ကလိုရင္းပါတဲ့ေဆးေတြ လူ႔ကိုယ္ေပၚ တိုက္႐ိုက္ျဖန္းတာ လုံးဝမလုပ္ဖို႔ အစိုးရ ထုတ္ျပန္

အဲဒီပိုးသတ္စင္ေဆးရည္ေၾကာင့္ အေရျပား၊ မ်က္စိ တို႔ကို ထိခိုက္ေစၿပီး အေငြ႕ကိုရႉမိရင္ အသက္ရႉလမ္းေၾကာင္း ထိခိုက္ပ်က္စီးတာျဖစ္ႏိုင္
(Zawgyi)⤵⤵⤵
ကိုဗစ္-၁၉ ျဖစ္ေနခ်ိန္မွာ ေရာဂါပိုးေတြ ကပ္ၿငိမပါလာေစဖို႔ လူ႔ခႏၶာကိုယ္ေပၚကို ကလိုရင္း ဒါမွမဟုတ္ ကလိုရင္းပါတဲ့ေဆးေတြကို တိုက္႐ိုက္ျဖန္းေနတာဟာ မွန္ကန္တဲ့ပိုးသတ္သန႔္စင္တဲ့နည္းလမ္းမဟုတ္ေၾကာင္း က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက သတိေပးပါတယ္။

လူ႔ခႏၶာကိုယ္ေပၚကို ကလိုရင္းပါဝင္တဲ့ေဆးရည္ေတြ တိုက္႐ိုက္ျဖန္းတာမ်ိဳး လုံးဝမျပဳလုပ္ဖို႔လည္း ဝန္ႀကီးဌာနက သတိေပးပါတယ္။

အလုံပိတ္အခန္းငယ္ေတြထဲမွာ ကလိုရင္း ဒါမွမဟုတ္ ကလိုရင္း ကြန္ေပါင္းပါတဲ့ ဓာတုေဆးအေပ်ာ့စားေတြကို လူကိုယ္ေပၚျဖန္းတဲ့နည္းနဲ႔ ပိုးသန႔္စင္ေပးလို႔မရတာကိုလည္း ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ကအတိအလင္း ေၾကညာထားတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ အဲဒီပိုးသတ္စင္ေဆးရည္ေၾကာင့္ အေရျပား၊ မ်က္စိ တို႔ကို ထိခိုက္ေစၿပီး ပါးစပ္ထဲဝင္ရင္ Mucous Membrane ေတြ ထိခိုက္ပ်က္စီးတာ၊ အေငြ႕ကိုရႉမိရင္ အသက္ရႉလမ္းေၾကာင္း ထိခိုက္ပ်က္စီးတာျဖစ္ႏိုင္တယ္လို႔ WHO က သတိေပးထားတာပါ။

လူ႔ခႏၶာကိုယ္နဲ႔ အဝတ္အစားေတြကို ပိုးသတ္ခ်င္ရင္ အဝတ္အစားေတြကို မိနစ္သုံးဆယ္ၾကာ ဆပ္ျပာနဲ႔ေရစိမ္ေလွ်ာ္ဖြပ္တာအေကာင္းဆုံးျဖစ္ၿပီး လူကေတာ့ ဆပ္ျပာနဲ႔ ေရခ်ိဳးသန႔္စင္တာက ေဘးအကင္းဆုံးနဲ႔အထိေရာက္ဆုံးနည္းလမ္းျဖစ္တယ္လို႔ ဆိုပါတယ္။

အရက္ျပန္ ဒါမွမဟုတ္ ကလိုရင္းပိုးသတ္ေဆးရည္ေတြလူကိုယ္ေပၚ တိုက္႐ိုက္ျဖန္းတာက ကိုယ္ခႏၶာတြင္းေရာက္ႏွင့္ၿပီးသား ကိုဗစ္-၁၉ ပိုးကို မေသေစႏိုင္ဘူးလို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက သတိေပးပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ပိုးရွိသူကိုယ္ေပၚ ဒီေဆးရည္ေတြျဖန္းထားေပမယ့္ သူႏွာေခ်ေခ်ာင္းဆိုးစကားေျပာရာကေန ထြက္လာတဲ့အမႈန္အမႊားေတြထဲမွာ ေရာဂါပိုးေတြပါလာၿပီး တျခားသူေတြကိုကူးစက္ႏိုင္ေစပါတယ္။

ဒါေၾကာင့္ လူ႔ခႏၶာကိုယ္ေပၚ ေဆးေတြျဖန္းတာဟာ ကို႐ိုနာဗိုင္းရပ္စ္ကိုမကာကြယ္ႏိုင္ဘဲ အႏၲရာယ္သာျဖစ္ေစတယ္လို႔ ထုတ္ျပန္ခ်က္က ေဖာ္ျပထားပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
ကလိုရင်းပါတဲ့ဆေးတွေ လူ့ကိုယ်ပေါ် တိုက်ရိုက်ဖြန်းတာ လုံးဝမလုပ်ဖို့ အစိုးရ ထုတ်ပြန်

