COVID-19 ေၾကာင့္ လုိအပ္ရင္ သြားလာမႈကန္႔သတ္မည္ဟု အတုိင္ပင္ခံပုဂၢဳိလ္ေျပာ

COVID-19 ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီဥကၠ႒၊ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာ

(Zawgyi/Unicode)

ျမန္မာႏုိင္ငံတြင္းမွာ COVID- 19 ထိန္းခ်ဳပ္ေရး အတြက္ Lock Down အသြားအလာ ကန္႔သတ္မႈ ခ်မွတ္လာႏုိင္ေျခနဲ႔ လူမႈ အသိုင္းအ၀ိုင္း အေျချပဳၿပီး ဗိုင္းရပ္ပ်ံ႔ႏွံ႔မႈထိန္းခ်ဳပ္ေရး ေဆာင္ရြက္ေနပါတယ္။မ သိဂၤ ီထိုက္ ေျပာျပေပးမွာပါ။

COVID- 19 ထိန္းခ်ဳပ္ေရး အစိုးရဘက္က ဆက္လက္ေဆာင္ရြက္ဖို႔ ရွိတာေတြကိုႏုိင္ငံေတာ္ အတိုင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က အဂၤါေန႔ မိန္႔ခြန္႔မွာ ထည့္သြင္း ေျပာဆိုပါတယ္။


" တႏုိင္ငံလံုး အက်ိဳး လိုအပ္ရင္ အခ်ိဳ႕ေသာ ေနရာေတြမွာ အသြားအလာ ကန္႔သတ္ျခင္း အစီအစဥ္ Community quarantine ကဲ႔သို႔ ကန္႔သတ္မႈမ်ားကို ေဆာင္ရြက္ေကာင္း ေဆာင္ရြက္မွာ ျဖစ္ပါတယ္။ဒီလို ေဆာင္ရြက္ရန္ ရွိရင္လည္း စားနပ္ရိကၡာ ေဆး၀ါး စတာေတြ မျပတ္လပ္ေစေရး၊ တည္ၿငိမ္ေအးခ်မ္းေရးတို႔ကို စနစ္တက် ေဆာင္ရြက္ ႏုိင္ဖို႔ အတြက္ ဒုတိယ သမၼတ (၁) ဦးစီးတဲ႔ ေကာ္မတီကို ဖြဲ႔စည္းထားၿပီး ျဖစ္ပါတယ္။ Community quarantineေဆာင္ရြက္ရန္ ရွိရင္လည္း ေစာႏုိင္သမွ် ေစာေစာ ႀကိဳတင္ၿပီးေတာ့ အသိေပးပါမယ္။ "

ရွမ္းျပည္နယ္ အတြင္း ပထမဆံုး COVID-19 အတည္ျပဳ လူနာ ေတြ႔ရွိ ကုသမႈ ေပးခဲ႔ရတဲ႔ ေက်ာက္မဲခရိုင္ေဆးရံုက ေဆးရံုအုပ္ ဆရာ၀န္ႀကီး ဦးေက်ာ္မိုးထြန္းက COVID-19 လူနာေတြကို ဘယ္လို ေဆာင္ရြက္ေနလဲ ဆိုတာကို အခုလို ေျပာပါတယ္။

" ျပည္နယ္နဲ႔ တိုင္းေတြမွာ က်ေနာ္တို႔က COVID-19 Positive လူနာ ရွိလာမယ္ဆိုရင္ ဘယ္ေဆးရံုမွာ ကုမလဲ ဆိုၿပီး သတ္မွတ္ထားတာ ရွိပါတယ္။ က်ေနာ္တို႔ ရွမ္းျပည္နယ္ ေျမာက္ပိုင္းမွာ လားရိႈးေဆးရံု၊ ရွမ္းျပည္နယ္ ေတာင္ပိုင္းမွာ ဆိုရင္ ေတာင္ႀကီး ေဆးရံု၊ ရွမ္းျပည္နယ္ အေရွ႕ပိုင္းမွာ ဆိုရင္ က်ိဳင္းတံုေဆးရံုအဲလို သတ္မွတ္ထားတာ ရွိပါတယ္။ အဲေတာ့ က်ေနာ္တို႔ ေဆးရံုေတြ အေနနဲ႔ သံသယ လူနာ ေရာက္လာၿပီ ဆိုရင္ ဒီသံသယ လူနာကို COVID- 19 ေရာဂါ ရွိမရွိ ဆိုတာကို NHL (အမ်ိဳးသား ဓာတ္ခြဲခန္း) ကိုပို႔ၿပီး စစ္ေဆးရပါတယ္။ စစ္ေဆးတဲ႔ လုပ္ငန္းစဥ္ ၿပီးလို႔ က်ေနာ္တို႔က အေျဖထြက္လာရင္ Positive ဆိုရင္ျပည္နယ္ ေဆးရံုႀကီးေတြနဲ႔ ခ်ိတ္ဆက္ၿပီး လႊဲေျပာင္းေပးရပါတယ္ဗ်။ "

