UK မွာ ႀကိဳတင္ျပင္ဆင္မႈနည္းခဲ့တဲ့အတြက္ က်န္းမာေရး၀န္ထမ္း အမ်ားအျပား ေသဆုံး


(Zawgyi/Unicode)

ယူေကႏိုင္ငံမွာ PPE ကာကြယ္ေရး၀တ္စံုေတြ အလံုအေလာက္မရွိတဲ့အတြက္ ျမန္မာအထူးကု တဦး ကူးစက္ခံရၿပီး ေသဆံုးခဲ့တဲ့ျဖစ္ရပ္အပါအ၀င္ ဆရာ၀န္၊ သူနာျပဳ ၅၀ နီးပါး ဗိုင္းရပ္စ္ ကူးစက္ ေသဆံုးခဲ့ပါတယ္။ မအင္ၾကင္းႏိုင္က ဆက္လက္တင္ျပမွာပါ။

ေခတ္မီေဆး၀ါးကုသမႈေတြ ေပးႏိုင္တဲ့ ယူေက လုိႏိုင္ငံႀကီးမွာ အစိုးရအေနနဲ႕ ကိုဗစ္ကပ္ေရာဂါ အတြက္ ေသခ်ာျပင္ဆင္ႏိုင္ျခင္းမရွိခဲ့တဲ့ ရလဒ္အျဖစ္ ေရွ႕တန္းက ကုသေပးေနတဲ့ က်န္းမာေရး၀န္ထမ္းေတြ ပါ ကူးစက္ေသဆံုးခဲ့ရတဲ့ ျဖစ္ရပ္ဟာ လံုး၀ မျဖစ္သင့္ဘူးလို႔ Leeds ၿမိဳ႕က ဆီးခ်ဴိ အထူးကု သမားေတာ္ ေဒါက္တာ သက္ကိုကို က ဗီြအိုေအကိုေျပာပါတယ္။

"အဓိကေတာ့ သူတို႔ႀကိဳတင္ျပင္ဆင္ထားျခင္းမရွိပါဘူး။သူတို႔သိေနတာပဲေလ လာေတာ့မယ္ဆိုတာ အဲဒါကို သူတို႔က ရန္သူကို ေလ်ာ့တြက္ခဲ့လို႔ေပါ့ေနာ္။ ဒီလိုလာမယ္ဆိုတာ သိသိႀကီးနဲ႔ ေသေသခ်ာခ်ာ မလုပ္ထားခဲ့ဘူး။ ၿပီးလို႔ရွိရင္ ကမၻာ့က်န္းမာေရးအဖဲြ႕နဲ႔ တရုတ္က လာတဲ့ အခ်က္အလက္ေတြကလည္း နည္းနည္း မွားေနတယ္ေပါ့။ အေရအတြက္ကို ေလ်ာ့ေျပာတဲ့ သေဘာမ်ဳိး ျဖစ္ေနတယ္။ အဲဒီအတြက္ ရန္သူကို အထင္ေသးခဲ့တယ္။ ႀကိဳတင္ျပင္ဆင္ခဲ့ျခင္းမရွိခဲ့ဘူး။ test ေတြေကာင္းေကာင္းမလုပ္ခဲ့ဘူး၊ quarantine ေတြ ေသေသခ်ာခ်ာမလုပ္ခဲ့ဘူး ။ ၿပီးလို႔ရွိရင္ PPE လို၀တ္စံုေတြကို ကိုယ့္ရဲ႕ က်န္းမာေရး၀န္ထမ္းေတြအတြက္ လံုလံုေလာက္ေလာက္ မစုေဆာင္းထားခဲ့ဘူး။ "

ၿပီးခဲ့တဲ့ သီတင္းပတ္က COVID-19 ေရာဂါကူးစက္ခံရၿပီး ေသဆံုးသြားတဲ့ ယူေကႏိုင္ငံ ရက္ဒင္းၿမိဳ႕က ျပန္လည္ သန္စြမ္းမႈေလ့က်င့္ေရး အထူးကု သမားေတာ္ ေဒါက္တာ ပီတာခင္ထြန္း အသက္ (၆၂) ႏွစ္ဆိုရင္ သူ႔ေဆးရံုမွာ mask ႏွာေခါင္းစည္းနဲ႔ PPE ၀တ္စံုေတြ အလံုအေလာက္မရွိတဲ့အတြက္ လူနာၾကည့္ခ်ိန္မွာ တပ္ခြင့္မရခဲ့ပဲ၊ ေရာဂါကူးစက္ခံရတဲ့ ျဖစ္ရပ္ႀကံဳေတြခဲ့ရပံုကို မိသားစုနဲ႔ ခင္မင္ရင္းႏွီးသူလည္းျဖစ္ၿပီး ေျပာျပခြင့္လည္းရွိတဲ့ ေဒါက္တာ သက္ကိုကိုက အခုလိုေျပာပါတယ္။

