COVID-19 အေရးေပၚကုသဖို႔ Remdesivir ေဆး အေမရိကန္ FDA အကန္႔အသတ္နဲ႔ ခြင့္ျပဳ

ကယ္လီဖိုးနီးယားရွိ Gilead Sciences ကုမၸဏီဓာတ္ခြဲခန္းတြင္ Remdesivir ေဆးႏွင့္ စမ္းသပ္ေနသည့္ ပညာရွင္မ်ား။ (မတ္ ၁၈၊ ၂၀၂၀)
(Zawgyi / Unicode)

ကမာၻမွာ ကူးစက္ျပန္႔ပြားေနတဲ့ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ COVID-19 ေရာဂါရရွိတဲ့ လူနာတခ်ဳိ႕ ျမန္ျမန္ျပန္ေနေကာင္းလာေစပံုရတဲ့ ပထမဆံုးေဆးကို အေရးေပၚ အသံုးျပဳဖို႔ အေမရိကန္ တာဝန္ရွိသူေတြ ခြင့္ျပဳလိုက္ပါတယ္။

COVID-19 ေရာဂါျဖစ္ေနသူ လူနာ ၁၉ ဦးဟာ Gilead Science ကုမၸဏီက ေဖာ္ထုတ္တဲ့ Remdesivir ေဆးနဲ႔ ျမန္ျမန္ျပန္ေနေကာင္းလာပံုရတာ ေတြ႔ရတဲ့အတြက္ အေမရိကန္ အစားအစာနဲ႔ ေဆးဝါးစီမံခန္႔ခြဲေရးဌာန (FDA) က ေရာဂါျပင္းထန္တဲ့ လူနာေတြမွာ သံုးဖို႔ ခြင့္ျပဳလိုက္တာ ျဖစ္ပါတယ္။

ဒီခြင့္ျပဳခ်က္ကို သမၼတ Donald Trump က အိမ္ျဖဴေတာ္မွာ ေသာၾကာေန႔ကပဲ ေၾကညာသြားတာပါ။

Remdesivir ေဆးက လူနာကို ၃၁ ရာခုိင္ႏႈန္း၊ ရက္နဲ႔ဆိုရင္ ၄ ရက္ေလာက္ ပိုျမန္ျမန္ေနေကာင္းလာေစတာကို အစိုးရေထာက္ခံခ်က္နဲ႔ ျပဳလုပ္တဲ့ ေလ့လာဆန္းစစ္ခ်က္အရ သိခဲ့ရၿပီးတဲ့ေနာက္ FDA က အခုလို ခြင့္ျပဳလိုက္တာပါ။

သာမန္ဆို ပ်မ္းမွ် ၁၅ ရက္ၾကာ ေဆး႐ံုတက္ရတာကေန အခုေဆးအသံုးျပဳရင္ လူနာက ၁၁ ရက္နဲ႔ ေဆး႐ုံက ဆင္းႏိုင္ပါတယ္။ ဒီေဆးက လူနာေတြကို အသက္မေသေအာင္ ကုသလို႔ရႏိုင္မယ္လို႔ ယူဆရေပမယ့္ ဒီအခ်က္ကို သိပၸံပညာရွင္ေတြ ေသခ်ာ အတည္မျပဳႏိုင္ေသးပါဘူး။

ပဏာမေလ့လာခ်က္ကို ၾကည့္ၿပီး FDA က ခြင့္ျပဳလိုက္တယ္ဆိုေပမယ့္ ဒီေဆးဝါးကို အသံုးျပဳတာ ဘယ္ေလာက္ထိေရာက္မႈရွိလဲ၊ ဘယ္ေလာက္ အႏၲရာယ္ကင္းလဲ ဆိုတာနဲ႔ ပတ္သက္ၿပီး မ်ားမ်ားစားစား မသိရေသးဘူးလို႔လည္း FDA က ဆိုပါတယ္။

ဒီလို FDA ရဲ႕ ခြင့္ျပဳခ်က္ဟာ ကူးစက္ေရာဂါ ကပ္ေဘးကာလမွာ ဒီေရာဂါပိုးျပန္႔ပြားမႈ တားဆီးႏိုင္တဲ့ေဆးဝါး ျမန္ျမန္ထြက္ေပၚေအာင္ အေရးေပၚ ခြင့္ျပဳႏိုင္ခြင့္အရ ျဖစ္ပါတယ္။

သာမန္အခ်ိန္ေတြမွာဆိုရင္ ေဆးဝါးရဲ႕ ေဘးအႏၲရာယ္ကင္းမႈနဲ႔ ထိေရာက္မႈေတြကို အေထာက္အထား အမ်ားႀကီး ေတြ႔ရမွ ခြင့္ျပဳခ်က္ေပးတာပါ။

ေလာေလာဆယ္မွာ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ပတ္သက္ၿပီး ကုသႏိုင္မယ့္ ေဆးဝါးတမ်ဳိးမ်ဳိးကို FDA က ခြင့္ျပဳထားတာ မရွိေသးသလို အခု Remdesivir ေဆးကိုလည္း FDA က အျပည့္အဝ တရားဝင္ခြင့္ျပဳဖို႔ လိုပါေသးတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------
(Unicode)

