ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထုတ္ဖို႔ အနည္းဆုံး ၁၈ လ လိုအပ္လို႔ WHO ၫႊန္မႉးေျပာၾကား


(Zawgyi)⤵⤵⤵
 ျမန္မာစံေတာ္ခ်ိန္ အဂၤါေန႔ မနက္ ၂ နာရီ ရရွိတဲ့သတင္းေတြအရ ကမာၻတဝန္း ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၂၄၅ဝဝဝဝ ေက်ာ္ နဲ႔ေသဆုံးသူ ၁၆၈ဝဝဝ ေက်ာ္ ရွိၿပီး ကူးစက္မႈ အမ်ားဆုံးျဖစ္တဲ့ အေမရိကန္ျပည္ေထာင္စုမွာေတာ့ ကူးစက္ခံရသူ ၇၇ဝဝဝဝ ေက်ာ္နဲ႔ေသဆုံးသူ ၄၁ဝဝဝ ေက်ာ္ ရွိသြားပါၿပီ။ ေသဆုံးသူ ၁၄၃ဝဝ ေက်ာ္ၿပီျဖစ္တဲ့ နယူးေယာက္ျပည္နယ္မွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ မေန႔က ေသဆုံးသူ ၄၇၈ ဦးပဲရွိတဲ့အတြက္ တရက္အတြင္း အနည္းဆုံးေသဆုံးမႈျဖစ္ပါတယ္။

အေမရိကန္ျပည္ေထာင္စုရွိျပည္နယ္တခ်ိဳ႕မွာ တားျမစ္ကန႔္သတ္မႈေတြကို ႐ုပ္သိမ္းေပးဖို႔ ဆႏၵျပကန႔္ကြက္မႈေတြ ေပၚေပါက္ေနပါတယ္။ ပင္န္ဆီေဗးနီးယားျပည္နယ္ အုပ္ခ်ဳပ္ေရးမႉးက လာမယ့္ ေမလ ၈ ရက္ေန႔မွာ ကန႔္သတ္မႈတခ်ိဳ႕ကို ႐ုပ္သိမ္းေပးမယ္လို႔ ေျပာေပမယ့္ ျပည္နယ္အစိုးရ႐ုံးေရွ႕မွာ မေန႔က လာေရာက္ ဆႏၵျပခဲ့သူ ေထာင္ေပါင္းမ်ားစြာက ကန႔္သတ္မႈအားလုံးကို ႐ုပ္သိမ္းေပးဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ဒီဗိုင္းရပ္စ္ကူးစက္မႈ ဒုတိယ အမ်ားဆုံးျဖစ္တဲ့ စပိန္ႏိုင္ငံမွာေတာ့ ကူးစက္ခံရသူ ၂ သိန္းေက်ာ္နဲ႔ ေသဆုံးသူ ၂ ေသာင္းေက်ာ္ရွိၿပီး တတိယျဖစ္တဲ့ အီတလီမွာ ကူးစက္ခံရသူ ၁၈ဝဝဝဝ နဲ႔ ေသဆုံးသူ ၂၄ဝဝဝ ေက်ာ္ရွိပါတယ္။

အိႏၵိယအစိုးရက ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ပိတ္ပင္ထားတဲ့ တားျမစ္ခ်က္ေတြကို ႐ုပ္သိမ္းေပးကာ ကုန္ထုတ္လုပ္မႈနဲ႔ စိုက္ပ်ိဳးေရးလုပ္ငန္းေတြကို ျပန္လည္လုပ္ကိုင္ခြင့္ေပးလိုက္ၿပီးေနာက္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူဦးေရဟာ မေန႔က စံခ်ိန္တင္ထိုးတက္သြားခဲ့ပါတယ္။ ၿပီးခဲ့တဲ့ ၂၄ နာရီအတြင္း အိႏၵိယမွာ ကူးစက္ခံရသူ ၁၅၅ဝ ေက်ာ္ထပ္မံေတြ႕ရွိရတဲ့အတြက္ စုစုေပါင္းကူးစက္မႈ ၁၇ဝဝဝ ေက်ာ္သြားၿပီျဖစ္ၿပီး ေသဆုံးသူဦးေရက ၅၄ဝ ေက်ာ္ပါၿပီ။

