ျမန္မာအထည္ခ်ဳပ္လုပ္သားေတြအတြက္ အီးယူ ေငြေၾကးေထာက္ပံ့မႈ စတင္


(Zawgyi/Unicode)

အျပည္ျပည္ဆိုင္ရာ အလုပ္သမားမ်ားေန႔ MAY DAY ေန႔က်ေရာက္တဲ့ ေမလ ၁ ရက္ေန႔မွာပဲ ဥေရာပ သမဂၢ (EU) က ျမန္မာနိုင္ငံအတြင္း COVID-19 ဂယက္ေၾကာင့္ အလုပ္ျပဳတ္ခဲ့ၾကရတဲ့ ျမန္မာ အလုပ္သမားေတြကို ေငြေၾကးအကူအညီေတြ စတင္ေပးေနၿပီ ျဖစ္ပါတယ္။

ဥေရာပ သမဂၢရဲ့ "ျမန္ကူ" အေရးေပၚ ရန္ပုံေငြက ပထမအသုတ္အျဖစ္ အထည္ခ်ဳပ္လုပ္ငန္းေတြကေန အလုပ္လက္မဲ့ ျဖစ္ခဲ့သူ (၃၀,၀၀၀) ၃ ေသာင္းကို တစ္ဦးကို ျမန္မာေငြ (၇၅,၀၀၀) ၇ ေသာင္းခြဲ ေငြသားနဲ႔ ေထာက္ပံ့ေပးတာ ျဖစ္တယ္လို႔လည္း EU က ေျပာပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္လအတြင္း လုပ္ငန္း ရပ္ဆိုင္းခံရသူေတြနဲ႔ အလုပ္ထုတ္ခံရသူေတြ အတြက္ ေမ၊ ဇြန္နဲ႔ ဇူလိုင္လ ၃ လစာ ေငြေၾကး အေထာက္အပံ့ ေပးတာ ျဖစ္ပါတယ္။

ျပည္ပအဝယ္ေတြက အရင္မွာယူထားတဲ့ ေအာ္ဒါေတြကို ဖ်က္သိမ္းတာ၊ ေရႊ႕ဆိုင္းတာနဲ႔ ေလၽွာ့ခ်တာေတြေၾကာင့္ ေနာက္လာမယ့္ လ ေတြမွာ အထည္ခ်ဳပ္လုပ္ငန္းအတြက္ အခက္အခဲေတြ ၾကဳံေတြ႕ရနိုင္တယ္လို႔လည္း EU က ေျပာပါတယ္။

အခုလို တစ္ကမၻာလုံး အၾကပ္အတည္း ဆိုက္ခ်ိန္မွာ ဆင္းရဲႏြမ္းပါးသူေတြက ထိခိုက္ခံစားရတာ အမ်ားဆုံးမို႔ တစ္ကမၻာလုံးအေနနဲ႔ အကာအကြယ္မဲ့သူေတြအတြက္ လူမႈဖူလုံေရးစနစ္ကို တိုးတက္ေအာင္ လုပ္ဖို႔လိုေၾကာင္းနဲ႔ "ျမန္ကူ" အေရးေပၚ ရန္ပုံေငြဟာ ဥေရာပ သမဂၢ EU နဲ႔ ျမန္မာ အလုပ္သမား ေထာင္ေပါင္းမ်ားစြာအၾကား ေသြးစည္းညီညြတ္မႈကို ျပသတာပဲလို႔လည္း ျမန္မာနိုင္ငံဆိုင္ရာ ဥေရာပ သမဂၢရဲ႕ သံအမတ္ႀကီး Kristian Schmidt ကေျပာပါတယ္။

အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔ အင္အားဝန္ႀကီး ဦးသိန္းေဆြကေတာ့ အခုလို ၾကပ္တည္းမႈနဲ႔ ၾကဳံေတြေနရခ်ိန္မွာ "ျမန္ကူ" အစီအစဥ္က တစ္ဆင့္ ျမန္မာ အလုပ္သမားေတြ အေထာက္ အပံ့ေပးလို႔ EU ကို ေက်းဇူးတင္ရွိေၾကာင္း ေျပာပါတယ္။

အခု ပထမအသုတ္အကူအညီ ရရွိသူေတြထဲ ေဖေဖာ္ဝါရီနဲ႔ မတ္လေတြတုန္းက အလုပ္ရပ္ဆိုင္းခံရတဲ့ စက္႐ုံ ၆ ႐ုံက အလုပ္သမားေတြ ပါဝင္ပါတယ္။ ေနာက္လာမယ့္ သီတင္းပတ္ေတြမွာ "ျမန္ကူ" အေနနဲ႔ ျမန္မာ အလုပ္သမား စုစုေပါင္း ၉ ေသာင္း ဝန္းက်င္ကို ကူညီနိုင္လိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------

