အမ္ဖန္ ဆိုင္ကလုန္း ဝင္ေတာ့မွာမို႔ အိႏၵိယမွာ လူသန္းေပါင္းမ်ားစြာကို ကယ္ထုတ္ေ႐ႊ႕ေျပာင္းေပးေနရ

မုန္တိုင္းဒီေရအႏၲရာယ္ကို ကမ္း႐ိုးတန္းေဒသက လူသန္းေပါင္းမ်ားစြာ ႀကဳံေတြ႕ႏိုင္ပါတယ္
(Zawgyi)⤵⤵⤵
ဘဂၤလားပင္လယ္ေအာ္မွာ ဆိုင္ကလုန္းမုန္တိုင္းႀကီးတခု ဝင္လာေတာ့မွာမို႔ အိႏၵိယ အေရွ႕ဘက္ ကမ္း႐ိုးတန္း တေလ်ာက္က သန္းေပါင္းမ်ားစြာေသာ လူေတြကို ေဘးလြတ္ရာကို စတင္ ေ႐ႊ႕ေျပာင္းေပးေနပါတယ္။

ဗုဒၶဟူးေန႔က်ရင္ မုန္တိုင္းက ကုန္းတြင္းကို စတင္ ဝင္ေရာက္လာၿပီး အေနာက္ ဘဂၤလား ျပည္နယ္နဲ႔ ဩရိႆ ျပည္နယ္ေတြကို တိုက္ခတ္လိမ့္မယ္လို႔ မွန္းေနၾကပါတယ္။

ကူညီေရးအဖြဲ႕ေပါင္း ၂၀ ေက်ာ္ ကိုတာဝန္ေပးထားၿပီး ေနာက္ထပ္ အဖြဲ႕အမ်ားအျပားကိုလည္း အဆင္သင့္လုပ္ထားတယ္လို႔ အစိုးရ အရာရွိေတြက ေျပာပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ ျပန႔္ပြားမႈကို တားဆီးဖို႔ ေလာ့ခ္ေဒါင္းလုပ္ထားတဲ့ အခ်ိန္မွာ အလုပ္မရွိေတာ့တဲ့ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ေမြးရပ္ေျမ ျပည္နယ္ေတြဆီ ျပန္ေနၾကရာမွာ အဲဒီ အေနာက္ ဘဂၤလား ျပည္နယ္နဲ႔ ဩရိႆျပည္နယ္ေတြကို ျပန္လာၾကတဲ့သူေတြကလည္း အမ်ားအျပားပါ။

ေမလ ၁၈ ရက္နဲ႔ ၂ဝရက္ၾကားမွာ အဲဒီေ႐ႊ႕ေျပာင္းအလုပ္သမားေတြ ေထာင္နဲ႔ခ်ီ သယ္လာမယ့္ ရထားေတြကို ဩရိႆျပည္နယ္မွာ ရထားေတြမလာေသးဖို႔ ေ႐ႊ႕ဆိုင္းထားပါတယ္။

ေျခလ်င္ျပန္လာၾကမယ့္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြလည္း အမ်ားအျပားရွိေနၿပီး ခ႐ိုင္အစိုးရအရာရွိေတြက သူတို႔ခ႐ိုင္ေတြထဲကို ျပန္လာၾကမယ့္ ေ႐ႊ႕ေျပာင္းအလုပ္သမားေတြကို မုန္တိုင္းစဲတဲ့အခ်ိန္အထိ ျပည္နယ္အစိုးရက ေနရာေပးထားဖို႔ အကူအညီေတာင္းထားကာ သူတို႔ခ႐ိုင္ထဲကို ျပန္မလာေစဖို႔ တားျမစ္ထားပါတယ္။

