COVID-19 ကူးစက္လူနာရွိ ရန္ကုန္တိုင္း ၅ ၿမိဳ႕နယ္မွာ က်န္းမာေရး ကြင္းဆင္းစစ္ေဆး

ရန္ကုန္ၿမိဳ႕မွာ အိမ္တိုင္ရာေရာက္ က်န္းမာေရး စစ္ေဆးေပးေနတဲ့ က်န္းမာေရး၀န္ထမ္းမ်ား (ေမ ၁၇၊ ၂၀၂၀)
(Zawgyi/Unicode)

ရန္ကုန္တုိင္းအတြင္းက ကိုဗစ္ေရာဂါရွိလူနာေတြနဲ႔ အနီးကပ္ထိေတြ႕မႈရွိခဲ့သူေတြကုိ ကြင္းဆင္းရွာေဖြတာ ၿမိဳ႕နယ္ ငါး ၿမိဳ႕နယ္မွာ ေဆာင္ရြက္ခဲ့ၿပီးျဖစ္တဲ့အေၾကာင္းကို တင္ဆက္ေပးပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစုစုက ေျပာျပေပးပါမယ္။

ကိုဗစ္ေရာဂါရွိသူေတြနဲ႔ အနီးကပ္ထိေတြ႕မႈရွိ၊ မရွိ ကြင္းဆင္းရွာေဖြတဲ့လုပ္ငန္းကို တုိင္းအစုိးရတာဝန္ရွိသူေတြနဲ႔ က်န္းမာေရးဌာနတို ပူးေပါင္းၿပီး လူထုၾကားမွာ ေဆာင္ရြက္ေနတာ အင္းစိန္၊ လႈိင္သာယာ၊ တာေမြနဲ႔ ဗဟန္းအပါအဝင္ ေတာင္ဥကၠလာပၿမိဳ႕နယ္တို႔မွာ စစ္ေဆးခဲ့တာျဖစ္ပါတယ္။

ပုိးေတြ႕လူနာ ၉ ဦးအထိရွိထားတဲ့ ဗဟန္းၿမိဳ႕နယ္မွာေတာ့ မေန႔က ေမလ ၁၉ ရက္ေန႔တုန္းက Lockdown ခ်ထားတဲ့ေနရာအပါအဝင္ အဲဒီအနီးအနားမွာ ေနထုိင္တဲ့သူေတြကုိပါ ေရာဂါရာဇဝင္ေမးျမန္းၿပီး က်န္းမာေရးစစ္ေဆးေပးခဲ့တယ္လို႔ ဗဟန္းၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးစိန္ၾကည္က VOA ကိုေျပာပါတယ္။

“Lockdown ခ်တဲ့ ပတ္ဝန္းက်င္နဲ႔ လမ္းသူလမ္းသားေတြေပါ့။ သူတို႔ကုိ အလုိအေလ်ာက္အပူတုိင္း စက္ေတြနဲ႔ တိုင္းတာၿပီးေတာ့ က်န္းမာေရးက ေရာဂါရွာေဖြမႈလုပ္ငန္းေတြ သူတို႔လုပ္တာေပါ့။ အေျခအေနက ပြင့္ပြင့္လင္းလင္းေျပာရမယ္ဆုိရင္ေတာ့ ေကာင္းတယ္။ အကိုတို႔ဆီမွာ အလုိအေလ်ာက္အပူတုိင္းကိရိယာ ယာဥ္ေပၚမွာတပ္ၿပီးေတာ့ ေသခ်ာစိစစ္တဲ့အခ်ိန္မွာလည္း ခုနက အပူခ်ိန္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ျပႆနာမရွိဘူး။ တနည္းအားျဖင့္ေျပာမယ္ဆုိရင္ေတာ့ ေရာဂါလကၡဏာရွိတာေတြ မေတြ႕ခဲ့ရဘူးေပါ့။”

ဓာတ္ခြဲအတည္ျပဳလူနာ ၁၄ ဦးအထိ ရွိထားတဲ့ ေတာင္ဥကၠလာပၿမိဳ႕နယ္မွာလည္း က်န္းမာေရးစစ္ေဆးၿပီး ပုိးေတြ႕လူနာနဲ႔ ထိေတြ႕မႈရွိ မရွိ စံုစမ္းတာကို မေန႕တုန္းက ေဆာင္ရြက္ခဲ့တယ္လို႔ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးမုိးျမင့္က အခုလိုေျပာပါတယ္။

