ကို႐ိုနာဗိုင္းရပ္စ္စစ္မယ့္ ဓာတ္ခြဲခန္းေနာက္တစ္ခုရန္ကုန္မွာ ထပ္တိုး

ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ေရးဟာ ေရရွည္တိုက္ပြဲျဖစ္
(Zawgyi)⤵⤵⤵
ရန္ကုန္က ေဆးသုေတသနဦးစီးဌာနမွာ ရွိတဲ့ ဇီဝလုံၿခဳံမႈအဆင့္(၂+) ရွိ ဓာတ္ခြဲခန္းမွာ ကိုဗစ္-၁၉ ဓာတ္ခြဲစစ္ေဆးမႈေတြ ရက္ပိုင္းအတြင္း ျပဳလုပ္ေတာ့မွာျဖစ္တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာန ေျပာခြင့္ရအဖြဲ႕ဝင္ ေဒါက္တာသန္းႏိုင္စိုးက ဘီဘီစီကို ေျပာပါတယ္။

ရန္ကုန္မွာ ကို႐ိုနာဗိုင္းရပ္စ္ ဓာတ္ခြဲစမ္းသပ္မႈေတြကို အမ်ိဳးသားက်န္းမာေရးဓာတ္ခြဲဌာန (NHL) တစ္ခုတည္းကေန လုပ္ကိုင္ေနတာျဖစ္ၿပီး တစ္ရက္ကို အရင္က နမူနာ ၃၀၀ စစ္ေဆးႏိုင္ၿပီး အခုေနာက္ပိုင္းမွာ စစ္ေဆးႏိုင္တဲ့အေရအတြက္ တိုးလာပါတယ္။

အခုအခါ ဒီဓာတ္ခြဲခန္းအျပင္ ေဆးသုေတသနဦးစီးဌာနမွာရွိတဲ့ ဓာတ္ခြဲခန္းကိုပါ အသုံးျပဳေတာ့မွာျဖစ္လို႔ ေန႔စဥ္ စစ္ေဆးႏိုင္တဲ့အေရအတြက္ အခုထက္ ပိုၿပီး တိုးလာမွာေသခ်ာတယ္လို႔လည္း ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

တ႐ုတ္ေဆးပညာရွင္အဖြဲ႕ကလည္း ဧၿပီ ၂၁ ရက္ ဒီကေန႔မွာ ျမန္မာက ျပန္လည္ထြက္ခြာမွာျဖစ္ၿပီး သူတို႔နဲ႔ အတူပါလာတဲ့ ဓာတ္ခြဲစမ္းသပ္ပစၥည္းေတြကို ျမန္မာကို လႊဲေျပာင္းဖို႔ရွိေနပါတယ္။

ဒါေပမဲ့ ျမန္မာက သုံးေနတဲ့ စစ္ေဆးတဲ့နည္းပညာနဲ႔ တ႐ုတ္က သုံးတဲ့နည္းပညာ မတူညီတဲ့အတြက္ ဒီပစၥည္းေတြနဲ႔ တ႐ုတ္နည္းပညာဆက္သုံး မသုံးကေတာ့ လက္တေလာမွာ မသိရေသးဘူးလို႔ ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။

မ်ားမ်ားစစ္လို႔ရေအာင္ အခုလို ဌာနေတြခြဲစစ္ေဆးတာျဖစ္ၿပီး ကို႐ိုနာဗိုင္းရပ္စ္ ဟာ ေရရွည္တိုက္ပြဲျဖစ္တဲ့အတြက္ NHL တစ္ခုတည္းနဲ႔ ေတာက္ေလွ်ာက္ဆိုရင္ မလြယ္ကူတဲ့အေျခအေနျဖစ္တယ္လို႔ ကူးစက္ေရာဂါဌာနက တာဝန္ရွိသူတစ္ဦးက ရွင္းျပပါတယ္။

ဇီဝလုံၿခဳံမႈအဆင့္(Biosafety Level) က အဆင့္ေလးဆင့္ရွိၿပီး ကူးစက္မႈႏႈန္းနဲ႔ ေရာဂါပိုးေပၚ မူတည္ၿပီး ကိုင္တြယ္ရတဲ့အဆင့္ျဖစ္တယ္လို႔ ဆိုပါတယ္။

ကိုဗစ္၁၉ ဓာတ္ခြဲႏိုင္တဲ့ဌာနကို ရန္ကုန္မွာ ႏွစ္ခုအျပင္ မႏၲေလးနဲ႔ ေမာ္လၿမိဳင္မွာလည္း ျပင္ဆင္ေနၿပီျဖစ္ၿပီး မႏၲေလးက အသင့္နီးပါးျဖစ္ေနၿပီလို႔ ဆိုပါတယ္။

