အက္ဆစ္နဲ႔တိုက္ခိုက္မႈ ခုႏွစ္လအၾကာမွာ ပန္းတေနာ္ တရား႐ုံးကိုေရာက္

အက္ဆစ္ပက္ တိုက္ခိုက္ခံခဲ့ရတဲ့ မလဲ့လဲ့ဝင္း ကို ေတြ႕ရစဥ္ / Photo: RFA

ဧရာဝတီတိုင္း ပန္းတေနာ္ၿမိဳ႕နယ္မွာ အက္ဆစ္ပက္ တိုက္ခိုက္ခံခဲ့ရတဲ့ မလဲ့လဲ့ဝင္းရဲ႕အမႈအတြက္ တိုင္ၾကား ထားတဲ့အမႈ ေလးခုကို  ျဖစ္စဥ္ျဖစ္ၿပီး ၇ လအၾကာ ေမလ ၁၉ ရက္ေန႔ ဒီေန႔မွာ ၿမိဳ႕နယ္တရား ႐ုံးကို စတင္တရားစြဲဆို တင္ပို႔လိုက္ပါၿပီ။

ျပစ္မႈက်ဴးလြန္တယ္လို႔ ယူဆရတဲ့ အရပ္သား ႏွစ္ေယာက္ကို အိမ္ေက်ာ္နင္းမႈ၊ ၿခိမ္းေျခာက္မႈ၊ ဆဲဆိုမႈေတြနဲ႔ အေရးယူေပးဖို႔နဲ႔ ပန္းတေနာ္ရဲစခန္းက ရဲဝန္ထမ္း ႏွစ္ဦးကိုေတာ့ ေလာင္းကစားအားေပးမႈ၊ ၿခိမ္းေျခာက္မႈ၊ ဆဲဆိုမႈေတြနဲ႔ အမႈဖြင့္ခဲ့တာပါ။

ဒါေပမဲ့ ဒီေန႔တရား႐ုံးကို အမႈစတင္ေရာက္ရွိခ်ိန္မွာေတာ့ ဥပေဒ႐ုံးကေနတင္လာတဲ့ တရားစြဲမယ့္စာရင္းမွာ တိုင္ၾကားထားသူေလးေယာက္ထဲက အဓိကသံသယရွိသူတစ္ေယာက္ဘဲ တရားစြဲဆိုထားတာကို ေတြ႕ရတယ္လို႔ မလဲ့လဲ့ဝင္း ကေျပာပါတယ္။

"ဒီေန႔ ကြၽန္မရဲ႕အမႈကို ပန္းတေနာ္ၿမိဳ႕နယ္တရား႐ုံးမွာ အမႈစြဲတင္ပါတယ္၊ ကြၽန္မရဲ႕ေရွ႕ေနက ေက်ာင္းကုန္း က ကိုစည္သူေက်ာ္မင္းပါ၊ ကြၽန္မအမႈတြဲစြဲတင္တာကေတာ့ တိုင္ထားတာက တရားခံက ေလးေယာက္ ေပါ့ေနာ္၊ ဒါေပမဲ့ ကြၽန္မက ေလးဦးစလုံးလို႔ထင္တာေပါ့ေနာ္၊ ဒါေပမဲ့ တကယ့္တကယ္ ႐ုံးခန္းထဲဝင္တဲ့အခ်ိန္ က်ေတာ့မွ ေဒၚျမင့္ျမင့္ေမာ္ တစ္ေယာက္တည္းကိုပဲ ပုဒ္မေလးခုေပါ့ ၄၅၁၊ ၂၉၄၊ ၅၀၆ ၊ ၁၁၄ ဒီပုဒ္မေတြနဲ႔ ေဒၚျမင့္ျမင့္ေမာ္တစ္ေယာက္တည္းကိုပဲ စြဲတင္ထားတယ္လို႔ပဲသိရတယ္၊"

ဒါေၾကာင့္ သူအမႈဖြင့္ထားတဲ့အထဲက သုံးေလာက္က်န္ခဲ့တဲ့ကိစၥကိုလည္း မၾကာခင္ ဥပေဒအတိုင္း ဆက္လုပ္ ေဆာင္သြားမယ္လို႔ မလဲ့လဲ့ဝင္း က ဆိုပါတယ္။

