ဒႆမတန္းသင္႐ိုးပါ Sex education သင္ခန္းစာအခ်ိဳ႕ ျပန္သုံးသပ္သြားဖို႔ရွိ

ကိုဗစ္ေၾကာင့္ ပညာသင္ၾကားမႈပုံစံေတြေျပာင္းလဲလာႏိုင္
(Zawgyi)⤵⤵⤵
အမ်ားျပည္သူၾကား ေဝဖန္အျငင္းပြားမႈေတြျဖစ္ေပၚေနတဲ့ ဒႆမတန္း(Grade 12)ရဲ႕ ဘဝတြက္တာ ကြၽမ္းက်င္စရာဘာသာရပ္မွာထည့္သြင္းထားတဲ့ သင္ခန္းစာအခ်ိဳ႕ကို ျပည္သူ႔အသံ နားေထာင္ၿပီး ျပန္လည္ သုံးသပ္သြားဖို႔ရွိတယ္လို႔ အေျခခံပညာဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္းက ဒီကေန႔ ေမ ၂၂ ရက္ေန႔ ေနျပည္ေတာ္မွာ ျပဳလုပ္တဲ့သတင္းစာရွင္းလင္းပြဲမွာ ေျပာၾကားသြားပါတယ္။

ျပည္သူအၾကားေဝဖန္မႈေတြရွိေနေပမယ့္ ဒီသင္ခန္းစာပါသင္႐ိုးကို ပညာရွင္ေတြကိုယ္တိုင္အခ်ိန္ယူေရးဆြဲခဲ့ တာျဖစ္ၿပီး ေက်ာင္းသူေက်ာင္းသားေတြကိုသင္ၾကားၿပီးမွသာ အႀကိမ္ႀကိမ္ ျပန္လည္သုံးသပ္ၿပီးမွ အခ်ိန္ယူေရးဆြဲခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။

' ' ေပါင္းသင္းဆက္ဆံေရးတင္မကဘူး မူလတန္းကစၿပီး ေရာဂါကာကြယ္ေနထိုင္တတ္ေအာင္ သူ႔အ႐ြယ္နဲ႔ အလိုက္ မျဖစ္ခင္ကကိုယ္တိုင္ကာကြယ္ေနထိုင္တတ္ေအာင္ ရည္႐ြယ္ၿပီး သင္ၾကားတာျဖစ္တယ္။ အထူး သျဖင့္ grade 12 ကေလးေတြကိုေအာင္သြားေစခ်င္တယ္။ အ႐ြယ္မတိုင္ခင္ ေက်ာင္းထြက္ၿပီး အိမ္ေထာင္ က်သြားတာမ်ိဳးမျဖစ္ေအာင္ သူ႔ဘဝမွာ ႀကဳံေတြ႕ခဲ့ရရင္ ဆရာမသင္ထားတဲ့အေၾကာင္းအရာနဲ႔ ျပႆနာ ေတြကို ေျဖရွင္းတတ္ေအာင္ ၊ ဆုံးျဖတ္ခ်က္မွန္မွန္ကန္ကန္ခ်တတ္ေအာင္ အသက္အ႐ြယ္၊ အတန္းအလိုက္ လိုအပ္တာေတြကို ထည့္သြင္းသင္ၾကားေပးတာျဖစ္ပါတယ္။'' လို႔ သင္႐ိုးၫႊန္းတန္းဌာန ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာေဌးေဌးဝင္းက သင္ၾကားရတဲ့ အဓိကရည္႐ြယ္ခ်က္နဲ႔ပတ္သက္လို႔ ဘီဘီစီ သတင္းေထာက္ရဲ႕ ေမးျမန္းမႈကို ျပန္လည္ေျဖၾကားပါတယ္။

