ကပ္ေရာဂါကာလအတြင္း သီလရွင္ေက်ာင္းတိုက္ေတြ ဆြမ္းအခက္ႀကဳံေန

စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕ ၿမိဳ႕ဦး​ေပါက္ပင္ တိုင္းရင္းသားပရဟိတ သီလရွင္​ေက်ာင္းတိုက္က သီလရွင္ေလးေတြကို ၂၀၂၀၊ ေမ ၁၇ ရက္​ေန႔က ​ေတြ႕ရစဥ္ / Photo: Aung Nay Myo
(Zawgyi)⤵⤵⤵
ျမန္မာႏိုင္ငံမွာ ကို႐ိုနာဗိုင္းရပ္စ္ လူနာေတြ႕လာတဲ့အခ်ိန္ကစလို႔ အလုပ္အကိုင္ အခက္ႀကဳံရၿပီး စားဝတ္ေနေရး ၾကပ္တည္းလာတဲ့ ျပည္သူေတြ မ်ားလာသလို အလႉရွင္ေတြကိုသာ မွီခိုအားထားေနရတဲ့ သီလရွင္ေက်ာင္းတိုက္ ေတြလည္း ဒီအေျခအေနမွာ ဆြမ္းအခက္အခဲ ႀကဳံေနရပါတယ္။

သီလရွင္ေက်ာင္းတိုက္ေတြဟာ ပုံမွန္အခ်ိန္မွာေတာင္ ဆြမ္း ရရွိတာ နည္းပါတယ္။ အခုလိုကပ္ေရာဂါ ျဖစ္ပြား ေနတဲ့ ကာလအတြင္းမွာ ဆြမ္းအတြက္ ပိုၿပီး အခက္ႀကဳံေနရတာပါ။

ဆြမ္းေကြၽးအလႉရွင္လည္း မရွိသလို ဆြမ္းခံလည္း မထြက္ရလို႔ အေျခခံစားေသာက္ကုန္ေတြ လိုအပ္ေနတယ္လို႔ ၿမိဳ႕ဦးေပါက္ပင္ တိုင္းရင္းသားပရဟိတ သီလရွင္ေက်ာင္းတိုက္က ဆရာေလး ေဒၚနႏၵဝတီ က မိန႔္ပါတယ္။

“အခက္အခဲရွိပါတယ္။ ဆြမ္းခံမထြက္ရဘူး၊ ဆြမ္းေႂကြးကလည္း လက္မခံရဘူးေလ၊ တစ္ခြက္ပဲ ခ်က္စားရတာေပါ့၊ အလႉရွင္ကလည္း သိပ္မလာၾကဘူး၊ မိုးတြင္းစားဖို႔ စုထားတာ အခုထိုင္စားရတာေပါ့ “

ၿမိဳ႕ဦးေပါက္ပင္ တိုင္းရင္းသား ပရဟိတ သီလရွင္ေက်ာင္းတိုက္ဟာ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕မွာရွိတာပါ။ ဒီေက်ာင္းတိုက္ရွိေနတာ ဆယ္စုႏွစ္တစ္ခု ေက်ာ္ေနပါၿပီ။

အဲဒီေက်ာင္းတိုက္မွာ သီလရွင္အပါး ၆၀ ေက်ာ္ အပါအဝင္ ကေလးငယ္ေတြနဲ႔ ေက်ာင္းေဝယ်ာဝစၥ ကူညီေပးေနသူ စုစုေပါင္း ၉၀ ေက်ာ္ရွိတယ္။ ကေလးငယ္ေတြဟာ ရွမ္း၊ ဗမာ၊ ပအို႔ဝ္ တိုင္းရင္းသားေတြျဖစ္ၿပီး စစ္ေဘးေရွာင္လာ သူေတြ၊ မိဘ မရွိသူေတြကို လက္ခံထားၿပီး အဲဒီၿမိဳ႕က ဘုန္းေတာ္ႀကီးသင္ အခမဲ့ပညာေရးေက်ာင္းမွာ စာသင္ ေပးေနတာျဖစ္ပါတယ္။