တ႐ုတ္အစိုးရက ဒီဗိုင္းရပ္စ္ အဓိကကူးစက္ျဖစ္ပြားခဲ့တဲ့ ဟူေဘးျပည္နယ္က အထက္တန္းေက်ာင္းေတြကို လာမယ့္ ေမလ ၆ ရက္ေန႔ ျပန္ဖြင့္မယ္လို႔ မေန႔ကေျပာပါတယ္။ တ႐ုတ္ျပည္တြင္းမွာ ဗိုင္းရပ္စ္ကူးစက္မႈကို အစိုးရက ထိန္းခ်ဳပ္ႏိုင္ၿပီးေနာက္ ဇန္နဝါရီလက ျပဌာန္းခဲ့တဲ့ ပိတ္ပင္မႈေတြကို ေလွ်ာ့ေပးလိုက္တာ ျဖစ္ပါတယ္။

WHO ကမာၻ႔က်န္းမာေရးအဖြဲ႕က ကမာၻ႔ႏိုင္ငံေတြအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တားျမစ္ထားတဲ့ ကန႔္သတ္မႈေတြကို အလ်င္စလိုျပန္လည္မ႐ုပ္သိမ္းၾကပါနဲ႔လို႔ မေန႔က သတိေပးပါတယ္။ ဒီ ဗိုင္းရပ္စ္ေၾကာင့္ အဆိုးဝါးဆုံးအေျခအေနကို ႀကဳံေတြ႕ရမယ့္ကာလ မေရာက္ေသးပါဘူးလို႔ WHO ၫြန္ၾကားေရးမႉးခ်ဳပ္ ဂယ္ဘ႐ိုက္စပ္ကေျပာပါတယ္။ WHO အေရးေပၚအစီအစဥ္ၫြန္ၾကားေရးမႉး Dr. Anthony Fauci ကလည္း ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးကို အလ်င္အျမန္ ေတြ႕ရွိၿပီဆိုရင္ေတာင္ ထုတ္လုပ္ဖို႔နဲ႔ ျဖန႔္ျဖဴးဖို႔အခ်ိန္လိုေသးေၾကာင္း မေန႔က သတိေပးပါတယ္။

ဒီဗိုင္းရပ္စ္ကာကြယ္ေဆးကို ကုမၸဏီ ၂ဝ ေက်ာ္က အခု ေၾကညာေျပာဆိုေနၾကၿပီး ကုမၸဏီ ၃ ခုေလာက္က လူေတြမွာ စမ္းသပ္ေနၿပီျဖစ္ေပမယ့္ အတည္ျပဳႏိုင္တဲ့ ေဆးမရွိေသးပါဘူး။ ကာကြယ္ေဆးကို ေအာင္ျမင္စြာထုတ္လုပ္ အသုံးျပဳႏိုင္ဖို႔ေနာက္ထပ္ ၁၈ လေလာက္ အနည္းဆုံးလိုဦးမယ္လို႔ သူက ေျပာပါတယ္။

ဂ်ာမဏီဝန္ႀကီးခ်ဳပ္ အန္ဂယ္လာ မာကယ္ က တ႐ုတ္အစိုးရအေနနဲ႔ ကို႐ိုနာဗိုင္းရပ္စ္ျဖစ္ပြားရပုံနဲ႔ ပတ္သက္ၿပီး ပြင့္လင္းစြာအသိေပးဖို႔ မေန႔က တိုက္တြန္းလိုက္ပါတယ္။ တ႐ုတ္ျပည္အေနနဲ႔ ပိုမိုပြင့္လင္းစြာ အသိေပးတာနဲ႔ အမွ် ကမာၻတခုလုံးအေနနဲ႔ ဒီဗိုင္းရပ္စ္ရဲ႕အႏၲရာယ္ကို ပိုမိုသိရွိၿပီး သင္ခန္းစာယူႏိုင္ၾကမွာ ျဖစ္ပါတယ္လို႔ သူမကေျပာပါတယ္။ ဂ်ာမဏီမွာ ကူးစက္ခံရသူ ၁ သိန္းခြဲနဲ႔ ေသဆုံးသူ ၄၇ဝဝ ေက်ာ္ရွိေနပါတယ္။