ဒီလို မ်ိဳးဆက္ပြားအသိပညာေပးသင္ခန္းစာေတြတင္မက သဘာဝေဘးအႏၲရာယ္ဆိုင္ရာ ႀကိဳတင္ကာ ကြယ္ေရးသင္ခန္းစာေတြ၊ အမႈိက္စနစ္တက်စြန႔္ပစ္ႏိုင္ေရး၊ ယာဥ္စည္းကမ္းလမ္း စည္းကမ္းပိုင္းဆိုင္ရာ ကအစ အတန္းအလိုက္ထည့္သြင္းသင္ၾကားေပးေနတာျဖစ္တယ္လို႔ ေဒါက္တာေဌးေဌးဝင္းက ေျပာပါတယ္။

သင္ခန္းစာတစ္ခုျဖစ္တဲ့ ထြန္းထြန္းနဲ႔ခ်ိဳခ်ိဳဆိုတဲ့ သင္ခန္းစာဟာ မ်ိဳးဆက္ပြားဆိုင္ရာ ပညာေပးတစ္ခုျဖစ္ၿပီး ဒီသင္ခန္းစာကိုသင္ၾကားေပးဖို႔ ေက်ာင္းသားမိဘေတြၾကား လက္ခံလိုသူ လက္မခံလိုသူဆိုၿပီး သေဘာထားကြဲလြဲမႈေတြရွိေနတာျဖစ္ပါတယ္။

Sex Education ဆိုတာဘာလဲ

' 'Sex Education ဆိုတာ လိင္ပိုင္းဆိုင္ရာ တစ္ေယာက္နဲ႔တစ္ေယာက္ထိေတြ႕စပ္ယွက္မႈေတြကို သင္ၾကား ေပးတာမဟုတ္ပါဘူး။ သဘာဝအေလွ်ာက္တတ္သိလာမယ့္ လိင္ပိုင္းဆိုင္ရာ တတ္သိမႈကို ပညာဉာဏ္နဲ႔ ခြၽန္းအုပ္ၿပီး ဘာေတြေဆာင္ရမလဲ ဘာေတြေရွာင္ရမလဲဆိုတာ သိတတ္ေအာင္ သင္ၾကားေပးတာ ျဖစ္ပါ တယ္။ ကေလးေတြကို နားလည္တတ္စအ႐ြယ္ကစၿပီး အသက္အ႐ြယ္အလိုက္သင္ေပးရမွာျဖစ္တယ္။''လို႔ ေဒါက္တာျမဝတ္ရည္က ရွင္းျပပါတယ္။

ဒီ Sex Education ဆိုတဲ့ထဲမွာ ကေလးငယ္ေတြဆိုရင္လည္း သူတို႔ရဲ႕ private part သူမ်ားမထိရမကိုင္ရ မယ့္ေနရာေတြသိေအာင္ေျပာျပထားရမယ္၊ မိဘမဟုတ္တဲ့သူေတြက လာကိုင္တြယ္ပြတ္သပ္ရင္ ျငင္းဆန္ ရမယ္ (N0) ထြက္ေျပးရမယ္ (Go)၊ ကိုယ္ယုံၾကည္အားကိုးရတဲ့သူကိုျပန္ေျပာျပတတ္ရမယ္ တိုင္တတ္ရ မယ္ (tell)ဒီေလာက္အဆင့္ကိုသင္ေပးထားရမယ္။

လူပ်ိဳအပ်ိဳေဖာ္ဝင္လာတဲ့ အ႐ြယ္ဆိုရင္လည္း အမ်ိဳးသားအမ်ိဳးသမီး ခႏၶာကိုယ္ပိုင္းမွာ ဘာေတြေျပာင္းလဲ လာတယ္၊ ဆန႔္က်င္လက္လိင္နဲ႔ထိေတြ႕ရင္ ဘယ္လိုေျပာင္းလဲႏိုင္တဲ့ ၊ ေနာက္ မလိုလားအပ္တဲ့ ကိုယ္ဝန္ရႏိုင္တာေတြ၊ ေရာဂါကူးစက္ႏိုင္တာေတြ ဒါေတြကို သင္ၾကားေျပာျပထားမွ အႏၲာရယ္ေတြကို မျဖစ္ခင္ႀကိဳတင္ေရွာင္ရွားႏိုင္မွာျဖစ္တယ္လို႔ သူကရွင္းျပပါတယ္။