ဒီကပ္ေရာဂါ မျဖစ္ခင္ကာလမွာေတာင္ ၁၅ ရက္တစ္ႀကိမ္သာ ဆြမ္းခံထြက္ရတဲ့ သီလရွင္ေတြဟာ လႉဖြယ္ပစၥည္း ရရွိတာ နည္းပါတယ္။ ေနရာစုံေအာင္ ဆြမ္းခံထြက္ေနရတဲ့ သီလရွင္ေတြအဖို႔ ဒီကာလမွာေတာ့ ဗိုင္းရပ္စ္ ကူးစက္ခံရမွာ စိုးရိမ္သလို တဖက္ကလည္း ပိုးျဖန႔္ေဝသူ ျဖစ္မွာကိုလည္း ေသာကေရာက္ေနရတာေၾကာင့္ ဆြမ္းအခက္အခဲကို ကိုယ့္နည္းကိုယ့္ဟန္နဲ႔ ေျဖရွင္းေနရတာ မ်ားပါတယ္။

သီလရွင္အပါး ၇၀ ေက်ာ္ သီတင္းသုံးတဲ့ ရန္ကုန္တိုင္း ေက်ာက္တန္းၿမိဳ႕နယ္က ေအာင္ရတနာမၪၹဴ သီလရွင္ ေက်ာင္းတိုက္မွာေတာ့ စုေဆာင္းထားတဲ့ စားနပ္ရိကၡာနဲ႔ ေခြၽတာၿပီး သုံးစြဲေနရပါတယ္။ ဆြမ္းအတြက္ ေခြၽတာ ေနလို႔ရေပမယ့္ အလႉခံမထြက္ရလို႔ ဝတၱဳေငြမရွိတာေၾကာင့္ က်န္းမာေရးျပႆနာ ေပၚလာတဲ့အခါ အသုံးစရိတ္အတြက္ စိတ္ပူမိတယ္လို႔ ဆရာႀကီး ေဒၚယုဇနသိဂႌ က မိန႔္ပါတယ္။

“ဆြမ္းဆန္မထြက္ရတဲ့အခါက်ေတာ့ ဆရာေလးတို႔မွာ ဝတၱဳေငြ မရွိဘူး။ ဝတၱဳေငြ မရွိတဲ့အခါက်ေတာ့ တျခားကိစၥေတြေပါ့။ က်န္းမာေရးအတြက္ကိုေတာ့ နည္းနည္းေလးစိုးရိမ္ရပါတယ္။ က်န္းမာေရးအတြက္ ဆရာေလးတို႔မွာ ဆရာေလးေပါက္စေလးေတြ ရွိေတာ့ ေနထိုင္မေကာင္းျဖစ္လာရင္ ဘယ္လို ေဆာင္႐ြက္ ေပးရမလဲ ဆိုတာမ်ိဳးကိုေတာ့ ဆရာေလးတို႔ စိတ္ထဲမွာနည္းနည္းေလးပူပန္မႈ ရွိတယ္"

လတ္တေလာမွာေတာ့ ဆြမ္းအခက္အခဲျဖစ္လာရင္ နီးစပ္ရာေက်ာင္းေတြ၊ ပုံမွန္လႉဒါန္းေနတဲ့ ဒကာ၊ ဒကာမေတြ ဆီက လႉဒါန္းမႈေတြနဲ႔ ေျဖရွင္းေနၾကရပါတယ္။ သီလရွင္ေက်ာင္းတိုက္ေတြ ဆြမ္းအခက္အခဲျဖစ္ေနတဲ့ အေျခအေနကို ေျဖရွင္းေပးေနတယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာနကေတာ့ ေျပာပါတယ္။

ဆြမ္း၊ ကြမ္း အခက္ႀကဳံေနရတဲ့ ေက်ာင္းတိုက္ေတြအေနနဲ႔ သက္ဆိုင္ရာ သံဃနာယကအဖြဲ႕ဆီ သတင္းပို႔ၿပီး အကူအညီေတာင္းခံႏိုင္တယ္လို႔ သာသနာေရးႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန ၫႊန္ၾကားေရးမႉး ဦးေအာင္ဆန္းဝင္းက ေျပာပါတယ္။