"ဆရာက တကယ္က အရမ္းေတာ္ပါတယ္။ သူက neuro rehab ဆိုတဲ့ ေနရာမွာ အလုပ္လုပ္ပါတယ္။ ေလျဖတ္သူေတြ၊ ကားတိုက္ခံရသူေတြ၊ ကိုယ္လက္ မလႈပ္ရွားႏိုင္သူေတြကို ျပန္လည္ပ်ဳိးေထာင္ ျပဳစုတဲ့ဌာနမွာ သူကလုပ္ရပါတယ္။ သူကေျပာတယ္ ကိုဗစ္ေရာဂါကူးစက္ေနတဲ့အခ်ိန္ လူနာေတြကို ၾကည့္တဲ့ေနရာမွာ PPE လိုတယ္လို႔ ေျပာတယ္။ အဓိက mask ေပါ့ေနာ္။ သူ႔ကို ေဆးရံုကေျပာတာက ကိုဗစ္လူနာကို ၾကည့္တာမဟုတ္တဲ့အတြက္ မေပးႏိုင္ဘူးလို႔ ေျပာတဲ့အခါမွာ သူ PPE မရပဲနဲ႔ လူနာကိုၾကည့္လိုက္ရတဲ့အခါမွာ ဆရာက သူ႔လူနာေတြဆီကေန ကူးၿပီးေတာ့ ကိုဗစ္ေရာဂါ ရရွိၿပီးေတာ့ ေနာက္ဆံုး အရမ္းကို အေျခအေနဆိုးၿပီးေတာ့ အထူးၾကပ္မတ္ေဆာင္ကိုပို႔ရၿပီး ေနာက္ဆံုး စိတ္မေကာင္းစရာပဲ အသက္ပါ ဆံုးရွဳံးသြားပါတယ္။"

ေဒါက္တာပီတာခင္ထြန္းရဲ႕ ဇနီးလည္း ကိုဗစ္ေရာဂါကူးစက္ခံထားရၿပီး၊ ေဆးရံုတင္ ကုသမႈ ခံယူ ေနေၾကာင္း ေဒါက္တာ သက္ကိုကိုကေျပာပါတယ္။

ေဒါက္တာပီတာခင္ထြန္းလိုပဲ ကိုဗစ္ေရာဂါကူးစက္ေသဆံုးခဲ့တဲ့ ဆရာ၀န္၊ သူနာျပဳေပါင္း ၅၀နီးပါး ရွိေနၿပီး ယူေက အစိုးရ က်န္းမာေရး၀န္ထမ္း ၃၀% ေက်ာ္ဟာ ေဆးခြင့္ယူထားရတယ္လို႔ ေဒါက္တာ သက္ကိုကိုက ဆိုပါတယ္။

ယူေကမွာ PPE ကာကြယ္ေရး၀တ္စံုေတြ အလံုအေလာက္မရွိတဲ့အတြက္ ႏိုင္ငံတကာကေန ၀ယ္ယူႏိုင္ဖို႔ ႀကိဳးစားေနရာမွာ မေန႔ တနလၤာေန႔က ျမန္မာႏိုင္ငံက ၀တ္စံုေပါင္း ၁၄၀၀၀၀ (တသိန္း ေလးေသာင္း) ေက်ာ္ ယူေကကို ေရာက္ရွိခဲ့တယ္လို႔ အစိုးရက ေၾကညာသြားပါတယ္။ ဒါနဲ႔ ပတ္သက္လို႔ ေဒါက္တာသက္ကိုကိုရဲ႕ အျမင္ကေတာ့

