Case-121နဲ့ပတ်သက်ပြီး​တော့ တောင်ကြီးက မိဘပြည်သူညီအကို​​​​မောင်နှမတွေ မဖြစ်မ​နေဖတ်ရန်
(Zawgyi)⤵⤵⤵
မှတ်ချက်။ ။
လေးစားစွာဖြင့်
စိုးညွန့်လွင်
စီမံ၊ဘဏ္ဍာဝန်ကြီး
Sayar Soe Abn (facebook)
--------------------------------------------------
(Unicode)⤵⤵⤵
တောင်ကြီးက မိဘပြည်သူညီအကိုမောင်နှမတွေ မဖြစ်မနေဖတ်ရန်
Case-121နဲ့ပတ်သက်ပြီးတော့ဆက်လက်တင်ပြပါရစေ။
Case -121၏မိဘဆွေမျိုးအသိုင်းအဝန်းအားလုံးကလေးစားစရာပါ။စိတ်အေးအေးနဲ့ပဲအစိုးရကိုပူးပေါင်းပါဝင်ကြပါတယ်။
Case121၏ဖြတ်သန်းခဲ့ပုံအားလုံးကိုကျနော်ဆီလူနာ၏ဦးလေးဖြစ်သူကဖုန်းဆက်အကြောင်းကြားပါတယ်။
လေးစားဂုဏ်ယူအပ်ပါတယ်ခင်ဗျာ။
ဒီကနေ့ကျနော်တို့ရဲ့ရန်သူဟာစောင့်ကြည့်လူနာ၊Quarantineဝင်သူတွေ၊positive လူနာတွေမဟုတ်ပါဘူး။Corona virus ပါ။
ဒီလိုအစိုးရနဲ့အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပါဝင်လာတဲ့လူနာများဟာတိုင်းပြည်ကိုချစ်တဲ့လူ၊ပြည်သူကိုချစ်တဲ့လူ၊နိုင်ငံတော်နှင့်နိုင်ငံသားများအပေါ်စောင့်သိတတ်တဲ့လူတွေပဲဖြစ်ပါတယ်။
အခုဆိုရင်case 121၏ခြေရာကိုဦးလေးဖြစ်သူကယခုလို့အကြောင်းကြာထားပါတယ်။
ကျေးဇူးပြုပြီးမေတ္တာရပ်ခံလိုတာကတော့case121နဲ့closed contact ရှိခဲ့သူအားလုံးမိမိ၏အသိစိတ်ဓါတ်ဖြင့်စပ်စံထွန်းဆေးရုံကိုလာရောက်ဆွေးနွေးကြပါလို့တိုက်တွန်းပါတယ်ခင်ဗျာ။
ကျနော်အနေနဲ့လည်းဆေးရုံကကျန်ူမာရေးဝန်ထမ်းများကိုလည်းနွေးထွေးစွာကြိုဆိုဖို့မေတ္တာရပ်ခံထားပေးထားပါမည်။
Case 121၏ဦးလေး၏ပြောပြချက်အရကတော့....
(၂၂.၃.၂၀၂၀)ရက်နေ့ ညနေ(၆)နာရီခန့် England မှ YGN ရောက်
(၂၂.၃.၂၀၂၀)ရက်နေ့ ည (၁၂)နာရီခန့် မှစ၍ (၅.၄.၂၀၂၀)ရက်နေ့ နံနက် (၇)နာရီထိ Yangon Airport Hotel တွင် ၁၄ရက် Quarantine ဝင်ရောက်ခဲ့ပြီးဖြစ်
၅ရက်နေ့ မနက် ၁၁နာရီ Ygn မှ Golden Myanmar လေကြောင်းလိုင်းဖြင့် Heho သို့ ရောက်ရှိခဲ့ပြီး Heho လေဆိပ် မှ Tgi သို့ ဖခင်ဖြစ်သူမှ ကားဖြင့် ခေါ်ဆောင်လာခဲ့
Ygn ၌ Quarantine ဝင်နေစဉ် ကတည်းကပင် လူနာသည် အနံ့အရသာ ကောင်းမွန်စွာ မခံစားရကြောင်း၊ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ပေးရန် လူနာမှ တောင်းဆိုခဲ့သော်လည်း Quarantine တာဝန်ကျသူများမှ လူနာသည် အံသွားပေါက်နေသည့်အတွက် ပိုးသတ်ဆေး စားထားသဖြင့် အနံ့အရသာ မရရှိခြင်း ဖြစ်မည်ဟု ယူဆ၍ Ygnမှ စစ်ဆေးမှု မပြုလုပ်ပေးခဲ့ကြောင်း
