အမ္ဖန္လို မုန္တိုင္းႀကီးေတြ ဘာေၾကာင့္ ဘဂၤလားပင္လယ္ေအာ္ကို အဝင္မ်ားေနတာလဲ

အမ္ဖန္ မုန္တိုင္း ဒီေရေတြက ႏွစ္ထပ္အိမ္ အျမင့္ေလာက္ ရွိလိမ့္မယ္လို႔ ခန္႔မွန္႔ထား
(Zawgyi)⤵⤵⤵
လူသန္းေပါင္း ၅၀၀ ေလာက္ ကမ္း႐ိုးတန္း တစ္ေလွ်ာက္မွာ ေနထိုင္တဲ့ ဘဂၤလားပင္လယ္ေအာ္ဟာ ကမာၻ႔အႀကီးဆုံး ပင္လယ္ေအာ္ေဒသ ျဖစ္ၿပီး သမိုင္းတစ္ေလွ်ာက္ လူအေသအေပ်ာက္အမ်ားဆုံး အပူပိုင္း ဆိုင္ကလုန္း မုန္တိုင္းေတြ အမ်ားဆုံး အဝင္ခံရတဲ့ေနရာလည္း ျဖစ္ပါတယ္။

ကမာၻ႔သမိုင္းမွာ လူအေသအေပ်ာက္ အမ်ားဆုံး အပူပိုင္း ဆိုင္ကလုန္း ၃၅ ခု အနက္ ၂၆ ခုဟာ ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ခဲ့တာလို႔ Weather Underground အဖြဲ႕ရဲ႕ မွတ္တမ္းေတြအရ သိရပါတယ္။

ဆိုင္ကလုန္း အမ္ဖန္ကေတာ့ အခု ေနာက္ဆုံး ဝင္တဲ့ မုန္တိုင္းပါ။
 အမ္ဖန္ေၾကာင့္ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ကမ္း႐ိုးတန္းေတြမွာ ေျမေတြၿပိဳလိမ့္မယ္လို႔ ခန္႔မွန္းထား
ဒီမုန္တိုင္းေၾကာင့္ ဗုဒၶဟူးေန႔ မြန္းလြဲပိုင္းမွာ အိႏၵိယနဲ႔ ဘဂၤလားေဒ့ရွ္ ကမ္း႐ိုးတန္းေတြမွာ ေျမေတြၿပိဳလိမ့္မယ္လို႔ ခန္႔မွန္းထားပါတယ္။

ဒီမုန္တိုင္း ကမ္း႐ိုးတန္းကို ဝင္တိုက္ခ်ိန္မွာ အားအလြန္ျပင္းတဲ့ ဆိုင္ကလုန္း ျဖစ္လိမ့္လို႔ အိႏၵိယ မိုးေလဝသဌာနက ဆိုပါတယ္။

ေလတိုက္ႏႈန္း တစ္နာရီကို မိုင္ ၁၂၀ ေလာက္နဲ႔ လာၿပီး မုန္တိုင္း ဒီေရေတြက ႏွစ္ထပ္အိမ္ အျမင့္ေလာက္ ရွိလိမ့္မယ္လို႔ ဆိုပါတယ္။

ဒီေနရာမွာ ဘာလို႔ ပိုျပင္းထန္ေနရသလဲ
ပထဝီအေနအထားက မုန္တိုင္းေတြကို ပိုဆိုးေစ
မိုးေလဝသ ပညာရွင္ေတြ အဆိုအရ မုန္တိုင္းဒီေရဒဏ္ အဆိုးဆုံး ခံရတဲ့ေနရာေတြက အထဲကို ခြက္ဝင္ေနတဲ့ ကမ္း႐ိုးတန္းတိမ္ေနရာေတြပါ။ အပူပိုင္းဆိုင္ကလုန္းမုန္တိုင္းရဲ႕ ေလျပင္းေတြက ေရေတြတြန္းပို႔ ခံရတဲ့ ေနရာေတြ ျဖစ္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္ဟာ မုန္တိုင္းဒီေရတက္တာအဆိုးဆုံး ပထဝီအေနအထားကို တိတိက်က် နမူနာျပႏိုင္မယ့္ ေနရာပါလို႔ Weather Underground အဖြဲ႕က မိုးေလဝသ ပညာရွင္နဲ႔ စာေရးဆရာ ေဘာ့ဘ္ဟန္ဆန္က ေျပာပါတယ္။