"က်ေနာ္တို႔ ထင္တာကေတာ့ ျမန္မာျပည္က contract ယူထားတဲ့ အထည္ခ်ဳပ္စက္ရံုတရံုကေန ခ်ဳပ္ေပးတယ္လို႔ က်ေနာ္တို႔ ယူဆရပါတယ္။ က်ေနာ္တို႔အေနနဲ႔ ေမွ်ာ္လင့္တာကေတာ့ က်ေနာ္တို႔ေတြ သံုးသင့္တဲ့ေနရာမွာ ပိုသံုးခြင့္ ရပါလိမ့္မယ္။ အဲဒီလိုနည္းအားျဖင့္ က်ေနာ္တို႔ NHS အစိုးရ က်န္းမာေရး၀န္ထမ္းေတြ အားလံုးရဲ႕ အသက္ေတြမဆံုးရွဳံးေအာင္ အမ်ားႀကီး အေထာက္အကူ ေပးလိမ့္မယ္လို႔ က်ေနာ္ထင္ပါတယ္။ "

ယူေကမွာ ကိုဗစ္ေရာဂါေၾကာင့္ ေသဆံုးသူ ျမန္မာတခ်ဳိ႕ရွိေနၿပီး ေဒါက္တာပီတာခင္ထြန္းအပါအ၀င္ အျခားပင္စင္စား အသက္ (၇၀) ေက်ာ္အရြယ္ ျမန္မာသမားေတာ္ ႏွစ္ဦးလည္း ေသဆံုးခဲ့ေၾကာင္း ေဒါက္တာ သက္ကိုကိုကေျပာပါတယ္။

လက္ရွိ ကိုရိုနာဗိုင္းရပ္စ္ကူးစက္ခံရတဲ့ လူနာအသစ္အေရအတြက္ ယူေကႏိုင္ငံမွာ က်ဆင္းလာခဲ့ေပမယ့္ lock down အိမ္မွာပဲေနဖို႔နဲ႕ အျခားစီးပြားေရးလုပ္ငန္းေတြ ယာယီပိတ္ထားတဲ့ ကာလကို ေမလ (၅)ရက္ေန႔အထိ ယူေကအစိုးရက ထပ္ၿပီးတိုးခ်ဲ႕ခဲ့ပါတယ္။ ယူေကႏိုင္ငံမွာ ဗိုင္းရပ္စ္ ကူးစက္ခံရသူေပါင္း တသိန္းႏွစ္ေသာင္းေက်ာ္နဲ႔ ေသဆံုးသူေပါင္း တေသာင္းေျခာက္ေထာင္ေက်ာ္ ရွိေနပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအိုေအ (ျမန္မာပုိင္း)
---------------------------------------------

UK မှာ ကြိုတင်ပြင်ဆင်မှုနည်းခဲ့တဲ့အတွက် ကျန်းမာရေးဝန်ထမ်း အများအပြား သေဆုံး

(Unicode)

ယူကေနိုင်ငံမှာ PPE ကာကွယ်ရေးဝတ်စုံတွေ အလုံအလောက်မရှိတဲ့အတွက် မြန်မာအထူးကု တဦး ကူးစက်ခံရပြီး သေဆုံးခဲ့တဲ့ဖြစ်ရပ်အပါအဝင် ဆရာဝန်၊ သူနာပြု ၅၀ နီးပါး ဗိုင်းရပ်စ် ကူးစက် သေဆုံးခဲ့ပါတယ်။ မအင်ကြင်းနိုင်က ဆက်လက်တင်ပြမှာပါ။

ခေတ်မီဆေးဝါးကုသမှုတွေ ပေးနိုင်တဲ့ ယူကေ လိုနိုင်ငံကြီးမှာ အစိုးရအနေနဲ့ ကိုဗစ်ကပ်ရောဂါ အတွက် သေချာပြင်ဆင်နိုင်ခြင်းမရှိခဲ့တဲ့ ရလဒ်အဖြစ် ရှေ့တန်းက ကုသပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေ ပါ ကူးစက်သေဆုံးခဲ့ရတဲ့ ဖြစ်ရပ်ဟာ လုံး၀ မဖြစ်သင့်ဘူးလို့ Leeds မြို့က ဆီးချိူ အထူးကု သမားတော် ဒေါက်တာ သက်ကိုကို က ဗွီအိုအေကိုပြောပါတယ်။