မိဘေတြရဲ႕ စိုးရိမ္ပူပန္မႈကဘာေတြလဲ

မိဘအမ်ားစုကေတာ့ ဒါဟာ ျမန္မာ့ယဥ္ေက်းမႈနဲ႔မကိုက္ညီဘူးဆိုၾကသလို အဓိကစိုးရိမ္ၾကတာကေတာ့ ကေလးငယ္ေတြကို လိင္ပိုင္းဆိုင္ရာစူးစမ္းမႈေတြ၊ လြဲမွားတဲ့အသိရၿပီး စမ္းသပ္ခ်င္ လာေအာင္ အသိဖြင့္လိုက္တာေတြျဖစ္လာမွာကို စိုးရိမ္ေနၾကတာလို႔ဆိုပါတယ္။

' ' ကြၽန္မကေတာ့ ဒါကေပးသင့္တဲ့ပညာေပးလို႔လက္ခံတယ္။ ဒါေပမယ့္ ေပးတဲ့ေနရာမွာ အတုံးလိုက္အတစ္လိုက္မဟုတ္ဘဲ ဆိုးက်ိဳးေတြအရင္ေပးၿပီးမွ ဘာလုပ္ရင္ဘာျဖစ္မယ္ဆိုတာကို ေသခ်ာေပးဖို႔လိုတယ္လို႔ ယူဆတယ္။''လို႔ ကေလးမိခင္တစ္ဦးျဖစ္တဲ့ မရွင္ၿငိမ္းမယ္ကသူ႔ရဲ႕အျမင္ကိုေျပာပါတယ္။

ဒါအျပင္ သူဟာ ခိုကိုးရာမဲ့ကိုယ္ဝန္ေဆာင္ေတြကို အဓိကကူညီေပးေနသူတစ္ဦးလည္းျဖစ္တာေၾကာင့္ သူကူညီခဲ့တဲ့သက္တမ္း၆ႏွစ္အတြင္းႀကဳံရတဲ့ သက္ငယ္ကိုယ္ဝန္ေဆာင္ေတြအေၾကာင္း ကိုလည္း အခုလိုေျပာျပပါတယ္။

' 'အမ်ားစုက ၅တန္း ၆တန္းေက်ာင္းသူေလးေတြ။ သူတို႔ဆိုရင္ ဘာ sex education မွ မသိေတာ့ ကိုယ့္ကို ဘာလုပ္လို႔လုပ္ေနမွန္းမသိဘူး။ ျငင္းဆန္ရေကာင္းမွန္း အေမကို ျပန္တိုင္ရ မွန္းမသိၾကဘူး။ သူတို႔ဗိုက္ႀကီးတာကိုလည္း ဆရာမေတြကပဲသိၿပီး မိဘနဲ႔အတူဆရာမေတြပါလာၿပီး အကူညီေတာင္းၾကတာ။ ဒါေၾကာင့္ ေက်းလက္ေတြမွာ ဒီအတြက္ အသိပညာေပးတာက ပိုၿပီးလုပ္ရမွာ။ ေက်ာင္းသားေတြတင္မကဘူး။ မိဘေတြကိုပါေပးဖို႔လိုတယ္။''လို႔ သူကေျပာပါတယ္။

ဆရာ၊မိဘပူးေပါင္းမွသာ ကေလးငယ္ေတြကို လိင္မႈေရးရာအသိပညာကို မွန္ကန္တဲ့အသိရေအာင္ေပးႏိုင္မွာျဖစ္ၿပီး ဒီလိုလုပ္ေဆာင္မွသာ သက္ငယ္မုဒိန္းေတြ၊ မလိုလားအပ္တဲ့ ကိုယ္ဝန္ ေဆာင္ေတြ၊ ကိုယ္ဝန္ဖ်က္ခ်လို႔ ေသဆုံးမႈေတြ၊ ေမြးကင္းစစြန႔္ပစ္ခံရတဲ့ကေလးေတြ ဒါေတြ ပေပ်ာက္လာမွာလို႔ မရွင္ၿငိမ္းမယ္က ေျပာပါတယ္။