အေျခအေနကို ပိုဆိုးေစတာက ဘဂၤလားပင္လယ္ေအာ္ အေပၚပိုင္းက ပင္လယ္ေရမ်က္ႏွာျပင္ရဲ႕ အပူခ်ိန္ေတြပါ။ အဲဒါက အလြန္႔အလြန္အားေကာင္းတဲ့ ဆိုင္ကလုန္း မုန္တိုင္းေတြ ျဖစ္သြားေစတဲ့ အခ်က္ ျဖစ္ပါတယ္။

ဘဂၤလားပင္လယ္ေအာ္က အေတာ္ပူေႏြးတဲ့ပင္လယ္ပါလို႔ အိႏၵိယ မိုးေလဝသ ဌာနရဲ႕ အႀကီးအကဲ အမ္ မိုဟာပတ္ထရာက ေျပာပါတယ္။

ကမာၻေပၚမွာ မုန္တိုင္းဒီေရ အႏၲရာယ္ရွိတဲ့ တျခား ကမ္း႐ိုးတန္းေတြလည္း ရွိပါတယ္။ နမူနာဆိုရင္ လူဝီဇီယားနား ပင္လယ္ေကြ႕ကမ္း႐ိုးတန္း ေနရာပါ။

ဒါေပမဲ့ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ပိုင္း ကမ္း႐ိုးတန္းကေတာ့ တျခားကမာၻ႔ေနရာေတြထက္ အင္မတန္ျပင္းထန္ဆိုး႐ြားတဲ့ ဒီေရေတြ ဝင္တတ္တဲ့ေနရာပါလို႔ မစၥတာ ဟန္ဆန္က ေျပာပါတယ္။

လူေနေတာ္ေတာ္ထူထပ္တဲ့ ကမ္း႐ိုးတန္းျဖစ္တာေၾကာင့္လည္း ဒီအႏၲရာယ္ကို ပိုဆိုးဆိုး႐ြား႐ြား ခံစားရပါတယ္။

ကမာၻမွာ လူေလးေယာက္မွာ တစ္ေယာက္က ပင္လယ္ေအာ္ အနားသတ္ထားတဲ့ ႏိုင္ငံမွာ ေနပါတယ္။

အမ္ဖန္က ဘာေတြ စိုးရိမ္စရာ ရွိလဲ
အမ္ဖန္ခန္႔မွန္းလမ္းေၾကာင္း
ဒီမုန္တိုင္းက တစ္နာရီ ေလတိုက္ႏႈန္း အမ်ားဆုံး ၁၃၇ မိုင္အထိ တိုက္ႏိုင္တယ္လို႔လည္း ခန္႔မွန္းထားခဲ့ပါတယ္။

ဆိုင္ကလုန္းေတြေၾကာင့္ ထိခိုက္မႈေတြ အမ်ိဳးစုံ ျဖစ္ႏိုင္ပါတယ္။ မုန္တိုင္း ေလျပင္းက အပ်က္အစီးေတြ ျဖစ္ေစပါတယ္။ ဒီေရလႈိင္းေတြနဲ႔ မိုးႀကီးတာေတြေၾကာင့္ေတာ့ ေရႀကီးေရလွ်ံတာေတြ ျဖစ္ေစပါတယ္။

အခု အမ္ဖန္ ဝင္ခ်ိန္က ကို႐ိုနာဗိုင္းရပ္စ္ ကပ္ေဘးႀကဳံေနခ်ိန္နဲ႔ တိုက္ဆိုင္ေနပါတယ္။

ဒါေၾကာင့္ မုန္တိုင္းခိုေတြမွာ သြားေနရမယ့္ သူေတြ ခပ္ခြာခြာ ေနလို႔ရေအာင္ မုန္တိုင္းခိုေတြနဲ႔ ေနရာေတြ ပိုလိုပါတယ္။

ၿပီးေတာ့ အိႏၵိယမွာဆိုရင္ ကိုဗစ္ျဖစ္ၿပီး ႏိုင္ငံကို ပိတ္ခ်လိုက္လို႔ ၿမိဳ႕ေပၚကေန ႐ြာေတြကို ေျခလ်င္ ျပန္လာေနၾကတဲ့ ေထာင္ေသာင္းခ်ီတဲ့ အလုပ္သမားေတြ လမ္းေတြမွာေပၚပဲ ရွိေနၾကပါေသးတယ္။