"အဓိကတော့ သူတို့ကြိုတင်ပြင်ဆင်ထားခြင်းမရှိပါဘူး။သူတို့သိနေတာပဲလေ လာတော့မယ်ဆိုတာ အဲဒါကို သူတို့က ရန်သူကို လျော့တွက်ခဲ့လို့ပေါ့နော်။ ဒီလိုလာမယ်ဆိုတာ သိသိကြီးနဲ့ သေသေချာချာ မလုပ်ထားခဲ့ဘူး။ ပြီးလို့ရှိရင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ တရုတ်က လာတဲ့ အချက်အလက်တွေကလည်း နည်းနည်း မှားနေတယ်ပေါ့။ အရေအတွက်ကို လျော့ပြောတဲ့ သဘောမျိုး ဖြစ်နေတယ်။ အဲဒီအတွက် ရန်သူကို အထင်သေးခဲ့တယ်။ ကြိုတင်ပြင်ဆင်ခဲ့ခြင်းမရှိခဲ့ဘူး။ test တွေကောင်းကောင်းမလုပ်ခဲ့ဘူး၊ quarantine တွေ သေသေချာချာမလုပ်ခဲ့ဘူး ။ ပြီးလို့ရှိရင် PPE လိုဝတ်စုံတွေကို ကိုယ့်ရဲ့ ကျန်းမာရေးဝန်ထမ်းတွေအတွက် လုံလုံလောက်လောက် မစုဆောင်းထားခဲ့ဘူး။ "

ပြီးခဲ့တဲ့ သီတင်းပတ်က COVID-19 ရောဂါကူးစက်ခံရပြီး သေဆုံးသွားတဲ့ ယူကေနိုင်ငံ ရက်ဒင်းမြို့က ပြန်လည် သန်စွမ်းမှုလေ့ကျင့်ရေး အထူးကု သမားတော် ဒေါက်တာ ပီတာခင်ထွန်း အသက် (၆၂) နှစ်ဆိုရင် သူ့ဆေးရုံမှာ mask နှာခေါင်းစည်းနဲ့ PPE ဝတ်စုံတွေ အလုံအလောက်မရှိတဲ့အတွက် လူနာကြည့်ချိန်မှာ တပ်ခွင့်မရခဲ့ပဲ၊ ရောဂါကူးစက်ခံရတဲ့ ဖြစ်ရပ်ကြုံတွေခဲ့ရပုံကို မိသားစုနဲ့ ခင်မင်ရင်းနှီးသူလည်းဖြစ်ပြီး ပြောပြခွင့်လည်းရှိတဲ့ ဒေါက်တာ သက်ကိုကိုက အခုလိုပြောပါတယ်။

"ဆရာက တကယ်က အရမ်းတော်ပါတယ်။ သူက neuro rehab ဆိုတဲ့ နေရာမှာ အလုပ်လုပ်ပါတယ်။ လေဖြတ်သူတွေ၊ ကားတိုက်ခံရသူတွေ၊ ကိုယ်လက် မလှုပ်ရှားနိုင်သူတွေကို ပြန်လည်ပျိုးထောင် ပြုစုတဲ့ဌာနမှာ သူကလုပ်ရပါတယ်။ သူကပြောတယ် ကိုဗစ်ရောဂါကူးစက်နေတဲ့အချိန် လူနာတွေကို ကြည့်တဲ့နေရာမှာ PPE လိုတယ်လို့ ပြောတယ်။ အဓိက mask ပေါ့နော်။ သူ့ကို ဆေးရုံကပြောတာက ကိုဗစ်လူနာကို ကြည့်တာမဟုတ်တဲ့အတွက် မပေးနိုင်ဘူးလို့ ပြောတဲ့အခါမှာ သူ PPE မရပဲနဲ့ လူနာကိုကြည့်လိုက်ရတဲ့အခါမှာ ဆရာက သူ့လူနာတွေဆီကနေ ကူးပြီးတော့ ကိုဗစ်ရောဂါ ရရှိပြီးတော့ နောက်ဆုံး အရမ်းကို အခြေအနေဆိုးပြီးတော့ အထူးကြပ်မတ်ဆောင်ကိုပို့ရပြီး နောက်ဆုံး စိတ်မကောင်းစရာပဲ အသက်ပါ ဆုံးရှုံးသွားပါတယ်။"

