ရခုိင္မွာ WHO ၀န္ထမ္း အသတ္ခံရတဲ့ကိစၥ စုံစမ္း အေရးယူေပးဖုိ႔ ကုလ အတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆုိ


(Zawgyi/Unicode)

ရခိုင္ျပည္နယ္တြင္း ကုလသမဂၢ ယာဥ္ တစီး တိုက္ခိုက္ခံရမႈ အတြင္း ရရွိခဲ့တဲ့ ဒဏ္ရာနဲ႔ တဦးေသဆုံး၊ တဦး ျပင္းျပင္းထန္ထန္ ဒဏ္ရာရခဲ့မႈ အေပၚလြတ္လပ္စြာ စုံစမ္းစစ္ေဆး အေရးယူဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေတာင္းဆိုလိုက္တဲ့ အေၾကာင္း မသိဂၤ ီထုိက္တင္ျပေပးပါမယ္။

ရခိုင္ျပည္နယ္တြင္းက COVID -19 ေစာင့္ၾကည့္လူနာေတြထံက ဓာတ္ခြဲနမူနာေတြ သယ္ေဆာင္လာတဲ့ ကမာၻ႔က်န္းမာေရး အဖြဲ႕ႀကီး WHO ကား တနလာၤေန႔ ညေနပိုင္းက မင္းျပားၿမိဳ႕နယ္တြင္း တိုက္ခိုက္ခံခဲ့ရတာမွာ WHO အဖြဲ႕ႀကီးရဲ႕ ေဒသခန႔္ ဝန္ထမ္း ဦးျပည့္စုံဝင္းေမာင္ အျပင္းအထန္ ဒဏ္ရာရၿပီး အဂၤါေန႔ မနက္ခင္းမွာ ေသဆုံးခဲ့ရၿပီး အစိုးရ ဝန္ထမ္း ဦးေအာင္မ်ိဳးဦး ျပင္းျပင္းထန္ထန္ ဒဏ္ရာရထားတာပါ။ ဒီလို တိုက္ခိုက္မႈကို ျပင္းျပင္းထန္ထန္ ရႈတ္ခ်ေၾကာင္းနဲ႔ လြတ္လပ္စြာ စုံစမ္းစစ္ေဆးၿပီး အေရးယူေပးဖို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ Antonio Guterres က ေတာင္းဆိုလိုက္တာပါ။ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ေျပာခြင့္ရ Stephane Dujarric က အဂၤါေန႔ ပုံမွန္ သတင္းစာ ရွင္းလင္းပြဲမွာ အခုလို ေျပာဆိုသြားပါတယ္။

“ကုလသမဂၢ အမွတ္တံဆိပ္ ထင္ထင္ရွားရွားပါတဲ့ ကားတစီး တနလာၤေန႔ ညေနပိုင္းက ရခိုင္ျပည္နယ္တြင္း တိုက္ခိုက္ခံရမႈ အတြင္း WHO အဖြဲ႕ႀကီးအတြက္ အလုပ္လုပ္ေပးေနတဲ့ ယာဥ္ေမာင္း ေသဆုံးခဲ့ရပါတယ္။ ေသဆုံးခဲ့ရတဲ့ ဦးျပည့္စုံဝင္းေမာင္က ျမန္မာႏိုင္ငံ က်န္းမာေရး ဝန္ႀကီးဌာနကို ကူညီမႈ အေနနဲ႔ ရခိုင္ျပည္နယ္တြင္းက COVID-19 ေစာင့္ၾကည့္လူနာေတြရဲ႕ ဓာတ္ခြဲ နမူနာေတြကို သယ္ယူပို႔ေဆာင္ေပးခဲ့တာ ျဖစ္တယ္။ ကမာၻ႔ေဘးကင္းေရး ေဆာင္႐ြက္ရင္း အသက္ဆုံးရႈံးခဲ့ရတာဟာဆိုရင္ ဝမ္းနည္းစရာ ျဖစ္ပါတယ္လို႔ WHO အႀကီးအကဲ ေဒါက္တာ Tedros ကလည္း ေျပာဆိုထားပါတယ္” လို႔ သတင္းစာရွင္းလင္ပြဲမွာ ေျပာဆိုခဲ့တာ ျဖစ္ပါတယ္။