ဂ်ပန္ႏိုင္ငံမွာ မေန႔က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၂၅ ဦး ေသဆုံးသြားခဲ့တဲ့အတြက္ ဒါဟာ တရက္အတြင္း အမ်ားဆုံးေသဆုံးမႈျဖစ္ပါတယ္။ ဂ်ပန္မွာ လက္ရွိေသဆုံး ၂၇၆ ဦးနဲ႔ ကူးစက္ခံရသူ ၁၁၁ဝဝ ေက်ာ္ ရွိေနပါတယ္။

အင္ဒိုနီးရွားမွာ ဗိုင္းရပ္စ္ပိုး ထပ္မံကူးစက္ခံရသူ ၁၈၅ ဦးရွိတဲ့အတြက္ စုစုေပါင္း ကူးစက္ခံရသူ ၆၇၆ဝ နဲ႔ ေသဆုံးသူ ၅၉ဝ ရွိပါတယ္။ စကၤာပူႏိုင္ငံမွာလည္း တနလၤာေန႔ တရက္တည္း ၁၄၂၆ ဦးမွာ ကို႐ိုနာဗိုင္းရပ္စ္ပိုးထပ္မံေတြ႕ရွိရတဲ့ အတြက္ စံခ်ိန္တင္ေတြ႕ရွိမႈျဖစ္ၿပီး စုစုေပါင္း ကူးစက္ခံရသူ ၈ဝဝဝ ေက်ာ္သြားပါၿပီး။ ကူးစက္သူအမ်ားစုဟာ ႏိုင္ငံျခားက လာေရာက္လုပ္ကိုင္ေနတဲ့ အလုပ္သမားေတြျဖစ္ၿပီး စကၤာပူႏိုင္ငံသား သို႔မဟုတ္ အၿမဲတမ္း ေနထိုင္ခြင့္ရသူေတြက လူနာအသစ္ေတြထဲမွာ ၁၆ ဦးပဲ ရွိတယ္လို႔ က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။ စကၤာပူမွာ အခုအခ်ိန္ထိ ေသဆုံးသူ ၁၁ ဦး ရွိပါတယ္။

မေလးရွားမွာေတာ့ မေန႔က ဗိုင္းရပ္စ္ပိုး ထပ္မံကူးစက္ခံရသူ ၃၆ ဦးပဲရွိတဲ့အတြက္ စတင္ျဖစ္ပြားကတည္းက အနည္းဆုံးေတြ႕ရွိမႈျဖစ္ၿပီး စုစုေပါင္းျဖစ္ပြားသူ ၅၄ဝဝ ေက်ာ္နဲ႔ ေသဆုံးသူ ၉ဝ ခန႔္ရွိပါတယ္။ ကူးစက္ခံရသူေတြထဲက ၃၂ဝဝ ေက်ာ္က ျပန္လည္က်န္းမာလာၿပီျဖစ္လို႔ လက္ရွိကုသမႈခံယူေနရသူ ဦးေရ ၂ဝဝဝ ေက်ာ္ပဲ ရွိတယ္လို႔ မေလးရွားက်န္းမာေရးဝန္ႀကီးက ေျပာပါတယ္။