BBC Burmese
--------------------------------------
(Unicode)⤵⤵⤵
 ကိုရိုနာဗိုင်းရပ်စ်စစ်မယ့် ဓာတ်ခွဲခန်းနောက်တစ်ခုရန်ကုန်မှာ ထပ်တိုး

ရန်ကုန်က ဆေးသုတေသနဦးစီးဌာနမှာ ရှိတဲ့ ဇီဝလုံခြုံမှုအဆင့်(၂+) ရှိ ဓာတ်ခွဲခန်းမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှုတွေ ရက်ပိုင်းအတွင်း ပြုလုပ်တော့မှာဖြစ်တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ပြောခွင့်ရအဖွဲ့ဝင် ဒေါက်တာသန်းနိုင်စိုးက ဘီဘီစီကို ပြောပါတယ်။

ရန်ကုန်မှာ ကိုရိုနာဗိုင်းရပ်စ် ဓာတ်ခွဲစမ်းသပ်မှုတွေကို အမျိုးသားကျန်းမာရေးဓာတ်ခွဲဌာန (NHL) တစ်ခုတည်းကနေ လုပ်ကိုင်နေတာဖြစ်ပြီး တစ်ရက်ကို အရင်က နမူနာ ၃၀၀ စစ်ဆေးနိုင်ပြီး အခုနောက်ပိုင်းမှာ စစ်ဆေးနိုင်တဲ့အရေအတွက် တိုးလာပါတယ်။

အခုအခါ ဒီဓာတ်ခွဲခန်းအပြင် ဆေးသုတေသနဦးစီးဌာနမှာရှိတဲ့ ဓာတ်ခွဲခန်းကိုပါ အသုံးပြုတော့မှာဖြစ်လို့ နေ့စဉ် စစ်ဆေးနိုင်တဲ့အရေအတွက် အခုထက် ပိုပြီး တိုးလာမှာသေချာတယ်လို့လည်း ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

တရုတ်ဆေးပညာရှင်အဖွဲ့ကလည်း ဧပြီ ၂၁ ရက် ဒီကနေ့မှာ မြန်မာက ပြန်လည်ထွက်ခွာမှာဖြစ်ပြီး သူတို့နဲ့ အတူပါလာတဲ့ ဓာတ်ခွဲစမ်းသပ်ပစ္စည်းတွေကို မြန်မာကို လွှဲပြောင်းဖို့ရှိနေပါတယ်။

ဒါပေမဲ့ မြန်မာက သုံးနေတဲ့ စစ်ဆေးတဲ့နည်းပညာနဲ့ တရုတ်က သုံးတဲ့နည်းပညာ မတူညီတဲ့အတွက် ဒီပစ္စည်းတွေနဲ့ တရုတ်နည်းပညာဆက်သုံး မသုံးကတော့ လက်တလောမှာ မသိရသေးဘူးလို့ ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

များများစစ်လို့ရအောင် အခုလို ဌာနတွေခွဲစစ်ဆေးတာဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် ဟာ ရေရှည်တိုက်ပွဲဖြစ်တဲ့အတွက် NHL တစ်ခုတည်းနဲ့ တောက်လျှောက်ဆိုရင် မလွယ်ကူတဲ့အခြေအနေဖြစ်တယ်လို့ ကူးစက်ရောဂါဌာနက တာဝန်ရှိသူတစ်ဦးက ရှင်းပြပါတယ်။

ဇီဝလုံခြုံမှုအဆင့်(Biosafety Level) က အဆင့်လေးဆင့်ရှိပြီး ကူးစက်မှုနှုန်းနဲ့ ရောဂါပိုးပေါ် မူတည်ပြီး ကိုင်တွယ်ရတဲ့အဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်၁၉ ဓာတ်ခွဲနိုင်တဲ့ဌာနကို ရန်ကုန်မှာ နှစ်ခုအပြင် မန္တလေးနဲ့ မော်လမြိုင်မှာလည်း ပြင်ဆင်နေပြီဖြစ်ပြီး မန္တလေးက အသင့်နီးပါးဖြစ်နေပြီလို့ ဆိုပါတယ်။

BBC Burmese
https://www.bbc.com/burmese/burma-52363875
ကို႐ိုနာဗိုင္းရပ္စ္စစ္မယ့္ ဓာတ္ခြဲခန္းေနာက္တစ္ခုရန္ကုန္မွာ ထပ္တိုး ကို႐ိုနာဗိုင္းရပ္စ္စစ္မယ့္ ဓာတ္ခြဲခန္းေနာက္တစ္ခုရန္ကုန္မွာ ထပ္တိုး Reviewed by THITHTOOLWIN on 10:11 Rating: 5
Powered by Blogger.