ကိုဗစ်-၁၉ ဖြစ်နေချိန်မှာ ရောဂါပိုးတွေ ကပ်ငြိမပါလာစေဖို့ လူ့ခန္ဓာကိုယ်ပေါ်ကို ကလိုရင်း ဒါမှမဟုတ် ကလိုရင်းပါတဲ့ဆေးတွေကို တိုက်ရိုက်ဖြန်းနေတာဟာ မှန်ကန်တဲ့ပိုးသတ်သန့်စင်တဲ့နည်းလမ်းမဟုတ်ကြောင်း ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက သတိပေးပါတယ်။

လူ့ခန္ဓာကိုယ်ပေါ်ကို ကလိုရင်းပါဝင်တဲ့ဆေးရည်တွေ တိုက်ရိုက်ဖြန်းတာမျိုး လုံးဝမပြုလုပ်ဖို့လည်း ဝန်ကြီးဌာနက သတိပေးပါတယ်။

အလုံပိတ်အခန်းငယ်တွေထဲမှာ ကလိုရင်း ဒါမှမဟုတ် ကလိုရင်း ကွန်ပေါင်းပါတဲ့ ဓာတုဆေးအပျော့စားတွေကို လူကိုယ်ပေါ်ဖြန်းတဲ့နည်းနဲ့ ပိုးသန့်စင်ပေးလို့မရတာကိုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကအတိအလင်း ကြေညာထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီပိုးသတ်စင်ဆေးရည်ကြောင့် အရေပြား၊ မျက်စိ တို့ကို ထိခိုက်စေပြီး ပါးစပ်ထဲဝင်ရင် Mucous Membrane တွေ ထိခိုက်ပျက်စီးတာ၊ အငွေ့ကိုရှူမိရင် အသက်ရှူလမ်းကြောင်း ထိခိုက်ပျက်စီးတာဖြစ်နိုင်တယ်လို့ WHO က သတိပေးထားတာပါ။

လူ့ခန္ဓာကိုယ်နဲ့ အဝတ်အစားတွေကို ပိုးသတ်ချင်ရင် အဝတ်အစားတွေကို မိနစ်သုံးဆယ်ကြာ ဆပ်ပြာနဲ့ရေစိမ်လျှော်ဖွပ်တာအကောင်းဆုံးဖြစ်ပြီး လူကတော့ ဆပ်ပြာနဲ့ ရေချိုးသန့်စင်တာက ဘေးအကင်းဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းဖြစ်တယ်လို့ ဆိုပါတယ်။

အရက်ပြန် ဒါမှမဟုတ် ကလိုရင်းပိုးသတ်ဆေးရည်တွေလူကိုယ်ပေါ် တိုက်ရိုက်ဖြန်းတာက ကိုယ်ခန္ဓာတွင်းရောက်နှင့်ပြီးသား ကိုဗစ်-၁၉ ပိုးကို မသေစေနိုင်ဘူးလို့လည်း ကျန်းမာရေးဝန်ကြီးဌာနက သတိပေးပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ပိုးရှိသူကိုယ်ပေါ် ဒီဆေးရည်တွေဖြန်းထားပေမယ့် သူနှာချေချောင်းဆိုးစကားပြောရာကနေ ထွက်လာတဲ့အမှုန်အမွှားတွေထဲမှာ ရောဂါပိုးတွေပါလာပြီး တခြားသူတွေကိုကူးစက်နိုင်စေပါတယ်။

ဒါကြောင့် လူ့ခန္ဓာကိုယ်ပေါ် ဆေးတွေဖြန်းတာဟာ ကိုရိုနာဗိုင်းရပ်စ်ကိုမကာကွယ်နိုင်ဘဲ အန္တရာယ်သာဖြစ်စေတယ်လို့ ထုတ်ပြန်ချက်က ဖော်ပြထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52761140
ကလိုရင္းပါတဲ့ေဆးေတြ လူ႔ကိုယ္ေပၚ တိုက္႐ိုက္ျဖန္းတာ လုံးဝမလုပ္ဖို႔ အစိုးရ ထုတ္ျပန္ ကလိုရင္းပါတဲ့ေဆးေတြ လူ႔ကိုယ္ေပၚ တိုက္႐ိုက္ျဖန္းတာ လုံးဝမလုပ္ဖို႔ အစိုးရ ထုတ္ျပန္ Reviewed by THITHTOOLWIN on 22:08 Rating: 5
Powered by Blogger.