ေသဆုံးခဲ့ရတဲ့ ဦးျပည့္စုံဝင္းေမာင္ အတြက္ ဝမ္းနည္းရေၾကာင္းနဲ႔ ဒဏ္ရာရခဲ့တဲ့ အစိုးရ ဝန္ထမ္း ဦးေအာင္မ်ိဳးဦး အျမန္ဆုံး ျပန္လည္ က်န္းမာလာဖို႔ ဆုေတာင္းပါေၾကာင္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေျပာဆိုထားပါတယ္။ ဒီတိုက္ခိုက္မႈကို အျပည့္အ၀ ပြင့္လင္းျမင္သာမႈ ရွိရွိ စုံစမ္းစစ္ေဆးၿပီး က်ဴးလြန္သူေတြကို တရားဥပေဒနဲ႔ အညီ အျပစ္ေပးဖို႔လည္း ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္က ေတာင္းဆိုေၾကာင္း ေျပာခြင့္ရက ေၾကညာခ်က္ ထုတ္ပါတယ္။

ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္ ရာေမာင္း တံတား အနီးမွာ တနလၤာေန႔ ညေနခင္းက ကုလသမဂၢရဲ႕ အဖြဲ႕တခု ျဖစ္တဲ့ WHO အဖြဲ႕ အမွတ္တံဆိပ္ ထင္ထင္ရွားရွားပါတဲ့ ေမာ္ေတာ္ယာဥ္ တိုက္ခိုက္ခံရတဲ့ အတြက္ တုန္လႈပ္မိတယ္လို႔ ျမန္မာ ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက ေၾကညာခ်က္ထုတ္ပါတယ္။ ဒီတိုက္ခိုက္မႈကို စုံစမ္းစစ္ေဆးသြားမယ္လို႔လည္း ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေၾကညာခ်က္မွာ ပါပါတယ္။

ရခိုင္ျပည္နယ္တြင္းမွာ တပ္မေတာ္နဲ႔ ရခိုင္လက္နက္ကိုင္တပ္ AA ၾကား တိုက္ပြဲေတြ ရွိေနၿပီး အခု တိုက္ခုိက္ခံရမႈကေတာ့ တာ၀န္ခံသူ မရွိပါဘူး။

ရခုိင္ျပည္နယ္တြင္း တိုက္ခိုက္မႈေတြေၾကာင့္ ကမၻာ့က်န္းမာေရး အဖြဲ႔မွ ၀န္ထမ္း တဦး အသက္ ဆံုးရံႈးရတဲ႔ အေပၚ ၀မ္းနည္းရပါေၾကာင္း ျမန္မာႏုိင္ငံဆိုင္ရာ အေမရိကန္ သံရံုးကလည္း ထုတ္ျပန္ခဲ႔ၿပီး ရခုိင္မွာ တိုက္ပြဲေတြ ရပ္တန္႔ဖို႔ အျမန္ဆံုး လိုအပ္ေနၿပီ ဆိုတာကို ဒီအခ်က္က မီးေမာင္းထိုးျပေနတာ ျဖစ္တယ္လို႔လည္း ေထာက္ျပထားပါတယ္။

ဦးျပည့္စုံဝင္းေမာင္ ေသဆုံးခဲ့ရမႈ အတြက္ ဝမ္းနည္းမႈ အထိမ္းအမွတ္အျဖစ္နဲ႔ ရန္ကုန္ၿမိဳ႕ ကုလသမဂၢရံုး မွာ အဂၤါေန႔က ကုလသမဂၢ အလံကို တိုင္တ၀က္ ေလွ်ာ့ခ် လႊင့္ထူခဲ႔ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
-----------------------------------------------

ရခိုင်မှာ WHO ဝန်ထမ်း အသတ်ခံရတဲ့ကိစ္စ စုံစမ်း အရေးယူပေးဖို့ ကုလ အတွင်းရေးမှူးချုပ် တောင်းဆို

(Unicode)

ရခိုင်ပြည်နယ်တွင်း ကုလသမဂ္ဂ ယာဉ် တစီး တိုက်ခိုက်ခံရမှု အတွင်း ရရှိခဲ့တဲ့ ဒဏ်ရာနဲ့ တဦးသေဆုံး၊ တဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရခဲ့မှု အပေါ်လွတ်လပ်စွာ စုံစမ်းစစ်ဆေး အရေးယူဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုလိုက်တဲ့ အကြောင်း မသိင်္ဂ ီထိုက်တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်တွင်းက COVID -19 စောင့်ကြည့်လူနာတွေထံက ဓာတ်ခွဲနမူနာတွေ သယ်ဆောင်လာတဲ့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO ကား တနလာၤနေ့ ညနေပိုင်းက မင်းပြားမြို့နယ်တွင်း တိုက်ခိုက်ခံခဲ့ရတာမှာ WHO အဖွဲ့ကြီးရဲ့ ဒေသခန့် ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် အပြင်းအထန် ဒဏ်ရာရပြီး အင်္ဂါနေ့ မနက်ခင်းမှာ သေဆုံးခဲ့ရပြီး အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတာပါ။ ဒီလို တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ လွတ်လပ်စွာ စုံစမ်းစစ်ဆေးပြီး အရေးယူပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်တာပါ။ အတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရ Stephane Dujarric က အင်္ဂါနေ့ ပုံမှန် သတင်းစာ ရှင်းလင်းပွဲမှာ အခုလို ပြောဆိုသွားပါတယ်။

