VOM အယ္ဒီတာခ်ဳပ္ကုိ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒႏွင့္ အမႈဖြင့္

VOM အယ္ဒီတာခ်ဳပ္ (Voice Of Myanmar – VOM )

(Zawgyi/Unicode)

မႏၲေလးၿမိဳ့အေျခစိုက္ Voice of Myanmar (VOM) သတင္းဌာန တည္ေထာင္သူ၊အယ္ဒီတာခ်ဳပ္ ဦးေနလင္း(ခ) ဦးေနမ်ိဳးလင္းကို ခ်မ္းျမသာစည္ ၿမိဳ႔နယ္တရားရံုးမွာ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀(က)နဲ႔ ၅၂(က)တို႔ နဲ႔ ဒီေန႔မနက္မွာ အမႈဖြင့္လုိက္ပါတယ္။ ဒီ သတင္းကို ကိုမိုးေဇာ္က တင္ျပေပးမွာပါ။

VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးေနလင္းေခၚ ဦးေနမ်ိဳးလင္းကို ဒီလ ၃၀ရက္ေန႔ညက မႈခင္းရဲတပ္ဖဲြ႔ CID ဖမ္းဆီးခဲ့တာျဖစ္ပါတယ္။

ဒီကေန႔မနက္မွာေတာ့ အၾကမ္းဖက္မႈ တုိက္ဖ်က္ေရးဥပေဒနဲ႔ အမႈဖြင့္လိုက္ေၾကာင္းကို မႏၱေလးၿမိဳ႔ခံ သတင္းစာဆရာတစ္ဦးျဖစ္တဲ့ ဦးစန္းယုေက်ာ္က ေျပာပါတယ္။

“ မနက္က သူတုိ႔ ခ်မ္းျမသာစည္တရားရံုးမွာ ရမန္ယူတယ္။ အဓိကကေတာ့ အၾကမ္းဖက္ ဥပေဒနဲ႔ ဖြင့္ထားတယ္ ေျပာတယ္။ ပုဒ္မ ၅၀(က)နဲ႔ ၅၂(က)နဲ႔ ဖြင့္ထားတယ္။ မတ္လ ၂၇ရက္ေန႔ ညေနပိုင္းမွာ အစိုးရကေနၿပီးမွ AAကို အၾကမ္းဖက္အဖဲြ႔အျဖစ္ သတ္မွတ္လုိက္တဲ့ စကားလံုးနဲ႔ပတ္သက္ၿပီး ဘယ္လုိျမင္လဲဆုိတာကို AAအဖဲြ႔က ေျပာေရးဆုိခြင့္ရိွသူ ခုိင္သုခနဲ႔ ဆက္သြယ္ေမးတဲ့ဟာကို Action ယူတယ္လို႔လည္း သူရဲ႕ အမ်ိဳးသမီးျဖစ္တဲ့ မဇာနည္မာန္က ေျပာပါတယ္။ ေလာေလာဆည္မွာေတာ့ မူ႔ခင္းတပ္ဖဲြ႔မွာ သူ႔ကို စစ္ေဆးေနတယ္ေျပာတယ္ဗ်။ SBက အမႈဖြင့္တာ စစ္တာက CID က စစ္တာ။”

ဦးေနလင္း (ေခၚ)ဦးေနမ်ိဳးလင္းကို စဲြဆုိထားတဲ့အမႈနဲ႔ပတ္သက္ၿပီး လာမယ့္ ဧၿပီလ ၉ရက္ေန႔မွာ ခ်မ္းျမသာစည္တရားရံုးမွာ အမႈခိ်န္းရိွေနပါတယ္။