ထိုင္းႏိုင္ငံမွာေတာ့ ဗိုင္းရပ္စ္ပိုးကူးစက္ခံရသူ အသစ္ ၂၇ ဦး မေန႔က ထပ္မံေတြ႕ရွိရလို႔ စုစုေပါင္း ကူးစက္ခံရသူ ၂၈ဝဝ နီးပါးနဲ႔ ေသဆုံးသူ ၄၇ ဦးရွိပါတယ္။ ျပန္လည္က်န္းမာလာသူက ၂ဝဝဝ ရွိပါၿပီ။ ႐ုရွားမွာေတာ့ မေန႔ကတရက္တည္းမွာ ကူးစက္ခံရသူ ၄၂၆ဝ ေက်ာ္ထပ္မံေတြ႕ရလို႔ စုစုေပါင္း ကူးစက္ခံရသူ ၄၇ဝဝဝ ေက်ာ္ရွိၿပီးေသဆုံးသူက ၃၆ဝ ေက်ာ္ရွိပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ျဖစ္ပြားမႈေၾကာင့္ တျခားေရာဂါနဲ႔လူနာေတြလည္း အသက္ဆုံးေနရတယ္လို႔ အေမရိကန္ ဆရာဝန္တဦးက ေျပာပါတယ္။ ေဆး႐ုံေတြမွာ ခြဲစိပ္ခန္းေတြ၊ ဆရာဝန္ေတြနဲ႔ သူနာျပဳေတြကို ကို႐ိုနာဗိုင္းရပ္စ္ လူနာေတြ အတြက္ ဦးစားေပးေနရသလို ႏွလုံးေရာဂါနဲ႔ ကင္ဆာေရာဂါလို တျခားေရာဂါေတြနဲ႔ ခြဲစိတ္ကုသဖို႔လိုတဲ့ လူနာေတြကို ေဆး႐ုံဝန္ထမ္းေတြက မလႊဲသာမွ လက္ခံလိုတဲ့အျပင္ လူနာေတြကိုယ္တိုင္ကလည္း ေဆး႐ုံသြားရင္ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မွာကို စိုးရိမ္တဲ့အတြက္ ခ်ိန္းဆိုတဲ့အတိုင္း မသြားပဲေနၾကတာေတြ ရွိေနတယ္လို႔ နယူးေယာက္ျပည္နယ္ရွိ ဆရာဝန္ႀကီး Dr. Bruce Lowell က ေျပာၾကားပါတယ္။

ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ အေမရိကန္ျပည္ေထာင္စုမွာ ဓာတ္ဆီသုံးစြဲမႈ အလြန္ေလ်ာ့နည္းသြားၿပီးေနာက္ အရံသိုေလွာင္ထားတဲ့ ပမာဏေတြ မ်ားလာေနၿပီး ထပ္မံသိုေလွာင္စရာေနရာ မရွိသေလာက္ျဖစ္ေနတဲ့အတြက္ အေမရိကန္ ေရနံစိမ္းေစ်းႏႈန္းဟာ တပီပါကို ေဒၚလာ ၂ဝ အထိ မေန႔က က်ဆင္းသြားပါတယ္။

RFA Burmese
------------------------------------------------
(Unicode)⤵⤵⤵
ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထုတ်ဖို့ အနည်းဆုံး ၁၈ လ လိုအပ်လို့ WHO ညွှန်မှူးပြောကြား

 မြန်မာစံတော်ချိန် အင်္ဂါနေ့ မနက် ၂ နာရီ ရရှိတဲ့သတင်းတွေအရ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂၄၅ဝဝဝဝ ကျော် နဲ့သေဆုံးသူ ၁၆၈ဝဝဝ ကျော် ရှိပြီး ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတော့ ကူးစက်ခံရသူ ၇၇ဝဝဝဝ ကျော်နဲ့သေဆုံးသူ ၄၁ဝဝဝ ကျော် ရှိသွားပါပြီ။ သေဆုံးသူ ၁၄၃ဝဝ ကျော်ပြီဖြစ်တဲ့ နယူးယောက်ပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မနေ့က သေဆုံးသူ ၄၇၈ ဦးပဲရှိတဲ့အတွက် တရက်အတွင်း အနည်းဆုံးသေဆုံးမှုဖြစ်ပါတယ်။