“သက္ဆိုင္ရာ တိုင္းသာသနာေရးမႉးေတြဆီကို သတင္းပို႔လို႔ရတယ္။ ၿမိဳ႕နယ္ သံဃနာယကအဖြဲ႕ဆီ သတင္းပို႔လို႔ရပါတယ္။ ဒါမွမဟုတ္ သာသနႏုဂၢဟ (ဗဟို ) ကိုတိုက္႐ိုက္ေျပာလဲရပါတယ္။ လႉဒါန္းတဲ့အထဲမွာ မပါေသးဘူး။ တကယ္ကို အခက္အခဲျဖစ္တယ္ဆိုရင္ အေၾကာင္းၾကားလို႔ရတယ္ “

ျမန္မာတစ္ႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒ ဗုဒၵဘာသာအဖြဲ႕ခ်ဳပ္နဲ႔ နယ္စပ္ေတာင္တန္းေဒသ သာသနႏုဂဟအသင္း ဗဟိုအဖြဲ႕ အလႉရွင္ေတြနဲ႔ ေပါင္းစပ္ညႇိႏႈိင္းၿပီး ဆြမ္းကိစၥကို အခက္အခဲမရွိေအာင္ လႉဒါန္းေပးေနတယ္လို႔လည္း ဦးေအာင္ဆန္းဝင္းက ေျပာပါတယ္။

သာသနာေရးဝန္ႀကီးဌာနက အခုလို အကူအညီေတာင္းခံႏိုင္တယ္လို႔ဆိုေပမယ့္ လက္ေတြ႕မွာေတာ့ အဲဒီလို အကူအညီေတာင္းႏိုင္တယ္ဆိုတာကို ေက်ာင္းတိုက္ေတြက မသိၾကပါဘူး။

ဒီကာလမွာ သီလရွင္ေက်ာင္းေတြ အလႉအတန္း နည္းပါးေနတာေၾကာင့္ ၾကာရွည္အထားခံမယ့္ အေျခခံ စားေသာက္ကုန္ေတြ လႉဒါန္းသင့္တယ္လို႔ မုံ႐ြာၿမိဳ႕ Save Monywa အဖြဲ႕က ကိုေအာင္ေနမ်ိဳးက အႀကံျပဳပါတယ္။

“တိုင္းရင္းသားေတြျဖစ္ေတာ့ အဆက္သြယ္သိပ္မရွိၾကဘူး၊ ကိုဗစ္ကလည္းျဖစ္ေနေတာ့ အလႉအတန္းကလည္း သိပ္မရွိဘူး၊ အခက္အခဲျဖစ္ေနတယ္ဆိုလို႔ လာလႉျဖစ္တာပါ။ အခုဆို အသားတုခ်က္တစ္ခြက္တည္းနဲ႔ စားေနၾကတာေတြ႕ရတယ္။ လႉမယ္ဆိုရင္ အေျခခံစားကုန္ျဖစ္တဲ့ ဆန္၊ ဆီတို႔ လႉသင့္တယ္။ အာလူးတို႔ ငါးေသတၱာဆိုရင္လည္း ၾကာၾကာအထားခံပါတယ္”

သာသနာေရးႏွင့္ ယဥ္ေက်းမႈ ဝန္ႀကီးဌာနရဲ႕ စာရင္းေတြအရ တစ္ႏိုင္ငံလုံးမွာ ရဟန္း၊ သာမေဏနဲ႔ သီလရွင္ စုစုေပါင္း ငါးသိန္းေက်ာ္ရွိပါတယ္။ ဒီအထဲကအခ်ိဳ႕ သီလရွင္ေက်ာင္းတိုက္ေတြကေတာ့ အရင္ကစုေဆာင္းထားတဲ့ လႉဖြယ္ပစၥည္းေတြနဲ႔ ေခြၽတာၿပီး ဆြမ္း အခက္အခဲကို ေျပလည္ေအာင္ ေျဖရွင္းေနေပမယ့္ ကပ္ေဘးကာလ ၾကာျမင့္လာတာအခါ ဒီအက်ပ္အတည္းအတြက္ အကူအညီေတြ ရဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။

