ရခိုင္တိုက္ပြဲ - "အစိုးရမလာ၊ အလႉရွင္ လာမရလို႔ ရိကၡာကုန္ရင္ အငတ္ ေနရေတာ့မယ္"

ရိကၡာအျပင္ ေဆးဝါးကုသဖို႔ပါ အခက္အခဲျဖစ္
(Zawgyi)⤵⤵⤵

ရခိုင္ တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန႔္ခြာထြက္ေျပးေနၾကရတဲ့ စစ္ေဘးဒုကၡသည္စခန္းေတြမွာ ရိကၡာနဲ႔ ေသာက္သုံးေရ ျပတ္လပ္ ခက္ခဲေနတယ္လို႔ စခန္းတာဝန္ရွိသူေတြဆီကေန သိရပါတယ္။

အထူးသျဖင့္ ေျမာက္ဦးၿမိဳ႕နယ္နဲ႔ ေက်ာက္ေတာ္ၿမိဳ႕နယ္က စခန္းေတြနဲ႔ အမ္းၿမိဳ႕နယ္အတြင္းက ေက်း႐ြာေတြမွာ ရိကၡာျပတ္လပ္ေတာ့မွာျဖစ္ၿပီး က်န္းမာေရးအတြက္ ေဆးဝါးကုသမႈေတြလည္း အခက္အခဲနဲ႔ ရင္ဆိုင္ေနၾကရတာ ျဖစ္ပါတယ္။

ေျမာက္ဦးမွာ စစ္ေဘးေရွာင္ စခန္းေပါင္း ၃၁ ခုရွိၿပီး အိမ္ေထာင္စုေပါင္း ၄၂၇၅ စုနဲ႔ လူဦးေရေပါင္း ၁၇၀၂၇ ဦးခိုလႈံေနၾကတာ ျဖစ္ပါတယ္။

အဲ့ဒီ စခန္းေတြဟာ အစိုးရ၊ အဖြဲ႕အစည္းေတြနဲ႔ အလႉရွင္ေတြ လႉဒါန္းထားတာေတြကို မွီခိုေနၾကရတာ ျဖစ္ပါတယ္။

စခန္း ၃၁ ခု အနက္ တိုက္ပြဲျဖစ္ပြားေနတဲ့ ေက်ာက္ေတာ္နဲ႔ ဆက္စပ္ေနတဲ့ ေျမာက္ဦး ေျမာက္ပိုင္းက တိမ္ညိဳစခန္း၊ ပီပင္ရင္စခန္းနဲ႔ စခန္းတခ်ိဳ႕တို႔မွာလည္း ရိကၡာ ျပတ္လပ္ေတာ့မယ္လို႔ တိမ္ညိဳစခန္းတာဝန္ခံ ဦးစိုးႏိုင္က ဘီဘီစီကို ေျပာပါတယ္။

ဓာတ္ပုံ မူပိုင္ Myint Lwin
တိမ္ညိဳဒုကၡသည္စခန္းမွာ အိမ္ေထာင္စုေပါင္း ၈၄၇ စုနဲ႔ လူဦးေရ ၃၂၁၇ ဦးေနထိုင္ေနၿပီး ေျမာက္ဦးမွာ အႀကီးဆုံးစခန္းတစ္ခု ျဖစ္ပါတယ္။

အဲ့ဒီစခန္းအတြက္ ဆန္ရိကၡာေတြကို ICRC နဲ႔ လူမႈဝန္ထမ္းကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရးဌာနတို႔က ေထာက္ပံ့ေပးတာပါ။

"ကြၽန္ေတာ္တို႔က ၁၅ ရက္ တစ္ႀကိမ္စီ ဆန္ထုတ္ေပးတယ္။ တစ္ေခါက္ကို ဆန္အိတ္ ၅၀၀ ေက်ာ္ေက်ာ္လိုတယ္။ အခုလက္ထဲမွာေတာ့ ဆန္အိတ္၂၀၀ ေတာင္မရွိေတာ့ဘူး။ ရိကၡာေပးရမယ့္ရက္က မေန႔ကျပည့္တယ္။ မေပးႏိုင္ေသးဘူး။ ရွိတဲ့ဆန္ကိုထုတ္ေပးမယ္ဆိုရင္လည္း တစ္ပတ္စာေပးရမယ္။ ဒါေၾကာင့္ အလႉရွင္မေရာက္ဘူးဆိုရင္ေတာ့ ဒီတိုင္း ငတ္ေန႐ုံပဲ ရွိေတာ့တာေပါ့"လို႔ ဦးစိုးႏိုင္က ေျပာပါတယ္။