“အဖြဲ႕ ၁၀ ဖြဲ႕ခြဲၿပီးေတာ့ စစ္တာမွာေတာ့ ဘာမွေတာ့မေတြ႕ဘူး။ ေတြ႕ရင္လည္း အဆင္သင့္ပို႔ဖို႔ကို က်ေနာ္တို႔ိ သူနာျပဳကားတုိ႔ ဘာတို႔ကိုလည္း စီစဥ္ထားတယ္။ မေန႔ကေတာ့ မေတြ႕ရဘူးေပါ့ေနာ္။ NGO တုိ႔ တျခားပရဟိတအဖြဲ႕ေတြနဲ႔ က်ေနာ္တို႔အုပ္ခ်ဳပ္ေရးနဲ႔ က်န္းမာေရးနဲ႔ ဦးစီးၿပီးေတာ့ ေန႔ေရာ၊ ညေရာ က်ေနာ္တို႔ကေတာ့ သတိမလြတ္ဘဲနဲ႔ လုပ္ေနတယ္။”

ဗဟန္းနဲ႔ ေတာင္ဥကၠလာပၿမိဳ႕နယ္မွာေတာ့ ကြင္းဆင္းစစ္ေဆးၿပီးတဲ့ေနာက္ ကုိဗစ္သံသယနဲ႔ ေဆးရံုလႊဲခဲ့ရသူ မရွိသလို၊ အသြားအလာ ကန္႔သတ္ခံရမယ့္သူေတြလည္း မရွိခဲ့ပါဘူး။

တႏုိင္ငံလံုး အတုိင္းအတာနဲ႔ဆို ကိုဗစ္လူနာ အမ်ားဆံုးေတြ႕ရွိခဲ့တဲ့ အင္းစိန္ၿမိဳ႕နယ္မွာေတာ့ ပုိးေတြ႕လူနာ ၄၃ ဦးအထိရွိထားၿပီး ကြင္းဆင္းရွာေဖြတဲ့ လုပ္ငန္းကို အဲဒီၿမိဳ႕နယ္မွာ ပထမဆံုးစတင္ေဆာင္ရြက္ခဲ့တာပါ။ ေရာဂါသံသယနဲ႔ ေဆးရံုလႊဲခဲ့ရသူ ၃ ဦးအပါအဝင္ သတ္မွတ္ထားတဲ့ေနရာမွာ အသြားအလာ ကန္႔သတ္ခံရမယ့္သူကေတာ့ ၁၆ ဦးအထိ ရွိခဲ့ပါတယ္။

အဲဒီလိုကြင္းဆင္းရွာေဖြၿပီး က်န္းမာေရးစစ္ေဆးေပးေနတာဟာ ကိုဗစ္ေရာဂါကာကြယ္ထိန္းခ်ဳပ္တဲ့ေနရာမွာ ထိေရာက္မႈရွိခဲ့တယ္လို႔လည္း တာဝန္ရွိသူေတြက ဆုိပါတယ္။

စက္ရံုလုပ္သားအမ်ားဆံုးေနထုိင္တဲ့ လႈိင္သာယာၿမိဳ႕နယ္မွာလည္း ဓာတ္ခြဲအတည္ျပဳလူနာ ၅ ဦးအထိရွိထားၿပီး ကြင္းဆင္းရွာေဖြတဲ့လုပ္ငန္းကို ေဆာင္ရြက္ၿပီးခ်ိန္မွာေတာ့ ခရီးသြားရာဇဝင္ရွိထားၿပီး ေရာဂါပုိးရွိသူနဲ႔ အနီးကပ္ထိေတြ႕ခဲ့သူ ၆ ဦးကုိ ေဆးရံုပို႔ခဲ့ၿပီး ဓါတ္ခြဲနမူနာရယူစစ္ေဆးခဲ့တယ္လုိ႔ သိရပါတယ္။

ကိုဗစ္ဓာတ္ခြဲအတည္ျပဳလူနာ ၁၀ ဦးအထိရွိထားတဲ့ တာေမြၿမိဳ႕နယ္မွာေတာ့ ကြင္းဆင္းစစ္ေဆးၿပီးတဲ့ေနာက္ ေဆးရံုလႊဲခဲ့ရသူ ၄ ဦးနဲ႔ သတ္မွတ္ထားတဲ့ေနရာေတြမွာ သီးျခားေနထုိင္ရမယ့္သူ ၄ ဦး။ စုစုေပါင္း ၈ ဦးအထိ ေတြ႕ရွိခဲ့ပါတယ္။

လာမယ့္ ေမလ ၂၃ ရက္ေန႔မွာေတာ့ ပိုးေတြ႕လူနာ ၁၆ ဦးအထိရွိထားတဲ့ မရမ္းကုန္းၿမိဳ႕နယ္မွာ ကြင္းဆင္းရွာေဖြ က်န္းမာေရးစစ္ေဆးတဲ့လုပ္ငန္းကုိ ေဆာင္ရြက္သြားမယ္လို႔ သိရပါတယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဒီကေန႔မနက္ထုတ္ျပန္ၿပီးခ်ိန္အထိဆို ဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၁၉၃ ဦးရွိခဲ့ၿပီး အဲဒီထဲက ေသဆံုးသူ ၆ ဦးနဲ႔ ေရာဂါပုိးကင္းစင္လာသူ ၁၀၄ ဦးအထိ ရွိထားၿပီး ျဖစ္ပါတယ္။