မြန်မာအထည်ချုပ်လုပ်သားတွေအတွက် အီးယူ ငွေကြေးထောက်ပံ့မှု စတင်

(Unicode)

အပြည်ပြည်ဆိုင်ရာ အလုပ်သမားများနေ့ MAY DAY နေ့ကျရောက်တဲ့ မေလ ၁ ရက်နေ့မှာပဲ ဥရောပ သမဂ္ဂ (EU) က မြန်မာနိုင်ငံအတွင်း COVID-19 ဂယက်ကြောင့် အလုပ်ပြုတ်ခဲ့ကြရတဲ့ မြန်မာ အလုပ်သမားတွေကို ငွေကြေးအကူအညီတွေ စတင်ပေးနေပြီ ဖြစ်ပါတယ်။

ဥရောပ သမဂ္ဂရဲ့ "မြန်ကူ" အရေးပေါ် ရန်ပုံငွေက ပထမအသုတ်အဖြစ် အထည်ချုပ်လုပ်ငန်းတွေကနေ အလုပ်လက်မဲ့ ဖြစ်ခဲ့သူ (၃၀,၀၀၀) ၃ သောင်းကို တစ်ဦးကို မြန်မာငွေ (၇၅,၀၀၀) ၇ သောင်းခွဲ ငွေသားနဲ့ ထောက်ပံ့ပေးတာ ဖြစ်တယ်လို့လည်း EU က ပြောပါတယ်။ ပြီးခဲ့တဲ့ နှစ်လအတွင်း လုပ်ငန်း ရပ်ဆိုင်းခံရသူတွေနဲ့ အလုပ်ထုတ်ခံရသူတွေ အတွက် မေ၊ ဇွန်နဲ့ ဇူလိုင်လ ၃ လစာ ငွေကြေး အထောက်အပံ့ ပေးတာ ဖြစ်ပါတယ်။

ပြည်ပအဝယ်တွေက အရင်မှာယူထားတဲ့ အော်ဒါတွေကို ဖျက်သိမ်းတာ၊ ရွှေ့ဆိုင်းတာနဲ့ လျှော့ချတာတွေကြောင့် နောက်လာမယ့် လ တွေမှာ အထည်ချုပ်လုပ်ငန်းအတွက် အခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်လို့လည်း EU က ပြောပါတယ်။

အခုလို တစ်ကမ္ဘာလုံး အကြပ်အတည်း ဆိုက်ချိန်မှာ ဆင်းရဲနွမ်းပါးသူတွေက ထိခိုက်ခံစားရတာ အများဆုံးမို့ တစ်ကမ္ဘာလုံးအနေနဲ့ အကာအကွယ်မဲ့သူတွေအတွက် လူမှုဖူလုံရေးစနစ်ကို တိုးတက်အောင် လုပ်ဖို့လိုကြောင်းနဲ့ "မြန်ကူ" အရေးပေါ် ရန်ပုံငွေဟာ ဥရောပ သမဂ္ဂ EU နဲ့ မြန်မာ အလုပ်သမား ထောင်ပေါင်းများစွာအကြား သွေးစည်းညီညွတ်မှုကို ပြသတာပဲလို့လည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂရဲ့ သံအမတ်ကြီး Kristian Schmidt ကပြောပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အားဝန်ကြီး ဦးသိန်းဆွေကတော့ အခုလို ကြပ်တည်းမှုနဲ့ ကြုံတွေနေရချိန်မှာ "မြန်ကူ" အစီအစဉ်က တစ်ဆင့် မြန်မာ အလုပ်သမားတွေ အထောက် အပံ့ပေးလို့ EU ကို ကျေးဇူးတင်ရှိကြောင်း ပြောပါတယ်။

အခု ပထမအသုတ်အကူအညီ ရရှိသူတွေထဲ ဖေဖော်ဝါရီနဲ့ မတ်လတွေတုန်းက အလုပ်ရပ်ဆိုင်းခံရတဲ့ စက်ရုံ ၆ ရုံက အလုပ်သမားတွေ ပါဝင်ပါတယ်။ နောက်လာမယ့် သီတင်းပတ်တွေမှာ "မြန်ကူ" အနေနဲ့ မြန်မာ အလုပ်သမား စုစုပေါင်း ၉ သောင်း ဝန်းကျင်ကို ကူညီနိုင်လိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/myanmar-garment-worker-eu-suo/5401453.html
ျမန္မာအထည္ခ်ဳပ္လုပ္သားေတြအတြက္ အီးယူ ေငြေၾကးေထာက္ပံ့မႈ စတင္ ျမန္မာအထည္ခ်ဳပ္လုပ္သားေတြအတြက္ အီးယူ ေငြေၾကးေထာက္ပံ့မႈ စတင္ Reviewed by THITHTOOLWIN on 07:37 Rating: 5
Powered by Blogger.