ျဖဴျဖဴခိုင္၊ ေခမဏီဝင္း / RFA Burmese
------------------------------------------
(Unicode)⤵⤵⤵
ကပ်ရောဂါကာလအတွင်း သီလရှင်ကျောင်းတိုက်တွေ ဆွမ်းအခက်ကြုံနေ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ မြို့ဦးပေါက်ပင် တိုင်းရင်းသားပရဟိတ သီလရှင်ကျောင်းတိုက်က သီလရှင်လေးတွေကို ၂၀၂၀၊ မေ ၁၇ ရက်နေ့က တွေ့ရစဉ် / Photo: Aung Nay Myo

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် လူနာတွေ့လာတဲ့အချိန်ကစလို့ အလုပ်အကိုင် အခက်ကြုံရပြီး စားဝတ်နေရေး ကြပ်တည်းလာတဲ့ ပြည်သူတွေ များလာသလို အလှူရှင်တွေကိုသာ မှီခိုအားထားနေရတဲ့ သီလရှင်ကျောင်းတိုက် တွေလည်း ဒီအခြေအနေမှာ ဆွမ်းအခက်အခဲ ကြုံနေရပါတယ်။

သီလရှင်ကျောင်းတိုက်တွေဟာ ပုံမှန်အချိန်မှာတောင် ဆွမ်း ရရှိတာ နည်းပါတယ်။ အခုလိုကပ်ရောဂါ ဖြစ်ပွား နေတဲ့ ကာလအတွင်းမှာ ဆွမ်းအတွက် ပိုပြီး အခက်ကြုံနေရတာပါ။

ဆွမ်းကျွေးအလှူရှင်လည်း မရှိသလို ဆွမ်းခံလည်း မထွက်ရလို့ အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ မြို့ဦးပေါက်ပင် တိုင်းရင်းသားပရဟိတ သီလရှင်ကျောင်းတိုက်က ဆရာလေး ဒေါ်နန္ဒဝတီ က မိန့်ပါတယ်။

“အခက်အခဲရှိပါတယ်။ ဆွမ်းခံမထွက်ရဘူး၊ ဆွမ်းကြွေးကလည်း လက်မခံရဘူးလေ၊ တစ်ခွက်ပဲ ချက်စားရတာပေါ့၊ အလှူရှင်ကလည်း သိပ်မလာကြဘူး၊ မိုးတွင်းစားဖို့ စုထားတာ အခုထိုင်စားရတာပေါ့ “

မြို့ဦးပေါက်ပင် တိုင်းရင်းသား ပရဟိတ သီလရှင်ကျောင်းတိုက်ဟာ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့မှာရှိတာပါ။ ဒီကျောင်းတိုက်ရှိနေတာ ဆယ်စုနှစ်တစ်ခု ကျော်နေပါပြီ။

အဲဒီကျောင်းတိုက်မှာ သီလရှင်အပါး ၆၀ ကျော် အပါအဝင် ကလေးငယ်တွေနဲ့ ကျောင်းဝေယျာဝစ္စ ကူညီပေးနေသူ စုစုပေါင်း ၉၀ ကျော်ရှိတယ်။ ကလေးငယ်တွေဟာ ရှမ်း၊ ဗမာ၊ ပအို့ဝ် တိုင်းရင်းသားတွေဖြစ်ပြီး စစ်ဘေးရှောင်လာ သူတွေ၊ မိဘ မရှိသူတွေကို လက်ခံထားပြီး အဲဒီမြို့က ဘုန်းတော်ကြီးသင် အခမဲ့ပညာရေးကျောင်းမှာ စာသင် ပေးနေတာဖြစ်ပါတယ်။