အမေရိကန်ပြည်ထောင်စုရှိပြည်နယ်တချို့မှာ တားမြစ်ကန့်သတ်မှုတွေကို ရုပ်သိမ်းပေးဖို့ ဆန္ဒပြကန့်ကွက်မှုတွေ ပေါ်ပေါက်နေပါတယ်။ ပင်န်ဆီဗေးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးက လာမယ့် မေလ ၈ ရက်နေ့မှာ ကန့်သတ်မှုတချို့ကို ရုပ်သိမ်းပေးမယ်လို့ ပြောပေမယ့် ပြည်နယ်အစိုးရရုံးရှေ့မှာ မနေ့က လာရောက် ဆန္ဒပြခဲ့သူ ထောင်ပေါင်းများစွာက ကန့်သတ်မှုအားလုံးကို ရုပ်သိမ်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒီဗိုင်းရပ်စ်ကူးစက်မှု ဒုတိယ အများဆုံးဖြစ်တဲ့ စပိန်နိုင်ငံမှာတော့ ကူးစက်ခံရသူ ၂ သိန်းကျော်နဲ့ သေဆုံးသူ ၂ သောင်းကျော်ရှိပြီး တတိယဖြစ်တဲ့ အီတလီမှာ ကူးစက်ခံရသူ ၁၈ဝဝဝဝ နဲ့ သေဆုံးသူ ၂၄ဝဝဝ ကျော်ရှိပါတယ်။

အိန္ဒိယအစိုးရက ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပိတ်ပင်ထားတဲ့ တားမြစ်ချက်တွေကို ရုပ်သိမ်းပေးကာ ကုန်ထုတ်လုပ်မှုနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေကို ပြန်လည်လုပ်ကိုင်ခွင့်ပေးလိုက်ပြီးနောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူဦးရေဟာ မနေ့က စံချိန်တင်ထိုးတက်သွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း အိန္ဒိယမှာ ကူးစက်ခံရသူ ၁၅၅ဝ ကျော်ထပ်မံတွေ့ရှိရတဲ့အတွက် စုစုပေါင်းကူးစက်မှု ၁၇ဝဝဝ ကျော်သွားပြီဖြစ်ပြီး သေဆုံးသူဦးရေက ၅၄ဝ ကျော်ပါပြီ။

တရုတ်အစိုးရက ဒီဗိုင်းရပ်စ် အဓိကကူးစက်ဖြစ်ပွားခဲ့တဲ့ ဟူဘေးပြည်နယ်က အထက်တန်းကျောင်းတွေကို လာမယ့် မေလ ၆ ရက်နေ့ ပြန်ဖွင့်မယ်လို့ မနေ့ကပြောပါတယ်။ တရုတ်ပြည်တွင်းမှာ ဗိုင်းရပ်စ်ကူးစက်မှုကို အစိုးရက ထိန်းချုပ်နိုင်ပြီးနောက် ဇန်နဝါရီလက ပြဌာန်းခဲ့တဲ့ ပိတ်ပင်မှုတွေကို လျှော့ပေးလိုက်တာ ဖြစ်ပါတယ်။

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တားမြစ်ထားတဲ့ ကန့်သတ်မှုတွေကို အလျင်စလိုပြန်လည်မရုပ်သိမ်းကြပါနဲ့လို့ မနေ့က သတိပေးပါတယ်။ ဒီ ဗိုင်းရပ်စ်ကြောင့် အဆိုးဝါးဆုံးအခြေအနေကို ကြုံတွေ့ရမယ့်ကာလ မရောက်သေးပါဘူးလို့ WHO ညွန်ကြားရေးမှူးချုပ် ဂယ်ဘရိုက်စပ်ကပြောပါတယ်။ WHO အရေးပေါ်အစီအစဉ်ညွန်ကြားရေးမှူး Dr. Anthony Fauci ကလည်း ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို အလျင်အမြန် တွေ့ရှိပြီဆိုရင်တောင် ထုတ်လုပ်ဖို့နဲ့ ဖြန့်ဖြူးဖို့အချိန်လိုသေးကြောင်း မနေ့က သတိပေးပါတယ်။

