Amphan မုန္တိုင္းႀကီး အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ၾကား ကုန္းတြင္းပိုင္း စတင္ဝင္ေရာက္

အိႏၵိယႏိုင္ငံအေရွ႕ပိုင္း Orissa ျပည္နယ္ Bhadrak မွာ Amphan ဆိုင္ကလုန္း မုန္တိုင္းမတိုက္ခတ္စဥ္ မိုးစတင္ရြာသြန္းေနတဲ့ ျမင္ကြင္း (ေမ ၂၀၊ ၂၀၂၀)
[Zawgyi/Unicode]

Amphan ဆိုင္ကလုန္းမုန္တိုင္းဟာ ဒီေန႔ ညေန ၃ နာရီခဲြလာက္မွာ ကုန္းတြင္းပိုင္းကို စတင္၀င္ေရာက္ေနၿပီး မုန္တိုင္းဗဟိုကုန္းတြင္းပိုင္းကို ျဖတ္သန္းတဲ႔ ေနာက္ပိုင္းမွာ အလြန္႔အလြန္အားေကာင္းတဲ့ မုန္တိုင္းကေန အားေလ်ာ့က်သြားဖြယ္ရွိေပမဲ့ ကုန္းတြင္းပိုင္း မုန္တိုင္းအျဖစ္ ဆက္လက္တည္ရွိေနႏိုင္တဲ့ သတင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုမိုးေဇာ္က တင္ျပေပးပါမယ္။

အလြန္႔အလြန္အားေကာင္းတဲ့ ဆိုင္ကလုန္းမုန္တိုင္း Amphan ဟာ မူလ ခန္႔မွန္းထားတဲ့ လမ္းေၾကာင္းအတိုင္း အိႏိၵယႏိုင္ငံ အေနာက္ဘဂၤလားျပည္နယ္နဲ႔ ဘဂၤလားေဒ့ရွ္ႏိုင္ငံအၾကားကေန ဒီေန႔ ညေနပိုင္းမွာ ကမ္းေျခကို စတင္၀င္ေရာက္ေနၿပီလို႔ မိုးေလ၀သနဲ႔ ဇလေဗဒဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးက ေျပာပါတယ္။

“မုန္တိုင္းရဲ႕ ဒီ ေရွ႕ပိုင္းတိမ္တိုက္ေတြကေတာ့ ကမ္းကို စၿပီးျဖတ္ေနၿပီေပါ့ေနာ္။ ၃ နာရီခဲြေက်ာ္ေက်ာ္ေလာက္က စၿပီးျဖတ္တယ္။ ဗဟိုခ်က္ကေတာ့ ၄ နာရီခဲြ၊ ၅ နာရီ၊ ၅ နာရီခဲြ ေလာက္မွာ အဲဒီ ၾကားထဲမွာ ျဖတ္ႏိုင္တယ္လို႔ ခန္႔မွန္းရတယ္ေပါ့ေနာ္။ အခုကေတာ့ ၁၁၀ ေလာက္နဲ႔ ကမ္းကို ျဖတ္ေနတယ္ေပါ့ေနာ္။ ၿပီးသြားရင္ေတာ့ သူက ညေနေလာက္က်ရင္ေတာ့ Very Severe Cyclonic Storm ကေနၿပီးေတာ့ Severe Cyclonic Storm ေလာက္ကို ေနာက္ တစ္နာရီေလာက္ဆိုရင္ေတာ့ ကမ္းကိုျဖတ္ေနၿပီဆိုေတာ့ အားေတာ့ က်လာမယ္။ အားေတာ့ ေလ်ာ့ေနၿပီေပါ့။ သူက ကုန္းတြင္းမုန္တိုင္းအျဖစ္ ဆက္ၿပီးေတာ့ ေရႊ႕သြားအံုးမယ့္ အေနအထားမ်ိဳးေတာ့ ရွိပါတယ္။”

ဆိုင္ကလုန္းမုန္တိုင္း Amphan ဟာ ဒီလ ၁၈ ရက္ေန႔က စူပါဆိုင္ကလုန္းမုန္တိုင္း အဆင့္ထိ ျပင္းအားျမင့္တက္ခဲ့ရာက ဒီညေနမွာေတာ့ အားေကာင္းတဲ့ မုန္တိုင္းအျဖစ္ကို ေျပာင္းလဲလာတာျဖစ္ပါတယ္။

မုန္တိုင္းက ျပတ္ထြက္လာတဲ့ တိမ္တိုက္ေတြေၾကာင့္ ရခိုင္ကမ္း႐ိုးတမ္းနဲ႔ ကမ္းလြန္ပင္လယ္ျပင္မွာ မိုးသက္ေလျပင္းတိုက္ခိုက္ႏိုင္ေၾကာင္းနဲ႔ မိုးသက္ေလျပင္းတိုက္ခ်ိန္မွာ ၄၅ မိုင္အထိ ရွိႏိုင္ေၾကာင္း ေဒါက္တာ ေက်ာ္မိုးဦးက ဆက္ေျပာပါတယ္။