တခ်ိန္တည္းမွာဘဲ လူမႈအသိုင္းအ၀ိုင္း အေျချပဳၿပီး COVID-19 ကာကြယ္ ထိန္းခ်ဳပ္ေရးကို ႏုိင္ငံတ၀န္းမွာ ေဆာင္ရြက္ေနပါတယ္။ ေက်ာက္မဲမွာလည္း အေထြေထြ အုပ္ခ်ဳပ္ေရး ဦးစီးဌာန၊ က်န္းမာေရးဌာနနဲ႔ ရပ္မိရပ္ဖေတြ ပူးေပါင္းၿပီး ရန္ပံုေငြ တရပ္ ထူေထာင္ၿပီး အလွဴေငြေတြ လက္ခံေနပါတယ္။

COVID 19 လူနာကိုလည္း က်န္းမာေရး ေစာင့္ေရွာက္မႈ အခမဲ႔ ေဆာင္ရြက္ေပးသလို ေနာက္ထပ္ ေဆာင္ရြက္ေနတာေတြကိုလည္း ခရိုင္ေဆးရံုအုပ္ ဆရာ၀န္ႀကီး ဦးေက်ာ္မိုးထြန္း က အခုလို ေျပာပါတယ္။

" က်ေနာ္တို႔ အခု ေက်ာက္မဲမွာ ဆိုရင္ အထက ၁ ရယ္၊ အထက ၃ ရယ္၊ ေနာက္ မိုးလံုေလလံု အားကစား ခန္းမႀကီးတို႔မွာ ျပည္ေတာ္ျပန္ ႏုိင္ငံျခားက ျပန္လာတဲ႔ ပုဂၢိဳလ္ ၁၅၀ ေလာက္ကို က်ေနာ္တို႔က အသြားအလာ ကန္႔သတ္တဲ႔နည္းနဲ႔Community Based Facility Quarantine ဆိုတဲ႔ အစီအစဥ္ လုပ္ေနပါတယ္။ အဲဒီလူေတြရဲ႕ ေနေရး ထုိင္ေရး စားေရး ေသာက္ေရး အကုန္လံုးကို က်ေနာ္တို႔က တာ၀န္ယူၿပီး ေဆာင္ရြက္ေနပါတယ္ ခင္ဗ်။ အလွဴခံတဲ႔ ပိုက္ဆံေတြကလည္း အခု ေဆာင္ရြက္ေနတဲ႔ ႏုိင္ငံျခားျပန္ ၁၅၀ ေလာက္ကိုေနေရး ထိုင္ေရး ကိစၥေတြမွာ အသံုးျပဳပါတယ္ခင္ဗ်။"

ရန္ကုန္မွာ အဂၤါေန႔တုန္းက COVID 19 ကူးစက္ခံ အျဖစ္ တဦးကို ထပ္မံ အတည္ျပဳလိုက္တာေၾကာင့္ ဗိုင္းရပ္စ္ လူနာ ၁၅ ဦးရွိၿပီး အဂၤါေန႔က တဦး ေသဆံုးခဲ႔ပါတယ္။ ကူးစက္ခံ လူနာေတြထဲက အထူးၾကပ္မတ္ ကုသေပးေနရသူ တဦးလည္း ရွိေနပါတယ္။

လက္ရွိ ဗိုင္းရပ္စ္ ကူးစက္ခံ အတည္ျပဳ လူနာေတြထဲက အမ်ားစုက ရန္ကုန္မွာ ျဖစ္ၿပီး မႏၱေလး၊ ေနျပည္ေတာ္၊ ခ်င္းျပည္နယ္၊ တီးတိန္နဲ႔ ရွမ္းျပည္နယ္ ေက်ာက္မဲက လူနာကိုေတာ့ အဂၤါေန႔မွာဘဲ လားရိႈးကို လႊဲေျပာင္းေပးလိုက္ၿပီ ျဖစ္ပါတယ္။


..................