လက္ရိွ စဲြဆုိထားတဲ့ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒ ပုဒ္မ ၅၀(က) ဟာ ေထာင္ဒဏ္ ၁၀ႏွစ္ကေန ေထာင္ဒဏ္တသက္အထိ ခ်မွတ္ႏိုင္တာျဖစ္ၿပီး ပုဒ္မ ၅၂(က)အရဆုိရင္ ေထာင္ဒဏ္ ၃ႏွစ္ကေန ၇ႏွစ္အထိ ခ်မွတ္ႏိုင္သလို ဒီပုဒ္မ ၂ခုလံုးဟာ ေထာင္ဒဏ္အျပင္ ေငြဒဏ္လည္း ခ်မွတ္ႏိုင္တာျဖစ္ပါတယ္။

ဒီလို အမႈဖြင့္ တရားစဲြဆိုလိုက္တဲ့အေပၚ ျမန္မာႏို္င္ငံသတင္းမီဒီယာေကာင္စီ အဖဲြ႔၀င္ ဦးေဇယ်ာလင္းက အခုလို ေျပာပါတယ္။

“ က်ေနာ္တို႔ကေတာ့ သတင္းမီဒီယာသမားေတြ တစ္ခုခုေပါ့။ သူတုိ႔ ေရးသားထုတ္လႊင့္မႈနဲ႔ပတ္သက္လို႔ က်င့္၀တ္မညီတာျဖစ္ေစ၊ ထိခိုက္နစ္နာမႈရိွသည္ ျဖစ္ေစ က်ေနာ္တုိ႔ ဒီ ျမန္မာသတင္းမီဒီယာေကာင္စီကုိ အရင္ဦးဆံုး လာေရာက္ၿပီးေတာ့ တိုင္ၾကားေစခ်င္တာေပါ့။ အဲေတာ့ ဒီကိစၥဘာျဖစ္သလဲေပါ့။ အဲဒါကို က်ေနာ္တုိ႔က မီဒီယာဥပေဒနဲ႔ ဆံုးျဖတ္ၿပီး မေက်နပ္ဘူးဆုိလည္း တရားရံုးဆက္သြားတာက နည္းလမ္းက်တယ္ဆုိတာ အၿမဲတမ္းက်ေနာ္တုိ႔ ေျပာခဲ့ပါတယ္။ မ႑ိဳင္၄ရပ္ေတြ႔ဆံုပဲြေရာ၊ တပ္မေတာ္နဲ႔ ေတြ႔ဆံုတဲ့အခါလည္း က်ေနာ္တုိ႔ အၿမဲတမ္းေျပာခဲ့တယ္ေလ။ အခုေတာ့ အဲဒီအဆင့္ေတြမပါဘဲနဲ႔ တုိက္ရိုက္တန္းသြားတဲ့သေဘာဆုိေတာ့ က်ေနာ္တုိ႔ ေကာင္စီကလည္း က်ေနာ္တုိ႔ဆီ လာေစ့ခ်င္တယ္။ ဘယ္ထုတ္လႊင့္မႈေၾကာင့္ ဘာျဖစ္သလဲဆုိတာ က်ေနာ္တုိ႔က ၾကည့္ၿပီးေတာ့မွ သတင္းစာဆရာေတြဘက္က လြန္တာရိွရင္လည္း က်ေနာ္တို႔က လုပ္သင့္တာလုပ္လုိ႔ရေအာင္ ဥပေဒအရေပါ့ေလ၊ ေဆာင္ရြက္တဲ့လုပ္ငန္းကို လုပ္ခ်င္တာေပါ့။”

သတင္းေတြကို ဘက္မွ်ေအာင္ေရးသားဖို႔ အားထုတ္တဲ့အေပၚ အေရးယူတာဆုိရင္ေတာ့ သတင္းစာလြတ္လပ္ခြင့္အေပၚ ထိခုိက္မႈရိွေစႏိုင္တယ္လို႔လည္း သူက သံုးသပ္ေျပာဆိုပါတယ္။