ဒေါက်တာပီတာခင်ထွန်းရဲ့ ဇနီးလည်း ကိုဗစ်ရောဂါကူးစက်ခံထားရပြီး၊ ဆေးရုံတင် ကုသမှု ခံယူ နေကြောင်း ဒေါက်တာ သက်ကိုကိုကပြောပါတယ်။

ဒေါက်တာပီတာခင်ထွန်းလိုပဲ ကိုဗစ်ရောဂါကူးစက်သေဆုံးခဲ့တဲ့ ဆရာဝန်၊ သူနာပြုပေါင်း ၅၀နီးပါး ရှိနေပြီး ယူကေ အစိုးရ ကျန်းမာရေးဝန်ထမ်း ၃၀% ကျော်ဟာ ဆေးခွင့်ယူထားရတယ်လို့ ဒေါက်တာ သက်ကိုကိုက ဆိုပါတယ်။

ယူကေမှာ PPE ကာကွယ်ရေးဝတ်စုံတွေ အလုံအလောက်မရှိတဲ့အတွက် နိုင်ငံတကာကနေ ဝယ်ယူနိုင်ဖို့ ကြိုးစားနေရာမှာ မနေ့ တနင်္လာနေ့က မြန်မာနိုင်ငံက ဝတ်စုံပေါင်း ၁၄၀၀၀၀ (တသိန်း လေးသောင်း) ကျော် ယူကေကို ရောက်ရှိခဲ့တယ်လို့ အစိုးရက ကြေညာသွားပါတယ်။ ဒါနဲ့ ပတ်သက်လို့ ဒေါက်တာသက်ကိုကိုရဲ့ အမြင်ကတော့

"ကျနော်တို့ ထင်တာကတော့ မြန်မာပြည်က contract ယူထားတဲ့ အထည်ချုပ်စက်ရုံတရုံကနေ ချုပ်ပေးတယ်လို့ ကျနော်တို့ ယူဆရပါတယ်။ ကျနော်တို့အနေနဲ့ မျှော်လင့်တာကတော့ ကျနော်တို့တွေ သုံးသင့်တဲ့နေရာမှာ ပိုသုံးခွင့် ရပါလိမ့်မယ်။ အဲဒီလိုနည်းအားဖြင့် ကျနော်တို့ NHS အစိုးရ ကျန်းမာရေးဝန်ထမ်းတွေ အားလုံးရဲ့ အသက်တွေမဆုံးရှုံးအောင် အများကြီး အထောက်အကူ ပေးလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ "

ယူကေမှာ ကိုဗစ်ရောဂါကြောင့် သေဆုံးသူ မြန်မာတချို့ရှိနေပြီး ဒေါက်တာပီတာခင်ထွန်းအပါအဝင် အခြားပင်စင်စား အသက် (၇၀) ကျော်အရွယ် မြန်မာသမားတော် နှစ်ဦးလည်း သေဆုံးခဲ့ကြောင်း ဒေါက်တာ သက်ကိုကိုကပြောပါတယ်။

လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာအသစ်အရေအတွက် ယူကေနိုင်ငံမှာ ကျဆင်းလာခဲ့ပေမယ့် lock down အိမ်မှာပဲနေဖို့နဲ့ အခြားစီးပွားရေးလုပ်ငန်းတွေ ယာယီပိတ်ထားတဲ့ ကာလကို မေလ (၅)ရက်နေ့အထိ ယူကေအစိုးရက ထပ်ပြီးတိုးချဲ့ခဲ့ပါတယ်။ ယူကေနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း တသိန်းနှစ်သောင်းကျော်နဲ့ သေဆုံးသူပေါင်း တသောင်းခြောက်ထောင်ကျော် ရှိနေပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/uk-myanmar-doctor-dead-covid-/5382768.html
UK မွာ ႀကိဳတင္ျပင္ဆင္မႈနည္းခဲ့တဲ့အတြက္ က်န္းမာေရး၀န္ထမ္း အမ်ားအျပား ေသဆုံး UK မွာ ႀကိဳတင္ျပင္ဆင္မႈနည္းခဲ့တဲ့အတြက္ က်န္းမာေရး၀န္ထမ္း အမ်ားအျပား ေသဆုံး Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.