ေဘးလြတ္ရာကို ေ႐ႊ႕ေျပာင္းေပးေနတဲ့ အစီအစဥ္ကို ဗုဒၶဟူးေန႔မနက္အထိ လုပ္ေဆာင္ၾကမယ္လို႔ မွန္းဆေနၾကပါတယ္။
ငါးဖမ္းသူေတြပင္လယ္ထဲမထြက္ဖို႔ အစိုးရက သတိေပးခ်က္ေတြထုတ္ျပန္ထား
ျပည္နယ္အစိုးရ အရာရွိေတြလည္း မုန္တိုင္းေဘးက ေရွာင္လာတဲ့သူေတြကို ဘယ္မွာေနရာခ်ေပးရ မလဲဆိုတာ ႀကိဳးစားရွာေဖြေနရပါတယ္။ ဩရိႆျပည္နယ္မွာဆိုရင္ မုန္တိုင္းေဘးခိုလႈံရာ ေနရာ ၈၀၀ ေက်ာ္ထဲက ၂၅၀ ကို ကို႐ိုနာဗိုင္းရပ္စ္ ကြာရန္တင္းထားတဲ့ ေနရာေတြအျဖစ္ လုပ္ထားေနရတာပါ။

ျပည္နယ္ ၂ ခုလုံးမွာ စာသင္ေက်ာင္းနဲ႔ တျခား အေဆာက္အအုံေတြကို မုန္တိုင္းခိုလႈံစရာ ယာယီေနရာေတြအျဖစ္ ေျပာင္းပစ္ရမယ္လို႔ ျပည္နယ္အစိုးရေတြက ပန္ၾကားေနပါတယ္။ မုန္တိုင္းခိုလႈံစရာေနရာမွာ လူေတြခပ္ခြာခြာထားရမွာမို႔ ခိုလႈံစရာေနရာေတြက အရင္ကထက္ အမ်ားႀကီးပိုၿပီး လိုအပ္ေနတာလို႔လည္း သူတို႔က ေျပာပါတယ္။

၁၉၉၉ ခုႏွစ္က ဆူပါဆိုင္ကလုန္းမုန္တိုင္းႀကီးတခု ဩရိႆျပည္နယ္ကို တိုက္ခတ္ခဲ့ၿပီး လူေပါင္း ၉၀၀၀ ေက်ာ္ေသဆုံးခဲ့တဲ့ မုန္တိုင္းေနာက္ပိုင္း အခုမုန္တိုင္းက ၾသဒိႆ ကမ္းေျခကို ပထမဆုံးဝင္တဲ့ ဆူပါ ဆိုင္ကလုန္းမုန္တိုင္းျဖစ္တယ္လို႔ ဘီဘီစီ မိုးေလဝသ သတင္းအရ သိရပါတယ္။

အိႏၵိယ မိုးေလဝသနဲ႔ဇလေဗဒဌာနက ေဒသအတြင္းမွာ အဝါေရာင္အဆင့္ သတိေပးခ်က္ထုတ္ျပန္ထားၿပီး ငါးဖမ္းသမားေတြ ေနာက္ထပ္ ၂၄ နာရီအတြင္းမွာ ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းကို မထြက္ဖို႔၊ ေမလ ၁၈ ရက္နဲ႔ ၂ဝရက္ၾကားမွာ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္းကို မထြက္ဖို႔ အႀကံေပးေနပါတယ္။

မုန္တိုင္းဟာ သိပ္ကိုျပင္းထန္တဲ့မုန္တိုင္းျဖစ္ၿပီး ဘဂၤလားပင္လယ္ေအာ္ အေနာက္ေျမာက္ပိုင္း၊ အေနာက္ ဘဂၤလား ျပည္နယ္၊ ဘဂၤလားေဒ့ရွ္ကမ္း႐ိုးတန္း တေလ်ာက္ကို ေမလ ၂၀ ရက္ ေဒသစံေတာ္ခ်ိန္ ေန႔လယ္ပိုင္းမွာ ျဖတ္သန္းတိုက္ခတ္ႏိုင္တယ္လို႔ မိုးေလဝသဌာနက ေျပာပါတယ္။

