အာဆာအဖြဲ႕က နယ္ျခားေစာင့္တပ္ကိုတိုက္ခိုက္ေၾကာင္း တပ္မေတာ္ေျပာ


(Zawgyi)⤵⤵⤵
 ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွာကင္းလွည့္ေနတဲ့ ျမန္မာနယ္ျခားေစာင့္တပ္ဖြဲ႕ကို ေမလ ၂ ရက္ေန႔ မနက္ ၇ နာရီခြဲေလာက္မွာ၊ ARSA ႐ိုဟင္ဂ်ာလက္နက္ကိုင္အဖြဲ႕က ၿခဳံခိုတိုက္ခိုက္လို႔ ဒုရဲအုပ္တစ္ဦးနဲ႔ ရဲတပ္သားတစ္ဦး ဒဏ္ရာ ရသြားတယ္လို႔ တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက RFA ကိုေျပာပါတယ္။

နယ္ျခားမွတ္တိုင္ ၄၁ အနားမွာ ARSA အဖြဲ႕ဟာ ဘဂၤလာေဒ့ရွ္ဘက္ျခမ္း ႏွစ္ႏိုင္ငံျခားထားတဲ့ ၿခံစည္း႐ိုး တစ္ဘက္ကေန ၿခဳံခိုတိုက္ခိုက္တာလို႔ သူကေျပာပါတယ္။ တိုက္ပြဲဟာ ၁၀ မိနစ္ေလာက္ၾကာခဲ့ၿပီး နယ္ျခားေစာင့္ ရဲတပ္ဖြဲ႕နဲ႔ တပ္မေတာ္က စစ္ကူသြားခဲ့တယ္လို႔ ဆိုပါတယ္။ ဒီတိုက္ခိုက္မႈမွာ ARSA ဘက္ကအရည္အတြက္ကို မသိရသလို၊ ARSA အဖြဲ႕ဟုတ္မဟုတ္ကိုလည္း အဆက္အသြယ္ ျပဳလုပ္ႏိုင္ျခင္းမရွိတာေၾကာင့္ RFA က သီးျခားအတည္မျပဳႏိုင္ေသးပါဘူး။ အရင္ကလည္း ARSA ဘက္က ေထာင္တဲ့ဗုံးေၾကာင့္ ဒုရဲမႉးႀကီးတစ္ဦးနဲ႔ ရဲတခ်ိဳ႕ က်ဆုံးခဲ့ရတာရွိၿပီး အဲဒီနယ္ေျမအတြင္းမွာရွိတဲ့ ခေမာင္းဆိပ္ကို စာသြားပို႔တဲ့ ရဲတပ္သားေတြကို တိုက္ခိုက္လို႔ တပ္သားတစ္ဦး က်ဆုံးတာလည္းရွိခဲ့ဖူးတယ္လို႔ ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာပါတယ္။

RFA Burmese
-------------------------------
(Unicode)⤵⤵⤵
အာဆာအဖွဲ့က နယ်ခြားစောင့်တပ်ကိုတိုက်ခိုက်ကြောင်း တပ်မတော်ပြော

 မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာကင်းလှည့်နေတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ကို မေလ ၂ ရက်နေ့ မနက် ၇ နာရီခွဲလောက်မှာ၊ ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့က ခြုံခိုတိုက်ခိုက်လို့ ဒုရဲအုပ်တစ်ဦးနဲ့ ရဲတပ်သားတစ်ဦး ဒဏ်ရာ ရသွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက RFA ကိုပြောပါတယ်။

နယ်ခြားမှတ်တိုင် ၄၁ အနားမှာ ARSA အဖွဲ့ဟာ ဘင်္ဂလာဒေ့ရှ်ဘက်ခြမ်း နှစ်နိုင်ငံခြားထားတဲ့ ခြံစည်းရိုး တစ်ဘက်ကနေ ခြုံခိုတိုက်ခိုက်တာလို့ သူကပြောပါတယ်။ တိုက်ပွဲဟာ ၁၀ မိနစ်လောက်ကြာခဲ့ပြီး နယ်ခြားစောင့် ရဲတပ်ဖွဲ့နဲ့ တပ်မတော်က စစ်ကူသွားခဲ့တယ်လို့ ဆိုပါတယ်။ ဒီတိုက်ခိုက်မှုမှာ ARSA ဘက်ကအရည်အတွက်ကို မသိရသလို၊ ARSA အဖွဲ့ဟုတ်မဟုတ်ကိုလည်း အဆက်အသွယ် ပြုလုပ်နိုင်ခြင်းမရှိတာကြောင့် RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။ အရင်ကလည်း ARSA ဘက်က ထောင်တဲ့ဗုံးကြောင့် ဒုရဲမှူးကြီးတစ်ဦးနဲ့ ရဲတချို့ ကျဆုံးခဲ့ရတာရှိပြီး အဲဒီနယ်မြေအတွင်းမှာရှိတဲ့ ခမောင်းဆိပ်ကို စာသွားပို့တဲ့ ရဲတပ်သားတွေကို တိုက်ခိုက်လို့ တပ်သားတစ်ဦး ကျဆုံးတာလည်းရှိခဲ့ဖူးတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
အာဆာအဖြဲ႕က နယ္ျခားေစာင့္တပ္ကိုတိုက္ခိုက္ေၾကာင္း တပ္မေတာ္ေျပာ အာဆာအဖြဲ႕က နယ္ျခားေစာင့္တပ္ကိုတိုက္ခိုက္ေၾကာင္း တပ္မေတာ္ေျပာ Reviewed by THITHTOOLWIN on 20:45 Rating: 5
Powered by Blogger.