“ သတင္းစာဆရာက က်င့္၀တ္အရ ဘက္မွ်ေအာင္ေရးသားၿပီးေတာ့မွ ဘက္စံုအသံပါရမယ္ဆုိတာရိွတာကိုး အဲဒီ က်င့္၀တ္နဲ႔အညီအားထုတ္တဲ့အခါမွာ အခုလို ဥပေဒအရ လာဟန္႔တားျခင္းက က်ေနာ္တုိ႔ သတင္းစာဆရာေတြအတြက္ကို self-censor ေပါ့၊ မိမိကိုယ္ကို မိမိျပန္ၿပီးေတာ့မွ ဆင္ဆာျဖတ္ေတာက္ရမယ့္ အလုပ္ေတြ ပိုၿပီးမ်ားလာမယ့္ သေဘာေတာ့ ရိွတာေပါ့။ ဆင္ဆာဆုိကတည္းက က်ေနာ္တုိ႔ သတင္းစာလြတ္လပ္ခြင့္မွာ တိုက္ရိုက္သက္ေရာက္တဲ့ကိစၥေပါ့ေလ။ ”

ကပ္ေရာဂါျဖစ္ပြားေနခ်ိန္မွာ သတင္းတု၊ သတင္မွားေတြကို တရား၀င္သတင္းဌာေနေတြနဲ႔ ပူးေပါင္း တုိက္ဖ်က္ရမယ့္အစား အခုလို လုပ္ေဆာင္တာဟာ မသင့္ေလ်ာ္ေၾကာင္းနဲ႔ ဒီမုိကေရစီအသြင္ကူးေျပာင္ေရးကာလနဲ႔ မကိုက္ညီတဲ့ တံု႔ျပန္မႈျဖစ္ေၾကာင္းလည္း သတင္းမီဒီယာေကာင္စီက ေၾကညာခ်က္ ထုတ္ျပန္ထားပါတယ္။

VOM သတင္းဌာန အယ္ဒီတာခ်ဳပ္ကို အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒနဲ႔ တရားစဲြလိုက္ခ်ိန္မွာပဲ ရခုိင္ျပည္နယ္အေျခစိုက္ ေနရဥၥရာသတင္းဌာန အယ္ဒီတာခ်ဳပ္ ဦးခိုင္ျမတ္ေက်ာ္ကိုလည္း စစ္ေတြ ၿမိဳ႔မ ရဲစခန္းမွာ အလားတူ ဥပေဒ၊ ပုဒ္မေတြနဲ႔ အမႈဖြင့္ထားေၾကာင္း သတင္းေတြျဖစ္ေပၚေနပါတယ္။ ဒါေပမယ့္ ဒီသတင္းနဲ႔ ပတ္သက္ၿပီး သီးျခားအတည္ျပဳခ်က္ေတာ့ မရေသးပါဘူး။


.............

VOM အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် အမှုဖွင့်

(Unicode)

မန္တလေးမြို့အခြေစိုက် Voice of Myanmar (VOM) သတင်းဌာန တည်ထောင်သူ၊အယ်ဒီတာချုပ် ဦးနေလင်း(ခ) ဦးနေမျိုးလင်းကို ချမ်းမြသာစည် မြို့နယ်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)နဲ့ ၅၂(က)တို့ နဲ့ ဒီနေ့မနက်မှာ အမှုဖွင့်လိုက်ပါတယ်။ ဒီ သတင်းကို ကိုမိုးဇော်က တင်ပြပေးမှာပါ။

VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေလင်းခေါ် ဦးနေမျိုးလင်းကို ဒီလ ၃၀ရက်နေ့ညက မှုခင်းရဲတပ်ဖွဲ့ CID ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

ဒီကနေ့မနက်မှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လိုက်ကြောင်းကို မန္တလေးမြို့ခံ သတင်းစာဆရာတစ်ဦးဖြစ်တဲ့ ဦးစန်းယုကျော်က ပြောပါတယ်။