အစိုးရဆီက ေထာက္ပံ့ေပးတဲ့ ဆန္ေတြဟာ မတ္လကေန ေမလဆန္းအထိ မရရွိေသးတဲ့အတြက္ စခန္းေကာ္မတီအေနနဲ႔ လူကယ္ျပန္ဌာနကို အေၾကာင္းၾကား ထားေပမယ့္ တစ္စုံတစ္ရာ တုံ႔ျပန္တာမရွိေသးဘူးလို႔ ဆိုပါတယ္။

ေက်ာက္ေတာ္မွာေတာ့ စစ္ေဘးေရွာင္ အိမ္ေထာင္စု ၃၀၁၆ စုနဲ႔ လူဦးေရ ၁၂၂၅၀ ဦးတို႔ဟာ ဒုကၡသည္စခန္းေပါင္း ၂၁ ခု မွာ ခိုလႈံေနၾကတာျဖစ္ၿပီး စခန္းတခ်ိဳ႕မွာ ဆန္ရိကၡာ လက္က်န္နည္းပါး ေနၿပီလို႔ သိရပါတယ္။

ဓာတ္ပုံ မူပိုင္ Myint Lwin
အိမ္ေထာင္စု ၆၂၆ စု၊ လူဦးေရ ၂၇၄၅ ဦးခိုလႈံေနတဲ့ ေက်ာက္ေတာ္က ေညာင္ေခ်ာင္းဒုကၡသည္စခန္းမွာလည္း ဆန္အိတ္ ၂၀ ေလာက္သာ က်န္ေတာ့တဲ့အတြက္ ေမလ ၁၀ ရက္ေန႔မွာ ေနာက္တစ္ႀကိမ္ ျဖန႔္ေဝေပးရမယ့္ဆန္ အလုံအေလာက္ မရွိေသးဘူးလို႔ စခန္းတာဝန္ခံ ဦးခိုင္မ်ိဳးေအာင္က ဘီဘီစီကို ေျပာပါတယ္။

"ကြၽန္ေတာ္တို႔စခန္းကို ဆန္လာေပးမယ္ဆိုၿပီးေတာ့ WFP က ဧၿပီ ၈ ရက္ေန႔မွာဖုန္းဆက္တယ္။ ၉ ရက္ေန႔ ထြက္လာမယ္လို႔ ေျပာတယ္။ ထြက္လာေတာ့ ၉ ရက္ေန႔ တစ္ရက္လုံး ၅၃၉ မွာ စစ္ေဆးခံခဲ့ရတယ္။ ၁၀ ရက္ေန႔မွာ ကြၽန္ေတာ္တို႔ စစ္ေတြကို ျပန္သြားရၿပီ ဆိုၿပီး ေျပာခဲ့တယ္။ အခုက လက္ထဲမွာရွိတဲ့ ဆန္အိတ္ ၂၀ က တစ္နပ္စာေတာင္ မလုံေလာက္ေတာ့ဘူး"လို႔ ဦးခိုင္မ်ိဳးေအာင္က ေျပာပါတယ္။

ေညာင္ေခ်ာင္းဒုကၡသည္စခန္းကို တပ္မေတာ္ စစ္ေၾကာင္းေတြကလည္း မၾကာခဏ ဆိုသလို ဝင္ေရာက္စစ္ေဆး ေနတဲ့အတြက္ စခန္းမွာ ေနထိုင္သူေတြ စိုးရိမ္ေၾကာက္လန႔္ေနၾကတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ရခိုင္အလယ္ပိုင္း အမ္းၿမိဳ႕နယ္က ႐ြာေတာ္ေတာ္မ်ားမ်ားကို စစ္ေရးအေျခအေနေတြအရ ခရီးသြားလာမႈေတြ ျဖတ္ေတာက္ခံထားရတာေၾကာင့္ လူေသာင္းခ်ီ က်န္းမာေရးေစာင့္ေရွာက္မႈ မရရွိၾကသလို စားနပ္ရိကၡာလည္း ျပတ္လပ္ေနတယ္လို႔ ျမသီတာဆရာေတာ္ ဦးပညာနႏၵက မိန႔္ၾကားပါတယ္။