ဒီကပ်ရောဂါ မဖြစ်ခင်ကာလမှာတောင် ၁၅ ရက်တစ်ကြိမ်သာ ဆွမ်းခံထွက်ရတဲ့ သီလရှင်တွေဟာ လှူဖွယ်ပစ္စည်း ရရှိတာ နည်းပါတယ်။ နေရာစုံအောင် ဆွမ်းခံထွက်နေရတဲ့ သီလရှင်တွေအဖို့ ဒီကာလမှာတော့ ဗိုင်းရပ်စ် ကူးစက်ခံရမှာ စိုးရိမ်သလို တဖက်ကလည်း ပိုးဖြန့်ဝေသူ ဖြစ်မှာကိုလည်း သောကရောက်နေရတာကြောင့် ဆွမ်းအခက်အခဲကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတာ များပါတယ်။

သီလရှင်အပါး ၇၀ ကျော် သီတင်းသုံးတဲ့ ရန်ကုန်တိုင်း ကျောက်တန်းမြို့နယ်က အောင်ရတနာမဉ္ဖူ သီလရှင် ကျောင်းတိုက်မှာတော့ စုဆောင်းထားတဲ့ စားနပ်ရိက္ခာနဲ့ ချွေတာပြီး သုံးစွဲနေရပါတယ်။ ဆွမ်းအတွက် ချွေတာ နေလို့ရပေမယ့် အလှူခံမထွက်ရလို့ ဝတ္တုငွေမရှိတာကြောင့် ကျန်းမာရေးပြဿနာ ပေါ်လာတဲ့အခါ အသုံးစရိတ်အတွက် စိတ်ပူမိတယ်လို့ ဆရာကြီး ဒေါ်ယုဇနသိင်္ဂီ က မိန့်ပါတယ်။

“ဆွမ်းဆန်မထွက်ရတဲ့အခါကျတော့ ဆရာလေးတို့မှာ ဝတ္တုငွေ မရှိဘူး။ ဝတ္တုငွေ မရှိတဲ့အခါကျတော့ တခြားကိစ္စတွေပေါ့။ ကျန်းမာရေးအတွက်ကိုတော့ နည်းနည်းလေးစိုးရိမ်ရပါတယ်။ ကျန်းမာရေးအတွက် ဆရာလေးတို့မှာ ဆရာလေးပေါက်စလေးတွေ ရှိတော့ နေထိုင်မကောင်းဖြစ်လာရင် ဘယ်လို ဆောင်ရွက် ပေးရမလဲ ဆိုတာမျိုးကိုတော့ ဆရာလေးတို့ စိတ်ထဲမှာနည်းနည်းလေးပူပန်မှု ရှိတယ်"

လတ်တလောမှာတော့ ဆွမ်းအခက်အခဲဖြစ်လာရင် နီးစပ်ရာကျောင်းတွေ၊ ပုံမှန်လှူဒါန်းနေတဲ့ ဒကာ၊ ဒကာမတွေ ဆီက လှူဒါန်းမှုတွေနဲ့ ဖြေရှင်းနေကြရပါတယ်။ သီလရှင်ကျောင်းတိုက်တွေ ဆွမ်းအခက်အခဲဖြစ်နေတဲ့ အခြေအနေကို ဖြေရှင်းပေးနေတယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကတော့ ပြောပါတယ်။

ဆွမ်း၊ ကွမ်း အခက်ကြုံနေရတဲ့ ကျောင်းတိုက်တွေအနေနဲ့ သက်ဆိုင်ရာ သံဃနာယကအဖွဲ့ဆီ သတင်းပို့ပြီး အကူအညီတောင်းခံနိုင်တယ်လို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