BBC Burmese
-----------------------------------------
(Unicode)⤵⤵⤵
ဒဿမတန်းသင်ရိုးပါ Sex education သင်ခန်းစာအချို့ ပြန်သုံးသပ်သွားဖို့ရှိ

အများပြည်သူကြား ဝေဖန်အငြင်းပွားမှုတွေဖြစ်ပေါ်နေတဲ့ ဒဿမတန်း(Grade 12)ရဲ့ ဘဝတွက်တာ ကျွမ်းကျင်စရာဘာသာရပ်မှာထည့်သွင်းထားတဲ့ သင်ခန်းစာအချို့ကို ပြည်သူ့အသံ နားထောင်ပြီး ပြန်လည် သုံးသပ်သွားဖို့ရှိတယ်လို့ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက ဒီကနေ့ မေ ၂၂ ရက်နေ့ နေပြည်တော်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

ပြည်သူအကြားဝေဖန်မှုတွေရှိနေပေမယ့် ဒီသင်ခန်းစာပါသင်ရိုးကို ပညာရှင်တွေကိုယ်တိုင်အချိန်ယူရေးဆွဲခဲ့ တာဖြစ်ပြီး ကျောင်းသူကျောင်းသားတွေကိုသင်ကြားပြီးမှသာ အကြိမ်ကြိမ် ပြန်လည်သုံးသပ်ပြီးမှ အချိန်ယူရေးဆွဲခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

' ' ပေါင်းသင်းဆက်ဆံရေးတင်မကဘူး မူလတန်းကစပြီး ရောဂါကာကွယ်နေထိုင်တတ်အောင် သူ့အရွယ်နဲ့ အလိုက် မဖြစ်ခင်ကကိုယ်တိုင်ကာကွယ်နေထိုင်တတ်အောင် ရည်ရွယ်ပြီး သင်ကြားတာဖြစ်တယ်။ အထူး သဖြင့် grade 12 ကလေးတွေကိုအောင်သွားစေချင်တယ်။ အရွယ်မတိုင်ခင် ကျောင်းထွက်ပြီး အိမ်ထောင် ကျသွားတာမျိုးမဖြစ်အောင် သူ့ဘဝမှာ ကြုံတွေ့ခဲ့ရရင် ဆရာမသင်ထားတဲ့အကြောင်းအရာနဲ့ ပြဿနာ တွေကို ဖြေရှင်းတတ်အောင် ၊ ဆုံးဖြတ်ချက်မှန်မှန်ကန်ကန်ချတတ်အောင် အသက်အရွယ်၊ အတန်းအလိုက် လိုအပ်တာတွေကို ထည့်သွင်းသင်ကြားပေးတာဖြစ်ပါတယ်။'' လို့ သင်ရိုးညွှန်းတန်းဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဌေးဌေးဝင်းက သင်ကြားရတဲ့ အဓိကရည်ရွယ်ချက်နဲ့ပတ်သက်လို့ ဘီဘီစီ သတင်းထောက်ရဲ့ မေးမြန်းမှုကို ပြန်လည်ဖြေကြားပါတယ်။

ဒီလို မျိုးဆက်ပွားအသိပညာပေးသင်ခန်းစာတွေတင်မက သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြိုတင်ကာ ကွယ်ရေးသင်ခန်းစာတွေ၊ အမှိုက်စနစ်တကျစွန့်ပစ်နိုင်ရေး၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းပိုင်းဆိုင်ရာ ကအစ အတန်းအလိုက်ထည့်သွင်းသင်ကြားပေးနေတာဖြစ်တယ်လို့ ဒေါက်တာဌေးဌေးဝင်းက ပြောပါတယ်။

