WHO ၀န္ထမ္း အသတ္ခံရတဲ့အေပၚ အလြန္စုိးရိမ္ေၾကာင္း INGO ၁၆ ဖြဲ႔ေျပာ

ေသဆံုးသြားတဲ့ ယာဥ္ေမာင္းကို သယ္ေဆာင္ေနၾကတဲ့ ၾကက္ေျခနီအဖဲြ႔ (ဧၿပီ ၂၁၊ ၂၀၂၀) 
(Zawgyi/Unicode)

ကမၻာ့ က်န္းမာေရးအဖြဲ႕ (WHO) ရဲ႕ ေမာ္ေတာ္ယာဥ္တစ္စီး ရခိုင္ျပည္နယ္အတြင္း တိုက္ခိုက္ခံရၿပီး လူ႔အသက္ ေသဆုံးရတဲ့ ျဖစ္ရပ္ အတြက္ အလြန္ စိုးရိမ္ ပူပန္မိေၾကာင္း ျမန္မာနိုင္ငံအတြင္း လုပ္ငန္း လုပ္ေဆာင္ေနတဲ့ လူသားခ်င္း စာနာမႈ အကူအညီ ေပးေရး နိုင္ငံတကာ အဖြဲ႕ အစည္း ၁၆ ခုက ပူးတြဲ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ၿပီး ျမန္မာနိုင္ငံအတြင္း လက္နက္ကိုင္တပ္ဖြဲ႕ေတြအၾကား အပစ္ အခတ္ ခ်က္ခ်င္း ရပ္စဲ ဖို႔ ေတာင္းဆိုလိုက္ပါတယ္။

WHO ရဲ့ ေဒသခန္႔ဝန္ထမ္း ဦးျပည့္စုံဝင္းေမာင္ ေသဆုံးရတဲ့အတြက္ ဝမ္းနည္း မိေၾကာင္းနဲ႔ တိုက္ခိုက္မႈအတြင္း ဒဏ္ရာရခဲ့သူ က်န္းမာေရးဝန္ႀကီးဌာနက တာဝန္ရွိသူတစ္ဦး အျမန္ သက္သာေစဖို႔လည္း ဆုေတာင္းေၾကာင္း ပူးတြဲ ေၾကညာခ်က္မွာ ပါရွိပါတယ္။

COVID 19 ေရာဂါ သံသယရွိ လူနာေတြရဲ့ ႏွာေခါင္းတို႔ဖတ္ နမူနာေတြ သယ္ေဆာင္လာတဲ့ WHO အမွတ္အသား ပါ ေမာ္ေတာ္ယာဥ္တစ္စီး မင္းျပား ၿမိဳ႕နယ္မွာ ဧၿပီလ ၂၀ ရက္ေန႔က တိုက္ခိုက္ခံရတဲ့ ျဖစ္ရပ္ဟာ COVID-19 ကပ္ေရာဂါ ဆိုက္ေရာက္ေနခ်ိန္ တစ္ကမၻာလုံး အပစ္အခတ္ ရပ္စဲေရး ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ေမတၱာရပ္ခံခ်က္ကို ျမန္မာနိုင္ငံအတြင္းက လက္နက္ကိုင္ အဖြဲ႕အစည္းအားလုံး ခ်က္ခ်င္း အေကာင္အထည္ေဖာ္ေပးဖို႔ လိုအပ္တယ္ ဆိုတာကို ျပသလိုက္တာလို႔ ေၾကညာခ်က္မွာ ပါရွိပါတယ္။

ျမန္မာနိုင္ငံအတြင္း COVID-19 ေရာဂါ ကူးစက္ခံရသူ ၁၂၀ ဝန္းက်င္ရွိၿပီး ေသဆုံးသူ ၅ ဦး ရွိေၾကာင္း၊ ရခိုင္ျပည္နယ္ဟာ ဆင္းရဲႏြမ္းပါးမႈႏႈန္း ျမင့္မားသလို အာဟာရ ခ်ိဳ႕တဲ့သူ ကေလး သူငယ္ ဦးေရလည္းမ်ားၿပီး က်န္းမာေရး ဝန္ေဆာင္မႈမွာလည္း အားနည္းတာေၾကာင့္ COVID-19 ေရာဂါ တိုက္ဖ်က္ေရး အပူ တစ္ျပင္း ေဆာင္ရြက္ရမယ့္ေနရာတစ္ခုျဖစ္ေၾကာင္း ေၾကညာခ်က္မွာ ပါရွိပါတယ္။