ပိတ္မိေနတဲ့ ေက်း႐ြာေပါင္း ၄၀ ေက်ာ္ ရွိတဲ့အနက္ အလယ္ကြၽန္းေက်း႐ြာဟာ ဆိုးဆိုးဝါးဝါး အေနအထားမွာရွိေနတယ္လို႔ ဆိုပါတယ္။

စစ္ပြဲေတြအတြင္း ေက်း႐ြာတစ္႐ြာလုံး ပ်က္စီးခဲ့ရကာ ထိခိုက္ဒဏ္ရာရသူ ၈ ဦးရွိခဲ့ၿပီး တစ္ဦးမွာ အခ်ိန္မီ ေဆးဝါးကုသခြင့္မရတဲ့အတြက္ ေသဆုံးသြားခဲ့ရတယ္လို႔ ျမသီတာဆရာေတာ္က မိန႔္ၾကားပါတယ္။

ေက်း႐ြာအတြင္း လက္နက္ႀကီးေတြက်ေရာက္ၿပီး ထိခိုက္ဒဏ္ရာေတြရရွိခဲ့တဲ့အတြက္ ေက်း႐ြာသား ၉၀၀ ေက်ာ္တို႔ဟာ ႐ြာမွာမေနရဲၾကေတာ့ဘဲ ဘုန္းေတာ္ႀကီးေက်ာင္းမွာ ခိုလႈံေနၾကရေၾကာင္းနဲ႔ ရိကၡာအခက္အခဲ ျဖစ္ေနတယ္လို႔ ဆိုပါတယ္။

အခုလို ခရီးသြားလာမႈေတြ ပိတ္ထားတဲ့အတြက္ ေက်း႐ြာေပါင္း ၄၂ ႐ြာ ပိတ္မိေနပါတယ္။ အဲဒီက အိမ္ေျခေပါင္း ၃၂၀၀ ခန႔္၊ လူဦးေရ ၃၀၂၀၀ ခန႔္ စားဝတ္ေနေရး အေျခအေနေတြ အခက္အခဲ ႀကဳံေနၾကရၿပီး ဒဏ္ရာရရွိခဲ့တဲ့ ေက်း႐ြာသားေတြကို ႐ြာမွာရွိတဲ့ တိုင္းရင္းေဆးဆရာေတြနဲ႔ပဲ ေဆးဝါးကုသေနၾကရတဲ့အတြက္ အမ္းၿမိဳ႕ေဆး႐ုံကို ပို႔ေဆာင္ကုသခ်င္တယ္လို႔ ဆရာေတာ္က မိန႔္ၾကားပါတယ္။

BBC Burmese
https://www.bbc.com/burmese/burma-52594555
-------------
(Unicode)⤵⤵⤵

ရခိုင်တိုက်ပွဲ - "အစိုးရမလာ၊ အလှူရှင် လာမရလို့ ရိက္ခာကုန်ရင် အငတ် နေရတော့မယ်"

ဓာတ်ပုံ မူပိုင် Myint Lwin
Image caption ရိက္ခာအပြင် ဆေးဝါးကုသဖို့ပါ အခက်အခဲဖြစ်

ရခိုင် တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ရိက္ခာနဲ့ သောက်သုံးရေ ပြတ်လပ် ခက်ခဲနေတယ်လို့ စခန်းတာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

အထူးသဖြင့် မြောက်ဦးမြို့နယ်နဲ့ ကျောက်တော်မြို့နယ်က စခန်းတွေနဲ့ အမ်းမြို့နယ်အတွင်းက ကျေးရွာတွေမှာ ရိက္ခာပြတ်လပ်တော့မှာဖြစ်ပြီး ကျန်းမာရေးအတွက် ဆေးဝါးကုသမှုတွေလည်း အခက်အခဲနဲ့ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

မြောက်ဦးမှာ စစ်ဘေးရှောင် စခန်းပေါင်း ၃၁ ခုရှိပြီး အိမ်ထောင်စုပေါင်း ၄၂၇၅ စုနဲ့ လူဦးရေပေါင်း ၁၇၀၂၇ ဦးခိုလှုံနေကြတာ ဖြစ်ပါတယ်။

အဲ့ဒီ စခန်းတွေဟာ အစိုးရ၊ အဖွဲ့အစည်းတွေနဲ့ အလှူရှင်တွေ လှူဒါန်းထားတာတွေကို မှီခိုနေကြရတာ ဖြစ်ပါတယ်။