၂၀၁၉ ခုႏွစ္ ေအာက္တိုဘာလမွာျဖစ္ခဲ့တဲ့ ဒီျဖစ္စဥ္အတြက္ ငါးလအၾကာ ၂၀၂၀ ျပည့္ႏွစ္ မတ္လ ၁၉ ရက္မွာမွ  ပန္းတေနာ္ရဲစခန္းမွာ အမႈဖြင့္ခြင့္ရခဲ့သလို အခု ခုႏွစ္လအၾကာမွာမွ တရား႐ုံးကိုေရာက္ရွိခဲ့တာျဖစ္ပါတယ္။

မလဲ့လဲ့ဝင္းအတြက္ လိုက္ပါေဆာင္႐ြက္ေပးေနတဲ့ ေရွ႕ေနဦးစည္သူေက်ာ္မင္း ကို RFA က ဆက္သြယ္ဖို႔ ႀကိဳးစားေပမယ့္ ဒီေန႔ဟာ ေရွ႕ေနပါဝါတင္တာနဲ႔ အမႈတြဲေတြကူးတာေလာက္ပဲလုပ္တာျဖစ္လို႔ ေနာက္အပတ္ ႐ုံးခ်ိန္အၿပီးမွာ ေျဖဆိုေပးမယ္လို႔ ျပန္လည္ေျပာေၾကာင္း မလဲ့လဲ့ဝင္း ထံကသိရပါတယ္။

တရားစြဲခံရတဲ့ မျမင့္ျမင့္ဝင္း ဆိုသူကိုေတာ့ အာမခံေပးလို႔ရတဲ့အမႈေတြျဖစ္တာေၾကာင့္ တရား႐ုံးက သိန္း ၂၀၀ က်ပ္နဲ႔ အာမခံေပးလိုက္တယ္လို႔ သိရပါတယ္။

အက္ဆစ္ပက္တိုက္ခိုက္ခံရၿပီး အမႈဖြင့္ၿပီး ဥပေဒေၾကာင္းအရာ အကာကြယ္ယူခြင့္မရဘဲ နစ္နာေနရတဲ့ မလဲ့လဲ့ဝင္းရဲ႕အေၾကာင္းကို ေဖေဖာ္ဝါရီလမွာ RFA က ထုတ္လႊင့္ခဲ့ၿပီးျဖစ္ပါတယ္။

ပန္းတေနာ္ၿမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမန္းၫြန႔္သိန္းက RFA ရဲ႕ ႐ုပ္သံသတင္းကို ၾကည့္ၿပီးေနာက္ အမႈမွန္ အျမန္ဆုံးေပၚေအာင္ ကူညီႏိုင္ဖို႔ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕   ျပည္ေထာင္စု ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕ထံ မတ္လ ၁၇ ရက္ေန႔မွာ တင္ျပခဲ့ပါတယ္။

ဒီတင္ျပမႈအတြက္ ျပည္ေထာင္စုလႊတ္ေတာ္ရဲ႕   ျပည္ေထာင္စု ဥပေဒဆိုင္ရာအေထာက္အကူေပးေရးအဖြဲ႕က ေမလ ၁၈ ရက္ေန႔ မေန႔မွာ အမႈအျမန္ေပၚေအာင္ေဆာင္႐ြက္ေပးဖို႔ တိုင္းရဲတပ္ဖြဲ႕ထံ စာေပးပို႔ အေၾကာင္းၾကား ခဲ့တယ္လို႔ ဦးမန္းၫြန႔္သိန္းက RFA ကိုေျပာပါတယ္။