“သက်ဆိုင်ရာ တိုင်းသာသနာရေးမှူးတွေဆီကို သတင်းပို့လို့ရတယ်။ မြို့နယ် သံဃနာယကအဖွဲ့ဆီ သတင်းပို့လို့ရပါတယ်။ ဒါမှမဟုတ် သာသနနုဂ္ဂဟ (ဗဟို ) ကိုတိုက်ရိုက်ပြောလဲရပါတယ်။ လှူဒါန်းတဲ့အထဲမှာ မပါသေးဘူး။ တကယ်ကို အခက်အခဲဖြစ်တယ်ဆိုရင် အကြောင်းကြားလို့ရတယ် “

မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ ထေရဝါဒ ဗုဒ္ဒဘာသာအဖွဲ့ချုပ်နဲ့ နယ်စပ်တောင်တန်းဒေသ သာသနနုဂဟအသင်း ဗဟိုအဖွဲ့ အလှူရှင်တွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး ဆွမ်းကိစ္စကို အခက်အခဲမရှိအောင် လှူဒါန်းပေးနေတယ်လို့လည်း ဦးအောင်ဆန်းဝင်းက ပြောပါတယ်။

သာသနာရေးဝန်ကြီးဌာနက အခုလို အကူအညီတောင်းခံနိုင်တယ်လို့ဆိုပေမယ့် လက်တွေ့မှာတော့ အဲဒီလို အကူအညီတောင်းနိုင်တယ်ဆိုတာကို ကျောင်းတိုက်တွေက မသိကြပါဘူး။

ဒီကာလမှာ သီလရှင်ကျောင်းတွေ အလှူအတန်း နည်းပါးနေတာကြောင့် ကြာရှည်အထားခံမယ့် အခြေခံ စားသောက်ကုန်တွေ လှူဒါန်းသင့်တယ်လို့ မုံရွာမြို့ Save Monywa အဖွဲ့က ကိုအောင်နေမျိုးက အကြံပြုပါတယ်။

“တိုင်းရင်းသားတွေဖြစ်တော့ အဆက်သွယ်သိပ်မရှိကြဘူး၊ ကိုဗစ်ကလည်းဖြစ်နေတော့ အလှူအတန်းကလည်း သိပ်မရှိဘူး၊ အခက်အခဲဖြစ်နေတယ်ဆိုလို့ လာလှူဖြစ်တာပါ။ အခုဆို အသားတုချက်တစ်ခွက်တည်းနဲ့ စားနေကြတာတွေ့ရတယ်။ လှူမယ်ဆိုရင် အခြေခံစားကုန်ဖြစ်တဲ့ ဆန်၊ ဆီတို့ လှူသင့်တယ်။ အာလူးတို့ ငါးသေတ္တာဆိုရင်လည်း ကြာကြာအထားခံပါတယ်”

သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနရဲ့ စာရင်းတွေအရ တစ်နိုင်ငံလုံးမှာ ရဟန်း၊ သာမဏေနဲ့ သီလရှင် စုစုပေါင်း ငါးသိန်းကျော်ရှိပါတယ်။ ဒီအထဲကအချို့ သီလရှင်ကျောင်းတိုက်တွေကတော့ အရင်ကစုဆောင်းထားတဲ့ လှူဖွယ်ပစ္စည်းတွေနဲ့ ချွေတာပြီး ဆွမ်း အခက်အခဲကို ပြေလည်အောင် ဖြေရှင်းနေပေမယ့် ကပ်ဘေးကာလ ကြာမြင့်လာတာအခါ ဒီအကျပ်အတည်းအတွက် အကူအညီတွေ ရဖို့ မျှော်လင့်နေကြပါတယ်။

ဖြူဖြူခိုင်၊ ခေမဏီဝင်း / RFA Burmese
https://www.rfa.org/burmese/program_2/difficulty-of-nuns-05192020033645.html
ကပ္ေရာဂါကာလအတြင္း သီလရွင္ေက်ာင္းတိုက္ေတြ ဆြမ္းအခက္ႀကဳံေန ကပ္ေရာဂါကာလအတြင္း သီလရွင္ေက်ာင္းတိုက္ေတြ ဆြမ္းအခက္ႀကဳံေန Reviewed by THITHTOOLWIN on 21:04 Rating: 5
Powered by Blogger.