စုစု  / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------
[Unicode Version]

COVID-19 ကူးစက်လူနာရှိ ရန်ကုန်တိုင်း ၅ မြို့နယ်မှာ ကျန်းမာရေး ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းအတွင်းက ကိုဗစ်ရောဂါရှိလူနာတွေနဲ့ အနီးကပ်ထိတွေ့မှုရှိခဲ့သူတွေကို ကွင်းဆင်းရှာဖွေတာ မြို့နယ် ငါး မြို့နယ်မှာ ဆောင်ရွက်ခဲ့ပြီးဖြစ်တဲ့အကြောင်းကို တင်ဆက်ပေးပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစုစုက ပြောပြပေးပါမယ်။

ကိုဗစ်ရောဂါရှိသူတွေနဲ့ အနီးကပ်ထိတွေ့မှုရှိ၊ မရှိ ကွင်းဆင်းရှာဖွေတဲ့လုပ်ငန်းကို တိုင်းအစိုးရတာဝန်ရှိသူတွေနဲ့ ကျန်းမာရေးဌာနတို ပူးပေါင်းပြီး လူထုကြားမှာ ဆောင်ရွက်နေတာ အင်းစိန်၊ လှိုင်သာယာ၊ တာမွေနဲ့ ဗဟန်းအပါအဝင် တောင်ဥက္ကလာပမြို့နယ်တို့မှာ စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၉ ဦးအထိရှိထားတဲ့ ဗဟန်းမြို့နယ်မှာတော့ မနေ့က မေလ ၁၉ ရက်နေ့တုန်းက Lockdown ချထားတဲ့နေရာအပါအဝင် အဲဒီအနီးအနားမှာ နေထိုင်တဲ့သူတွေကိုပါ ရောဂါရာဇဝင်မေးမြန်းပြီး ကျန်းမာရေးစစ်ဆေးပေးခဲ့တယ်လို့ ဗဟန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိန်ကြည်က VOA ကိုပြောပါတယ်။

“Lockdown ချတဲ့ ပတ်ဝန်းကျင်နဲ့ လမ်းသူလမ်းသားတွေပေါ့။ သူတို့ကို အလိုအလျောက်အပူတိုင်း စက်တွေနဲ့ တိုင်းတာပြီးတော့ ကျန်းမာရေးက ရောဂါရှာဖွေမှုလုပ်ငန်းတွေ သူတို့လုပ်တာပေါ့။ အခြေအနေက ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ ကောင်းတယ်။ အကိုတို့ဆီမှာ အလိုအလျောက်အပူတိုင်းကိရိယာ ယာဉ်ပေါ်မှာတပ်ပြီးတော့ သေချာစိစစ်တဲ့အချိန်မှာလည်း ခုနက အပူချိန်နဲ့ ပတ်သက်ပြီးတော့လည်း ပြဿနာမရှိဘူး။ တနည်းအားဖြင့်ပြောမယ်ဆိုရင်တော့ ရောဂါလက္ခဏာရှိတာတွေ မတွေ့ခဲ့ရဘူးပေါ့။”

ဓာတ်ခွဲအတည်ပြုလူနာ ၁၄ ဦးအထိ ရှိထားတဲ့ တောင်ဥက္ကလာပမြို့နယ်မှာလည်း ကျန်းမာရေးစစ်ဆေးပြီး ပိုးတွေ့လူနာနဲ့ ထိတွေ့မှုရှိ မရှိ စုံစမ်းတာကို မနေ့တုန်းက ဆောင်ရွက်ခဲ့တယ်လို့ လွှတ်တော်ကိုယ်စားလှယ် ဦးမိုးမြင့်က အခုလိုပြောပါတယ်။

“အဖွဲ့ ၁၀ ဖွဲ့ခွဲပြီးတော့ စစ်တာမှာတော့ ဘာမှတော့မတွေ့ဘူး။ တွေ့ရင်လည်း အဆင်သင့်ပို့ဖို့ကို ကျနော်တို့ိ သူနာပြုကားတို့ ဘာတို့ကိုလည်း စီစဉ်ထားတယ်။ မနေ့ကတော့ မတွေ့ရဘူးပေါ့နော်။ NGO တို့ တခြားပရဟိတအဖွဲ့တွေနဲ့ ကျနော်တို့အုပ်ချုပ်ရေးနဲ့ ကျန်းမာရေးနဲ့ ဦးစီးပြီးတော့ နေ့ရော၊ ညရော ကျနော်တို့ကတော့ သတိမလွတ်ဘဲနဲ့ လုပ်နေတယ်။”