“ မနက်က သူတို့ ချမ်းမြသာစည်တရားရုံးမှာ ရမန်ယူတယ်။ အဓိကကတော့ အကြမ်းဖက် ဥပဒေနဲ့ ဖွင့်ထားတယ် ပြောတယ်။ ပုဒ်မ ၅၀(က)နဲ့ ၅၂(က)နဲ့ ဖွင့်ထားတယ်။ မတ်လ ၂၇ရက်နေ့ ညနေပိုင်းမှာ အစိုးရကနေပြီးမှ AAကို အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်လိုက်တဲ့ စကားလုံးနဲ့ပတ်သက်ပြီး ဘယ်လိုမြင်လဲဆိုတာကို AAအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနဲ့ ဆက်သွယ်မေးတဲ့ဟာကို Action ယူတယ်လို့လည်း သူရဲ့ အမျိုးသမီးဖြစ်တဲ့ မဇာနည်မာန်က ပြောပါတယ်။ လောလောဆည်မှာတော့ မူ့ခင်းတပ်ဖွဲ့မှာ သူ့ကို စစ်ဆေးနေတယ်ပြောတယ်ဗျ။ SBက အမှုဖွင့်တာ စစ်တာက CID က စစ်တာ။”

ဦးနေလင်း (ခေါ်)ဦးနေမျိုးလင်းကို စွဲဆိုထားတဲ့အမှုနဲ့ပတ်သက်ပြီး လာမယ့် ဧပြီလ ၉ရက်နေ့မှာ ချမ်းမြသာစည်တရားရုံးမှာ အမှုချိန်းရှိနေပါတယ်။

လက်ရှိ စွဲဆိုထားတဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က) ဟာ ထောင်ဒဏ် ၁၀နှစ်ကနေ ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်တာဖြစ်ပြီး ပုဒ်မ ၅၂(က)အရဆိုရင် ထောင်ဒဏ် ၃နှစ်ကနေ ၇နှစ်အထိ ချမှတ်နိုင်သလို ဒီပုဒ်မ ၂ခုလုံးဟာ ထောင်ဒဏ်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တာဖြစ်ပါတယ်။

ဒီလို အမှုဖွင့် တရားစွဲဆိုလိုက်တဲ့အပေါ် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးဇေယျာလင်းက အခုလို ပြောပါတယ်။

“ ကျနော်တို့ကတော့ သတင်းမီဒီယာသမားတွေ တစ်ခုခုပေါ့။ သူတို့ ရေးသားထုတ်လွှင့်မှုနဲ့ပတ်သက်လို့ ကျင့်ဝတ်မညီတာဖြစ်စေ၊ ထိခိုက်နစ်နာမှုရှိသည် ဖြစ်စေ ကျနော်တို့ ဒီ မြန်မာသတင်းမီဒီယာကောင်စီကို အရင်ဦးဆုံး လာရောက်ပြီးတော့ တိုင်ကြားစေချင်တာပေါ့။ အဲတော့ ဒီကိစ္စဘာဖြစ်သလဲပေါ့။ အဲဒါကို ကျနော်တို့က မီဒီယာဥပဒေနဲ့ ဆုံးဖြတ်ပြီး မကျေနပ်ဘူးဆိုလည်း တရားရုံးဆက်သွားတာက နည်းလမ်းကျတယ်ဆိုတာ အမြဲတမ်းကျနော်တို့ ပြောခဲ့ပါတယ်။ မဏ္ဍိုင်၄ရပ်တွေ့ဆုံပွဲရော၊ တပ်မတော်နဲ့ တွေ့ဆုံတဲ့အခါလည်း ကျနော်တို့ အမြဲတမ်းပြောခဲ့တယ်လေ။ အခုတော့ အဲဒီအဆင့်တွေမပါဘဲနဲ့ တိုက်ရိုက်တန်းသွားတဲ့သဘောဆိုတော့ ကျနော်တို့ ကောင်စီကလည်း ကျနော်တို့ဆီ လာစေ့ချင်တယ်။ ဘယ်ထုတ်လွှင့်မှုကြောင့် ဘာဖြစ်သလဲဆိုတာ ကျနော်တို့က ကြည့်ပြီးတော့မှ သတင်းစာဆရာတွေဘက်က လွန်တာရှိရင်လည်း ကျနော်တို့က လုပ်သင့်တာလုပ်လို့ရအောင် ဥပဒေအရပေါ့လေ၊ ဆောင်ရွက်တဲ့လုပ်ငန်းကို လုပ်ချင်တာပေါ့။”