စခန်း ၃၁ ခု အနက် တိုက်ပွဲဖြစ်ပွားနေတဲ့ ကျောက်တော်နဲ့ ဆက်စပ်နေတဲ့ မြောက်ဦး မြောက်ပိုင်းက တိမ်ညိုစခန်း၊ ပီပင်ရင်စခန်းနဲ့ စခန်းတချို့တို့မှာလည်း ရိက္ခာ ပြတ်လပ်တော့မယ်လို့ တိမ်ညိုစခန်းတာဝန်ခံ ဦးစိုးနိုင်က ဘီဘီစီကို ပြောပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin

တိမ်ညိုဒုက္ခသည်စခန်းမှာ အိမ်ထောင်စုပေါင်း ၈၄၇ စုနဲ့ လူဦးရေ ၃၂၁၇ ဦးနေထိုင်နေပြီး မြောက်ဦးမှာ အကြီးဆုံးစခန်းတစ်ခု ဖြစ်ပါတယ်။

အဲ့ဒီစခန်းအတွက် ဆန်ရိက္ခာတွေကို ICRC နဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနတို့က ထောက်ပံ့ပေးတာပါ။

"ကျွန်တော်တို့က ၁၅ ရက် တစ်ကြိမ်စီ ဆန်ထုတ်ပေးတယ်။ တစ်ခေါက်ကို ဆန်အိတ် ၅၀၀ ကျော်ကျော်လိုတယ်။ အခုလက်ထဲမှာတော့ ဆန်အိတ်၂၀၀ တောင်မရှိတော့ဘူး။ ရိက္ခာပေးရမယ့်ရက်က မနေ့ကပြည့်တယ်။ မပေးနိုင်သေးဘူး။ ရှိတဲ့ဆန်ကိုထုတ်ပေးမယ်ဆိုရင်လည်း တစ်ပတ်စာပေးရမယ်။ ဒါကြောင့် အလှူရှင်မရောက်ဘူးဆိုရင်တော့ ဒီတိုင်း ငတ်နေရုံပဲ ရှိတော့တာပေါ့"လို့ ဦးစိုးနိုင်က ပြောပါတယ်။

အစိုးရဆီက ထောက်ပံ့ပေးတဲ့ ဆန်တွေဟာ မတ်လကနေ မေလဆန်းအထိ မရရှိသေးတဲ့အတွက် စခန်းကော်မတီအနေနဲ့ လူကယ်ပြန်ဌာနကို အကြောင်းကြား ထားပေမယ့် တစ်စုံတစ်ရာ တုံ့ပြန်တာမရှိသေးဘူးလို့ ဆိုပါတယ်။

ကျောက်တော်မှာတော့ စစ်ဘေးရှောင် အိမ်ထောင်စု ၃၀၁၆ စုနဲ့ လူဦးရေ ၁၂၂၅၀ ဦးတို့ဟာ ဒုက္ခသည်စခန်းပေါင်း ၂၁ ခု မှာ ခိုလှုံနေကြတာဖြစ်ပြီး စခန်းတချို့မှာ ဆန်ရိက္ခာ လက်ကျန်နည်းပါး နေပြီလို့ သိရပါတယ်။
ဓာတ်ပုံ မူပိုင် Myint Lwin

အိမ်ထောင်စု ၆၂၆ စု၊ လူဦးရေ ၂၇၄၅ ဦးခိုလှုံနေတဲ့ ကျောက်တော်က ညောင်ချောင်းဒုက္ခသည်စခန်းမှာလည်း ဆန်အိတ် ၂၀ လောက်သာ ကျန်တော့တဲ့အတွက် မေလ ၁၀ ရက်နေ့မှာ နောက်တစ်ကြိမ် ဖြန့်ဝေပေးရမယ့်ဆန် အလုံအလောက် မရှိသေးဘူးလို့ စခန်းတာဝန်ခံ ဦးခိုင်မျိုးအောင်က ဘီဘီစီကို ပြောပါတယ်။

