ေမာင္ေတာမွာ အင္တာနက္လိုင္းျပန္ရ


(Zawgyi)⤵⤵⤵
 ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္မွာ ၿပီးခဲ့တဲ့ ေမလ ၂ ရက္ေန႔ကစၿပီး အင္တာနက္လိုင္းေတြ ျပန္ရေနၿပီလို႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္အုန္းက ေျပာပါတယ္။

တပ္မေတာ္နဲ႔ AA တို႔ တိုက္ပြဲျဖစ္ပြားေနတဲ့ ရခိုင္ျပည္နယ္ ေျမာက္ဦး၊ မင္းျပား၊ ေက်ာက္ေတာ္၊ ေျမပုံ၊ ရေသ့ေတာင္၊ ေမာင္ေတာ၊ ဘူးသီးေတာင္၊ ပုဏၰားကြၽန္းနဲ႔ ခ်င္းျပည္နယ္ ပလက္၀ ၿမိဳ႕နယ္ေတြမွာ လြန္ခဲ့တဲ့ ၂၀၁၉ ခုႏွစ္ ဇြန္လကစၿပီး အစိုးရက အင္တာနက္ ျဖတ္ေတာက္ထားတာပါ။

ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံေနရခ်ိန္မွာ ရခိုင္နဲ႔ ခ်င္းျပည္နယ္က လူဦးေရ တစ္သန္းေက်ာ္ဟာ ကို႐ိုနာဗိုင္းရပ္နဲ႔ တစ္ျခား သတင္းအခ်က္အလက္ေတြ မရျဖစ္ေနတာေၾကာင့္ အင္တာနက္လိုင္းေတြ အျမန္ျပန္ဖြင့္ေပးဖို႔ ႏိုင္ငံတကာနဲ႔ ျပည္တြင္း အရပ္ဘက္အဖြဲ႕အစည္းေတြက အစိုးရကို ေတာင္း ဆိုေနပါတယ္။

ရခိုင္ျပည္နယ္မွာ အင္တာနက္လိုင္းေတြ ျပန္ဖြင့္ေပးဖို႔ မရွိေသးေပမယ့္ မိုဘိုင္းဖုန္းေတြကတဆင့္ ကို႐ိုနာဗိုင္းရပ္စ္ ပညာေပးအစီအစဥ္ေတြကို ၾကည့္ရႈနားဆင္လို႔ရေအာင္ အစိုးရက ျဖန႔္ေဝေပးေနတယ္လို႔ ၿပီးခဲ့တဲ့ မတ္လ ၁ ရက္ေန႔က ႏိုင္ငံေတာ္အတိုင္ပင္ခံ႐ုံးဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ဦးေဇာ္ေဌးက အြန္လိုင္းသတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

RFA Burmese
----------------------------
(Unicode)⤵⤵⤵
မောင်တောမှာ အင်တာနက်လိုင်းပြန်ရ

 ရခိုင်ပြည်နယ် မောင်တောမြို့နယ်မှာ ပြီးခဲ့တဲ့ မေလ ၂ ရက်နေ့ကစပြီး အင်တာနက်လိုင်းတွေ ပြန်ရနေပြီလို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းက ပြောပါတယ်။

တပ်မတော်နဲ့ AA တို့ တိုက်ပွဲဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မြေပုံ၊ ရသေ့တောင်၊ မောင်တော၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းနဲ့ ချင်းပြည်နယ် ပလက်၀ မြို့နယ်တွေမှာ လွန်ခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇွန်လကစပြီး အစိုးရက အင်တာနက် ဖြတ်တောက်ထားတာပါ။

ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရချိန်မှာ ရခိုင်နဲ့ ချင်းပြည်နယ်က လူဦးရေ တစ်သန်းကျော်ဟာ ကိုရိုနာဗိုင်းရပ်နဲ့ တစ်ခြား သတင်းအချက်အလက်တွေ မရဖြစ်နေတာကြောင့် အင်တာနက်လိုင်းတွေ အမြန်ပြန်ဖွင့်ပေးဖို့ နိုင်ငံတကာနဲ့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေက အစိုးရကို တောင်း ဆိုနေပါတယ်။

ရခိုင်ပြည်နယ်မှာ အင်တာနက်လိုင်းတွေ ပြန်ဖွင့်ပေးဖို့ မရှိသေးပေမယ့် မိုဘိုင်းဖုန်းတွေကတဆင့် ကိုရိုနာဗိုင်းရပ်စ် ပညာပေးအစီအစဉ်တွေကို ကြည့်ရှုနားဆင်လို့ရအောင် အစိုးရက ဖြန့်ဝေပေးနေတယ်လို့ ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့က နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ေမာင္ေတာမွာ အင္တာနက္လိုင္းျပန္ရ ေမာင္ေတာမွာ အင္တာနက္လိုင္းျပန္ရ Reviewed by THITHTOOLWIN on 20:38 Rating: 5
Powered by Blogger.