"ဒီအမႈကိုတဲ့ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးကိုလႊဲေပးတယ္၊ တိုင္းရဲတပ္ဖြဲ႕မႉး႐ုံးက ဒါကိုဆက္လက္ေဆာင္႐ြက္ ဖို႔ေပါ့ေလ၊ ေဆာက္႐ြက္ၿပီးရင္လည္း ေဆာင္႐ြက္တဲ့ဟာကိုအေၾကာင္းျပန္ဖို႔ ျပည္ေထာင္စုဥပေဒ အေထာက္အကူေပးေရးအဖြဲ႕က အဲလိုေတာ့စာလာတယ္၊ မေန႔ကစာေရာက္တာေပါ့၊ ဒီဟာအမွန္တကယ္ ထိခိုက္နစ္နာတယ္ဆိုတာ ေပၚလြင္ေနၿပီ၊ ေနာက္တခါ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ကလည္း စုံစမ္းစစ္ေဆးမႈမွာ ၾကန႔္ၾကာေနတယ္၊ ဟုတ္တယ္မလား၊ ျပည္ေထာင္စုဥပေဒအေထာက္အကူျပဳအဖြဲ႕က သုံးသပ္ၿပီးေတာ့ ဒါကိုတိုင္းကေန ဖိဖိစီးစီးေဆာင္႐ြက္ဖို႔ေပါ့ အဲတာကို၊ သူတို႔တိုင္းက ရဲတပ္ဖြဲ႕မႉးက ဘာလုပ္မလဲ ျပန္ၾကည့္မယ္ေလေနာ္။"

ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္တစ္ေယာက္အေနနဲ႔ အမႈအေျခအေနကို ေစာင့္ၾကည့္ေနမွာျဖစ္တယ္လို႔ ဦးမန္းၫြန႔္သိန္း ကဆိုပါတယ္။

မလဲ့လဲ့ဝင္းရဲ႕ျဖစ္စဥ္အတြက္ ေနာက္ထပ္႐ုံးခ်ိန္းကို ေမလ ၂၉ ရက္ေန႔ကို ထပ္မံခ်ိန္းဆိုလိုက္ပါတယ္။

မလဲ့လဲ့ဝင္းဟာ ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာလ ၂၄ ရက္ေန႔ညက ပန္းတေနာ္ၿမိဳ႕လယ္ေခါင္အိမ္ေရွ႕မွာ ရွိေနတုန္း ေမာ္ေတာ္ဆိုင္ကယ္နဲ႔ လူႏွစ္ေယာက္ ေရာက္လာၿပီး အက္ဆစ္နဲ႔  ပက္သြားလို႔ မလဲ့လဲ့ဝင္းရဲ႕ မ်က္ႏွာတစ္ခုလုံးနဲ႔ ခႏၶာကိုယ္တစ္ခုလုံးနီးပါး အေရျပားပ်က္စီးသြားပါတယ္။

သန႔္ဇင္ဦး / RFA Burmese
------------------------------------
အက်ဆစ်နဲ့တိုက်ခိုက်မှု ခုနှစ်လအကြာမှာ ပန်းတနော် တရားရုံးကိုရောက်

အက်ဆစ်ပက် တိုက်ခိုက်ခံခဲ့ရတဲ့ မလဲ့လဲ့ဝင်း ကို တွေ့ရစဉ် / Photo: RFA

ဧရာဝတီတိုင်း ပန်းတနော်မြို့နယ်မှာ အက်ဆစ်ပက် တိုက်ခိုက်ခံခဲ့ရတဲ့ မလဲ့လဲ့ဝင်းရဲ့အမှုအတွက် တိုင်ကြား ထားတဲ့အမှု လေးခုကို  ဖြစ်စဉ်ဖြစ်ပြီး ၇ လအကြာ မေလ ၁၉ ရက်နေ့ ဒီနေ့မှာ မြို့နယ်တရား ရုံးကို စတင်တရားစွဲဆို တင်ပို့လိုက်ပါပြီ။

ပြစ်မှုကျူးလွန်တယ်လို့ ယူဆရတဲ့ အရပ်သား နှစ်ယောက်ကို အိမ်ကျော်နင်းမှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေနဲ့ အရေးယူပေးဖို့နဲ့ ပန်းတနော်ရဲစခန်းက ရဲဝန်ထမ်း နှစ်ဦးကိုတော့ လောင်းကစားအားပေးမှု၊ ခြိမ်းခြောက်မှု၊ ဆဲဆိုမှုတွေနဲ့ အမှုဖွင့်ခဲ့တာပါ။