"ကျွန်တော်တို့စခန်းကို ဆန်လာပေးမယ်ဆိုပြီးတော့ WFP က ဧပြီ ၈ ရက်နေ့မှာဖုန်းဆက်တယ်။ ၉ ရက်နေ့ ထွက်လာမယ်လို့ ပြောတယ်။ ထွက်လာတော့ ၉ ရက်နေ့ တစ်ရက်လုံး ၅၃၉ မှာ စစ်ဆေးခံခဲ့ရတယ်။ ၁၀ ရက်နေ့မှာ ကျွန်တော်တို့ စစ်တွေကို ပြန်သွားရပြီ ဆိုပြီး ပြောခဲ့တယ်။ အခုက လက်ထဲမှာရှိတဲ့ ဆန်အိတ် ၂၀ က တစ်နပ်စာတောင် မလုံလောက်တော့ဘူး"လို့ ဦးခိုင်မျိုးအောင်က ပြောပါတယ်။

ညောင်ချောင်းဒုက္ခသည်စခန်းကို တပ်မတော် စစ်ကြောင်းတွေကလည်း မကြာခဏ ဆိုသလို ဝင်ရောက်စစ်ဆေး နေတဲ့အတွက် စခန်းမှာ နေထိုင်သူတွေ စိုးရိမ်ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရခိုင်အလယ်ပိုင်း အမ်းမြို့နယ်က ရွာတော်တော်များများကို စစ်ရေးအခြေအနေတွေအရ ခရီးသွားလာမှုတွေ ဖြတ်တောက်ခံထားရတာကြောင့် လူသောင်းချီ ကျန်းမာရေးစောင့်ရှောက်မှု မရရှိကြသလို စားနပ်ရိက္ခာလည်း ပြတ်လပ်နေတယ်လို့ မြသီတာဆရာတော် ဦးပညာနန္ဒက မိန့်ကြားပါတယ်။

ပိတ်မိနေတဲ့ ကျေးရွာပေါင်း ၄၀ ကျော် ရှိတဲ့အနက် အလယ်ကျွန်းကျေးရွာဟာ ဆိုးဆိုးဝါးဝါး အနေအထားမှာရှိနေတယ်လို့ ဆိုပါတယ်။

စစ်ပွဲတွေအတွင်း ကျေးရွာတစ်ရွာလုံး ပျက်စီးခဲ့ရကာ ထိခိုက်ဒဏ်ရာရသူ ၈ ဦးရှိခဲ့ပြီး တစ်ဦးမှာ အချိန်မီ ဆေးဝါးကုသခွင့်မရတဲ့အတွက် သေဆုံးသွားခဲ့ရတယ်လို့ မြသီတာဆရာတော်က မိန့်ကြားပါတယ်။

ကျေးရွာအတွင်း လက်နက်ကြီးတွေကျရောက်ပြီး ထိခိုက်ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ကျေးရွာသား ၉၀၀ ကျော်တို့ဟာ ရွာမှာမနေရဲကြတော့ဘဲ ဘုန်းတော်ကြီးကျောင်းမှာ ခိုလှုံနေကြရကြောင်းနဲ့ ရိက္ခာအခက်အခဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

အခုလို ခရီးသွားလာမှုတွေ ပိတ်ထားတဲ့အတွက် ကျေးရွာပေါင်း ၄၂ ရွာ ပိတ်မိနေပါတယ်။ အဲဒီက အိမ်ခြေပေါင်း ၃၂၀၀ ခန့်၊ လူဦးရေ ၃၀၂၀၀ ခန့် စားဝတ်နေရေး အခြေအနေတွေ အခက်အခဲ ကြုံနေကြရပြီး ဒဏ်ရာရရှိခဲ့တဲ့ ကျေးရွာသားတွေကို ရွာမှာရှိတဲ့ တိုင်းရင်းဆေးဆရာတွေနဲ့ပဲ ဆေးဝါးကုသနေကြရတဲ့အတွက် အမ်းမြို့ဆေးရုံကို ပို့ဆောင်ကုသချင်တယ်လို့ ဆရာတော်က မိန့်ကြားပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52594555
ရခိုင္တိုက္ပြဲ - "အစိုးရမလာ၊ အလႉရွင္ လာမရလို႔ ရိကၡာကုန္ရင္ အငတ္ ေနရေတာ့မယ္" ရခိုင္တိုက္ပြဲ - "အစိုးရမလာ၊ အလႉရွင္ လာမရလို႔ ရိကၡာကုန္ရင္ အငတ္ ေနရေတာ့မယ္" Reviewed by THITHTOOLWIN on 19:35 Rating: 5
Powered by Blogger.