Save The Children, အျပည္ျပည္ဆိုင္ရာ ၾကက္ေျခနီအဖြဲ႕နဲ႔ နိုင္ငံတကာ ကူညီကယ္ဆယ္ေရး ေကာ္မတီ IRC အဖြဲ႕တို႔လို လူသား ခ်င္း စာနာမႈ အကူအညီေတြေပးေနတဲ့ နိုင္ငံတကာ အဖြဲ႕အစည္း ၁၆ ခုရဲ့ေၾကညာခ်က္မွာ အပစ္အခတ္ ခ်က္ခ်င္းရပ္စဲဖို႔အျပင္ ရခိုင္ျပည္နယ္အတြင္း လူသားခ်င္း စာနာမႈ အကူအညီေပးေရး ဝန္ထမ္းေတြကို အေႏွာက္အယွက္ မရွိသြားလာခြင့္ေပးဖို႔၊ အရပ္သားေတြကို အကာအကြယ္ေပးဖို႔ အခ်က္ေတြကိုလည္း ေတာင္းဆိုထားပါတယ္။

ဧၿပီ ၂၀ ရက္ေန႔ တိုက္ခိုက္မႈကို သူတို႔ လုပ္ေဆာင္တာ မဟုတ္ဘူးလို႔ ရခိုင္လက္နက္ကိုင္အဖြဲ႕AA ကေကာ ျမန္မာစစ္တပ္ကပါ ျငင္းပယ္ထားပါတယ္။

ျမန္မာ နိုင္ငံျခားေရး ဝန္ႀကီးဌာနကလည္း ျမန္မာအစိုးရအေနနဲ႔ လက္နက္ကိုင္ပဋိပကၡေတြေၾကာင့္ အခက္ အခဲေတြ ရွိေနေပမဲ့ ကမၻာ့ ကပ္ေရာဂါေဘး ေက်ာ္လႊား နိုင္ေရးအတြက္ ကုလသမဂၢ၊ ကမၻာက်န္းမာေရး အဖြဲ႕တို႔ႏွင့္ အတူ ဆက္လက္ ပူးေပါင္း ေဆာင္ရြက္သြား မွာ ျဖစ္ၿပီး စုံစမ္း စစ္ေဆးမႈ ေတြ လုပ္ဖို႔ဆုံးျဖတ္ထားတယ္လို႔ ဧၿပီလ ၂၁ ရက္စြဲနဲ႔ သတင္းထုတ္ျပန္ခဲ့ပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
------------------------------------

WHO ဝန်ထမ်း အသတ်ခံရတဲ့အပေါ် အလွန်စိုးရိမ်ကြောင်း INGO ၁၆ ဖွဲ့ပြော

(Unicode)

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ မော်တော်ယာဉ်တစ်စီး ရခိုင်ပြည်နယ်အတွင်း တိုက်ခိုက်ခံရပြီး လူ့အသက် သေဆုံးရတဲ့ ဖြစ်ရပ် အတွက် အလွန် စိုးရိမ် ပူပန်မိကြောင်း မြန်မာနိုင်ငံအတွင်း လုပ်ငန်း လုပ်ဆောင်နေတဲ့ လူသားချင်း စာနာမှု အကူအညီ ပေးရေး နိုင်ငံတကာ အဖွဲ့ အစည်း ၁၆ ခုက ပူးတွဲ ကြေညာချက် ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေအကြား အပစ် အခတ် ချက်ချင်း ရပ်စဲ ဖို့ တောင်းဆိုလိုက်ပါတယ်။

WHO ရဲ့ ဒေသခန့်ဝန်ထမ်း ဦးပြည့်စုံဝင်းမောင် သေဆုံးရတဲ့အတွက် ဝမ်းနည်း မိကြောင်းနဲ့ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရခဲ့သူ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတစ်ဦး အမြန် သက်သာစေဖို့လည်း ဆုတောင်းကြောင်း ပူးတွဲ ကြေညာချက်မှာ ပါရှိပါတယ်။