“ကုလသမဂ္ဂ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ ကားတစီး တနလာၤနေ့ ညနေပိုင်းက ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်ခံရမှု အတွင်း WHO အဖွဲ့ကြီးအတွက် အလုပ်လုပ်ပေးနေတဲ့ ယာဉ်မောင်း သေဆုံးခဲ့ရပါတယ်။ သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင်က မြန်မာနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနကို ကူညီမှု အနေနဲ့ ရခိုင်ပြည်နယ်တွင်းက COVID-19 စောင့်ကြည့်လူနာတွေရဲ့ ဓာတ်ခွဲ နမူနာတွေကို သယ်ယူပို့ဆောင်ပေးခဲ့တာ ဖြစ်တယ်။ ကမ္ဘာ့ဘေးကင်းရေး ဆောင်ရွက်ရင်း အသက်ဆုံးရှုံးခဲ့ရတာဟာဆိုရင် ဝမ်းနည်းစရာ ဖြစ်ပါတယ်လို့ WHO အကြီးအကဲ ဒေါက်တာ Tedros ကလည်း ပြောဆိုထားပါတယ်” လို့ သတင်းစာရှင်းလင်ပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သေဆုံးခဲ့ရတဲ့ ဦးပြည့်စုံဝင်းမောင် အတွက် ဝမ်းနည်းရကြောင်းနဲ့ ဒဏ်ရာရခဲ့တဲ့ အစိုးရ ဝန်ထမ်း ဦးအောင်မျိုးဦး အမြန်ဆုံး ပြန်လည် ကျန်းမာလာဖို့ ဆုတောင်းပါကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောဆိုထားပါတယ်။ ဒီတိုက်ခိုက်မှုကို အပြည့်အ၀ ပွင့်လင်းမြင်သာမှု ရှိရှိ စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို တရားဥပဒေနဲ့ အညီ အပြစ်ပေးဖို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က တောင်းဆိုကြောင်း ပြောခွင့်ရက ကြေညာချက် ထုတ်ပါတယ်။

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ရာမောင်း တံတား အနီးမှာ တနင်္လာနေ့ ညနေခင်းက ကုလသမဂ္ဂရဲ့ အဖွဲ့တခု ဖြစ်တဲ့ WHO အဖွဲ့ အမှတ်တံဆိပ် ထင်ထင်ရှားရှားပါတဲ့ မော်တော်ယာဉ် တိုက်ခိုက်ခံရတဲ့ အတွက် တုန်လှုပ်မိတယ်လို့ မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပါတယ်။ ဒီတိုက်ခိုက်မှုကို စုံစမ်းစစ်ဆေးသွားမယ်လို့လည်း နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ပါပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင်တပ် AA ကြား တိုက်ပွဲတွေ ရှိနေပြီး အခု တိုက်ခိုက်ခံရမှုကတော့ တာဝန်ခံသူ မရှိပါဘူး။

ရခိုင်ပြည်နယ်တွင်း တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ ဝန်ထမ်း တဦး အသက် ဆုံးရှုံးရတဲ့ အပေါ် ဝမ်းနည်းရပါကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံရုံးကလည်း ထုတ်ပြန်ခဲ့ပြီး ရခိုင်မှာ တိုက်ပွဲတွေ ရပ်တန့်ဖို့ အမြန်ဆုံး လိုအပ်နေပြီ ဆိုတာကို ဒီအချက်က မီးမောင်းထိုးပြနေတာ ဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

ဦးပြည့်စုံဝင်းမောင် သေဆုံးခဲ့ရမှု အတွက် ဝမ်းနည်းမှု အထိမ်းအမှတ်အဖြစ်နဲ့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံး မှာ အင်္ဂါနေ့က ကုလသမဂ္ဂ အလံကို တိုင်တဝက် လျှော့ချ လွှင့်ထူခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/rakhine-who-staff-dead-un-guterrus-/5384420.html
ရခုိင္မွာ WHO ၀န္ထမ္း အသတ္ခံရတဲ့ကိစၥ စုံစမ္း အေရးယူေပးဖုိ႔ ကုလ အတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆုိ ရခုိင္မွာ WHO ၀န္ထမ္း အသတ္ခံရတဲ့ကိစၥ စုံစမ္း အေရးယူေပးဖုိ႔ ကုလ အတြင္းေရးမွဴးခ်ဳပ္ ေတာင္းဆုိ Reviewed by THITHTOOLWIN on 05:59 Rating: 5
Powered by Blogger.