ပင္လယ္ျပင္မွာ လႈိင္းေတြႀကီးၿပီး ကမ္း႐ိုးတန္းေတြမွာ မုန္တိုင္းဒီေရေတြတက္ႏိုင္ေၾကာင္းလည္း သူတို႔က သတိေပးေနပါတယ္။

BBC Burmese
------------------------------------------
(Unicode)⤵⤵⤵
အမ်ဖန် ဆိုင်ကလုန်း ဝင်တော့မှာမို့ အိန္ဒိယမှာ လူသန်းပေါင်းများစွာကို ကယ်ထုတ်ရွှေ့ပြောင်းပေးနေရ

ဘင်္ဂလားပင်လယ်အော်မှာ ဆိုင်ကလုန်းမုန်တိုင်းကြီးတခု ဝင်လာတော့မှာမို့ အိန္ဒိယ အရှေ့ဘက် ကမ်းရိုးတန်း တလျောက်က သန်းပေါင်းများစွာသော လူတွေကို ဘေးလွတ်ရာကို စတင် ရွှေ့ပြောင်းပေးနေပါတယ်။

ဗုဒ္ဓဟူးနေ့ကျရင် မုန်တိုင်းက ကုန်းတွင်းကို စတင် ဝင်ရောက်လာပြီး အနောက် ဘင်္ဂလား ပြည်နယ်နဲ့ ဩရိဿ ပြည်နယ်တွေကို တိုက်ခတ်လိမ့်မယ်လို့ မှန်းနေကြပါတယ်။

ကူညီရေးအဖွဲ့ပေါင်း ၂၀ ကျော် ကိုတာဝန်ပေးထားပြီး နောက်ထပ် အဖွဲ့အများအပြားကိုလည်း အဆင်သင့်လုပ်ထားတယ်လို့ အစိုးရ အရာရှိတွေက ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားမှုကို တားဆီးဖို့ လော့ခ်ဒေါင်းလုပ်ထားတဲ့ အချိန်မှာ အလုပ်မရှိတော့တဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ မွေးရပ်မြေ ပြည်နယ်တွေဆီ ပြန်နေကြရာမှာ အဲဒီ အနောက် ဘင်္ဂလား ပြည်နယ်နဲ့ ဩရိဿပြည်နယ်တွေကို ပြန်လာကြတဲ့သူတွေကလည်း အများအပြားပါ။

မေလ ၁၈ ရက်နဲ့ ၂ဝရက်ကြားမှာ အဲဒီရွှေ့ပြောင်းအလုပ်သမားတွေ ထောင်နဲ့ချီ သယ်လာမယ့် ရထားတွေကို ဩရိဿပြည်နယ်မှာ ရထားတွေမလာသေးဖို့ ရွှေ့ဆိုင်းထားပါတယ်။

ခြေလျင်ပြန်လာကြမယ့် ရွှေ့ပြောင်းအလုပ်သမားတွေလည်း အများအပြားရှိနေပြီး ခရိုင်အစိုးရအရာရှိတွေက သူတို့ခရိုင်တွေထဲကို ပြန်လာကြမယ့် ရွှေ့ပြောင်းအလုပ်သမားတွေကို မုန်တိုင်းစဲတဲ့အချိန်အထိ ပြည်နယ်အစိုးရက နေရာပေးထားဖို့ အကူအညီတောင်းထားကာ သူတို့ခရိုင်ထဲကို ပြန်မလာစေဖို့ တားမြစ်ထားပါတယ်။

ဘေးလွတ်ရာကို ရွှေ့ပြောင်းပေးနေတဲ့ အစီအစဉ်ကို ဗုဒ္ဓဟူးနေ့မနက်အထိ လုပ်ဆောင်ကြမယ်လို့ မှန်းဆနေကြပါတယ်။