COVID 19 ရောဂါ သံသယရှိ လူနာတွေရဲ့ နှာခေါင်းတို့ဖတ် နမူနာတွေ သယ်ဆောင်လာတဲ့ WHO အမှတ်အသား ပါ မော်တော်ယာဉ်တစ်စီး မင်းပြား မြို့နယ်မှာ ဧပြီလ ၂၀ ရက်နေ့က တိုက်ခိုက်ခံရတဲ့ ဖြစ်ရပ်ဟာ COVID 19 ကပ်ရောဂါ ဆိုက်ရောက်နေချိန် တစ်ကမ္ဘာလုံး အပစ်အခတ် ရပ်စဲရေး ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မေတ္တာရပ်ခံချက်ကို မြန်မာနိုင်ငံအတွင်းက လက်နက်ကိုင် အဖွဲ့အစည်းအားလုံး ချက်ချင်း အကောင်အထည်ဖော်ပေးဖို့ လိုအပ်တယ် ဆိုတာကို ပြသလိုက်တာလို့ ကြေညာချက်မှာ ပါရှိပါတယ်။

မြန်မာနိုင်ငံအတွင်း COVID-19 ရောဂါ ကူးစက်ခံရသူ ၁၂၀ ဝန်းကျင်ရှိပြီး သေဆုံးသူ ၅ ဦး ရှိကြောင်း၊ ရခိုင်ပြည်နယ်ဟာ ဆင်းရဲနွမ်းပါးမှုနှုန်း မြင့်မားသလို အာဟာရ ချို့တဲ့သူ ကလေး သူငယ် ဦးရေလည်းများပြီး ကျန်းမာရေး ဝန်ဆောင်မှုမှာလည်း အားနည်းတာကြောင့် COVID-19 ရောဂါ တိုက်ဖျက်ရေး အပူ တစ်ပြင်း ဆောင်ရွက်ရမယ့်နေရာတစ်ခုဖြစ်ကြောင်း ကြေညာချက်မှာ ပါရှိပါတယ်။

Save The Children, အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့နဲ့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေး ကော်မတီ IRC အဖွဲ့တို့လို လူသား ချင်း စာနာမှု အကူအညီတွေပေးနေတဲ့ နိုင်ငံတကာ အဖွဲ့အစည်း ၁၆ ခုရဲ့ကြေညာချက်မှာ အပစ်အခတ် ချက်ချင်းရပ်စဲဖို့အပြင် ရခိုင်ပြည်နယ်အတွင်း လူသားချင်း စာနာမှု အကူအညီပေးရေး ဝန်ထမ်းတွေကို အနှောက်အယှက် မရှိသွားလာခွင့်ပေးဖို့၊ အရပ်သားတွေကို အကာအကွယ်ပေးဖို့ အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။

ဧပြီ ၂၀ ရက်နေ့ တိုက်ခိုက်မှုကို သူတို့ လုပ်ဆောင်တာ မဟုတ်ဘူးလို့ ရခိုင်လက်နက်ကိုင်အဖွဲ့AA ကကော မြန်မာစစ်တပ်ကပါ ငြင်းပယ်ထားပါတယ်။

မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနကလည်း မြန်မာအစိုးရအနေနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် အခက် အခဲတွေ ရှိနေပေမဲ့ ကမ္ဘာ့ ကပ်ရောဂါဘေး ကျော်လွှား နိုင်ရေးအတွက် ကုလသမဂ္ဂ၊ ကမ္ဘာကျန်းမာရေး အဖွဲ့တို့နှင့် အတူ ဆက်လက် ပူးပေါင်း ဆောင်ရွက်သွား မှာ ဖြစ်ပြီး စုံစမ်း စစ်ဆေးမှု တွေ လုပ်ဖို့ဆုံးဖြတ်ထားတယ်လို့ ဧပြီလ ၂၁ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
https://burmese.voanews.com/a/who-driver-kill-ingo-statement-/5384330.html
WHO ၀န္ထမ္း အသတ္ခံရတဲ့အေပၚ အလြန္စုိးရိမ္ေၾကာင္း INGO ၁၆ ဖြဲ႔ေျပာ WHO ၀န္ထမ္း အသတ္ခံရတဲ့အေပၚ အလြန္စုိးရိမ္ေၾကာင္း INGO ၁၆ ဖြဲ႔ေျပာ Reviewed by THITHTOOLWIN on 05:59 Rating: 5
Powered by Blogger.