ဒါပေမဲ့ ဒီနေ့တရားရုံးကို အမှုစတင်ရောက်ရှိချိန်မှာတော့ ဥပဒေရုံးကနေတင်လာတဲ့ တရားစွဲမယ့်စာရင်းမှာ တိုင်ကြားထားသူလေးယောက်ထဲက အဓိကသံသယရှိသူတစ်ယောက်ဘဲ တရားစွဲဆိုထားတာကို တွေ့ရတယ်လို့ မလဲ့လဲ့ဝင်း ကပြောပါတယ်။

"ဒီနေ့ ကျွန်မရဲ့အမှုကို ပန်းတနော်မြို့နယ်တရားရုံးမှာ အမှုစွဲတင်ပါတယ်၊ ကျွန်မရဲ့ရှေ့နေက ကျောင်းကုန်း က ကိုစည်သူကျော်မင်းပါ၊ ကျွန်မအမှုတွဲစွဲတင်တာကတော့ တိုင်ထားတာက တရားခံက လေးယောက် ပေါ့နော်၊ ဒါပေမဲ့ ကျွန်မက လေးဦးစလုံးလို့ထင်တာပေါ့နော်၊ ဒါပေမဲ့ တကယ့်တကယ် ရုံးခန်းထဲဝင်တဲ့အချိန် ကျတော့မှ ဒေါ်မြင့်မြင့်မော် တစ်ယောက်တည်းကိုပဲ ပုဒ်မလေးခုပေါ့ ၄၅၁၊ ၂၉၄၊ ၅၀၆ ၊ ၁၁၄ ဒီပုဒ်မတွေနဲ့ ဒေါ်မြင့်မြင့်မော်တစ်ယောက်တည်းကိုပဲ စွဲတင်ထားတယ်လို့ပဲသိရတယ်၊"

ဒါကြောင့် သူအမှုဖွင့်ထားတဲ့အထဲက သုံးလောက်ကျန်ခဲ့တဲ့ကိစ္စကိုလည်း မကြာခင် ဥပဒေအတိုင်း ဆက်လုပ် ဆောင်သွားမယ်လို့ မလဲ့လဲ့ဝင်း က ဆိုပါတယ်။

၂၀၁၉ ခုနှစ် အောက်တိုဘာလမှာဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်အတွက် ငါးလအကြာ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၉ ရက်မှာမှ  ပန်းတနော်ရဲစခန်းမှာ အမှုဖွင့်ခွင့်ရခဲ့သလို အခု ခုနှစ်လအကြာမှာမှ တရားရုံးကိုရောက်ရှိခဲ့တာဖြစ်ပါတယ်။

မလဲ့လဲ့ဝင်းအတွက် လိုက်ပါဆောင်ရွက်ပေးနေတဲ့ ရှေ့နေဦးစည်သူကျော်မင်း ကို RFA က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ဒီနေ့ဟာ ရှေ့နေပါဝါတင်တာနဲ့ အမှုတွဲတွေကူးတာလောက်ပဲလုပ်တာဖြစ်လို့ နောက်အပတ် ရုံးချိန်အပြီးမှာ ဖြေဆိုပေးမယ်လို့ ပြန်လည်ပြောကြောင်း မလဲ့လဲ့ဝင်း ထံကသိရပါတယ်။

တရားစွဲခံရတဲ့ မမြင့်မြင့်ဝင်း ဆိုသူကိုတော့ အာမခံပေးလို့ရတဲ့အမှုတွေဖြစ်တာကြောင့် တရားရုံးက သိန်း ၂၀၀ ကျပ်နဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။

အက်ဆစ်ပက်တိုက်ခိုက်ခံရပြီး အမှုဖွင့်ပြီး ဥပဒေကြောင်းအရာ အကာကွယ်ယူခွင့်မရဘဲ နစ်နာနေရတဲ့ မလဲ့လဲ့ဝင်းရဲ့အကြောင်းကို ဖေဖော်ဝါရီလမှာ RFA က ထုတ်လွှင့်ခဲ့ပြီးဖြစ်ပါတယ်။