ဒီဗိုင်းရပ်စ်ကာကွယ်ဆေးကို ကုမ္ပဏီ ၂ဝ ကျော်က အခု ကြေညာပြောဆိုနေကြပြီး ကုမ္ပဏီ ၃ ခုလောက်က လူတွေမှာ စမ်းသပ်နေပြီဖြစ်ပေမယ့် အတည်ပြုနိုင်တဲ့ ဆေးမရှိသေးပါဘူး။ ကာကွယ်ဆေးကို အောင်မြင်စွာထုတ်လုပ် အသုံးပြုနိုင်ဖို့နောက်ထပ် ၁၈ လလောက် အနည်းဆုံးလိုဦးမယ်လို့ သူက ပြောပါတယ်။

ဂျာမဏီဝန်ကြီးချုပ် အန်ဂယ်လာ မာကယ် က တရုတ်အစိုးရအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားရပုံနဲ့ ပတ်သက်ပြီး ပွင့်လင်းစွာအသိပေးဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။ တရုတ်ပြည်အနေနဲ့ ပိုမိုပွင့်လင်းစွာ အသိပေးတာနဲ့ အမျှ ကမ္ဘာတခုလုံးအနေနဲ့ ဒီဗိုင်းရပ်စ်ရဲ့အန္တရာယ်ကို ပိုမိုသိရှိပြီး သင်ခန်းစာယူနိုင်ကြမှာ ဖြစ်ပါတယ်လို့ သူမကပြောပါတယ်။ ဂျာမဏီမှာ ကူးစက်ခံရသူ ၁ သိန်းခွဲနဲ့ သေဆုံးသူ ၄၇ဝဝ ကျော်ရှိနေပါတယ်။

ဂျပန်နိုင်ငံမှာ မနေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၅ ဦး သေဆုံးသွားခဲ့တဲ့အတွက် ဒါဟာ တရက်အတွင်း အများဆုံးသေဆုံးမှုဖြစ်ပါတယ်။ ဂျပန်မှာ လက်ရှိသေဆုံး ၂၇၆ ဦးနဲ့ ကူးစက်ခံရသူ ၁၁၁ဝဝ ကျော် ရှိနေပါတယ်။

အင်ဒိုနီးရှားမှာ ဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်ခံရသူ ၁၈၅ ဦးရှိတဲ့အတွက် စုစုပေါင်း ကူးစက်ခံရသူ ၆၇၆ဝ နဲ့ သေဆုံးသူ ၅၉ဝ ရှိပါတယ်။ စင်္ကာပူနိုင်ငံမှာလည်း တနင်္လာနေ့ တရက်တည်း ၁၄၂၆ ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုးထပ်မံတွေ့ရှိရတဲ့ အတွက် စံချိန်တင်တွေ့ရှိမှုဖြစ်ပြီး စုစုပေါင်း ကူးစက်ခံရသူ ၈ဝဝဝ ကျော်သွားပါပြီး။ ကူးစက်သူအများစုဟာ နိုင်ငံခြားက လာရောက်လုပ်ကိုင်နေတဲ့ အလုပ်သမားတွေဖြစ်ပြီး စင်္ကာပူနိုင်ငံသား သို့မဟုတ် အမြဲတမ်း နေထိုင်ခွင့်ရသူတွေက လူနာအသစ်တွေထဲမှာ ၁၆ ဦးပဲ ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။ စင်္ကာပူမှာ အခုအချိန်ထိ သေဆုံးသူ ၁၁ ဦး ရှိပါတယ်။

