မႏၲေလးမွာ ကိုဗစ္-၁၉ ဓာတ္ခြဲခန္း ျပင္ဆင္းၿပီးစီး

ဓာတ္ခြဲခန္းျဖစ္ေျမာက္ဖို႔ အခက္အခဲေတြမ်ားစြာရွိခဲ့တယ္လို႔ ၿမိဳ႕ေတာ္ဝန္ဦးရဲလြင္က ေျပာပါတယ္။
(Zawgyi)⤵⤵⤵
မႏၲေလးမွာ ကိုဗစ္-၁၉ ဓာတ္ခြဲစစ္ေဆးဖို႔အတြက္ လိုအပ္တဲ့ ဓာတ္ခြဲခန္းသုံးပစၥည္းေတြကို တပ္ဆင္စမ္းသပ္ၿပီးၿပီလို႔ မႏၲေလးၿမိဳ႕ေတာ္ဝန္ ေဒါက္တာရဲလြင္က သူ႔ေဖ့စ္ဘြတ္မွာ ေရးသားထားပါတယ္။

ဒီအဆင့္ေရာက္ဖို႔ အခက္အခဲေပါင္းမ်ားစြာေက်ာ္လႊားခဲ့ရတယ္လို႔လည္း သူက ဆိုပါတယ္။ ဓာတ္ခြဲခန္းအတြက္ အေဆာက္အဦေနရာရရွိေရး၊ ရရွိတဲ့ အေဆာက္အဦကို စံသတ္မွတ္ခ်က္ေတြနဲ႔အညီ ျပဳျပင္တာ၊ လိုအပ္တဲ့ ဓာတ္ခြဲခန္းသုံးပစၥည္းေတြနဲ႔ အေထာက္အကူျပဳ ပစၥည္းေတြ ရွာေဖြဝယ္ယူ စုေဆာင္းတာ၊ ကြၽမ္းက်င္ဝန္ထမ္းေတြကို အမ်ိဳးသားက်န္းမာေရး ဓာတ္ခြဲမႈဆိုင္ရာဌာနကို ေစလႊတ္ၿပီး အေတြ႕အႀကဳံေတြ ယူေစတာ စတဲ့ အဆင့္ေပါင္းမ်ားစြာကိုေက်ာ္ျဖတ္ခဲ့ရတယ္လို႔ ဆိုပါတယ္။
ယူနန္ေဆးပညာရွင္အဖြဲ႕ မႏၲေလးကို ဒီေန႔ေမ ၂၂ မွာ လာေရာက္ဖို႔ရွိၿပီး သူတို႔နဲ႔အတူ ကိုဗစ္-၁၉ ဓာတ္ခြဲဖို႔ ဓာတ္ကူပစၥည္းေတြပါလာမွာျဖစ္
ဒါ့အျပင္ ဒီကေန႔ ေမ ၂၂ ရက္မွာ တ႐ုတ္ႏိုင္ငံ၊ ယူနန္ျပည္နယ္ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္ ၆ ဦးပါအဖြဲ႕ မႏၲေလးကို ေရာက္လာမွာျဖစ္ၿပီး ကိုဗစ္-၁၉ ဓာတ္ခြဲခန္းစက္ကိရိယာတစ္စုံနဲ႔ စစ္ေဆးေရးဓာတ္ကူပစၥည္းေတြပါ ပါလာမွာျဖစ္တယ္လို႔ ဆိုပါတယ္။

ဓာတ္ခြဲခန္းဝန္ထမ္းေတြကိုလည္း စက္ပစၥည္းတပ္ဆင္ထိန္းသိမ္းျခင္းနဲ႔ ဓာတ္ခြဲစမ္းသပ္မႈသင္တန္းေတြေပးမယ္လို႔ ဆိုပါတယ္။