အာေရဘီယံပင္လယ္နဲ႔ ဘဂၤလားပင္လယ္ေအာ္မွာ တိုက္တဲ့ မုန္တိုင္းေတြထဲ့က တခ်ိဳ႕ပဲ ဆူပါဆိုင္ကလုန္းအဆင့္အထိ ျပင္းအားနဲ႔ တိုက္တာပါ။ ဆယ္စုႏွစ္ တစ္ခုတိုင္းမွာ တစ္ခုႏႈန္း ေလာက္ ျဖစ္တတ္ပါတယ္။

ကမာၻ႔သမိုင္းမွာ အေသအေပ်ာက္အမ်ားဆုံး ဆိုင္ကလုန္း မုန္တိုင္းက ၁၉၇၀ ႏိုဝင္ဘာမွာ ျဖစ္ခဲ့ပါတယ္။ ဘိုလား Bhola ဆိုင္ကလုန္း ျဖစ္ပါတယ္။ ဒီမုန္တိုင္းက ဘဂၤလားပင္လယ္ေအာ္မွာ ျဖစ္ခဲ့ၿပီး လူ သန္းတစ္ဝက္ေလာက္ရဲ႕ အသက္ေတြေႁခြသြားခဲ့ပါတယ္။

အဲဒီတုန္းက မုန္တိုင္းဒီေရေတြ ၃၄ ေပ အျမင့္ထိ ကမ္း႐ိုးတန္းကို တက္လာခဲ့ပါတယ္။

အခု ဆယ္စုႏွစ္ေတြအတြင္း ဘဂၤလားပင္လယ္ေအာ္ထဲမွာ အားျပင္းတဲ့ ဆိုင္ကလုန္း မုန္တိုင္းေတြ ျဖစ္တာ အႀကိမ္ေရမ်ားလာတယ္လို႔ ဟားဗတ္တကၠသိုလ္က ေဒါက္တာ အမ္းမရစ္က ေျပာပါတယ္။

၂၀၀၈ ခုႏွစ္မွာ ျမန္မာႏိုင္ငံ ဧရာဝတီျမစ္ဝွမ္းကို တိုက္ခဲ့တဲ့ နာဂစ္ ဆိုင္ကလုန္း မုန္တိုင္းေၾကာင့္ အနည္းဆုံး လူ တစ္သိန္းေလးေသာင္းေလာက္ ေသေပ်ာက္ခဲ့ၿပီး လူႏွစ္သန္း ေ႐ႊ႕ေျပာင္း ေနထိုင္ခဲ့ၾကရပါတယ္။

အိႏၵိယကို ေနာက္ဆုံးတိုက္ခဲ့တဲ့ ဆူပါဆိုင္ကလုန္းကေတာ့ ၁၉၉၉ ခုႏွစ္မွာ တိုက္ခဲ့ၿပီး ၾသရိႆျပည္နယ္မွာ လူ တစ္ေသာင္းနီးပါး ေသဆုံးခဲ့ပါတယ္။

BBC Burmese
-----------------------------------
(Unicode)⤵⤵⤵
အမ်ဖန်လို မုန်တိုင်းကြီးတွေ ဘာကြောင့် ဘင်္ဂလားပင်လယ်အော်ကို အဝင်များနေတာလဲ

လူသန်းပေါင်း ၅၀၀ လောက် ကမ်းရိုးတန်း တစ်လျှောက်မှာ နေထိုင်တဲ့ ဘင်္ဂလားပင်လယ်အော်ဟာ ကမ္ဘာ့အကြီးဆုံး ပင်လယ်အော်ဒေသ ဖြစ်ပြီး သမိုင်းတစ်လျှောက် လူအသေအပျောက်အများဆုံး အပူပိုင်း ဆိုင်ကလုန်း မုန်တိုင်းတွေ အများဆုံး အဝင်ခံရတဲ့နေရာလည်း ဖြစ်ပါတယ်။

ကမ္ဘာ့သမိုင်းမှာ လူအသေအပျောက် အများဆုံး အပူပိုင်း ဆိုင်ကလုန်း ၃၅ ခု အနက် ၂၆ ခုဟာ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ခဲ့တာလို့ Weather Underground အဖွဲ့ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

ဆိုင်ကလုန်း အမ်ဖန်ကတော့ အခု နောက်ဆုံး ဝင်တဲ့ မုန်တိုင်းပါ။

ဒီမုန်တိုင်းကြောင့် ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းတွေမှာ မြေတွေပြိုလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီမုန်တိုင်း ကမ်းရိုးတန်းကို ဝင်တိုက်ချိန်မှာ အားအလွန်ပြင်းတဲ့ ဆိုင်ကလုန်း ဖြစ်လိမ့်လို့ အိန္ဒိယ မိုးလေဝသဌာနက ဆိုပါတယ်။