“သူကေန ျပတ္ထြက္သြားတဲ့ တိမ္တိုက္ေတြေၾကာင့္ က်ေနာ္တို႔ ဘက္ကထဲမွာ မိုးရမယ္။ ေနာက္ က်ေနာ္တို႔ ပင္လယ္ျပင္ေပါ့။ အထူးသျဖင့္ ရခိုင္ကမ္း႐ိုးတန္းနဲ႔ ကမ္းလြန္ပင္လယ္ျပင္မွာေတာ့ မုန္တိုင္းရဲ႕ အရွိန္ရွိေသးတယ္။ မုန္တိုင္းရဲ႕ အရွိန္ေၾကာင့္ မို႔ေတာ့ ကမ္း႐ိုးတမ္းေတြမွာလည္း ေလတိုက္ႏႈန္းက ပံုမွန္ဆိုရင္ေတာ့ ၃၅ မိုင္ ၄၀ ေလာက္ရွိတယ္။ ဒီ Gust Wind အေနနဲ႔ သြားမယ္ဆိုရင္ ၄၅ မိုင္ေလာက္ရွိတယ္ေပါ့ေနာ္။”

မိုးသက္ေလျပင္းက်စဥ္မွာ ရခိုင္နဲ႔ ျမစ္၀ကြ်န္းေပၚေဒသမွာ မိုးသက္ေလျပင္းက်စဥ္ လိႈင္းအျမင့္ဟာ ၁၀ ေပက ၁၆ ေပအထိ ရွိႏိုင္ေၾကာင္း ခန္႔မွန္းထားသလို မုတၱမေကြ႕၊ မြန္၊ တနသၤာရီကမ္း႐ိုးတန္း တေလွ်ာက္မွာလည္ မိုးသက္ေလျပင္း က်ေရာက္ႏိုင္ေၾကာင္း၊ မိုးသက္ေလျပင္းက်စဥ္ ေလတိုက္ႏႈန္း တစ္နာရီ ၃၅ မိုင္ကေန မိုင္ ၄၀ ေလာက္ရွိႏိုင္ၿပီး လိႈင္းအျမင့္ ၈ ေပကေန ၁၀ ေပေလာက္ ရွိႏိုင္ေၾကာင္း ခန္႔မွန္းထားပါတယ္။

Amphan မုန္တိုင္းက ကုန္းတြင္းပိုင္းပိုင္းမုန္တိုင္းအျဖစ္နဲ႔ အိႏိၵယ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံအတြင္း ဆက္လက္ျဖတ္သန္းမွာ ျဖစ္သလို မုန္တိုင္းအရွိန္ေၾကာင့္လည္း ရခိုင္ေျမာက္ပိုင္း၊ ခ်င္း၊ စစ္ကိုင္း၊ ကခ်င္ ေနရာကြက္မိုးႀကီးႏိုင္တာေၾကာင့္ ေျမၿပိဳတာနဲ႔ လွ်ပ္တျပက္ ေရႀကီးတာေတြကို သတိထားဖို႔ လိုအပ္ေၾကာင္းလည္း မိုးေလ၀သနဲ႔ ဇလေဗဒ ၫႊန္ၾကားမႈ ဦးစီးဌာနက ထုတ္ျပန္ထားပါတယ္။

ကိုမိုးေဇာ္  / ဗြီအိုေအ (ျမန္မာပုိင္း)
-------------------------------------
[Unicode Version]

Amphan မုန်တိုင်းကြီး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်ကြား ကုန်းတွင်းပိုင်း စတင်ဝင်ရောက်

Amphan ဆိုင်ကလုန်းမုန်တိုင်းဟာ ဒီနေ့ ညနေ ၃ နာရီခွဲလာက်မှာ ကုန်းတွင်းပိုင်းကို စတင်ဝင်ရောက်နေပြီး မုန်တိုင်းဗဟိုကုန်းတွင်းပိုင်းကို ဖြတ်သန်းတဲ့ နောက်ပိုင်းမှာ အလွန့်အလွန်အားကောင်းတဲ့ မုန်တိုင်းကနေ အားလျော့ကျသွားဖွယ်ရှိပေမဲ့ ကုန်းတွင်းပိုင်း မုန်တိုင်းအဖြစ် ဆက်လက်တည်ရှိနေနိုင်တဲ့ သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြပေးပါမယ်။

အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း Amphan ဟာ မူလ ခန့်မှန်းထားတဲ့ လမ်းကြောင်းအတိုင်း အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအကြားကနေ ဒီနေ့ ညနေပိုင်းမှာ ကမ်းခြေကို စတင်ဝင်ရောက်နေပြီလို့ မိုးလေဝသနဲ့ ဇလဗေဒဌာန ညွှန်ကြားရေးမှုးချုပ် ဒေါက်တာကျော်မိုးဦးက ပြောပါတယ်။