တဖန် ၅ရက်နေ့ Tgi ရောက်ပြီးနောက် အနံ့အရသာ မရရှိသဖြင့် ၁၅ ရက်နေ့တွင် စဝ်စံထွန်း ဆေးရုံသို့ သွားရောက် ပြသ၍ Ygn ၌ Q ၁၄ ရက် ဝင်ခဲ့ပြီး ဖြစ်ကြောင်း၊ လိုအပ်သည်များ စစ်ဆေးမှု ပြုလုပ်လိုကြောင်း ပြောကြားသော်လည်း တာဝန်ကျ ဆရာဝန်မှ စစ်ဆေးမှုများ ပြုလုပ်ရန် အဆင်မပြေကြောင်းသာ ပြောဆို၍ ထပ်မံ၍ Qဝင်ရန်ပင် Guide Line မချပေးပဲ သာမာန် လူနာအဖြစ်သာ ယူဆ၍ ပြန်လွတ်ခဲ့ပါသည်
ထို့နောက် ဖခင် ဖြစ်သူမှ ရက်ကွက်အုပ်ချုပ်ရေးမှုးမှ တဆင့် ချိတ်ဆက်၍ လိုအပ်သည့် စစ်ဆေးမှုများ ပြုလုပ်ရန် ထပ်မံ၍ ဆက်သွယ်ခဲ့သဖြင့် ရပ်ကွက်မှ အထက် သက်ဆိုင်ရာ ဌာနများသို့ တင်ပြရာ (၁၉) ရက်နေ့တွင် မဂ်လာဦးရပ်ကွက်၊ အထက (၁၁) ကျောင်း၌ စစ်ဆေးမှု ခံယူခဲ့ပြီး တာဝန်ရှိသူများမှ ရန်ကုန်သို့ ဓာတ်ခွဲ နမူနာများအား ပို့ဆောင် စစ်ဆေး စေခဲ့ပြီး (၂၁) ရက်နေ့ ည(၈)နာရီ ထုန်ပြန်ချက်အရ ပိုးတွေ့ရှိ Positive လူနာအဖြစ် အတည်ပြုခဲ့ပါသည်။
လူနာသည် ၅ရက်နေ့မှ ၂၁ရက်နေ့အတွင်း Tgi မြို့ ၎င်း၏ ဖခင်အိမ်တွင် နေထိုင်လျက်ရှိပြီး ဖခင်ဖြစ်သူမှ ၎င်းအား အိမ်အပေါ်ထပ်တွင် သီးသန့် အခန်း စီစဉ်ပေး၍ နေထိုင်စေခဲ့သော်လည်း မိသားစု ဖြစ်သဖြင့် အိမ်ရှိ မိသားစု ဝင်များနှင့် မကြာခဏ ဆိုသလို ထိတွေ့မှု ရှိခဲ့ပါသည်။
၎င်းအပြင် ၆ရက်နေ့တွင် တောင်ကြီးဈေးသို့ လည်းကောင်း၊ ၇ရက်နေ့တွင် တောင်ပေါ်စခန်း ပရဟိတ သင်တန်းကျောင်း ( လွိုင်ကော်)သို့ လည်းကောင်း၊ ၈ရက်နေ့တွင် သွားနုတ်ရန် မြဆေးခန်းသို့ လည်းကောင်း သွားရောက်ခဲ့ကြောင်း၊ ၅ရက်နေ့မှ ၂၁ ရက်နေ့ အတောအတွင်း မကြာခဏ ဆိုသလို မိခင်ဖြစ်သူ၏ ဘုရားဖြူ နေအိမ်သို့ လည်းကောင်း၊ ရွှေဖူးပွင့်ဘုရား၊ တောင်ကြီးတောင်ပေါ်၊ Royal Tgi Hotelနှင့် V8 Bar သို့လည်းကောင်း မိသားစုဝင်များ၊ ဆွေမျိုးသားချင်း သူငယ်ချင်း အပေါင်းအသင်းများနှင့်အတူ သွားရောက်ခဲ့မှုများ ရှိကြောင်း သိရပါသည်။
မှတ်ချက်။ ။
ဦးလေးဖြစ်သူ၏ပြောပြချက်များကိုကျနော်အနေဖြင့်တည်းဖြတ်ထားခြင်းမရှိပါ။
လေးစားစွာဖြင့်
စိုးညွန့်လွင်
စီမံ၊ဘဏ္ဍာဝန်ကြီး
ရှမ်းပြည်နယ်ပြောရေးဆိုခွင့်ရှိသူ
Sayar Soe Abn (facebook)
Case-121နဲ့ပတ်သက်ပြီး​တော့ တောင်ကြီးက မိဘပြည်သူညီအကို​​​​မောင်နှမတွေ မဖြစ်မ​နေဖတ်ရန် Case-121နဲ့ပတ်သက်ပြီး​တော့ တောင်ကြီးက မိဘပြည်သူညီအကို​​​​မောင်နှမတွေ မဖြစ်မ​နေဖတ်ရန် Reviewed by THITHTOOLWIN on 07:19 Rating: 5
Powered by Blogger.