ARSA ႏွင့္ဆက္ႏြယ္သူ ႏွစ္ဦးကို မူးယစ္၊မိုင္းဆက္စပ္ပစၥည္းမ်ားႏွင့္အတူ နယ္စပ္တြင္ အေသဖမ္းမိဟုတပ္မေတာ္သတင္းထုတ္ျပန္


(Zawgyi)⤵⤵⤵
နိရဥၥရာ၊ ေမ ၁/၂၀၂၀

ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွာ ARSA အၾကမ္းဖက္သမားေတြနဲ႕ ပတ္သက္ဆက္ႏြယ္သူႏွစ္ဦးကို မူးယစ္ေဆးဝါးမ်ား၊ မိုင္းနဲ႕ ဆက္စပ္ပစၥည္းမ်ားႏွင့္အတူ အေသဖမ္းဆီးရမိတယ္လို႕ တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ရံုးက ဧျပီ ၃၀ ရက္ေန႕က သတင္းထုတ္ျပန္ပါတယ္။

ဧၿပီ ၂၉ ရက္နံနက္ပိုင္းက ျမန္မာ-ဘဂၤလားေဒ့ရွ္ နယ္စပ္မွတ္တိုင္ အမွတ္ ဘီပီ-၄၁ ရဲ႕ ေျမာက္ဘက္မီတာ ၁၅၀၀ ခန႔္အကြာမွာ မသကၤာဖြယ္ရာ အမ်ိဳးသားႏွစ္ဦးအားေတြ႕ရွိခဲ့ရာ နယ္ေျမလံုျခံဳေရး ေဆာင္ရြက္ေနတဲ့ အဖြဲ႕က စစ္ေဆးရန္ ေခၚယူခဲ့ေပမယ့္ လာေရာက္ျခင္း မရွိဘဲထြက္ေျပးသြားတဲ့အတြက္ သတိေပး ပစ္ခတ္မႈမ်ား ေဆာင္႐ြက္ခဲ့ရတယ္လို႕ ဆိုပါတယ္။

၎တို႔ထြက္ေျပးသြားရာ ေနရာတစ္ဝိုက္အား လိုက္လံရွာေဖြခဲ့ရာမွာ ဘဂၤါလီအမ်ိဳး သားႏွစ္ဦးကို Unicef တံဆိပ္ပါ အျပာႏုေရာင္ ေက်ာပိုးအိတ္အတြင္းမွ အခ်င္း ၄ လက္မ၊ အျမင့္ ၆ လက္မရွိ သံဘူးနဲ ျပဳလုပ္ ထားတဲ့ ေဒသႏၲရလက္လုပ္မိုင္း ၁ လုံး၊ မိုင္းျပဳ လုပ္ရာတြင္အသုံးျပဳသည့္ ဝါယာႀကိဳးမ်ား၊ ဓာတ္ခဲမ်ား၊ ဓားရွည္ ၁ ေခ်ာင္း၊ WY စာတန္း ပါ စိတ္ ကေဆးျပား ၄၇၅၀၀ ျပားတို႔ႏွင့္အတူ အေသ ေတြ႕ရွိ ဖမ္းဆီးရမိခဲ့တယ္လို႕ ဆိုပါတယ္။

၎တို႔ ႏွစ္ဦးဟာ နယ္စပ္မ်ဥ္းတစ္ေလွ်ာက္လုံၿခဳံေရးေဆာင္႐ြက္ေနတဲ့ တပ္ဖြဲ႕ဝင္ေတြကို မိုင္းေထာင္၊ မိုင္းဆြဲျခင္း၊ မူးယစ္ေဆးဝါးေတြ သယ္ေဆာင္ျခင္း ျပဳလုပ္လ်က္ရွိေနတဲ့ ARSA အစြန္း ေရာက္ ဘဂၤါလီ အၾကမ္းဖက္သမားမ်ားနဲ႕ ပတ္သက္ဆက္ႏြယ္ေနသူေတြ ျဖစ္ၾကတယ္လို႕လည္း သတင္းမွာ ေဖာ္ျပထားပါတယ္။

အေသဖမ္းဆီးရမိတဲ့ ရုပ္အေလာင္းနဲ႕ မူးယစ္ေဆး ဝါး၊ မိုင္းႏွင့္ ဆက္စပ္ပစၥည္းေတြကို လုပ္ထုံး လုပ္နည္းေတြနဲ႕ အညီေဆာင္႐ြက္ႏိုင္ေရးအတြက္ ေမာင္ေတာျမိဳ႕နယ္ ေျမာက္ပိုင္း ေအာင္ဇူ နယ္ေျမရဲစခန္းသို႔ ဆက္လက္ လႊဲေျပာင္းသြားမယ္လို႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