သင်ခန်းစာတစ်ခုဖြစ်တဲ့ ထွန်းထွန်းနဲ့ချိုချိုဆိုတဲ့ သင်ခန်းစာဟာ မျိုးဆက်ပွားဆိုင်ရာ ပညာပေးတစ်ခုဖြစ်ပြီး ဒီသင်ခန်းစာကိုသင်ကြားပေးဖို့ ကျောင်းသားမိဘတွေကြား လက်ခံလိုသူ လက်မခံလိုသူဆိုပြီး သဘောထားကွဲလွဲမှုတွေရှိနေတာဖြစ်ပါတယ်။

Sex Education ဆိုတာဘာလဲ

' 'Sex Education ဆိုတာ လိင်ပိုင်းဆိုင်ရာ တစ်ယောက်နဲ့တစ်ယောက်ထိတွေ့စပ်ယှက်မှုတွေကို သင်ကြား ပေးတာမဟုတ်ပါဘူး။ သဘာဝအလျှောက်တတ်သိလာမယ့် လိင်ပိုင်းဆိုင်ရာ တတ်သိမှုကို ပညာဉာဏ်နဲ့ ချွန်းအုပ်ပြီး ဘာတွေဆောင်ရမလဲ ဘာတွေရှောင်ရမလဲဆိုတာ သိတတ်အောင် သင်ကြားပေးတာ ဖြစ်ပါ တယ်။ ကလေးတွေကို နားလည်တတ်စအရွယ်ကစပြီး အသက်အရွယ်အလိုက်သင်ပေးရမှာဖြစ်တယ်။''လို့ ဒေါက်တာမြဝတ်ရည်က ရှင်းပြပါတယ်။

ဒီ Sex Education ဆိုတဲ့ထဲမှာ ကလေးငယ်တွေဆိုရင်လည်း သူတို့ရဲ့ private part သူများမထိရမကိုင်ရ မယ့်နေရာတွေသိအောင်ပြောပြထားရမယ်၊ မိဘမဟုတ်တဲ့သူတွေက လာကိုင်တွယ်ပွတ်သပ်ရင် ငြင်းဆန် ရမယ် (N0) ထွက်ပြေးရမယ် (Go)၊ ကိုယ်ယုံကြည်အားကိုးရတဲ့သူကိုပြန်ပြောပြတတ်ရမယ် တိုင်တတ်ရ မယ် (tell)ဒီလောက်အဆင့်ကိုသင်ပေးထားရမယ်။

လူပျိုအပျိုဖော်ဝင်လာတဲ့ အရွယ်ဆိုရင်လည်း အမျိုးသားအမျိုးသမီး ခန္ဓာကိုယ်ပိုင်းမှာ ဘာတွေပြောင်းလဲ လာတယ်၊ ဆန့်ကျင်လက်လိင်နဲ့ထိတွေ့ရင် ဘယ်လိုပြောင်းလဲနိုင်တဲ့ ၊ နောက် မလိုလားအပ်တဲ့ ကိုယ်ဝန်ရနိုင်တာတွေ၊ ရောဂါကူးစက်နိုင်တာတွေ ဒါတွေကို သင်ကြားပြောပြထားမှ အန္တာရယ်တွေကို မဖြစ်ခင်ကြိုတင်ရှောင်ရှားနိုင်မှာဖြစ်တယ်လို့ သူကရှင်းပြပါတယ်။

Image caption မျိုးဆက်ပွားကျန်းမာရေး အသိပညာပေး သင်ခန်းစာတွေပါတဲ့ သင်ထောက်ကူ စာအုပ်