“မုန်တိုင်းရဲ့ ဒီ ရှေ့ပိုင်းတိမ်တိုက်တွေကတော့ ကမ်းကို စပြီးဖြတ်နေပြီပေါ့နော်။ ၃ နာရီခွဲကျော်ကျော်လောက်က စပြီးဖြတ်တယ်။ ဗဟိုချက်ကတော့ ၄ နာရီခွဲ၊ ၅ နာရီ၊ ၅ နာရီခွဲ လောက်မှာ အဲဒီ ကြားထဲမှာ ဖြတ်နိုင်တယ်လို့ ခန့်မှန်းရတယ်ပေါ့နော်။ အခုကတော့ ၁၁၀ လောက်နဲ့ ကမ်းကို ဖြတ်နေတယ်ပေါ့နော်။ ပြီးသွားရင်တော့ သူက ညနေလောက်ကျရင်တော့ Very Severe Cyclonic Storm ကနေပြီးတော့ Severe Cyclonic Storm လောက်ကို နောက် တစ်နာရီလောက်ဆိုရင်တော့ ကမ်းကိုဖြတ်နေပြီဆိုတော့ အားတော့ ကျလာမယ်။ အားတော့ လျော့နေပြီပေါ့။ သူက ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်ပြီးတော့ ရွှေ့သွားအုံးမယ့် အနေအထားမျိုးတော့ ရှိပါတယ်။”

ဆိုင်ကလုန်းမုန်တိုင်း Amphan ဟာ ဒီလ ၁၈ ရက်နေ့က စူပါဆိုင်ကလုန်းမုန်တိုင်း အဆင့်ထိ ပြင်းအားမြင့်တက်ခဲ့ရာက ဒီညနေမှာတော့ အားကောင်းတဲ့ မုန်တိုင်းအဖြစ်ကို ပြောင်းလဲလာတာဖြစ်ပါတယ်။

မုန်တိုင်းက ပြတ်ထွက်လာတဲ့ တိမ်တိုက်တွေကြောင့် ရခိုင်ကမ်းရိုးတမ်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ မိုးသက်လေပြင်းတိုက်ခိုက်နိုင်ကြောင်းနဲ့ မိုးသက်လေပြင်းတိုက်ချိန်မှာ ၄၅ မိုင်အထိ ရှိနိုင်ကြောင်း ဒေါက်တာ ကျော်မိုးဦးက ဆက်ပြောပါတယ်။

“သူကနေ ပြတ်ထွက်သွားတဲ့ တိမ်တိုက်တွေကြောင့် ကျနော်တို့ ဘက်ကထဲမှာ မိုးရမယ်။ နောက် ကျနော်တို့ ပင်လယ်ပြင်ပေါ့။ အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်မှာတော့ မုန်တိုင်းရဲ့ အရှိန်ရှိသေးတယ်။ မုန်တိုင်းရဲ့ အရှိန်ကြောင့် မို့တော့ ကမ်းရိုးတမ်းတွေမှာလည်း လေတိုက်နှုန်းက ပုံမှန်ဆိုရင်တော့ ၃၅ မိုင် ၄၀ လောက်ရှိတယ်။ ဒီ Gust Wind အနေနဲ့ သွားမယ်ဆိုရင် ၄၅ မိုင်လောက်ရှိတယ်ပေါ့နော်။”

မိုးသက်လေပြင်းကျစဉ်မှာ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးသက်လေပြင်းကျစဉ် လှိုင်းအမြင့်ဟာ ၁၀ ပေက ၁၆ ပေအထိ ရှိနိုင်ကြောင်း ခန့်မှန်းထားသလို မုတ္တမကွေ့၊ မွန်၊ တနင်္သာရီကမ်းရိုးတန်း တလျှောက်မှာလည် မိုးသက်လေပြင်း ကျရောက်နိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် လေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်ကနေ မိုင် ၄၀ လောက်ရှိနိုင်ပြီး လှိုင်းအမြင့် ၈ ပေကနေ ၁၀ ပေလောက် ရှိနိုင်ကြောင်း ခန့်မှန်းထားပါတယ်။

Amphan မုန်တိုင်းက ကုန်းတွင်းပိုင်းပိုင်းမုန်တိုင်းအဖြစ်နဲ့ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ဆက်လက်ဖြတ်သန်းမှာ ဖြစ်သလို မုန်တိုင်းအရှိန်ကြောင့်လည်း ရခိုင်မြောက်ပိုင်း၊ ချင်း၊ စစ်ကိုင်း၊ ကချင် နေရာကွက်မိုးကြီးနိုင်တာကြောင့် မြေပြိုတာနဲ့ လျှပ်တပြက် ရေကြီးတာတွေကို သတိထားဖို့ လိုအပ်ကြောင်းလည်း မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ကိုမိုးဇော်  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/ampha-cyclone/5427630.html
Amphan မုန္တိုင္းႀကီး အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ၾကား ကုန္းတြင္းပိုင္း စတင္ဝင္ေရာက္ Amphan မုန္တိုင္းႀကီး အိႏိၵယနဲ႔ ဘဂၤလားေဒ့ရွ္ၾကား ကုန္းတြင္းပိုင္း စတင္ဝင္ေရာက္ Reviewed by THITHTOOLWIN on 21:10 Rating: 5
Powered by Blogger.