Narinjara
-------------------------
(Unicode)⤵⤵⤵

ARSA နှင့်ဆက်နွယ်သူ နှစ်ဦးကို မူးယစ်၊မိုင်းဆက်စပ်ပစ္စည်းများနှင့်အတူ နယ်စပ်တွင် အသေဖမ်းမိဟုတပ်မတော်သတင်းထုတ်ပြန်

နိရဥ္စရာ၊ မေ ၁/၂၀၂၀

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှာ ARSA အကြမ်းဖက်သမားတွေနဲ့ ပတ်သက်ဆက်နွယ်သူနှစ်ဦးကို မူးယစ်ဆေးဝါးများ၊ မိုင်းနဲ့ ဆက်စပ်ပစ္စည်းများနှင့်အတူ အသေဖမ်းဆီးရမိတယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဧပြီ ၃၀ ရက်နေ့က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၂၉ ရက်နံနက်ပိုင်းက မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်မှတ်တိုင် အမှတ် ဘီပီ-၄၁ ရဲ့ မြောက်ဘက်မီတာ ၁၅၀၀ ခန့်အကွာမှာ မသင်္ကာဖွယ်ရာ အမျိုးသားနှစ်ဦးအားတွေ့ရှိခဲ့ရာ နယ်မြေလုံခြုံရေး ဆောင်ရွက်နေတဲ့ အဖွဲ့က စစ်ဆေးရန် ခေါ်ယူခဲ့ပေမယ့် လာရောက်ခြင်း မရှိဘဲထွက်ပြေးသွားတဲ့အတွက် သတိပေး ပစ်ခတ်မှုများ ဆောင်ရွက်ခဲ့ရတယ်လို့ ဆိုပါတယ်။

၎င်းတို့ထွက်ပြေးသွားရာ နေရာတစ်ဝိုက်အား လိုက်လံရှာဖွေခဲ့ရာမှာ ဘင်္ဂါလီအမျိုး သားနှစ်ဦးကို Unicef တံဆိပ်ပါ အပြာနုရောင် ကျောပိုးအိတ်အတွင်းမှ အချင်း ၄ လက်မ၊ အမြင့် ၆ လက်မရှိ သံဘူးနဲ ပြုလုပ် ထားတဲ့ ဒေသန္တရလက်လုပ်မိုင်း ၁ လုံး၊ မိုင်းပြု လုပ်ရာတွင်အသုံးပြုသည့် ဝါယာကြိုးများ၊ ဓာတ်ခဲများ၊ ဓားရှည် ၁ ချောင်း၊ WY စာတန်း ပါ စိတ် ကဆေးပြား ၄၇၅၀၀ ပြားတို့နှင့်အတူ အသေ တွေ့ရှိ ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

၎င်းတို့ နှစ်ဦးဟာ နယ်စပ်မျဉ်းတစ်လျှောက်လုံခြုံရေးဆောင်ရွက်နေတဲ့ တပ်ဖွဲ့ဝင်တွေကို မိုင်းထောင်၊ မိုင်းဆွဲခြင်း၊ မူးယစ်ဆေးဝါးတွေ သယ်ဆောင်ခြင်း ပြုလုပ်လျက်ရှိနေတဲ့ ARSA အစွန်း ရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများနဲ့ ပတ်သက်ဆက်နွယ်နေသူတွေ ဖြစ်ကြတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။

အသေဖမ်းဆီးရမိတဲ့ ရုပ်အလောင်းနဲ့ မူးယစ်ဆေး ဝါး၊ မိုင်းနှင့် ဆက်စပ်ပစ္စည်းတွေကို လုပ်ထုံး လုပ်နည်းတွေနဲ့ အညီဆောင်ရွက်နိုင်ရေးအတွက် မောင်တောမြို့နယ် မြောက်ပိုင်း အောင်ဇူ နယ်မြေရဲစခန်းသို့ ဆက်လက် လွှဲပြောင်းသွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Narinjara
https://www.facebook.com/narinjara.info/
ARSA ႏွင့္ဆက္ႏြယ္သူ ႏွစ္ဦးကို မူးယစ္၊မိုင္းဆက္စပ္ပစၥည္းမ်ားႏွင့္အတူ နယ္စပ္တြင္ အေသဖမ္းမိဟုတပ္မေတာ္သတင္းထုတ္ျပန္ ARSA ႏွင့္ဆက္ႏြယ္သူ ႏွစ္ဦးကို မူးယစ္၊မိုင္းဆက္စပ္ပစၥည္းမ်ားႏွင့္အတူ နယ္စပ္တြင္ အေသဖမ္းမိဟုတပ္မေတာ္သတင္းထုတ္ျပန္ Reviewed by THITHTOOLWIN on 23:55 Rating: 5
Powered by Blogger.