COVID-19 ကြောင့် လိုအပ်ရင် သွားလာမှုကန့်သတ်မည်ဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြော

(Unicode)

မြန်မာနိုင်ငံတွင်းမှာ COVID 19 ထိန်းချုပ်ရေး အတွက် Lock Down အသွားအလာ ကန့်သတ်မှု ချမှတ်လာနိုင်ခြေနဲ့ လူမှု အသိုင်းအဝိုင်း အခြေပြုပြီး ဗိုင်းရပ်ပျံ့နှံ့မှုထိန်းချုပ်ရေး ဆောင်ရွက်နေပါတယ်။မ သိင်္ဂ ီထိုက် ပြောပြပေးမှာပါ။

COVID 19 ထိန်းချုပ်ရေး အစိုးရဘက်က ဆက်လက်ဆောင်ရွက်ဖို့ ရှိတာတွေကိုနိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အင်္ဂါနေ့ မိန့်ခွန့်မှာ ထည့်သွင်း ပြောဆိုပါတယ်။

" တနိုင်ငံလုံး အကျိုး လိုအပ်ရင် အချို့သော နေရာတွေမှာ အသွားအလာ ကန့်သတ်ခြင်း အစီအစဉ် Community quarantine ကဲ့သို့ ကန့်သတ်မှုများကို ဆောင်ရွက်ကောင်း ဆောင်ရွက်မှာ ဖြစ်ပါတယ်။ဒီလို ဆောင်ရွက်ရန် ရှိရင်လည်း စားနပ်ရိက္ခာ ဆေးဝါး စတာတွေ မပြတ်လပ်စေရေး၊ တည်ငြိမ်အေးချမ်းရေးတို့ကို စနစ်တကျ ဆောင်ရွက် နိုင်ဖို့ အတွက် ဒုတိယ သမ္မတ (၁) ဦးစီးတဲ့ ကော်မတီကို ဖွဲ့စည်းထားပြီး ဖြစ်ပါတယ်။ Community quarantineဆောင်ရွက်ရန် ရှိရင်လည်း စောနိုင်သမျှ စောစော ကြိုတင်ပြီးတော့ အသိပေးပါမယ်။ "

ရှမ်းပြည်နယ် အတွင်း ပထမဆုံး COVID 19 အတည်ပြု လူနာ တွေ့ရှိ ကုသမှု ပေးခဲ့ရတဲ့ ကျောက်မဲခရိုင်ဆေးရုံက ဆေးရုံအုပ် ဆရာဝန်ကြီး ဦးကျော်မိုးထွန်းက COVID 19 လူနာတွေကို ဘယ်လို ဆောင်ရွက်နေလဲ ဆိုတာကို အခုလို ပြောပါတယ်။

" ပြည်နယ်နဲ့ တိုင်းတွေမှာ ကျနော်တို့က COVID 19 Positive လူနာ ရှိလာမယ်ဆိုရင် ဘယ်ဆေးရုံမှာ ကုမလဲ ဆိုပြီး သတ်မှတ်ထားတာ ရှိပါတယ်။ ကျနော်တို့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ လားရှိုးဆေးရုံ၊ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဆိုရင် တောင်ကြီး ဆေးရုံ၊ ရှမ်းပြည်နယ် အရှေ့ပိုင်းမှာ ဆိုရင် ကျိုင်းတုံဆေးရုံအဲလို သတ်မှတ်ထားတာ ရှိပါတယ်။ အဲတော့ ကျနော်တို့ ဆေးရုံတွေ အနေနဲ့ သံသယ လူနာ ရောက်လာပြီ ဆိုရင် ဒီသံသယ လူနာကို COVID 19 ရောဂါ ရှိမရှိ ဆိုတာကို NHL (အမျိုးသား ဓာတ်ခွဲခန်း) ကိုပို့ပြီး စစ်ဆေးရပါတယ်။ စစ်ဆေးတဲ့ လုပ်ငန်းစဉ် ပြီးလို့ ကျနော်တို့က အဖြေထွက်လာရင် Positive ဆိုရင်ပြည်နယ် ဆေးရုံကြီးတွေနဲ့ ချိတ်ဆက်ပြီး လွှဲပြောင်းပေးရပါတယ်ဗျ။ "