ဗဟန်းနဲ့ တောင်ဥက္ကလာပမြို့နယ်မှာတော့ ကွင်းဆင်းစစ်ဆေးပြီးတဲ့နောက် ကိုဗစ်သံသယနဲ့ ဆေးရုံလွှဲခဲ့ရသူ မရှိသလို၊ အသွားအလာ ကန့်သတ်ခံရမယ့်သူတွေလည်း မရှိခဲ့ပါဘူး။

တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ကိုဗစ်လူနာ အများဆုံးတွေ့ရှိခဲ့တဲ့ အင်းစိန်မြို့နယ်မှာတော့ ပိုးတွေ့လူနာ ၄၃ ဦးအထိရှိထားပြီး ကွင်းဆင်းရှာဖွေတဲ့ လုပ်ငန်းကို အဲဒီမြို့နယ်မှာ ပထမဆုံးစတင်ဆောင်ရွက်ခဲ့တာပါ။ ရောဂါသံသယနဲ့ ဆေးရုံလွှဲခဲ့ရသူ ၃ ဦးအပါအဝင် သတ်မှတ်ထားတဲ့နေရာမှာ အသွားအလာ ကန့်သတ်ခံရမယ့်သူကတော့ ၁၆ ဦးအထိ ရှိခဲ့ပါတယ်။

အဲဒီလိုကွင်းဆင်းရှာဖွေပြီး ကျန်းမာရေးစစ်ဆေးပေးနေတာဟာ ကိုဗစ်ရောဂါကာကွယ်ထိန်းချုပ်တဲ့နေရာမှာ ထိရောက်မှုရှိခဲ့တယ်လို့လည်း တာဝန်ရှိသူတွေက ဆိုပါတယ်။

စက်ရုံလုပ်သားအများဆုံးနေထိုင်တဲ့ လှိုင်သာယာမြို့နယ်မှာလည်း ဓာတ်ခွဲအတည်ပြုလူနာ ၅ ဦးအထိရှိထားပြီး ကွင်းဆင်းရှာဖွေတဲ့လုပ်ငန်းကို ဆောင်ရွက်ပြီးချိန်မှာတော့ ခရီးသွားရာဇဝင်ရှိထားပြီး ရောဂါပိုးရှိသူနဲ့ အနီးကပ်ထိတွေ့ခဲ့သူ ၆ ဦးကို ဆေးရုံပို့ခဲ့ပြီး ဓါတ်ခွဲနမူနာရယူစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

ကိုဗစ်ဓာတ်ခွဲအတည်ပြုလူနာ ၁၀ ဦးအထိရှိထားတဲ့ တာမွေမြို့နယ်မှာတော့ ကွင်းဆင်းစစ်ဆေးပြီးတဲ့နောက် ဆေးရုံလွှဲခဲ့ရသူ ၄ ဦးနဲ့ သတ်မှတ်ထားတဲ့နေရာတွေမှာ သီးခြားနေထိုင်ရမယ့်သူ ၄ ဦး။ စုစုပေါင်း ၈ဦးအထိ တွေ့ရှိခဲ့ပါတယ်။

လာမယ့် မေလ ၂၃ ရက်နေ့မှာတော့ ပိုးတွေ့လူနာ ၁၆ ဦးအထိရှိထားတဲ့ မရမ်းကုန်းမြို့နယ်မှာ ကွင်းဆင်းရှာဖွေ ကျန်းမာရေးစစ်ဆေးတဲ့လုပ်ငန်းကို ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိဆို ဓာတ်ခွဲအတည်ပြုလူနာပေါင်း ၁၉၃ ဦးရှိခဲ့ပြီး အဲဒီထဲက သေဆုံးသူ ၆ ဦးနဲ့ ရောဂါပိုးကင်းစင်လာသူ ၁၀၄ ဦးအထိ ရှိထားပြီး ဖြစ်ပါတယ်။

စုစု  / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/covid-myanmar/5427748.html
COVID-19 ကူးစက္လူနာရွိ ရန္ကုန္တိုင္း ၅ ၿမိဳ႕နယ္မွာ က်န္းမာေရး ကြင္းဆင္းစစ္ေဆး COVID-19 ကူးစက္လူနာရွိ ရန္ကုန္တိုင္း ၅ ၿမိဳ႕နယ္မွာ က်န္းမာေရး ကြင္းဆင္းစစ္ေဆး Reviewed by THITHTOOLWIN on 21:06 Rating: 5
Powered by Blogger.