COVID-19 အရေးပေါ်ကုသဖို့ Remdesivir ဆေး အမေရိကန် FDA အကန့်အသတ်နဲ့ ခွင့်ပြု

ကမ္ဘာမှာ ကူးစက်ပြန့်ပွားနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် COVID-19 ရောဂါရရှိတဲ့ လူနာတချို့ မြန်မြန်ပြန်နေကောင်းလာစေပုံရတဲ့ ပထမဆုံးဆေးကို အရေးပေါ် အသုံးပြုဖို့ အမေရိကန် တာဝန်ရှိသူတွေ ခွင့်ပြုလိုက်ပါတယ်။

COVID-19 ရောဂါဖြစ်နေသူ လူနာ ၁၉ ဦးဟာ Gilead Science ကုမ္ပဏီက ဖော်ထုတ်တဲ့ Remdesivir ဆေးနဲ့ မြန်မြန်ပြန်နေကောင်းလာပုံရတာ တွေ့ရတဲ့အတွက် အမေရိကန် အစားအစာနဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာန (FDA) က ရောဂါပြင်းထန်တဲ့ လူနာတွေမှာ သုံးဖို့ ခွင့်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒီခွင့်ပြုချက်ကို သမ္မတ Donald Trump က အိမ်ဖြူတော်မှာ သောကြာနေ့ကပဲ ကြေညာသွားတာပါ။

Remdesivir ဆေးက လူနာကို ၃၁ ရာခိုင်နှုန်း၊ ရက်နဲ့ဆိုရင် ၄ ရက်လောက် ပိုမြန်မြန်နေကောင်းလာစေတာကို အစိုးရထောက်ခံချက်နဲ့ ပြုလုပ်တဲ့ လေ့လာဆန်းစစ်ချက်အရ သိခဲ့ရပြီးတဲ့နောက် FDA က အခုလို ခွင့်ပြုလိုက်တာပါ။

သာမန်ဆို ပျမ်းမျှ ၁၅ ရက်ကြာ ဆေးရုံတက်ရတာကနေ အခုဆေးအသုံးပြုရင် လူနာက ၁၁ ရက်နဲ့ ဆေးရုံက ဆင်းနိုင်ပါတယ်။ ဒီဆေးက လူနာတွေကို အသက်မသေအောင် ကုသလို့ရနိုင်မယ်လို့ ယူဆရပေမယ့် ဒီအချက်ကို သိပ္ပံပညာရှင်တွေ သေချာ အတည်မပြုနိုင်သေးပါဘူး။

ပဏာမလေ့လာချက်ကို ကြည့်ပြီး FDA က ခွင့်ပြုလိုက်တယ်ဆိုပေမယ့် ဒီဆေးဝါးကို အသုံးပြုတာ ဘယ်လောက်ထိရောက်မှုရှိလဲ၊ ဘယ်လောက် အန္တရာယ်ကင်းလဲ ဆိုတာနဲ့ ပတ်သက်ပြီး များများစားစား မသိရသေးဘူးလို့လည်း FDA က ဆိုပါတယ်။

ဒီလို FDA ရဲ့ ခွင့်ပြုချက်ဟာ ကူးစက်ရောဂါ ကပ်ဘေးကာလမှာ ဒီရောဂါပိုးပြန့်ပွားမှု တားဆီးနိုင်တဲ့ဆေးဝါး မြန်မြန်ထွက်ပေါ်အောင် အရေးပေါ် ခွင့်ပြုနိုင်ခွင့်အရ ဖြစ်ပါတယ်။

သာမန်အချိန်တွေမှာဆိုရင် ဆေးဝါးရဲ့ ဘေးအန္တရာယ်ကင်းမှုနဲ့ ထိရောက်မှုတွေကို အထောက်အထား အများကြီး တွေ့ရမှ ခွင့်ပြုချက်ပေးတာပါ။

လောလောဆယ်မှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး ကုသနိုင်မယ့် ဆေးဝါးတမျိုးမျိုးကို FDA က ခွင့်ပြုထားတာ မရှိသေးသလို အခု Remdesivir ဆေးကိုလည်း FDA က အပြည့်အဝ တရားဝင်ခွင့်ပြုဖို့ လိုပါသေးတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid19-remdesivir-vaccine-fda/5402274.html
COVID-19 အေရးေပၚကုသဖို႔ Remdesivir ေဆး အေမရိကန္ FDA အကန္႔အသတ္နဲ႔ ခြင့္ျပဳ COVID-19 အေရးေပၚကုသဖို႔ Remdesivir ေဆး အေမရိကန္ FDA အကန္႔အသတ္နဲ႔ ခြင့္ျပဳ Reviewed by THITHTOOLWIN on 22:02 Rating: 5
Powered by Blogger.