တချိန်တည်းမှာဘဲ လူမှုအသိုင်းအဝိုင်း အခြေပြုပြီး COVID 19 ကာကွယ် ထိန်းချုပ်ရေးကို နိုင်ငံတဝန်းမှာ ဆောင်ရွက်နေပါတယ်။ ကျောက်မဲမှာလည်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာနနဲ့ ရပ်မိရပ်ဖတွေ ပူးပေါင်းပြီး ရန်ပုံငွေ တရပ် ထူထောင်ပြီး အလှူငွေတွေ လက်ခံနေပါတယ်။

COVID 19 လူနာကိုလည်း ကျန်းမာရေး စောင့်ရှောက်မှု အခမဲ့ ဆောင်ရွက်ပေးသလို နောက်ထပ် ဆောင်ရွက်နေတာတွေကိုလည်း ခရိုင်ဆေးရုံအုပ် ဆရာဝန်ကြီး ဦးကျော်မိုးထွန်း က အခုလို ပြောပါတယ်။

" ကျနော်တို့ အခု ကျောက်မဲမှာ ဆိုရင် အထက ၁ ရယ်၊ အထက ၃ ရယ်၊ နောက် မိုးလုံလေလုံ အားကစား ခန်းမကြီးတို့မှာ ပြည်တော်ပြန် နိုင်ငံခြားက ပြန်လာတဲ့ ပုဂ္ဂိုလ် ၁၅၀ လောက်ကို ကျနော်တို့က အသွားအလာ ကန့်သတ်တဲ့နည်းနဲ့Community Based Facility Quarantine ဆိုတဲ့ အစီအစဉ် လုပ်နေပါတယ်။ အဲဒီလူတွေရဲ့ နေရေး ထိုင်ရေး စားရေး သောက်ရေး အကုန်လုံးကို ကျနော်တို့က တာဝန်ယူပြီး ဆောင်ရွက်နေပါတယ် ခင်ဗျ။ အလှူခံတဲ့ ပိုက်ဆံတွေကလည်း အခု ဆောင်ရွက်နေတဲ့ နိုင်ငံခြားပြန် ၁၅၀ လောက်ကိုနေရေး ထိုင်ရေး ကိစ္စတွေမှာ အသုံးပြုပါတယ်ခင်ဗျ။"

ရန်ကုန်မှာ အင်္ဂါနေ့တုန်းက COVID 19 ကူးစက်ခံ အဖြစ် တဦးကို ထပ်မံ အတည်ပြုလိုက်တာကြောင့် ဗိုင်းရပ်စ် လူနာ ၁၅ ဦးရှိပြီး အင်္ဂါနေ့က တဦး သေဆုံးခဲ့ပါတယ်။ ကူးစက်ခံ လူနာတွေထဲက အထူးကြပ်မတ် ကုသပေးနေရသူ တဦးလည်း ရှိနေပါတယ်။

လက်ရှိ ဗိုင်းရပ်စ် ကူးစက်ခံ အတည်ပြု လူနာတွေထဲက အများစုက ရန်ကုန်မှာ ဖြစ်ပြီး မန္တလေး၊ နေပြည်တော်၊ ချင်းပြည်နယ်၊ တီးတိန်နဲ့ ရှမ်းပြည်နယ် ကျောက်မဲက လူနာကိုတော့ အင်္ဂါနေ့မှာဘဲ လားရှိုးကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။

သိဂႌထုိက္/VOA (Burmese)
https://burmese.voanews.com/a/myanmar-covid-19-lock-down-will-do-if-necessary-/5354163.html
COVID-19 ေၾကာင့္ လုိအပ္ရင္ သြားလာမႈကန္႔သတ္မည္ဟု အတုိင္ပင္ခံပုဂၢဳိလ္ေျပာ COVID-19 ေၾကာင့္ လုိအပ္ရင္ သြားလာမႈကန္႔သတ္မည္ဟု အတုိင္ပင္ခံပုဂၢဳိလ္ေျပာ Reviewed by THITHTOOLWIN on 19:55 Rating: 5
Powered by Blogger.