ပန်းတနော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမန်းညွန့်သိန်းက RFA ရဲ့ ရုပ်သံသတင်းကို ကြည့်ပြီးနောက် အမှုမှန် အမြန်ဆုံးပေါ်အောင် ကူညီနိုင်ဖို့ ပြည်ထောင်စုလွှတ်တော်ရဲ့   ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့ထံ မတ်လ ၁၇ ရက်နေ့မှာ တင်ပြခဲ့ပါတယ်။

ဒီတင်ပြမှုအတွက် ပြည်ထောင်စုလွှတ်တော်ရဲ့   ပြည်ထောင်စု ဥပဒေဆိုင်ရာအထောက်အကူပေးရေးအဖွဲ့က မေလ ၁၈ ရက်နေ့ မနေ့မှာ အမှုအမြန်ပေါ်အောင်ဆောင်ရွက်ပေးဖို့ တိုင်းရဲတပ်ဖွဲ့ထံ စာပေးပို့ အကြောင်းကြား ခဲ့တယ်လို့ ဦးမန်းညွန့်သိန်းက RFA ကိုပြောပါတယ်။

"ဒီအမှုကိုတဲ့ တိုင်းရဲတပ်ဖွဲ့မှူးရုံးကိုလွှဲပေးတယ်၊ တိုင်းရဲတပ်ဖွဲ့မှူးရုံးက ဒါကိုဆက်လက်ဆောင်ရွက် ဖို့ပေါ့လေ၊ ဆောက်ရွက်ပြီးရင်လည်း ဆောင်ရွက်တဲ့ဟာကိုအကြောင်းပြန်ဖို့ ပြည်ထောင်စုဥပဒေ အထောက်အကူပေးရေးအဖွဲ့က အဲလိုတော့စာလာတယ်၊ မနေ့ကစာရောက်တာပေါ့၊ ဒီဟာအမှန်တကယ် ထိခိုက်နစ်နာတယ်ဆိုတာ ပေါ်လွင်နေပြီ၊ နောက်တခါ မြို့နယ်ရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေးမှုမှာ ကြန့်ကြာနေတယ်၊ ဟုတ်တယ်မလား၊ ပြည်ထောင်စုဥပဒေအထောက်အကူပြုအဖွဲ့က သုံးသပ်ပြီးတော့ ဒါကိုတိုင်းကနေ ဖိဖိစီးစီးဆောင်ရွက်ဖို့ပေါ့ အဲတာကို၊ သူတို့တိုင်းက ရဲတပ်ဖွဲ့မှူးက ဘာလုပ်မလဲ ပြန်ကြည့်မယ်လေနော်။"

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အမှုအခြေအနေကို စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဦးမန်းညွန့်သိန်း ကဆိုပါတယ်။

မလဲ့လဲ့ဝင်းရဲ့ဖြစ်စဉ်အတွက် နောက်ထပ်ရုံးချိန်းကို မေလ ၂၉ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်ပါတယ်။

မလဲ့လဲ့ဝင်းဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့ညက ပန်းတနော်မြို့လယ်ခေါင်အိမ်ရှေ့မှာ ရှိနေတုန်း မော်တော်ဆိုင်ကယ်နဲ့ လူနှစ်ယောက် ရောက်လာပြီး အက်ဆစ်နဲ့  ပက်သွားလို့ မလဲ့လဲ့ဝင်းရဲ့ မျက်နှာတစ်ခုလုံးနဲ့ ခန္ဓာကိုယ်တစ်ခုလုံးနီးပါး အရေပြားပျက်စီးသွားပါတယ်။

သန့်ဇင်ဦး / RFA Burmese
https://www.rfa.org/burmese/news/court-accepts-acid-victim-filing-a-lawsuit-05192020045333.html
အက္ဆစ္နဲ႔တိုက္ခိုက္မႈ ခုႏွစ္လအၾကာမွာ ပန္းတေနာ္ တရား႐ုံးကိုေရာက္ အက္ဆစ္နဲ႔တိုက္ခိုက္မႈ ခုႏွစ္လအၾကာမွာ ပန္းတေနာ္ တရား႐ုံးကိုေရာက္ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.