စကၤာပူမွာ COVID-19 ကူးစက္သူ ၃၀,၀၀၀ ေက်ာ္ၿပီ

စကာၤပူရွိ Asia Square Tower ထဲ မ၀င္ခင္ လာေရာက္သူေတြကို ကိုယ္အပူခ်ိန္တိုင္းေပးေနတဲ့ ၀န္ထမ္း တခ်ိဳ႕။ (မတ္ ၁၆၊ ၂၀၂၀)
[Zawgyi/Unicode]

စင္ကာပူႏုိင္ငံမွာ ဒီေန႔ ကို႐ုိနာဗုိင္းရပ္စ္ ေနာက္ထပ္ကူးစက္ခံရသူ ရာနဲ႔ခ်ီရွိတာေၾကာင့္ အခုဆုိရင္ ဗုိင္းရပ္စ္ကူးစက္ခံသူ စုစုေပါင္း ၃၀,၀၀၀ ေက်ာ္သြားၿပီျဖစ္ပါတယ္။

ဒီကေန႔ ေရာဂါကူးစက္ခံရသူ ၆၁၂ ေယာက္ထက္မနည္းရွိၿပီး အဲဒီထဲက အမ်ားစုဟာ ျပည္ပကေန အလုပ္လာလုပ္ၾကတဲ့သူေတြျဖစ္ၾကပါတယ္။ ႏုိင္ငံျခားကေန လာၿပီး အလုပ္လုပ္ၾကတဲ့သူေတြေနတဲ့ အေဆာင္ေတြမွာ ေရာဂါကူးစက္မႈတြ ေန႔စဥ္ ရာနဲ႔ခ်ီ ရွိေနၿပီး အခုဆုိရင္ ေရာဂါကူးစက္ခံရသူဟာ စုစုေပါင္း ၃၀,၄၂၆ ေယာက္နဲ႔ ေသဆုံးသူ ၂၂ ေယာက္ရွိပါတယ္။ စင္ကာပူရဲ႕ ေန႔စဥ္ေရာဂါကူးစက္မႈႏႈန္းဟာ အာရွမွာ အျမင့္ဆုံးေတြထဲကတခုျဖစ္ပါတယ္။

စင္ကာပူမွာ ေရာဂါကူးစက္မႈေတြကို ထိန္းခ်ဳပ္တဲ့အေနနဲ႔ ၿပီးခဲ့တဲ့ ဧၿပီလကတည္းကေက်ာင္းေတြ နဲ႔ အလုပ္ေတြအေတာ္မ်ားမ်ားကို ပိတ္ထားတာျဖစ္ပါတယ္။ ဒါေပမဲ့ ႏုိင္ငံျခားသားအလုပ္သမားေတြေနတဲ႔ အေဆာင္ေတြအျပင္ဘက္မွာ ကူးစက္မႈေတြက နည္းလာတာေၾကာင့္ ေက်ာင္းေတြနဲ႔အတူ တခ်ိဳ႕စီးပြားေရးလုပ္ငန္းေတြကို ဇြန္လမွာျပန္ဖြင့္ဖို႔အစီအစဥ္ေတြကို အစိုးရက အခုတပတ္မွာ ထုတ္ျပန္ခဲ့ပါတယ္။

ကုန္ထုတ္လုပ္မႈနဲ႔ ဘ႑ာေရးဆုိင္ရာလုပ္ငန္းေတြလို ေရာဂါကူးစက္မႈအႏၱရာယ္နည္းတဲ့ လုပ္ငန္းေတြကို ျပန္ဖြင့္သြားမွာျဖစ္ၿပီး လက္လီဆုိင္ေတြနဲ႔ စားေသာက္ဆုိင္ေတြကိုေတာ့ ဆက္ၿပီးေတာ့ ပိတ္ထားမွာျဖစ္ပါတယ္ခင္ဗ်ာ။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------
[Unicode Version]

စင်္ကာပူမှာ COVID-19 ကူးစက်သူ ၃၀,၀၀၀ ကျော်ပြီ

စင်ကာပူနိုင်ငံမှာ ဒီနေ့ ကိုရိုနာဗိုင်းရပ်စ် နောက်ထပ်ကူးစက်ခံရသူ ရာနဲ့ချီရှိတာကြောင့် အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံသူ စုစုပေါင်း ၃၀,၀၀၀ ကျော်သွားပြီဖြစ်ပါတယ်။

ဒီကနေ့ ရောဂါကူးစက်ခံရသူ ၆၁၂ ယောက်ထက်မနည်းရှိပြီး အဲဒီထဲက အများစုဟာ ပြည်ပကနေ အလုပ်လာလုပ်ကြတဲ့သူတွေဖြစ်ကြပါတယ်။ နိုင်ငံခြားကနေ လာပြီး အလုပ်လုပ်ကြတဲ့သူတွေနေတဲ့ အဆောင်တွေမှာ ရောဂါကူးစက်မှုတွ နေ့စဉ် ရာနဲ့ချီ ရှိနေပြီး အခုဆိုရင် ရောဂါကူးစက်ခံရသူဟာ စုစုပေါင်း ၃၀,၄၂၆ ယောက်နဲ့ သေဆုံးသူ ၂၂ ယောက်ရှိပါတယ်။ စင်ကာပူရဲ့ နေ့စဉ်ရောဂါကူးစက်မှုနှုန်းဟာ အာရှမှာ အမြင့်ဆုံးတွေထဲကတခုဖြစ်ပါတယ်။

စင်ကာပူမှာ ရောဂါကူးစက်မှုတွေကို ထိန်းချုပ်တဲ့အနေနဲ့ ပြီးခဲ့တဲ့ ဧပြီလကတည်းကကျောင်းတွေ နဲ့ အလုပ်တွေအတော်များများကို ပိတ်ထားတာဖြစ်ပါတယ်။ ဒါပေမဲ့ နိုင်ငံခြားသားအလုပ်သမားတွေနေတဲ့ အဆောင်တွေအပြင်ဘက်မှာ ကူးစက်မှုတွေက နည်းလာတာကြောင့် ကျောင်းတွေနဲ့အတူ တချို့စီးပွားရေးလုပ်ငန်းတွေကို ဇွန်လမှာပြန်ဖွင့်ဖို့အစီအစဉ်တွေကို အစိုးရက အခုတပတ်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ကုန်ထုတ်လုပ်မှု နဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းတွေလို ရောဂါကူးစက်မှုအန္တရာယ်နည်းတဲ့ လုပ်ငန်းတွေကို ပြန်ဖွင့်သွားမှာဖြစ်ပြီး လက်လီဆိုင်တွေနဲ့ စားသောက်ဆိုင်တွေကိုတော့ ဆက်ပြီးတော့ ပိတ်ထားမှာဖြစ်ပါတယ်ခင်ဗျာ။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/singapore-covid/5431409.html
စကၤာပူမွာ COVID-19 ကူးစက္သူ ၃၀,၀၀၀ ေက်ာ္ၿပီ စကၤာပူမွာ COVID-19 ကူးစက္သူ ၃၀,၀၀၀ ေက်ာ္ၿပီ Reviewed by THITHTOOLWIN on 22:11 Rating: 5
Powered by Blogger.