လေတိုက်နှုန်း တစ်နာရီကို မိုင် ၁၂၀ လောက်နဲ့ လာပြီး မုန်တိုင်း ဒီရေတွေက နှစ်ထပ်အိမ် အမြင့်လောက် ရှိလိမ့်မယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ဘာလို့ ပိုပြင်းထန်နေရသလဲ

မိုးလေဝသ ပညာရှင်တွေ အဆိုအရ မုန်တိုင်းဒီရေဒဏ် အဆိုးဆုံး ခံရတဲ့နေရာတွေက အထဲကို ခွက်ဝင်နေတဲ့ ကမ်းရိုးတန်းတိမ်နေရာတွေပါ။ အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းရဲ့ လေပြင်းတွေက ရေတွေတွန်းပို့ ခံရတဲ့ နေရာတွေ ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်ဟာ မုန်တိုင်းဒီရေတက်တာအဆိုးဆုံး ပထဝီအနေအထားကို တိတိကျကျ နမူနာပြနိုင်မယ့် နေရာပါလို့ Weather Underground အဖွဲ့က မိုးလေဝသ ပညာရှင်နဲ့ စာရေးဆရာ ဘော့ဘ်ဟန်ဆန်က ပြောပါတယ်။

အခြေအနေကို ပိုဆိုးစေတာက ဘင်္ဂလားပင်လယ်အော် အပေါ်ပိုင်းက ပင်လယ်ရေမျက်နှာပြင်ရဲ့ အပူချိန်တွေပါ။ အဲဒါက အလွန့်အလွန်အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတွေ ဖြစ်သွားစေတဲ့ အချက် ဖြစ်ပါတယ်။

ဘင်္ဂလားပင်လယ်အော်က အတော်ပူနွေးတဲ့ပင်လယ်ပါလို့ အိန္ဒိယ မိုးလေဝသ ဌာနရဲ့ အကြီးအကဲ အမ် မိုဟာပတ်ထရာက ပြောပါတယ်။

ကမ္ဘာပေါ်မှာ မုန်တိုင်းဒီရေ အန္တရာယ်ရှိတဲ့ တခြား ကမ်းရိုးတန်းတွေလည်း ရှိပါတယ်။ နမူနာဆိုရင် လူဝီဇီယားနား ပင်လယ်ကွေ့ကမ်းရိုးတန်း နေရာပါ။

ဒါပေမဲ့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်း ကမ်းရိုးတန်းကတော့ တခြားကမ္ဘာ့နေရာတွေထက် အင်မတန်ပြင်းထန်ဆိုးရွားတဲ့ ဒီရေတွေ ဝင်တတ်တဲ့နေရာပါလို့ မစ္စတာ ဟန်ဆန်က ပြောပါတယ်။

လူနေတော်တော်ထူထပ်တဲ့ ကမ်းရိုးတန်းဖြစ်တာကြောင့်လည်း ဒီအန္တရာယ်ကို ပိုဆိုးဆိုးရွားရွား ခံစားရပါတယ်။

ကမ္ဘာမှာ လူလေးယောက်မှာ တစ်ယောက်က ပင်လယ်အော် အနားသတ်ထားတဲ့ နိုင်ငံမှာ နေပါတယ်။

အမ်ဖန်က ဘာတွေ စိုးရိမ်စရာ ရှိလဲ

ဒီမုန်တိုင်းက တစ်နာရီ လေတိုက်နှုန်း အများဆုံး ၁၃၇ မိုင်အထိ တိုက်နိုင်တယ်လို့လည်း ခန့်မှန်းထားခဲ့ပါတယ်။

ဆိုင်ကလုန်းတွေကြောင့် ထိခိုက်မှုတွေ အမျိုးစုံ ဖြစ်နိုင်ပါတယ်။ မုန်တိုင်း လေပြင်းက အပျက်အစီးတွေ ဖြစ်စေပါတယ်။ ဒီရေလှိုင်းတွေနဲ့ မိုးကြီးတာတွေကြောင့်တော့ ရေကြီးရေလျှံတာတွေ ဖြစ်စေပါတယ်။

အခု အမ်ဖန် ဝင်ချိန်က ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကြုံနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။

ဒါကြောင့် မုန်တိုင်းခိုတွေမှာ သွားနေရမယ့် သူတွေ ခပ်ခွာခွာ နေလို့ရအောင် မုန်တိုင်းခိုတွေနဲ့ နေရာတွေ ပိုလိုပါတယ်။