ျမန္မာမွာ ကိုဗစ္-၁၉ ေရာဂါပိုးကို ရန္ကုန္က အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲမႈဌာနနဲ႔ ေဆးသုေတသနဦးစီးဌာန တို႔မွာ စစ္ေဆးေနၿပီး ဓာတ္ခြဲခန္း ႏွစ္ခုေပါင္း တစ္ရက္ကို ဓာတ္ခြဲနမူနာေပါင္း ၆၀၀ ေက်ာ္ စစ္ေဆးထားတဲ့မွတ္တမ္းေတြ ရွိထားပါတယ္။

မႏၲေလးက ဓာတ္ခြဲခန္းကို ေမလကုန္မွာ စတင္လည္ပတ္ႏိုင္မယ္လို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာန ေျပာခြင့္ရသူ ေဒါက္တာသန္းႏိုင္စိုးက ေျပာၾကားထားပါတယ္။

BBC Burmese
----------------------------------
(Unicode)⤵⤵⤵
မန္တလေးမှာ ကိုဗစ်-၁၉ ဓာတ်ခွဲခန်း ပြင်ဆင်းပြီးစီး

မန္တလေးမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးဖို့အတွက် လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကို တပ်ဆင်စမ်းသပ်ပြီးပြီလို့ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က သူ့ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

ဒီအဆင့်ရောက်ဖို့ အခက်အခဲပေါင်းများစွာကျော်လွှားခဲ့ရတယ်လို့လည်း သူက ဆိုပါတယ်။ ဓာတ်ခွဲခန်းအတွက် အဆောက်အဦနေရာရရှိရေး၊ ရရှိတဲ့ အဆောက်အဦကို စံသတ်မှတ်ချက်တွေနဲ့အညီ ပြုပြင်တာ၊ လိုအပ်တဲ့ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေနဲ့ အထောက်အကူပြု ပစ္စည်းတွေ ရှာဖွေဝယ်ယူ စုဆောင်းတာ၊ ကျွမ်းကျင်ဝန်ထမ်းတွေကို အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနကို စေလွှတ်ပြီး အတွေ့အကြုံတွေ ယူစေတာ စတဲ့ အဆင့်ပေါင်းများစွာကိုကျော်ဖြတ်ခဲ့ရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီကနေ့ မေ ၂၂ ရက်မှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ၆ ဦးပါအဖွဲ့ မန္တလေးကို ရောက်လာမှာဖြစ်ပြီး ကိုဗစ်-၁၉ ဓာတ်ခွဲခန်းစက်ကိရိယာတစ်စုံနဲ့ စစ်ဆေးရေးဓာတ်ကူပစ္စည်းတွေပါ ပါလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

ဓာတ်ခွဲခန်းဝန်ထမ်းတွေကိုလည်း စက်ပစ္စည်းတပ်ဆင်ထိန်းသိမ်းခြင်းနဲ့ ဓာတ်ခွဲစမ်းသပ်မှုသင်တန်းတွေပေးမယ်လို့ ဆိုပါတယ်။

မြန်မာမှာ ကိုဗစ်-၁၉ ရောဂါပိုးကို ရန်ကုန်က အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဌာနနဲ့ ဆေးသုတေသနဦးစီးဌာန တို့မှာ စစ်ဆေးနေပြီး ဓာတ်ခွဲခန်း နှစ်ခုပေါင်း တစ်ရက်ကို ဓာတ်ခွဲနမူနာပေါင်း ၆၀၀ ကျော် စစ်ဆေးထားတဲ့မှတ်တမ်းတွေ ရှိထားပါတယ်။

မန္တလေးက ဓာတ်ခွဲခန်းကို မေလကုန်မှာ စတင်လည်ပတ်နိုင်မယ်လို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ပြောခွင့်ရသူ ဒေါက်တာသန်းနိုင်စိုးက ပြောကြားထားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52761140
မႏၲေလးမွာ ကိုဗစ္-၁၉ ဓာတ္ခြဲခန္း ျပင္ဆင္းၿပီးစီး မႏၲေလးမွာ ကိုဗစ္-၁၉ ဓာတ္ခြဲခန္း ျပင္ဆင္းၿပီးစီး Reviewed by THITHTOOLWIN on 22:06 Rating: 5
Powered by Blogger.