သတင်းတွေကို ဘက်မျှအောင်ရေးသားဖို့ အားထုတ်တဲ့အပေါ် အရေးယူတာဆိုရင်တော့ သတင်းစာလွတ်လပ်ခွင့်အပေါ် ထိခိုက်မှုရှိစေနိုင်တယ်လို့လည်း သူက သုံးသပ်ပြောဆိုပါတယ်။

“ သတင်းစာဆရာက ကျင့်ဝတ်အရ ဘက်မျှအောင်ရေးသားပြီးတော့မှ ဘက်စုံအသံပါရမယ်ဆိုတာရှိတာကိုး အဲဒီ ကျင့်ဝတ်နဲ့အညီအားထုတ်တဲ့အခါမှာ အခုလို ဥပဒေအရ လာဟန့်တားခြင်းက ကျနော်တို့ သတင်းစာဆရာတွေအတွက်ကို self-censor ပေါ့၊ မိမိကိုယ်ကို မိမိပြန်ပြီးတော့မှ ဆင်ဆာဖြတ်တောက်ရမယ့် အလုပ်တွေ ပိုပြီးများလာမယ့် သဘောတော့ ရှိတာပေါ့။ ဆင်ဆာဆိုကတည်းက ကျနော်တို့ သတင်းစာလွတ်လပ်ခွင့်မှာ တိုက်ရိုက်သက်ရောက်တဲ့ကိစ္စပေါ့လေ။ ”

ကပ်ရောဂါဖြစ်ပွားနေချိန်မှာ သတင်းတု၊ သတင်မှားတွေကို တရားဝင်သတင်းဌာနေတွေနဲ့ ပူးပေါင်း တိုက်ဖျက်ရမယ့်အစား အခုလို လုပ်ဆောင်တာဟာ မသင့်လျော်ကြောင်းနဲ့ ဒီမိုကရေစီအသွင်ကူးပြောင်ရေးကာလနဲ့ မကိုက်ညီတဲ့ တုံ့ပြန်မှုဖြစ်ကြောင်းလည်း သတင်းမီဒီယာကောင်စီက ကြေညာချက် ထုတ်ပြန်ထားပါတယ်။

VOM သတင်းဌာန အယ်ဒီတာချုပ်ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲလိုက်ချိန်မှာပဲ ရခိုင်ပြည်နယ်အခြေစိုက် နေရဉ္စရာသတင်းဌာန အယ်ဒီတာချုပ် ဦးခိုင်မြတ်ကျော်ကိုလည်း စစ်တွေ မြို့မ ရဲစခန်းမှာ အလားတူ ဥပဒေ၊ ပုဒ်မတွေနဲ့ အမှုဖွင့်ထားကြောင်း သတင်းတွေဖြစ်ပေါ်နေပါတယ်။ ဒါပေမယ့် ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြားအတည်ပြုချက်တော့ မရသေးပါဘူး။

မုိးေဇာ္/VOA (Burmese)
https://burmese.voanews.com/a/vom-chief-editor-case/5354137.html
VOM အယ္ဒီတာခ်ဳပ္ကုိ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒႏွင့္ အမႈဖြင့္ VOM အယ္ဒီတာခ်ဳပ္ကုိ အၾကမ္းဖက္မႈတုိက္ဖ်က္ေရးဥပေဒႏွင့္ အမႈဖြင့္ Reviewed by THITHTOOLWIN on 19:52 Rating: 5
Powered by Blogger.