ပြည်နယ်အစိုးရ အရာရှိတွေလည်း မုန်တိုင်းဘေးက ရှောင်လာတဲ့သူတွေကို ဘယ်မှာနေရာချပေးရ မလဲဆိုတာ ကြိုးစားရှာဖွေနေရပါတယ်။ ဩရိဿပြည်နယ်မှာဆိုရင် မုန်တိုင်းဘေးခိုလှုံရာ နေရာ ၈၀၀ ကျော်ထဲက ၂၅၀ ကို ကိုရိုနာဗိုင်းရပ်စ် ကွာရန်တင်းထားတဲ့ နေရာတွေအဖြစ် လုပ်ထားနေရတာပါ။

ပြည်နယ် ၂ ခုလုံးမှာ စာသင်ကျောင်းနဲ့ တခြား အဆောက်အအုံတွေကို မုန်တိုင်းခိုလှုံစရာ ယာယီနေရာတွေအဖြစ် ပြောင်းပစ်ရမယ်လို့ ပြည်နယ်အစိုးရတွေက ပန်ကြားနေပါတယ်။ မုန်တိုင်းခိုလှုံစရာနေရာမှာ လူတွေခပ်ခွာခွာထားရမှာမို့ ခိုလှုံစရာနေရာတွေက အရင်ကထက် အများကြီးပိုပြီး လိုအပ်နေတာလို့လည်း သူတို့က ပြောပါတယ်။

၁၉၉၉ ခုနှစ်က ဆူပါဆိုင်ကလုန်းမုန်တိုင်းကြီးတခု ဩရိဿပြည်နယ်ကို တိုက်ခတ်ခဲ့ပြီး လူပေါင်း ၉၀၀၀ ကျော်သေဆုံးခဲ့တဲ့ မုန်တိုင်းနောက်ပိုင်း အခုမုန်တိုင်းက သြဒိဿ ကမ်းခြေကို ပထမဆုံးဝင်တဲ့ ဆူပါ ဆိုင်ကလုန်းမုန်တိုင်းဖြစ်တယ်လို့ ဘီဘီစီ မိုးလေဝသ သတင်းအရ သိရပါတယ်။

အိန္ဒိယ မိုးလေဝသနဲ့ဇလဗေဒဌာနက ဒေသအတွင်းမှာ အဝါရောင်အဆင့် သတိပေးချက်ထုတ်ပြန်ထားပြီး ငါးဖမ်းသမားတွေ နောက်ထပ် ၂၄ နာရီအတွင်းမှာ ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းကို မထွက်ဖို့၊ မေလ ၁၈ ရက်နဲ့ ၂ဝရက်ကြားမှာ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းကို မထွက်ဖို့ အကြံပေးနေပါတယ်။

မုန်တိုင်းဟာ သိပ်ကိုပြင်းထန်တဲ့မုန်တိုင်းဖြစ်ပြီး ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ပိုင်း၊ အနောက် ဘင်္ဂလား ပြည်နယ်၊ ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်း တလျောက်ကို မေလ ၂၀ ရက် ဒေသစံတော်ချိန် နေ့လယ်ပိုင်းမှာ ဖြတ်သန်းတိုက်ခတ်နိုင်တယ်လို့ မိုးလေဝသဌာနက ပြောပါတယ်။

ပင်လယ်ပြင်မှာ လှိုင်းတွေကြီးပြီး ကမ်းရိုးတန်းတွေမှာ မုန်တိုင်းဒီရေတွေတက်နိုင်ကြောင်းလည်း သူတို့က သတိပေးနေပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52723392
အမ္ဖန္ ဆိုင္ကလုန္း ဝင္ေတာ့မွာမို႔ အိႏၵိယမွာ လူသန္းေပါင္းမ်ားစြာကို ကယ္ထုတ္ေ႐ႊ႕ေျပာင္းေပးေနရ အမ္ဖန္ ဆိုင္ကလုန္း ဝင္ေတာ့မွာမို႔ အိႏၵိယမွာ လူသန္းေပါင္းမ်ားစြာကို ကယ္ထုတ္ေ႐ႊ႕ေျပာင္းေပးေနရ Reviewed by THITHTOOLWIN on 21:13 Rating: 5
Powered by Blogger.