မလေးရှားမှာတော့ မနေ့က ဗိုင်းရပ်စ်ပိုး ထပ်မံကူးစက်ခံရသူ ၃၆ ဦးပဲရှိတဲ့အတွက် စတင်ဖြစ်ပွားကတည်းက အနည်းဆုံးတွေ့ရှိမှုဖြစ်ပြီး စုစုပေါင်းဖြစ်ပွားသူ ၅၄ဝဝ ကျော်နဲ့ သေဆုံးသူ ၉ဝ ခန့်ရှိပါတယ်။ ကူးစက်ခံရသူတွေထဲက ၃၂ဝဝ ကျော်က ပြန်လည်ကျန်းမာလာပြီဖြစ်လို့ လက်ရှိကုသမှုခံယူနေရသူ ဦးရေ ၂ဝဝဝ ကျော်ပဲ ရှိတယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးက ပြောပါတယ်။

ထိုင်းနိုင်ငံမှာတော့ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အသစ် ၂၇ ဦး မနေ့က ထပ်မံတွေ့ရှိရလို့ စုစုပေါင်း ကူးစက်ခံရသူ ၂၈ဝဝ နီးပါးနဲ့ သေဆုံးသူ ၄၇ ဦးရှိပါတယ်။ ပြန်လည်ကျန်းမာလာသူက ၂ဝဝဝ ရှိပါပြီ။ ရုရှားမှာတော့ မနေ့ကတရက်တည်းမှာ ကူးစက်ခံရသူ ၄၂၆ဝ ကျော်ထပ်မံတွေ့ရလို့ စုစုပေါင်း ကူးစက်ခံရသူ ၄၇ဝဝဝ ကျော်ရှိပြီးသေဆုံးသူက ၃၆ဝ ကျော်ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုကြောင့် တခြားရောဂါနဲ့လူနာတွေလည်း အသက်ဆုံးနေရတယ်လို့ အမေရိကန် ဆရာဝန်တဦးက ပြောပါတယ်။ ဆေးရုံတွေမှာ ခွဲစိပ်ခန်းတွေ၊ ဆရာဝန်တွေနဲ့ သူနာပြုတွေကို ကိုရိုနာဗိုင်းရပ်စ် လူနာတွေ အတွက် ဦးစားပေးနေရသလို နှလုံးရောဂါနဲ့ ကင်ဆာရောဂါလို တခြားရောဂါတွေနဲ့ ခွဲစိတ်ကုသဖို့လိုတဲ့ လူနာတွေကို ဆေးရုံဝန်ထမ်းတွေက မလွှဲသာမှ လက်ခံလိုတဲ့အပြင် လူနာတွေကိုယ်တိုင်ကလည်း ဆေးရုံသွားရင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှာကို စိုးရိမ်တဲ့အတွက် ချိန်းဆိုတဲ့အတိုင်း မသွားပဲနေကြတာတွေ ရှိနေတယ်လို့ နယူးယောက်ပြည်နယ်ရှိ ဆရာဝန်ကြီး Dr. Bruce Lowell က ပြောကြားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်ပြည်ထောင်စုမှာ ဓာတ်ဆီသုံးစွဲမှု အလွန်လျော့နည်းသွားပြီးနောက် အရံသိုလှောင်ထားတဲ့ ပမာဏတွေ များလာနေပြီး ထပ်မံသိုလှောင်စရာနေရာ မရှိသလောက်ဖြစ်နေတဲ့အတွက် အမေရိကန် ရေနံစိမ်းဈေးနှုန်းဟာ တပီပါကို ဒေါ်လာ ၂ဝ အထိ မနေ့က ကျဆင်းသွားပါတယ်။

RFA Burmese
https://www.facebook.com/rfaburmese/
ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထုတ္ဖို႔ အနည္းဆုံး ၁၈ လ လိုအပ္လို႔ WHO ၫႊန္မႉးေျပာၾကား ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးထုတ္ဖို႔ အနည္းဆုံး ၁၈ လ လိုအပ္လို႔ WHO ၫႊန္မႉးေျပာၾကား Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.