ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ သတင္းထုတ္ျပန္ခ်က္(၁၂/၂၀၂၀)

(Zawgyi)⤵⤵⤵
၂၀၂၀ ျပည့္ႏွစ္၊ ဧၿပီလ ၁ ရက္၊ ဗုဒၶဟူးေန႔

ဦးလွိုင္းသစ္ဇင္ေဝ (ခ) သာလြန္ေဇာင္းထက္(ေခတ္သစ္မီဒီယာ အယ္ဒီတာခ်ဳပ္)၏ ေနအိမ္သို့ မတ္လ (၃၁) ရက္၊ ည (၁၀) နာရီခြဲ အခ်ိန္တြင္ ရဲ၊ CID အရပ္ဝတ္ ဝတ္ထားသူ (၁၀)ဦးခန႔္သည္ ေရာက္ရွိလာၿပီး ၄င္းအေၾကာင္း မ်ားကို လာေရာက္ေမးျမန္းခဲ့ေၾကာင္း၊ မည္သည့္အတြက္ ထိုသို့လုပ္ေဆာင္သည္ကို ေသခ်ာစြာေျပာဆိုျခင္းမရွိဘဲ လုပ္ေဆာင္ျခင္းအေပၚ သတင္းမီဒီယာေကာင္စီ၏ ထုတ္ျပန္ထားေသာ ဥပေဒမ်ားႏွင့္ကိုက္ညီျခင္း မရွိသျဖင့္ သတင္းမီဒီယာေကာင္စီဝင္ ဦးလွိုင္းသစ္ဇင္ေဝ (ခ) ဦးသာလြန္ေဇာင္းထက္ ကိုယ္စား ေကာင္စီထံတိုင္ၾကားအပ္ပါ သည္ဟု ၄င္း၏ဇနီးက စာေရးသား ေပးပို့လာပါသည္။

ထို့အတူ မတ္လ ၃၁ ရက္ေန႔ ညေန ၅ နာရီခန႔္တြင္ အရပ္ဝတ္ျဖင့္ CID, SB ရပ္ကြက္အုပ္ခ်ဳပ္ေရးတို့ ပါဝင္ေသာ (၁၀) ဦး ပါအဖြဲ႕သည္ စစ္ေတြၿမိဳ့၊ ေရႊသာလမ္းရွိ နိရဥၥရာ႐ုံးအား မိနစ္ ၃၀ ခန႔္ ဝင္ေရာက္ရွာေဖြၿပီး အႀကီးတန္းသတင္းေထာက္ သိန္းေဇာ္ (ခ)သန႔္ျမတ္ခိုင္၊ ေအာင္လင္းထြန္းႏွင့္ ထြန္းနိုင္ တို့အား လက္ပေတာ့ (၂)လုံး ႏွင့္ အတူ ရဲစခန္းသို့ ေခၚေဆာင္သြားခဲ့ေၾကာင္း၊ ရဲစခန္းတြင္ (၇) နာရီ စစ္ေဆးၿပီးေနာက္ ညဉ့္အခ်ိန္တြင္ ၎တို့ (၃) ဦးအား ျပန္လႊတ္ေပးခဲ့ေၾကာင္းသိရသည္။ နိရဥၨရာ အယ္ဒီတာခ်ဳပ္ျဖစ္သူ ဦးခိုင္ျမတ္ေက်ာ္ ကိုလည္း အၾကမ္းဖက္မွုတိုက္ဖ်က္ေရးဥပေဒအရ အမွုဖြင့္အေရးယူထားေၾကာင္းလည္း သိရွိရပါသည္။

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီသည္ မ႑ိဳင္(၄) ရပ္ေတြ႕ဆုံပြဲမ်ား၊ တပ္မေတာ္ႏွင့္ အလုပ္႐ုံ ေဆြးေႏြးပြဲ မ်ားတြင္ သတင္းသမားမ်ားအေပၚေက်နပ္မွုမရွိပါက သတင္းမီဒီယာဥပေဒအရ သတင္းမီဒီယာ ေကာင္စီသို့ ဦးစြာ တိုင္ၾကားရန္ အစဥ္အျမဲ တိုက္တြန္းေျပာဆိုလ်က္ရွိပါသည္။ ယေန႔ကဲ့သို့ ကပ္ေရာဂါျဖစ္ပြားေနခ်ိန္တြင္ သတင္းတု၊ သတင္းမွားမ်ားကို တရားဝင္သတင္းဌာနမ်ားႏွင့္ ပူးေပါင္းတိုက္ဖ်က္ရမည့္အစား ယခုကဲ့သို့ လုပ္ေဆာင္ျခင္းသည္ မသင့္ေလ်ာ္သကဲ့သို့ ဒီမိုကေရစီအသြင္ကူးေျပာင္းေရးကာလမ်ိဳး ႏွင့္ မဆီေလ်ာ္မအပ္စပ္ေသာ တုန႔္ျပန္မွု ဟု ေကာင္စီက ရွုျမင္ပါသည္။

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီအေနျဖင့္ အဆိုပါကိစၥရပ္ႏွင့္ပတ္သက္ၿပီး ျပည္ထဲေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ထံ စာေရးသားေပးပို့မည္ျဖစ္ေၾကာင္း၊ ဥပေဒႏွင့္အညီ ေဆာင္ရြက္သင့္သည့္ ကိစၥရပ္မ်ားကို ဆက္လက္လုပ္ေဆာင္လ်က္ရွိပါေၾကာင္းႏွင့္ ထပ္မံရရွိေသာ သတင္းမ်ားကိုလည္း ဆက္လက္ထုတ္ျပန္ေပးသြား မည္ျဖစ္ပါသည္။

ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ
Golden Triangle Regional News - ေရႊႀတိဂံေဒသသတင္းလႊာ
https://www.facebook.com/GoldenTriangleRegionalNews/
--------------
(Unicode)⤵⤵⤵

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ သတင်းထုတ်ပြန်ချက်(၁၂/၂၀၂၀)
၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၁ ရက်၊ ဗုဒ္ဓဟူးနေ့

ဦးလှိုင်းသစ်ဇင်ဝေ (ခ) သာလွန်ဇောင်းထက်(ခေတ်သစ်မီဒီယာ အယ်ဒီတာချုပ်)၏ နေအိမ်သို့ မတ်လ (၃၁) ရက်၊ ည (၁၀) နာရီခွဲ အချိန်တွင် ရဲ၊ CID အရပ်ဝတ် ဝတ်ထားသူ (၁၀)ဦးခန့်သည် ရောက်ရှိလာပြီး ၎င်းအကြောင်း များကို လာရောက်မေးမြန်းခဲ့ကြောင်း၊ မည်သည့်အတွက် ထိုသို့လုပ်ဆောင်သည်ကို သေချာစွာပြောဆိုခြင်းမရှိဘဲ လုပ်ဆောင်ခြင်းအပေါ် သတင်းမီဒီယာကောင်စီ၏ ထုတ်ပြန်ထားသော ဥပဒေများနှင့်ကိုက်ညီခြင်း မရှိသဖြင့် သတင်းမီဒီယာကောင်စီဝင် ဦးလှိုင်းသစ်ဇင်ဝေ (ခ) ဦးသာလွန်ဇောင်းထက် ကိုယ်စား ကောင်စီထံတိုင်ကြားအပ်ပါ သည်ဟု ၎င်း၏ဇနီးက စာရေးသား ပေးပို့လာပါသည်။

ထို့အတူ မတ်လ ၃၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် အရပ်ဝတ်ဖြင့် CID, SB ရပ်ကွက်အုပ်ချုပ်ရေးတို့ ပါဝင်သော (၁၀) ဦး ပါအဖွဲ့သည် စစ်တွေမြို့၊ ရွှေသာလမ်းရှိ နိရဉ္စရာရုံးအား မိနစ် ၃၀ ခန့် ဝင်ရောက်ရှာဖွေပြီး အကြီးတန်းသတင်းထောက် သိန်းဇော် (ခ)သန့်မြတ်ခိုင်၊ အောင်လင်းထွန်းနှင့် ထွန်းနိုင် တို့အား လက်ပတော့ (၂)လုံး နှင့် အတူ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့ကြောင်း၊ ရဲစခန်းတွင် (၇) နာရီ စစ်ဆေးပြီးနောက် ညဉ့်အချိန်တွင် ၎င်းတို့ (၃) ဦးအား ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။ နိရဉ္ဇရာ အယ်ဒီတာချုပ်ဖြစ်သူ ဦးခိုင်မြတ်ကျော် ကိုလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ အမှုဖွင့်အရေးယူထားကြောင်းလည်း သိရှိရပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် မဏ္ဍိုင်(၄) ရပ်တွေ့ဆုံပွဲများ၊ တပ်မတော်နှင့် အလုပ်ရုံ ဆွေးနွေးပွဲ များတွင် သတင်းသမားများအပေါ်ကျေနပ်မှုမရှိပါက သတင်းမီဒီယာဥပဒေအရ သတင်းမီဒီယာ ကောင်စီသို့ ဦးစွာ တိုင်ကြားရန် အစဉ်အမြဲ တိုက်တွန်းပြောဆိုလျက်ရှိပါသည်။ ယနေ့ကဲ့သို့ ကပ်ရောဂါဖြစ်ပွားနေချိန်တွင် သတင်းတု၊ သတင်းမှားများကို တရားဝင်သတင်းဌာနများနှင့် ပူးပေါင်းတိုက်ဖျက်ရမည့်အစား ယခုကဲ့သို့ လုပ်ဆောင်ခြင်းသည် မသင့်လျော်သကဲ့သို့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလမျိုး နှင့် မဆီလျော်မအပ်စပ်သော တုန့်ပြန်မှု ဟု ကောင်စီက ရှုမြင်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအနေဖြင့် အဆိုပါကိစ္စရပ်နှင့်ပတ်သက်ပြီး ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ထံ စာရေးသားပေးပို့မည်ဖြစ်ကြောင်း၊ ဥပဒေနှင့်အညီ ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို ဆက်လက်လုပ်ဆောင်လျက်ရှိပါကြောင်းနှင့် ထပ်မံရရှိသော သတင်းများကိုလည်း ဆက်လက်ထုတ်ပြန်ပေးသွား မည်ဖြစ်ပါသည်။

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ
Golden Triangle Regional News - ရွှေတြိဂံဒေသသတင်းလွှာ
https://www.facebook.com/GoldenTriangleRegionalNews/
ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ သတင္းထုတ္ျပန္ခ်က္(၁၂/၂၀၂၀) ျမန္မာနိုင္ငံသတင္းမီဒီယာေကာင္စီ သတင္းထုတ္ျပန္ခ်က္(၁၂/၂၀၂၀) Reviewed by THITHTOOLWIN on 19:51 Rating: 5
Powered by Blogger.