်လို့ ပြည်သူတွေအနေနဲ့ ပေါ့ပေါ့ဆဆ မနေဖို့ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးနေတာပါ။

“လူတယောက်သည် ဒီရောဂါရရင် ၄၀ ရာခိုင်နှုန်းက လူကောင်းလိုပဲ။ နောက် ၄၀ ရာခိုင်နှုန်းက အဖျားနည်းနည်းရှိမယ်၊ လည်ချောင်းနာမယ်၊ ကိုယ်လက်မအီမသာဖြစ်မယ်။ နောက် ၁၅ ရာခိုင်နှုန်းက ဆေးရုံတက်ရမယ်၊ အောက်စီဂျင်လိုမယ်။ နောက် ၅ ရာခိုင်နှုန်းသည် Critical Care ICU လိုမယ်။ ဆိုလိုတာ ဒီ ပထမ ၈၀ ရာခိုင်နှုန်းလောက်က ရောဂါရှိသော်လည်း ကျတော်တို့ရဲ့ ပြည်သူ့ကျန်းမာရေး ကာကွယ်ရေးလုပ်တဲ့အတွက် ဒီ ၈၀ ကနေ ဆက်ပြီး မကူးခြင်းဖြစ်ပါတယ်။ အကယ်၍သာ ကျနော်တို့ ပြည်သူ့ကျန်းမာရေးလုပ်ဆောင်မှု ညံ့တယ်ဆိုရင် ဒီ ၈၀ ထဲကနေပြီးတော့ အရမ်းပြန့်နေပါပြီ။ အခုချိန်ထိတော့ ကျနော်တို့သိသလောက် ၁၀၀ ကျော်ပဲ ရှိပါသေးတယ်။”

ဒါကတော့ ဒီကနေ့ပြုလုပ်တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ ဒေါက်တာမြင့်ထွေးပြောသွားတာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိ ပြည်တွင်းမှာ ကိုဗစ်လူနာပေါင်း ၁၉၉ ဦးအထိ ရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၁၀၈ ဦးအထိ ရှိထားပြီး ဖြစ်ပါတယ်။

ကိုဗစ်ရောဂါရှိ၊ မရှိဓာတ်ခွဲအတည်ပြုနိုင်ဖို့ကို ရန်ကုန်မြို့မှာရှိတဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာနနဲ့ ဆေးသုတေသနဦးစီးဌာနတို့မှာ စစ်ဆေးပေးနေပြီး လာမယ့်ဇွန်လပထမပတ်လောက်ကစပြီး မန္တလေး၊ တောင်ကြီးနဲ့ မော်လမြိုင်မြို့တို့မှာလည်း ဓာတ်ခွဲစစ်ဆေးနိုင်တော့မယ်လို့ သိရပါတယ်။

စုစု   / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-covid/5431539.html
COVID-19 သံသယနဲ႔ သီးျခားခြဲေစာင့္ၾကည့္ေနသူအားလံုး ေရာဂါပိုးစစ္ေဆးေန COVID-19 သံသယနဲ႔ သီးျခားခြဲေစာင့္ၾကည့္ေနသူအားလံုး ေရာဂါပိုးစစ္ေဆးေန Reviewed by THITHTOOLWIN on 20:46 Rating: 5
Powered by Blogger.