ပြီးတော့ အိန္ဒိယမှာဆိုရင် ကိုဗစ်ဖြစ်ပြီး နိုင်ငံကို ပိတ်ချလိုက်လို့ မြို့ပေါ်ကနေ ရွာတွေကို ခြေလျင် ပြန်လာနေကြတဲ့ ထောင်သောင်းချီတဲ့ အလုပ်သမားတွေ လမ်းတွေမှာပေါ်ပဲ ရှိနေကြပါသေးတယ်။

အာရေဘီယံပင်လယ်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ တိုက်တဲ့ မုန်တိုင်းတွေထဲ့က တချို့ပဲ ဆူပါဆိုင်ကလုန်းအဆင့်အထိ ပြင်းအားနဲ့ တိုက်တာပါ။ ဆယ်စုနှစ် တစ်ခုတိုင်းမှာ တစ်ခုနှုန်း လောက် ဖြစ်တတ်ပါတယ်။

ကမ္ဘာ့သမိုင်းမှာ အသေအပျောက်အများဆုံး ဆိုင်ကလုန်း မုန်တိုင်းက ၁၉၇၀ နိုဝင်ဘာမှာ ဖြစ်ခဲ့ပါတယ်။ ဘိုလား Bhola ဆိုင်ကလုန်း ဖြစ်ပါတယ်။ ဒီမုန်တိုင်းက ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ခဲ့ပြီး လူ သန်းတစ်ဝက်လောက်ရဲ့ အသက်တွေခြွေသွားခဲ့ပါတယ်။

အဲဒီတုန်းက မုန်တိုင်းဒီရေတွေ ၃၄ ပေ အမြင့်ထိ ကမ်းရိုးတန်းကို တက်လာခဲ့ပါတယ်။

အခု ဆယ်စုနှစ်တွေအတွင်း ဘင်္ဂလားပင်လယ်အော်ထဲမှာ အားပြင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်းတွေ ဖြစ်တာ အကြိမ်ရေများလာတယ်လို့ ဟားဗတ်တက္ကသိုလ်က ဒေါက်တာ အမ်းမရစ်က ပြောပါတယ်။

၂၀၀၈ ခုနှစ်မှာ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းကို တိုက်ခဲ့တဲ့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် အနည်းဆုံး လူ တစ်သိန်းလေးသောင်းလောက် သေပျောက်ခဲ့ပြီး လူနှစ်သန်း ရွှေ့ပြောင်း နေထိုင်ခဲ့ကြရပါတယ်။

အိန္ဒိယကို နောက်ဆုံးတိုက်ခဲ့တဲ့ ဆူပါဆိုင်ကလုန်းကတော့ ၁၉၉၉ ခုနှစ်မှာ တိုက်ခဲ့ပြီး သြရိဿပြည်နယ်မှာ လူ တစ်သောင်းနီးပါး သေဆုံးခဲ့ပါတယ်။

BBC Burmese
https://www.bbc.com/burmese/world-52740151

မွတ္ခ်က္ေရးသားလုိတဲ့ စာဖတ္ပရိတ္မ်ား ေတာင္းဆုိခ်က္အရ ဖြင့္ေပးလုိက္ပါျပီ။ မွတ္ခ်က္မ်ား ေရးသားႏုိင္ပါျပီ။

အခ်ိန္နဲ ့တေျပးညီ သတင္းမ်ား ဖတ္ရႈႏိုင္ဖုိ ့ facebook "like" ကုိ ႏွိပ္ပါ။ thithtoolwin9@gmail.com ကုိ လည္း သတင္းမ်ား ဆက္သြယ္ေပးပုိ ့ႏိုင္ပါသည္။
ေနာက္ဆုံးရ သတင္းမ်ားကုိ ေအာက္ပါ Tweets မွာ ေဖာ္ျပထားပါတယ္။ Tweets ရဲ ့ေဘးေဘာင္တန္းကုိ ဆဲြခ်ျပီ မိမိတုိ ့စိတ္၀င္စားတဲ့ သတင္းေခါင္းစဥ္ ေအာက္က Link ကုိ ႏွိပ္ျပီ အျပည့္အစုံဖတ္ရႈႏိုင္ပါတယ္။
 

Advertisement

 

အသစ္ တင္သမွ် သတင္းမ်ား အလို အေလွ်ာက္ပုိ ့ ေပးပါမည္

က်န္းမာေရးႏွင့္ ေဖ်ာ္ေျဖေရး

တစ္ပတ္အတြင္း စိတ္ဝင္စားဖြယ္ရာ သတင္းမ်ား