မိဘတွေရဲ့ စိုးရိမ်ပူပန်မှုကဘာတွေလဲ

မိဘအများစုကတော့ ဒါဟာ မြန်မာ့ယဉ်ကျေးမှုနဲ့မကိုက်ညီဘူးဆိုကြသလို အဓိကစိုးရိမ်ကြတာကတော့ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာစူးစမ်းမှုတွေ၊ လွဲမှားတဲ့အသိရပြီး စမ်းသပ်ချင် လာအောင် အသိဖွင့်လိုက်တာတွေဖြစ်လာမှာကို စိုးရိမ်နေကြတာလို့ဆိုပါတယ်။

' ' ကျွန်မကတော့ ဒါကပေးသင့်တဲ့ပညာပေးလို့လက်ခံတယ်။ ဒါပေမယ့် ပေးတဲ့နေရာမှာ အတုံးလိုက်အတစ်လိုက်မဟုတ်ဘဲ ဆိုးကျိုးတွေအရင်ပေးပြီးမှ ဘာလုပ်ရင်ဘာဖြစ်မယ်ဆိုတာကို သေချာပေးဖို့လိုတယ်လို့ ယူဆတယ်။''လို့ ကလေးမိခင်တစ်ဦးဖြစ်တဲ့ မရှင်ငြိမ်းမယ်ကသူ့ရဲ့အမြင်ကိုပြောပါတယ်။

ဒါအပြင် သူဟာ ခိုကိုးရာမဲ့ကိုယ်ဝန်ဆောင်တွေကို အဓိကကူညီပေးနေသူတစ်ဦးလည်းဖြစ်တာကြောင့် သူကူညီခဲ့တဲ့သက်တမ်း၆နှစ်အတွင်းကြုံရတဲ့ သက်ငယ်ကိုယ်ဝန်ဆောင်တွေအကြောင်း ကိုလည်း အခုလိုပြောပြပါတယ်။

' 'အများစုက ၅တန်း ၆တန်းကျောင်းသူလေးတွေ။ သူတို့ဆိုရင် ဘာ sex education မှ မသိတော့ ကိုယ့်ကို ဘာလုပ်လို့လုပ်နေမှန်းမသိဘူး။ ငြင်းဆန်ရကောင်းမှန်း အမေကို ပြန်တိုင်ရ မှန်းမသိကြဘူး။ သူတို့ဗိုက်ကြီးတာကိုလည်း ဆရာမတွေကပဲသိပြီး မိဘနဲ့အတူဆရာမတွေပါလာပြီး အကူညီတောင်းကြတာ။ ဒါကြောင့် ကျေးလက်တွေမှာ ဒီအတွက် အသိပညာပေးတာက ပိုပြီးလုပ်ရမှာ။ ကျောင်းသားတွေတင်မကဘူး။ မိဘတွေကိုပါပေးဖို့လိုတယ်။''လို့ သူကပြောပါတယ်။

ဆရာ၊မိဘပူးပေါင်းမှသာ ကလေးငယ်တွေကို လိင်မှုရေးရာအသိပညာကို မှန်ကန်တဲ့အသိရအောင်ပေးနိုင်မှာဖြစ်ပြီး ဒီလိုလုပ်ဆောင်မှသာ သက်ငယ်မုဒိန်းတွေ၊ မလိုလားအပ်တဲ့ ကိုယ်ဝန် ဆောင်တွေ၊ ကိုယ်ဝန်ဖျက်ချလို့ သေဆုံးမှုတွေ၊ မွေးကင်းစစွန့်ပစ်ခံရတဲ့ကလေးတွေ ဒါတွေ ပပျောက်လာမှာလို့ မရှင်ငြိမ်းမယ်က ပြောပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52768363
ဒႆမတန္းသင္႐ိုးပါ Sex education သင္ခန္းစာအခ်ိဳ႕ ျပန္သုံးသပ္သြားဖို႔ရွိ ဒႆမတန္းသင္႐ိုးပါ Sex education သင္ခန္းစာအခ်ိဳ႕ ျပန္သုံးသပ္သြားဖို႔ရွိ Reviewed by THITHTOOLWIN on 20:54 Rating: 5
Powered by Blogger.